iMyanmarHouse.com - Best Property Website for Myanmar
×

အစားအေသာက္ေရြးခ်ယ္မႈႏွင့္ ပတ္သက္၍ ကေလးငယ္မ်ား ပိုမိုရင့္က်က္ေစႏိုင္ဖို႔ သင္ၾကားပံုအဆင့္ဆင့္ကို ေဖာ္ျပေပးလိုက္ပါတယ္။

1.နမူနာေကာင္းတစ္ခုကို ဖန္တီးျခင္း

ကေလးငယ္ေတြဟာ လူႀကီးေတြနဲ႔ ေနထိုင္စားေသာက္မႈအပါအ၀င္ ပတ္၀န္းက်င္ရဲ႕လႊမ္းမိုးမႈဒဏ္ကို အလြယ္တကူ ခံရေလ့ရွိပါတယ္။ ဒါေၾကာင့္ မိဘေတြက ဟင္းသီးဟင္းရြက္နဲ႔ သစ္သီး၀လံမ်ား မစားသံုးပါက ကေလးငယ္ကို စားသံုးေစဖို႔လည္း ေမွ်ာ္လင့္လို႔မရပါဘူး။

2.အခ်ိန္တိုင္းနီးပါးကို သင္ၾကားမႈမ်ားျဖင့္ ကုန္ဆံုးေစျခင္း

ကေလးငယ္ကို ေစ်း၀ယ္ထြက္တဲ့အခါ လိုက္ပါေစဖို႔ (သို႔) ၿခံထြက္သီးႏွံမ်ား အေရာင္းဆိုင္ကိုသြားဖို႔ ခြင့္ျပဳေပးသင့္ပါတယ္။ ဒါဟာ သူတို႔ကို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ေရြးခ်ယ္စရာ အမ်ားအျပား ရွိတယ္ဆိုတာ ပညာေပးဖို႔ ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။

သစ္သီး၊ ဟင္းသီးဟင္းရြက္နဲ႔ အျခားက်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြရဖို႔ ဘယ္လိုေစ်း၀ယ္ရမလဲဆိုတာ ျပသေပးႏိုင္ပါတယ္။ ထို႔ျပင္ ကေလးငယ္ေတြအတြက္ မၾကာခဏ စားသုးရန္မသင့္ေတာ္တဲ့ အစားအစာေတြကေနလည္း အာ႐ံုလႊဲႏုိင္ပါတယ္။

ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္အရြယ္ေတြဟာ ေက်ာင္းမွာ၊ အားကစား ျပဳလုပ္တဲ့ေနရာမွာ၊ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြမွာ ေအာင္ျမင္မႈရႏိုင္ေစဖို႔ ခႏၶာကိုယ္ကို ေကာင္းစြာ အေထာက္အပံ့ေပးတဲ့ အစားအေသာက္ ေရြးခ်ယ္မႈမ်ိဳးကို ေလ့လာသင္ယူဖို႔ လိုပါတယ္။ ငယ္စဥ္ကပင္ ထိုကဲ့သို႔ ေကာင္းမြန္တဲ့အေလ့အက်င့္ ရသြားပါက အသက္ႀကီးလာတဲ့အခ်ိန္မွာလည္း က်န္းမာေရးနဲ႔ ညီၫြတ္မွ်တတဲ့ အစားအေသာက္ ေရြးခ်ယ္မႈကို ျပဳလုပ္လာႏုိင္မွာ ျဖစ္ပါတယ္။

3.သင့္တင့္မွ်တစြာ စားတတ္ေစရန္ ကူညီေပးျခင္း
ကေလးငယ္ေတြကို ပန္းကန္ အတင္းေဆးခိုင္းတာမ်ိဳးဟာ အၿမဲတမ္းေတာ့ ေကာင္းတဲ့အရာတစ္ခု မဟုတ္ပါဘူး။ ဆာေလာင္ေနတဲ့အခ်ိန္မွာ အစားကို ထိန္းစားခိုင္းတာ၊ ဗိုက္ျပည့္သြားတဲ့အခ်ိန္မွာ အစာစားတာ ရပ္လိုက္တာ စတာေတြကို သင္ၾကားေပးဖို႔ လိုပါတယ္။ သူတို႔မွာရွိတဲ့ အစားအစာမွန္သမွ်ကို ျမည္းစမ္းၾကည့္ဖို႔ တိုက္တြန္းသင့္ေပမယ့္ ပန္းကန္ေဆးခိုင္းတဲ့ ကိစၥမ်ိဳးကေတာ့ အၿမဲမလိုအပ္ပါဘူး။

