iMyanmarHouse.com - Best Property Website for Myanmar
×

Strong Woman Do Bong-soon ဇာတ္လမ္းတြဲမွာ အားအင္သန္စြမ္းတဲ႔ မိန္းကေလးတစ္ဦးအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ႔သူ မင္းသမီးေခ်ာေလး Park Bo Young က သူမဘဝမွာ သူမစိတ္တုိင္းက်ရတဲ႔ ေယာက်ာၤးပုံစံမ်ိဳးကုိ မေတြ႕ဆုံဖူးေသးဘူးလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆုိသြားခဲ႔ပါတယ္။

Park Bo Young ကုိ ပရိသတ္မ်ားစြာက Strong Woman Do Bong-soon ဇာတ္လမ္းတြဲမွာ သူနဲ႔ တြဲဖက္သရုပ္ေဆာင္ခဲ႔သူ မင္းသား Park Hyung-sik နဲ႔ တြဲဖက္ေနၿပီလုိ႔ ထင္ေနၾကတာျဖစ္ပါတယ္။ Park Bo Young ကေတာ့ ပရိသတ္ေတြ ဒီလုိထင္ေနၾကေပမယ့္ တကယ္မဟုတ္ေၾကာင္း ျငင္းဆုိထားခဲ႔ပါတယ္။ ဆက္လက္ၿပီး Park Bo Young ဟာ သူမစိတ္တုိင္းက်ရတဲ႔ ေယာက်ာၤးပုံစံနဲ႔ပတ္သက္ၿပီး " ကြ်န္မက ကုိယ္ရဲ႕စိတ္ခံစားခ်က္အေပၚ ရုိးရုိးရွင္းရွင္းေလး ေဖာ္ျပတတ္တဲ႔ ေယာက်ာၤးမ်ိဳးကုိ သေဘာက်တယ္။ ဒါေပမယ့္ ဒီေန႔အထိေတာ့ ' Park Bo Young ငါမင္းကုိ သေဘာက်ေနၿပီထင္တယ္ ' လုိ႔ ေျပာခဲ႔ဖူးသူက တစ္ေယာက္မွမရွိေသးဘူး။ ရုတ္တရတ္ႀကီးသာ အေျပာခံရရင္ေတာ့ ေတာ္ေတာ္ကုိ ရင္ခုန္စရာေကာင္းမွာ ေသခ်ာတယ္။ ေနာက္ၿပီး ကြ်န္မသေဘာက်တဲ႔အတုိင္း ရုိးရုိးရွင္းရွင္းနဲ႔ ေျပာဆုိတတ္ၿပီး ရယ္စရာေလးေတြပါ ေျပာတတ္တယ္ဆုိရင္ေတာ့ ကြ်န္မအတြက္ အတုိင္းထက္အလြန္ပဲေပါ့ " လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။

အသက္ ၂၇ႏွစ္အရႊယ္ရွိ မင္းသမီးေခ်ာေလး Park Bo Young ဟာ ၂၀၀၆ခုႏွစ္ကတည္းက သရုပ္ေဆာင္ေလာကကုိ စတင္ဝင္ေရာက္ခဲ႔တာျဖစ္လုိ႔ အႏုပညာသက္တမ္း ဆယ္ႏွစ္ေက်ာ္ရွိထားသူျဖစ္ပါတယ္။ Park Bo Young ဟာ Secret Campus လုိ႔အမည္ရတဲ႔ ဇာတ္လမ္းတြဲမွာ မင္းသားေခ်ာ Lee Min Ho နဲ႔အတူ ပြဲဦးထြက္ ပါဝင္သရုပ္ေဆာင္ဖူးခဲ့တာျဖစ္ပါတယ္။ Scandal Makers ၊ Werewolf Boy ၊ Oh My Ghostess နဲ႔ Strong Woman Do Bong-soon တုိ႔ကေတာ့ Park Bo Young ရဲ႕ အေအာင္ျမင္ဆုံး ရုပ္ရွင္ဇာတ္ကားမ်ားနဲ႔ ဇာတ္လမ္းတြဲမ်ားပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
Strong Woman Do Bong-soon ဇာတ်လမ်းတွဲမှာ အားအင်သန်စွမ်းတဲ့ မိန်းကလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ မင်းသမီးချောလေး Park Bo Young က သူမဘဝမှာ သူမစိတ်တိုင်းကျရတဲ့ ယောကျာၤးပုံစံမျိုးကို မတွေ့ဆုံဖူးသေးဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

Park Bo Young ကို ပရိသတ်များစွာက Strong Woman Do Bong-soon ဇာတ်လမ်းတွဲမှာ သူနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့သူ မင်းသား Park Hyung-sik နဲ့ တွဲဖက်နေပြီလို့ ထင်နေကြတာဖြစ်ပါတယ်။ Park Bo Young ကတော့ ပရိသတ်တွေ ဒီလိုထင်နေကြပေမယ့် တကယ်မဟုတ်ကြောင်း ငြင်းဆိုထားခဲ့ပါတယ်။ ဆက်လက်ပြီး Park Bo Young ဟာ သူမစိတ်တိုင်းကျရတဲ့ ယောကျာၤးပုံစံနဲ့ပတ်သက်ပြီး " ကျွန်မက ကိုယ်ရဲ့စိတ်ခံစားချက်အပေါ် ရိုးရိုးရှင်းရှင်းလေး ဖော်ပြတတ်တဲ့ ယောကျာၤးမျိုးကို သဘောကျတယ်။ ဒါပေမယ့် ဒီနေ့အထိတော့ ' Park Bo Young ငါမင်းကို သဘောကျနေပြီထင်တယ် ' လို့ ပြောခဲ့ဖူးသူက တစ်ယောက်မှမရှိသေးဘူး။ ရုတ်တရတ်ကြီးသာ အပြောခံရရင်တော့ တော်တော်ကို ရင်ခုန်စရာကောင်းမှာ သေချာတယ်။ နောက်ပြီး ကျွန်မသဘောကျတဲ့အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ပြောဆိုတတ်ပြီး ရယ်စရာလေးတွေပါ ပြောတတ်တယ်ဆိုရင်တော့ ကျွန်မအတွက် အတိုင်းထက်အလွန်ပဲပေါ့ " လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၇နှစ်အရွှယ်ရှိ မင်းသမီးချောလေး Park Bo Young ဟာ ၂၀၀၆ခုနှစ်ကတည်းက သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်လို့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်ရှိထားသူဖြစ်ပါတယ်။ Park Bo Young ဟာ Secret Campus လို့အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ မင်းသားချော Lee Min Ho နဲ့အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ဖူးခဲ့တာဖြစ်ပါတယ်။ Scandal Makers ၊ Werewolf Boy ၊ Oh My Ghostess နဲ့ Strong Woman Do Bong-soon တို့ကတော့ Park Bo Young ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားများနဲ့ ဇာတ်လမ်းတွဲများပဲ ဖြစ်ပါတယ်ခင်ဗျာ။


Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top