iMyanmarHouse.com - Best Property Website for Myanmar
×

လွတစ္မ်က္ႏွာေလး အသားအေရညီညာ စိုေျပၿပီး အျမဲတမ္းၾကည္လင္ေနေစဖို႔အတြက္ ေပါင္းတင္ေပးဖို႔ေတာ့ လိုတာေပါ့။ ေပါင္းတင္တဲ့အခါမွာလည္း ရာသီဥတုကို လိုက္ၿပီး ေပါင္းတင္နည္းေတြကို ေျပာင္းတာက အေကာင္းဆံုးပါ။ ေႏြရာသီမွာဆိုရင္ ေနရဲ႕အပူရွိန္ေၾကာင့္ မ်က္ႏွာအသားအေရဟာ ေျခာက္ေသြ႔တယ္ေလ။ ဒီအတြက္ ေႏြရာသီတုန္းကေတာ့ ေနပူဒဏ္ကာကြယ္ႏိုင္တဲ့ ေပါင္းတင္နည္းနဲ႔ မေျခာက္ေသြ႔ေစတဲ့ ေပါင္းတင္နည္းေတြကို ျပဳလုပ္ခဲ့ၾကသလို ခုမိုးတြင္းမွာလည္း ကိုက္ညီတဲ့ ေပါင္းတင္နည္းေလးေတြ လုပ္ရမွာေပါ့။ လိုက္လုပ္ၾကည့္ဖို႔ မေမ့နဲ႕ေနာ္..

ေခၽြးေပါက္က်ယ္တဲ့ အသားအေရ ပိုင္ရွင္ေတြကေတာ့ ဒိန္ခ်ဥ္နဲ႔ ရွားေစာင္းလက္ပတ္ပဲ လိုပါတယ္။ ဒိန္ခ်ဥ္ လက္ဖက္စားဇြန္း(၁) ဇြန္းယူပါ။ ရွားေစာင္းလက္ပတ္ကို အတြင္းသား အႏွစ္ေတြခ်ည္း လက္ဖက္စားဇြန္း(၁) ဇြန္းစာေလာက္ ယူၿပီး ဒိန္ခ်ဥ္နဲ႔ေရာလိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာတ၀ိုက္ လိမ္းေပးလိုက္ပါ။ ေျခာက္သြားရင္ မ်က္ႏွာသစ္လိုက္ပါ။ ႏွစ္ေခါက္ေလာက္ လုပ္လိုက္တာနဲ႔ ေခၽြးေပါက္က်ယ္တာေတြကို ႏႈတ္ဆက္ၿပီးသား ျဖစ္မွာပါ။

ေကြကာအုပ္ကေတာ့ အဆီျပန္တတ္တဲ့သူေတြအတြက္ အေကာင္းဆံုးပါပဲ။ ေကြကာအုပ္ထဲက အဖတ္ေလးေတြခ်ည္း စားပြဲတင္ဇြန္း(၁) ဇြန္းကို ပ်ားရည္ေလး နည္းနည္းေရာၿပီး ေၾကေအာင္ေခ်လိုက္ပါ။ အဆီျပန္လွပါတဲ့ မ်က္နွာေပၚမွာ ထူထူေလး လိမ္းထားလို္က္ပါ။ (၁၀) မိနစ္ေလာက္ၾကာရင္ ေရေအးနဲ႔ပဲ မ်က္ႏွာသစ္လိုက္ေနာ္..ဒါဆိုရင္ အဆီျပန္ျခင္းေတြ ကင္းေ၀းတဲ့ မ်က္ႏွာပိုင္ရွင္ေလး ျဖစ္ပါၿပီ။

Ref:Reward me
Credit:ၿဖိဳးျပည့္သူ(မိုမိုေလး)

#Unicode Version


လှတစ်မျက်နှာလေး အသားအရေညီညာ စိုပြေပြီး အမြဲတမ်းကြည်လင်နေစေဖို့အတွက် ပေါင်းတင်ပေးဖို့တော့ လိုတာပေါ့။ ပေါင်းတင်တဲ့အခါမှာလည်း ရာသီဥတုကို လိုက်ပြီး ပေါင်းတင်နည်းတွေကို ပြောင်းတာက အကောင်းဆုံးပါ။ နွေရာသီမှာဆိုရင် နေရဲ့အပူရှိန်ကြောင့် မျက်နှာအသားအရေဟာ ခြောက်သွေ့တယ်လေ။ ဒီအတွက် နွေရာသီတုန်းကတော့ နေပူဒဏ်ကာကွယ်နိုင်တဲ့ ပေါင်းတင်နည်းနဲ့ မခြောက်သွေ့စေတဲ့ ပေါင်းတင်နည်းတွေကို ပြုလုပ်ခဲ့ကြသလို ခုမိုးတွင်းမှာလည်း ကိုက်ညီတဲ့ ပေါင်းတင်နည်းလေးတွေ လုပ်ရမှာပေါ့။ လိုက်လုပ်ကြည့်ဖို့ မမေ့နဲ့နော်..

ချွေးပေါက်ကျယ်တဲ့ အသားအရေ ပိုင်ရှင်တွေကတော့ ဒိန်ချဉ်နဲ့ ရှားစောင်းလက်ပတ်ပဲ လိုပါတယ်။ ဒိန်ချဉ် လက်ဖက်စားဇွန်း(၁) ဇွန်းယူပါ။ ရှားစောင်းလက်ပတ်ကို အတွင်းသား အနှစ်တွေချည်း လက်ဖက်စားဇွန်း(၁) ဇွန်းစာလောက် ယူပြီး ဒိန်ချဉ်နဲ့ရောလိုက်ပါ။ ပြီးရင်တော့ မျက်နှာတဝိုက် လိမ်းပေးလိုက်ပါ။ ခြောက်သွားရင် မျက်နှာသစ်လိုက်ပါ။ နှစ်ခေါက်လောက် လုပ်လိုက်တာနဲ့ ချွေးပေါက်ကျယ်တာတွေကို နှုတ်ဆက်ပြီးသား ဖြစ်မှာပါ။

ကွေကာအုပ်ကတော့ အဆီပြန်တတ်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ ကွေကာအုပ်ထဲက အဖတ်လေးတွေချည်း စားပွဲတင်ဇွန်း(၁) ဇွန်းကို ပျားရည်လေး နည်းနည်းရောပြီး ကြေအောင်ချေလိုက်ပါ။ အဆီပြန်လှပါတဲ့ မျက်နှာပေါ်မှာ ထူထူလေး လိမ်းထားလိုက်ပါ။ (၁၀) မိနစ်လောက်ကြာရင် ရေအေးနဲ့ပဲ မျက်နှာသစ်လိုက်နော်..ဒါဆိုရင် အဆီပြန်ခြင်းတွေ ကင်းဝေးတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်ပါပြီ။

Ref:Reward me
Credit:ဖြိုးပြည့်သူ(မိုမိုလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top