iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အလုပ္ရွင္ (သို႔) အထက္လူႀကီးက သင့္ကို အလုပ္ျဖဳတ္ပစ္ခ်င္ရင္ သင္ဟာ ေရရွည္အက်ိဳးျပဳႏိုင္မယ့္ အလုပ္သမားေကာင္းတစ္ေယာက္မဟုတ္ဘူးဆိုတာကို ျမင္သာေအာင္ သက္ေသျပႏိုင္ဖို႔လိုပါတယ္။

တခ်ိဳ႕ ကုမၸဏီေတြမွာဆိုရင္ ဝန္ထမ္းတစ္ေယာက္ကို အလိုမရွိေတာ့ဘူး၊ ျဖဳတ္ပစ္ခ်င္ေနၿပီဆိုရင္ မ်ားေသာအားျဖင့္ ဆိုးဝါးတဲ့တာဝန္ေတြကို မျဖစ္ႏိုင္ေလာက္တဲ့ အခ်ိန္အေတာအတြင္းမွာ အားလံုးၿပီးေအာင္ လုပ္ခိုင္းတတ္ၾကတယ္။ မၿပီးဘူး၊ မလုပ္ႏိုင္ဘူးဆိုရင္ မွတ္တမ္းယူတယ္။ အကယ္၍ ကိုယ့္က်ိဳးစားမႈေၾကာင့္ ၿပီးေျမာက္ခဲ့ရင္လည္း တခုခုကိုရွာၿပီးေတာ့ မွတ္တမ္းတင္ထားမွာပဲ။ ဒါက်ဆံုးေအာင္လုပ္လိုက္တဲ့ သေဘာေပါ့။

ေနာက္ထပ္ အလားတူနည္းလမ္းေတြ သံုးရင္းသံုးရင္းနဲ႔ လနည္းနည္းေလာက္ၾကာလာရင္ သူတို႔ဘက္က အျပစ္မရွိသလိုနဲ႔ ျဖဳတ္ပစ္လိုက္ၾကေရာပဲ။ ကုမၸဏီတိုင္းလိုလိုလည္း ဒါမ်ိဳး ကိုယ္ပိုင္ လွ်ိဳ႕ဝွက္နည္းလမ္းေတြ ရွိၾကတယ္။ ဒါကို က်ေနာ္တို႔ေတြ ေရွာင္လႊဲဖို႔ဆိုတာ ခက္ပါတယ္။ ဒါေပမဲ့ ကိုယ္က အဲဒီလို အေျခအေနမ်ိဳးထဲမွာ ရွိေနလား၊ မရွိေနဘူးလား ဆိုတာေတာ့ တခ်ိဳ႕အခ်က္ေတြက သိႏိုင္တယ္။ သင္လည္း အဲဒီလို အေျခအေနမွာ ေရာက္ရွိေနတယ္ဆိုရင္ေတာ့ နည္းလမ္းရွာၿပီး မနက္ျဖန္မ်ားစြာအတြက္ ျပင္ဆင္ထားသင့္ပါတယ္။

၁။ သင္ဟာ အဖြဲ႔ဝင္တစ္ေယာက္မဟုတ္ေတာ့ဘူး

သင့္ရဲ႕ ခံယူခ်က္သေဘာထားေတြကို ေသခ်ာေအာင္ျပန္စစ္ေဆးဖို႔ လူေတြ ေျပာေနၾကတယ္ဆိုရင္၊ ဒါမွမဟုတ္ သင့္ရဲ႕ အလုပ္ရွင္သူေဌး (သို႔) သင့္အထက္လူႀကီးေတြက သင္ဟာ ကုမၸဏီ ကာခ်ာ (culture)နဲ႔ မကိုက္ညီေတာ့ဘူးလို႔ ေျပာေနၿပီဆိုရင္ေတာ့ ဒါဟာ မေကာင္းတဲ့ သေကၤတတစ္ခုျဖစ္ေနပါၿပီ။ ဒါဆို သင့္အေနနဲ႔ လိုအပ္မယ္ဆိုရင္ေတာ့ အဆင္ေျပေအာင္ ဘယ္လိုလုပ္ေပးရမလဲဆိုတာ ပြင့္ပြင့္လင္းလင္းနဲ႔ ေကာင္းေကာင္းမြန္မြန္ ေမးၾကည့္ႏိုင္ပါတယ္။

