iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္မေပ်ာ္သူတစ္ေယာက္အတြက္ေတာ့ ညတာဟာ ပုိရွည္ပါတယ္။ တစ္ခါတေလ အိပ္မက္ဆုိးကေန လန္႔လန္႔ႏုိးတတ္သူ
မ်ားအဖုိ႔ေတာ့ ညဆုိတာ ေၾကာက္စရာ မိစာၦဆုိးပါဘဲ။ ဒါေပမယ့္ ဒီလုိျဖစ္ရျခင္းရဲ႕ အေၾကာင္းအရင္းကေတာ့ ခႏၶာကိုယ္ တြင္း စြမ္းအင္စီးဆင္းမႈ အျမင့္ဆုံးအေျခအေနေၾကာင့္ပါ။ ဒီလုိ လန္႔လန္႔ႏုိးေလ့ရွိသူေတြဟာ Alarm ေပးထားျခင္း မရွိပါဘဲ၊ ပုံမွန္အားျဖင့္ မနက္ 3-5 နာရီၾကားမွာ ျဖစ္ေလ့ရွိပါတယ္။

ဒီလုိ ျဖစ္ရျခင္းဟာ ခႏၶာကုိယ္တြင္း စြမ္းအင္စီးဆင္းမႈ အလြန္ျပင္းထန္ျခင္းေၾကာင့္ ျဖစ္ၿပီး စိတ္ပုိင္းနဲ႔ ကုိယ္ပုိင္းဆုိင္ ရာ က်န္းမာေရးျပႆနာ ေတြကလည္း ေစာင့္ႀကိဳလုိ႔ ေနပါတယ္။ တရုတ္ရုိးရာေဆးပညာရွင္ေတြကေတာ့ ဒီလုိစြမ္းအင္စီး ဆင္းမႈ လမ္းေၾကာင္းေတြကိုပဲ အပ္စုိက္ကုထုံးနဲ႔၊ ခႏၶာကိုယ္ႏွိပ္နယ္ျခင္းေတြမွာ အသုံးခ်ေလ့ရွိပါတယ္။

ဒီလုိ စြမ္းအင္စီးဆင္းမႈဟာ နာရီစနစ္နဲ႔ တုိက္႐ုိက္ဆက္စပ္ေနတယ္လုိ႔ တရုတ္ေဆးပညာရွင္ေတြက ယူဆၾကၿပီး အလုိအ ေလွ်ာက္ တုန္႔ျပန္မႈဟာ အခ်ိန္ကုိက္တိက်လြန္းသည္အထိ တုိက္ဆုိင္တတ္ပါတယ္။ ခႏၶာကိုယ္တြင္း စြမ္းအင္စီးဆင္းမႈဟာ
ေနရာ 12 ေနရာအထိ ကြဲျပားမႈေတြ ရွိတယ္လုိ႔ သိရပါတယ္။ အိပ္ရာကေန လန္႔လန္႔ႏုိးတတ္တဲ့ အခ်ိန္ပိုိင္းျခားအရ ေျဖရွင္း
ဖုိ႔ နည္းလမ္းေတြကေတာ့-

ည(11)နာရီမွ မနက္ 1 နာရီအတြင္း

ညဘက္ လန္႔ႏုိးတတ္တဲ့ အခ်ိန္ေပၚမူတည္ၿပီး ရုပ္ပုိင္းနဲ႔ စိတ္ပုိင္းဆုိင္ရာ ျပသနာေတြနဲ႔လည္း ဆက္သြယ္ေနပါတယ္။ ဒါဟာ လူတစ္ဦးခ်င္းဆီရဲ႕ ပုဂၢိဳလ္ေရးခံစားမႈ မေျပလည္ျခင္း သုိ႔မဟုတ္ စိတ္က်ျခင္းနဲ႔ စိတ္ဖိအားေတြ ေၾကာင့္ျဖစ္တာ လုိ႔လည္း ေကာက္ခ်က္ခ်လုိ႔ရပါတယ္။ တရားထုိင္တဲ့အေလ့အက်င့္နဲ႔ ဒီျပႆနာကုိ ေျဖရွင္းပါ။
မနက္ 1 နာရီမွ 3 နာရီအတြင္း

ဒီလုိျဖစ္ေလ့ျဖစ္ထရွိတဲ့သူေတြမွာ အဲဒီအခုိက္အတန္႔အတြင္းမွာ ျပန္လည္အိပ္စက္ဖုိ႔ ခက္ခဲေလ့ရွိၿပီး ႐ုပ္ပိုင္းဆုိင္ရာ က်န္းမာေရးကိုလည္း တုိက္႐ုိက္ထိခုိက္ေစႏုိုင္ပါတယ္။ ဒီလုိအခုိက္အတန္႔မ်ိဳးမွာေတာ့ တ႐ုတ္ေဆးပညာရွင္ေတြက တရားထုိင္တဲ့ အေလ့အထမ်ိဳး လုပ္ထားသင့္ၿပီး ဒီျပႆနာကို ထိေရာက္တဲ့ေျဖရွင္းမႈျဖစ္ေစတယ္လုိ႔လည္း ဆုိပါတယ္။
မနက္ 3 နာရီမွ 5 နာရီအတြင္း