4. အစားအစာအသစ္မ်ားကို ေကၽြးၾကည့္ျခင္း
ကေလးငယ္ေတြကို အစားအစာအသစ္တစ္ခု ေကၽြးရတာလည္း တိုက္ပြဲတစ္ခု တိုက္ရတာနဲ႔ တူေပမယ့္ ခႏၶာကိုယ္ကို အာဟာရျဖစ္ေစမယ့္ အစားအစာအသစ္ေတြကို ျမည္းစမ္းၾကည့္ဖို႔ေတာ့ တတ္ႏုိင္သမွ် တိုက္တြန္းသင့္ပါတယ္။

 ကေလးငယ္ဟာ က်န္းမာေရးနဲ႔ မညီၫြတ္တဲ အစားအေသာက္တစ္ခုခုကို စားလိုပါကလည္း ခြင့္ျပဳသင့္ပါတယ္။ ဒါေပမဲ့လည္း အတိုင္းအတာတစ္ခုထိသာ စားသံုးသင့္ေၾကင္းကို နားလည္ေအာင္ ရွင္းျပေပးဖို႔ လိုအပ္ပါတယ္။

5.အခ်ိဳပါ၀င္တဲ့အရည္မ်ား ေသာက္သံုးျခင္းကို ေရွာင္ၾကဥ္ျခင္း

 ကေလးအမ်ားစုဟာ ဆုိဒါအခ်ိဳရည္ေတြက က်န္းမာေရးအတြက္ ေရြးခ်ယ္သင့္တဲ့အရာ မဟုတ္မွန္း သိၾကေပမယ့္ ခြန္အားျပည့္အခ်ိဳရည္ေတြ ေသာက္သံုးျခင္းကို ေရွာင္ရွားဖို႔နဲ႔ သစ္သီးေဖ်ာ္ရည္ေတြကို အလြန္အကၽြံ မေသာက္သံုးဖို႔ကိုလည္း သင္ၾကားေပးရမွာ ျဖစ္ပါတယ္။

သၾကားအမ်ားႀကီး စားသံုးျခင္းဟာ ကေလးငယ္မ်ားရဲ႕ ေလ့လာသင္ယူမႈကို ထိခိုက္ေစ၍ စာသင္ခန္းတြင္း၌ တစ္ေန႔တာလံုး တက္ၾကြလန္းဆန္းမႈ လြန္ကဲေနတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

သစ္သီးေဖ်ာ္ရည္ 4 ေအာင္စဟာ သစ္သီးတစ္လံုးမွာပါ၀င္တဲ့ သၾကားပမာဏနဲ႔ အတူတူပင္ျဖစ္တာေၾကာင့္ ကေလးငယ္ေတြကို ေရမ်ားမ်ားေသာက္ဖို႔နဲ႔ သစ္သီးကို ဒီအတုိင္းစားဖို႔ ေလ့က်င့္သင္ၾကားေပးသင့္ပါတယ္။ ထိုကဲ့သို႔ စားသံုးမႈမ်ိဳးဟာ သစ္သီးေဖ်ာ္ရည္မွ မေပးစြမ္းႏိုင္တဲ့ အာဟာရဓာတ္မ်ားနဲ႔ အမွ်င္ဓာတ္မ်ားကို ပိုမိုရရွိေစႏိုင္ပါတယ္။

Credit:Dr. Thinzar Wynn (www.drmyanmar.com)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အစားအသောက်ရွေးချယ်မှုနှင့် ပတ်သက်၍ ကလေးငယ်များ ပိုမိုရင့်ကျက်စေနိုင်ဖို့ သင်ကြားပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။


1.နမူနာကောင်းတစ်ခုကို ဖန်တီးခြင်း


ကလေးငယ်တွေဟာ လူကြီးတွေနဲ့ နေထိုင်စားသောက်မှုအပါအဝင် ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုဒဏ်ကို အလွယ်တကူ ခံရလေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ မစားသုံးပါက ကလေးငယ်ကို စားသုံးစေဖို့လည်း မျှော်လင့်လို့မရပါဘူး။

2.အချိန်တိုင်းနီးပါးကို သင်ကြားမှုများဖြင့် ကုန်ဆုံးစေခြင်း


ကလေးငယ်ကို ဈေးဝယ်ထွက်တဲ့အခါ လိုက်ပါစေဖို့ (သို့) ခြံထွက်သီးနှံများ အရောင်းဆိုင်ကိုသွားဖို့ ခွင့်ပြုပေးသင့်ပါတယ်။ ဒါဟာ သူတို့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာ အများအပြား ရှိတယ်ဆိုတာ ပညာပေးဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။


သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေရဖို့ ဘယ်လိုဈေးဝယ်ရမလဲဆိုတာ ပြသပေးနိုင်ပါတယ်။ ထို့ပြင် ကလေးငယ်တွေအတွက် မကြာခဏ စားသုးရန်မသင့်တော်တဲ့ အစားအစာတွေကနေလည်း အာရုံလွှဲနိုင်ပါတယ်။


ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ ကျောင်းမှာ၊ အားကစား ပြုလုပ်တဲ့နေရာမှာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အောင်မြင်မှုရနိုင်စေဖို့ ခန္ဓာကိုယ်ကို ကောင်းစွာ အထောက်အပံ့ပေးတဲ့ အစားအသောက် ရွေးချယ်မှုမျိုးကို လေ့လာသင်ယူဖို့ လိုပါတယ်။ ငယ်စဉ်ကပင် ထိုကဲ့သို့ ကောင်းမွန်တဲ့အလေ့အကျင့် ရသွားပါက အသက်ကြီးလာတဲ့အချိန်မှာလည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက် ရွေးချယ်မှုကို ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။

3.သင့်တင့်မျှတစွာ စားတတ်စေရန် ကူညီပေးခြင်း
ကလေးငယ်တွေကို ပန်းကန် အတင်းဆေးခိုင်းတာမျိုးဟာ အမြဲတမ်းတော့ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဆာလောင်နေတဲ့အချိန်မှာ အစားကို ထိန်းစားခိုင်းတာ၊ ဗိုက်ပြည့်သွားတဲ့အချိန်မှာ အစာစားတာ ရပ်လိုက်တာ စတာတွေကို သင်ကြားပေးဖို့ လိုပါတယ်။ သူတို့မှာရှိတဲ့ အစားအစာမှန်သမျှကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းသင့်ပေမယ့် ပန်းကန်ဆေးခိုင်းတဲ့ ကိစ္စမျိုးကတော့ အမြဲမလိုအပ်ပါဘူး။

4. အစားအစာအသစ်များကို ကျွေးကြည့်ခြင်း
ကလေးငယ်တွေကို အစားအစာအသစ်တစ်ခု ကျွေးရတာလည်း တိုက်ပွဲတစ်ခု တိုက်ရတာနဲ့ တူပေမယ့် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမယ့် အစားအစာအသစ်တွေကို မြည်းစမ်းကြည့်ဖို့တော့ တတ်နိုင်သမျှ တိုက်တွန်းသင့်ပါတယ်။

 ကလေးငယ်ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ အစားအသောက်တစ်ခုခုကို စားလိုပါကလည်း ခွင့်ပြုသင့်ပါတယ်။ ဒါပေမဲ့လည်း အတိုင်းအတာတစ်ခုထိသာ စားသုံးသင့်ကြေင်းကို နားလည်အောင် ရှင်းပြပေးဖို့ လိုအပ်ပါတယ်။

5.အချိုပါဝင်တဲ့အရည်များ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း

 ကလေးအများစုဟာ ဆိုဒါအချိုရည်တွေက ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့အရာ မဟုတ်မှန်း သိကြပေမယ့် ခွန်အားပြည့်အချိုရည်တွေ သောက်သုံးခြင်းကို ရှောင်ရှားဖို့နဲ့ သစ်သီးဖျော်ရည်တွေကို အလွန်အကျွံ မသောက်သုံးဖို့ကိုလည်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။


သကြားအများကြီး စားသုံးခြင်းဟာ ကလေးငယ်များရဲ့ လေ့လာသင်ယူမှုကို ထိခိုက်စေ၍ စာသင်ခန်းတွင်း၌ တစ်နေ့တာလုံး တက်ကြွလန်းဆန်းမှု လွန်ကဲနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။


သစ်သီးဖျော်ရည် 4 အောင်စဟာ သစ်သီးတစ်လုံးမှာပါဝင်တဲ့ သကြားပမာဏနဲ့ အတူတူပင်ဖြစ်တာကြောင့် ကလေးငယ်တွေကို ရေများများသောက်ဖို့နဲ့ သစ်သီးကို ဒီအတိုင်းစားဖို့ လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ ထိုကဲ့သို့ စားသုံးမှုမျိုးဟာ သစ်သီးဖျော်ရည်မှ မပေးစွမ်းနိုင်တဲ့ အာဟာရဓာတ်များနဲ့ အမျှင်ဓာတ်များကို ပိုမိုရရှိစေနိုင်ပါတယ်။

Credit:Dr. Thinzar Wynn (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top