၂။ သင့္ရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေဝဖန္မယ္

သင့္ကို အလုပ္ျဖဳတ္ပစ္ဖို႔အတြက္က ကုမၸဏီမွ သင့္အထက္လူႀကီးတစ္ေယာက္ေယာက္ဆီမွာ သင္နဲ႔ပတ္သက္တဲ့ စာရြက္စာတမ္းရွိေနဖို႔လိုပါတယ္။ ဒါေၾကာင့္ သင့္လုပ္ေဆာင္ခ်က္ေတြကို စစ္တမ္းထုတ္ ေဝဖန္တာက သူတို႔အတြက္ ျပႆနာရွာ မွတ္တမ္းယူဖို႔အတြက္ မဟာအခြင့္အေရးပဲေလ။ အပ်က္သေဘာေဆာင္တဲ့ မ်ားစြာေသာ လုပ္ရည္ကိုင္ရည္ ေဝဖန္မႈစစ္တမ္းေတြက လံုးဝကိုေသခ်ာေနတဲ့ နိမိပံုရိပ္ေတြပဲ။ အဲလိုအေခ်အေနႀကံဳေနရၿပီဆိုရင္ လုပ္ေဆာင္ခ်က္ေတြ အျမန္ျပင္ဆင္ျမႇင့္တင္ႏိုင္မယ့္ နည္းလမ္းေတြရွာပါ။ ဒုတီယ အခြင့္အေရးတစ္ခုအျဖစ္ ေကာင္းေကာင္းႀကီး အသံုးခ်ပါ။

၃။ လုပ္ေဖာ္ကိုင္ဖက္ေတြက သင့္ကို ေရွာင္စျပဳလာမယ္

ေကာလာဟလဆိုတာ အလြန္ကို ပ်ံ႕လြယ္ပါတယ္။ သင္နဲ႔ ႐ံုးမွာရွိေနသူေတြဟာ သင့္ကို အလုပ္ျဖဳတ္ေတာ့မယ္လို႔ ထင္ထားၾကတယ္ဆိုရင္ သူတို႔ေတြ ၾကားသိထားတဲ့အတိုင္း သူတို႔ခ်င္းေတာ့ ေသခ်ာေပါက္ ေျပာမိၾကပါလိမ့္မယ္။ အဲဒီမွာ သူတို႔ေတြဟာ သင့္အျပစ္ေတြနဲ႔ မပတ္သက္၊ မဆက္စပ္မိေအာင္ ေရွာင္ရွားလာပါလိမ့္မယ္။ ဒါမွမဟုတ္ရင္ သင့္အေပၚမွာ ထူးဆန္းစြာ ဆက္ဆံလာတာမ်ိဳး၊ ေျပာဆိုလာတာမ်ိဳးတို႔ ျဖစ္တည္လာပါလိမ့္မယ္။

၄။ သင္ဟာ ႐ံုးမွာ အရည္အခ်င္းနိမ့္ေနတယ္လို႔ ခံစားလာရမယ္

အစည္းအေဝးေတြမွာ သင့္ကိုေခၚဖို႔ ခ်န္လွပ္ထားၾကမယ္။ သင္လုပ္ကိုင္ေနတဲ့ ဌာနနဲ႔ပတ္သက္ေနတဲ့ အေရးပါတဲ့ မွတ္တမ္းမွတ္ရာေတြနဲ႔ပတ္သက္ၿပီးေတာ့ မသိလိုက္ရဘူး။ မရရွိဘူး။ “ဘာျဖစ္လို႔လဲ” စတဲ့ ေမးခြန္းေတြ ေမးတဲ့အခါတိုင္း ပံုမွန္အေနအထားနဲ႔ တုန္႔ျပန္လိုက္တဲ့ ေျဖဆိုမႈမ်ိဳးေတြ သင္ၾကားရမွာမဟုတ္ဘူး။ ဒီနိမိတ္ပံုရိပ္ေတြအားလံုးက သင့္အလုပ္ရွင္သူေဌး (သို႔) သင့္အထက္လူႀကီးေတြက သင့္ကို မယံုၾကည္ေတာ့ဘူးဆိုတာကို ေဖာ္ျပေနတာပါ။ ဒါမွမဟုတ္ရင္လည္း သင့္မွာရွိေနတဲ့ စြမ္းရည္ေတြ၊ အရည္အခ်င္းေတြနဲ႔ပတ္သက္ၿပီး သံသယေတြ တစ္သီႀကီးနဲ႔ ေစာဒကတက္တာ ခံေနရၿပီဆိုတာကို ေဖာ္ျပေနတာပါပဲ။ အဲဒီလိုအေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ေနရၿပီဆိုရင္ သင့္အတြက္ စစ္မွန္တဲ့တံု႔ျပန္မႈ (real feedback) ဆိုတာ ရွိေနမွာမဟုတ္ပါဘူး။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင့်အလုပ်ရှင် (သို့) အထက်လူကြီးက သင့်ကို အလုပ်ဖြုတ်ပစ်ချင်ရင် သင်ဟာ ရေရှည်အကျိုးပြုနိုင်မယ့် အလုပ်သမားကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာကို မြင်သာအောင် သက်သေပြနိုင်ဖို့လိုပါတယ်။

