iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Thithtoolwin



#Unicode Version

Lemon ဖျော်ရည်အပူအားသောက်သုံးခြင်းကြောင့် ဝိတ်ကျပြီး နုပျိုလန်းဆန်းစေနိုင်ကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြခဲ့တယ်လို့ Daily Mail ကဆိုပါတယ်၊ လီမွန်သီး (ရှောက်ချိုသီး) မှာပါဝင်တဲ့ ဗီတာမင်စီ
ကြောင့် ကော်လာဂျင်ထုတ်လွှတ်မှုအားကောင်းစေပြီး အသားအရေကိုနုပျိုစေမှာဖြစ်တယ်လို့ဆိုပါတယ်၊

အဲ့ဒီအပြင် Metabolic ထုတ်လုပ်မှုအားကောင်းစေတာကြောင့် သွေးထဲမှာရှိနေတဲ့ ကိုလက်စ်ထရောကိုလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။

လီမွန်မှာပါဝင်တဲ့ ဗီတာမင်စီဟာ antioxidants ပါဝင်တာကြောင့် နေရာင်ခြည်မှာပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနဲ့ ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို တိုက်ဖျက်တားမြစ်ပေး
ပြီးအသားအရေကို နုပျိုစေတာဖြစ်တယ်လို့သိရပါတယ်၊

လီမွန်သီးဖျော်ရည်ဟာ ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီအပိုတွေကိုဖယ်ရှားတားဆီးပေးတဲ့အပြင် သွေးထဲမှာရှိနေတဲ့ကိုလက်စ်ထရောကိုလျှော့ချပေးတာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကိုထိန်းညှိပေးပြီး အဆီတွေကို
လျှော့ချပေးတာဖြစ်တယ်လို့သိရပါတယ်၊

တခြားလီမွန်သီးရဲ့အကျိုးအာနိသင်တွေကတော့ အမောအပန်းခံနိုင်အောင် စွမ်းအင်တွေထုတ်လုပ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဓာတ်တွေကိုတားဆီးပေးနိုင်ခြင်း၊ ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် ဦးနှောက်အားကောင်းစေပြီး သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း၊ လန်းဆန်းစေတာကြောင့် အသက်ရှူ ရှိုက်ရာမှာ အားကောင်းစေခြင်းတို့ပဲဖြစ်ပါတယ်၊

ဒါကြောင့်ဒီလိုကောင်းမွန်တဲ့ လီမွန်သီးဖျော်ရည်ကိုမနက်တိုင်းသောက်ပေးပြီးကျန်းမာစွာနေထိုင်နိုင်ဖို့ရေးသားလိုက်ရပါတယ်။

Credit:Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top