ခႏၶာကုိယ္တြင္း စြမ္းအင္စီးဆင္းမႈဟာ အသည္းက်န္းမာေရးနဲ႔ တုိက္႐ုိက္ပတ္သက္ၿပီး၊ ဒီလုိ ခဏခဏလန္႔ႏုိးတတ္တဲ့သူ
ေတြဟာ ျပင္ပပုဂၢိဳလ္ေရးဘ၀မွာလည္း ေဒါသႀကီးမားျခင္း၊ စုိးရိမ္ေၾကာင့္က်ႀကီးမားျခင္းနဲ႔ ဆက္ႏြယ္ပတ္သက္ေနၾကပါ တယ္။ တစ္ခါတေလမွာ ညဥ့္နက္သန္းေခါင္ေရာက္မွ ဒီလုိျဖစ္တတ္တာပါ။ ဒီျပႆနာရပ္ကို ေျဖရွင္းဖုိ႔အတြက္ဆုိရင္ေတာ့  ေရေအးေအးေလးတစ္ခြက္ကို အ၀ေသာက္ၿပီး၊ တရားထုိင္ကာ ေျဖရွင္းဖုိ႔ အႀကံေပးထားပါတယ္။

မနက္ 5 နာရီမွ 6 နာရီအတြင္း

ဒီလုိအခ်ိန္မ်ိဳးမွာေတာ့ ခံစားခ်က္ေတြ လုံး၀ ပိတ္စုိ႔ခံရလုိက္သလုိ တင္းၾကပ္တဲ့စိတ္အစဥ္ေၾကာင့္ အိပ္ရာက လန္႔ႏိုး ျခင္း ျဖစ္ပါတယ္။ ဒီလုိအခ်ိန္မ်ိဳးမွာ စိတ္စြမ္းအင္စီးစဥ္မႈဟာ ၾကြက္သားေတြအတြင္း ပ်ံ႕ကား၀င္ေရာက္မႈကို အရွိန္အဟုန္ နဲ႔ ျပန္လည္စတင္ခ်ိန္ျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ တစ္ညတာအိပ္စက္မႈရဲ႕ ေနာက္ဆုံးအခ်ိန္ျဖစ္ၿပီး ျပန္လည္အိပ္စက္ဖုိ႔ေတာ့ မလုိအပ္ေတာ့ပါဘူး။ သုိ႔ေသာ္ အိပ္ေရးမ၀တဲ့ ခံစားမႈကို ခံစားရေစလုိ႔ နာရီ၀က္ေလာက္ေတာ့ ျပန္အိပ္သင့္ပါတယ္။ ေကာင္းမြန္စြာ ျပန္လည္အိပ္စက္ဖုိ႔အတြက္ ၾကြက္သားေတြကို ေပါ့ေပါ့ပါးပါး ျဖစ္ေအာင္ ျပင္ဆင္ၿပီး အသက္ကို ၀၀႐ွဴထုတ္လုိက္ သြင္းလုိက္ ဆယ္ႀကိမ္ခန္႔လုပ္လုိက္ပါ။ ဒီျပႆနာ မၾကာခင္ ေျပလည္သြားပါလိမ့္မယ္။
Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အိပ်မပျော်သူတစ်ယောက်အတွက်တော့ ညတာဟာ ပိုရှည်ပါတယ်။ တစ်ခါတလေ အိပ်မက်ဆိုးကနေ လန့်လန့်နိုးတတ်သူ
များအဖို့တော့ ညဆိုတာ ကြောက်စရာ မိစ္ဆာဆိုးပါဘဲ။ ဒါပေမယ့် ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ် တွင်း စွမ်းအင်စီးဆင်းမှု အမြင့်ဆုံးအခြေအနေကြောင့်ပါ။ ဒီလို လန့်လန့်နိုးလေ့ရှိသူတွေဟာ Alarm ပေးထားခြင်း မရှိပါဘဲ၊ ပုံမှန်အားဖြင့် မနက် 3-5 နာရီကြားမှာ ဖြစ်လေ့ရှိပါတယ်။

ဒီလို ဖြစ်ရခြင်းဟာ ခန္ဓာကိုယ်တွင်း စွမ်းအင်စီးဆင်းမှု အလွန်ပြင်းထန်ခြင်းကြောင့် ဖြစ်ပြီး စိတ်ပိုင်းနဲ့ ကိုယ်ပိုင်းဆိုင် ရာ ကျန်းမာရေးပြဿနာ တွေကလည်း စောင့်ကြိုလို့ နေပါတယ်။ တရုတ်ရိုးရာဆေးပညာရှင်တွေကတော့ ဒီလိုစွမ်းအင်စီး ဆင်းမှု လမ်းကြောင်းတွေကိုပဲ အပ်စိုက်ကုထုံးနဲ့၊ ခန္ဓာကိုယ်နှိပ်နယ်ခြင်းတွေမှာ အသုံးချလေ့ရှိပါတယ်။