တချို့ ကုမ္ပဏီတွေမှာဆိုရင် ဝန်ထမ်းတစ်ယောက်ကို အလိုမရှိတော့ဘူး၊ ဖြုတ်ပစ်ချင်နေပြီဆိုရင် များသောအားဖြင့် ဆိုးဝါးတဲ့တာဝန်တွေကို မဖြစ်နိုင်လောက်တဲ့ အချိန်အတောအတွင်းမှာ အားလုံးပြီးအောင် လုပ်ခိုင်းတတ်ကြတယ်။ မပြီးဘူး၊ မလုပ်နိုင်ဘူးဆိုရင် မှတ်တမ်းယူတယ်။ အကယ်၍ ကိုယ့်ကျိုးစားမှုကြောင့် ပြီးမြောက်ခဲ့ရင်လည်း တခုခုကိုရှာပြီးတော့ မှတ်တမ်းတင်ထားမှာပဲ။ ဒါကျဆုံးအောင်လုပ်လိုက်တဲ့ သဘောပေါ့။

နောက်ထပ် အလားတူနည်းလမ်းတွေ သုံးရင်းသုံးရင်းနဲ့ လနည်းနည်းလောက်ကြာလာရင် သူတို့ဘက်က အပြစ်မရှိသလိုနဲ့ ဖြုတ်ပစ်လိုက်ကြရောပဲ။ ကုမ္ပဏီတိုင်းလိုလိုလည်း ဒါမျိုး ကိုယ်ပိုင် လျှို့ဝှက်နည်းလမ်းတွေ ရှိကြတယ်။ ဒါကို ကျနော်တို့တွေ ရှောင်လွှဲဖို့ဆိုတာ ခက်ပါတယ်။ ဒါပေမဲ့ ကိုယ်က အဲဒီလို အခြေအနေမျိုးထဲမှာ ရှိနေလား၊ မရှိနေဘူးလား ဆိုတာတော့ တချို့အချက်တွေက သိနိုင်တယ်။ သင်လည်း အဲဒီလို အခြေအနေမှာ ရောက်ရှိနေတယ်ဆိုရင်တော့ နည်းလမ်းရှာပြီး မနက်ဖြန်များစွာအတွက် ပြင်ဆင်ထားသင့်ပါတယ်။

၁။ သင်ဟာ အဖွဲ့ဝင်တစ်ယောက်မဟုတ်တော့ဘူး

သင့်ရဲ့ ခံယူချက်သဘောထားတွေကို သေချာအောင်ပြန်စစ်ဆေးဖို့ လူတွေ ပြောနေကြတယ်ဆိုရင်၊ ဒါမှမဟုတ် သင့်ရဲ့ အလုပ်ရှင်သူဌေး (သို့) သင့်အထက်လူကြီးတွေက သင်ဟာ ကုမ္ပဏီ ကာချာ (culture)နဲ့ မကိုက်ညီတော့ဘူးလို့ ပြောနေပြီဆိုရင်တော့ ဒါဟာ မကောင်းတဲ့ သင်္ကေတတစ်ခုဖြစ်နေပါပြီ။ ဒါဆို သင့်အနေနဲ့ လိုအပ်မယ်ဆိုရင်တော့ အဆင်ပြေအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ ပွင့်ပွင့်လင်းလင်းနဲ့ ကောင်းကောင်းမွန်မွန် မေးကြည့်နိုင်ပါတယ်။