ဒီလို စွမ်းအင်စီးဆင်းမှုဟာ နာရီစနစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ တရုတ်ဆေးပညာရှင်တွေက ယူဆကြပြီး အလိုအ လျှောက် တုန့်ပြန်မှုဟာ အချိန်ကိုက်တိကျလွန်းသည်အထိ တိုက်ဆိုင်တတ်ပါတယ်။ ခန္ဓာကိုယ်တွင်း စွမ်းအင်စီးဆင်းမှုဟာ
နေရာ 12 နေရာအထိ ကွဲပြားမှုတွေ ရှိတယ်လို့ သိရပါတယ်။ အိပ်ရာကနေ လန့်လန့်နိုးတတ်တဲ့ အချိန်ပိုင်းခြားအရ ဖြေရှင်း
ဖို့ နည်းလမ်းတွေကတော့-

ည(11)နာရီမှ မနက် 1 နာရီအတွင်း

ညဘက် လန့်နိုးတတ်တဲ့ အချိန်ပေါ်မူတည်ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေနဲ့လည်း ဆက်သွယ်နေပါတယ်။ ဒါဟာ လူတစ်ဦးချင်းဆီရဲ့ ပုဂ္ဂိုလ်ရေးခံစားမှု မပြေလည်ခြင်း သို့မဟုတ် စိတ်ကျခြင်းနဲ့ စိတ်ဖိအားတွေ ကြောင့်ဖြစ်တာ လို့လည်း ကောက်ချက်ချလို့ရပါတယ်။ တရားထိုင်တဲ့အလေ့အကျင့်နဲ့ ဒီပြဿနာကို ဖြေရှင်းပါ။
မနက် 1 နာရီမှ 3 နာရီအတွင်း

ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့သူတွေမှာ အဲဒီအခိုက်အတန့်အတွင်းမှာ ပြန်လည်အိပ်စက်ဖို့ ခက်ခဲလေ့ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာတော့ တရုတ်ဆေးပညာရှင်တွေက တရားထိုင်တဲ့ အလေ့အထမျိုး လုပ်ထားသင့်ပြီး ဒီပြဿနာကို ထိရောက်တဲ့ဖြေရှင်းမှုဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
မနက် 3 နာရီမှ 5 နာရီအတွင်း

ခန္ဓာကိုယ်တွင်း စွမ်းအင်စီးဆင်းမှုဟာ အသည်းကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်ပြီး၊ ဒီလို ခဏခဏလန့်နိုးတတ်တဲ့သူ
တွေဟာ ပြင်ပပုဂ္ဂိုလ်ရေးဘဝမှာလည်း ဒေါသကြီးမားခြင်း၊ စိုးရိမ်ကြောင့်ကျကြီးမားခြင်းနဲ့ ဆက်နွယ်ပတ်သက်နေကြပါ တယ်။ တစ်ခါတလေမှာ ညဉ့်နက်သန်းခေါင်ရောက်မှ ဒီလိုဖြစ်တတ်တာပါ။ ဒီပြဿနာရပ်ကို ဖြေရှင်းဖို့အတွက်ဆိုရင်တော့  ရေအေးအေးလေးတစ်ခွက်ကို အဝသောက်ပြီး၊ တရားထိုင်ကာ ဖြေရှင်းဖို့ အကြံပေးထားပါတယ်။

မနက် 5 နာရီမှ 6 နာရီအတွင်း

ဒီလိုအချိန်မျိုးမှာတော့ ခံစားချက်တွေ လုံး၀ ပိတ်စို့ခံရလိုက်သလို တင်းကြပ်တဲ့စိတ်အစဉ်ကြောင့် အိပ်ရာက လန့်နိုး ခြင်း ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်စွမ်းအင်စီးစဉ်မှုဟာ ကြွက်သားတွေအတွင်း ပျံ့ကားဝင်ရောက်မှုကို အရှိန်အဟုန် နဲ့ ပြန်လည်စတင်ချိန်ဖြစ်ပါတယ်။ ဒီအချိန်ဟာ တစ်ညတာအိပ်စက်မှုရဲ့ နောက်ဆုံးအချိန်ဖြစ်ပြီး ပြန်လည်အိပ်စက်ဖို့တော့ မလိုအပ်တော့ပါဘူး။ သို့သော် အိပ်ရေးမဝတဲ့ ခံစားမှုကို ခံစားရစေလို့ နာရီဝက်လောက်တော့ ပြန်အိပ်သင့်ပါတယ်။ ကောင်းမွန်စွာ ပြန်လည်အိပ်စက်ဖို့အတွက် ကြွက်သားတွေကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် ပြင်ဆင်ပြီး အသက်ကို ၀၀ရှူထုတ်လိုက် သွင်းလိုက် ဆယ်ကြိမ်ခန့်လုပ်လိုက်ပါ။ ဒီပြဿနာ မကြာခင် ပြေလည်သွားပါလိမ့်မယ်။
Credit:Shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top