၂။ သင့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်မယ်

သင့်ကို အလုပ်ဖြုတ်ပစ်ဖို့အတွက်က ကုမ္ပဏီမှ သင့်အထက်လူကြီးတစ်ယောက်ယောက်ဆီမှာ သင်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းရှိနေဖို့လိုပါတယ်။ ဒါကြောင့် သင့်လုပ်ဆောင်ချက်တွေကို စစ်တမ်းထုတ် ဝေဖန်တာက သူတို့အတွက် ပြဿနာရှာ မှတ်တမ်းယူဖို့အတွက် မဟာအခွင့်အရေးပဲလေ။ အပျက်သဘောဆောင်တဲ့ များစွာသော လုပ်ရည်ကိုင်ရည် ဝေဖန်မှုစစ်တမ်းတွေက လုံးဝကိုသေချာနေတဲ့ နိမိပုံရိပ်တွေပဲ။ အဲလိုအချေအနေကြုံနေရပြီဆိုရင် လုပ်ဆောင်ချက်တွေ အမြန်ပြင်ဆင်မြှင့်တင်နိုင်မယ့် နည်းလမ်းတွေရှာပါ။ ဒုတီယ အခွင့်အရေးတစ်ခုအဖြစ် ကောင်းကောင်းကြီး အသုံးချပါ။

၃။ လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို ရှောင်စပြုလာမယ်

ကောလာဟလဆိုတာ အလွန်ကို ပျံ့လွယ်ပါတယ်။ သင်နဲ့ ရုံးမှာရှိနေသူတွေဟာ သင့်ကို အလုပ်ဖြုတ်တော့မယ်လို့ ထင်ထားကြတယ်ဆိုရင် သူတို့တွေ ကြားသိထားတဲ့အတိုင်း သူတို့ချင်းတော့ သေချာပေါက် ပြောမိကြပါလိမ့်မယ်။ အဲဒီမှာ သူတို့တွေဟာ သင့်အပြစ်တွေနဲ့ မပတ်သက်၊ မဆက်စပ်မိအောင် ရှောင်ရှားလာပါလိမ့်မယ်။ ဒါမှမဟုတ်ရင် သင့်အပေါ်မှာ ထူးဆန်းစွာ ဆက်ဆံလာတာမျိုး၊ ပြောဆိုလာတာမျိုးတို့ ဖြစ်တည်လာပါလိမ့်မယ်။

၄။ သင်ဟာ ရုံးမှာ အရည်အချင်းနိမ့်နေတယ်လို့ ခံစားလာရမယ်

အစည်းအဝေးတွေမှာ သင့်ကိုခေါ်ဖို့ ချန်လှပ်ထားကြမယ်။ သင်လုပ်ကိုင်နေတဲ့ ဌာနနဲ့ပတ်သက်နေတဲ့ အရေးပါတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ပတ်သက်ပြီးတော့ မသိလိုက်ရဘူး။ မရရှိဘူး။ “ဘာဖြစ်လို့လဲ” စတဲ့ မေးခွန်းတွေ မေးတဲ့အခါတိုင်း ပုံမှန်အနေအထားနဲ့ တုန့်ပြန်လိုက်တဲ့ ဖြေဆိုမှုမျိုးတွေ သင်ကြားရမှာမဟုတ်ဘူး။ ဒီနိမိတ်ပုံရိပ်တွေအားလုံးက သင့်အလုပ်ရှင်သူဌေး (သို့) သင့်အထက်လူကြီးတွေက သင့်ကို မယုံကြည်တော့ဘူးဆိုတာကို ဖော်ပြနေတာပါ။ ဒါမှမဟုတ်ရင်လည်း သင့်မှာရှိနေတဲ့ စွမ်းရည်တွေ၊ အရည်အချင်းတွေနဲ့ပတ်သက်ပြီး သံသယတွေ တစ်သီကြီးနဲ့ စောဒကတက်တာ ခံနေရပြီဆိုတာကို ဖော်ပြနေတာပါပဲ။ အဲဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်အတွက် စစ်မှန်တဲ့တုံ့ပြန်မှု (real feedback) ဆိုတာ ရှိနေမှာမဟုတ်ပါဘူး။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top