iMyanmarHouse.com - Best Property Website for Myanmar
×

"ခ်စ္သူရည္းစားေတြ အဆင္ေျပ ေပ်ာ္ရႊင္ရတဲ့ အခ်စ္ေရးရရွိဖုိ႔အတြက္ ဒီအခ်က္တစ္ခ်က္ဟာ လြန္စြာအေရးၾကီး"

အခ်စ္ေရးမွာ အဆင္ေျပ ကံေကာင္းၾကတယ္လုိ႔ ဆုိသူေတြအတြက္ အဲ့ဒီအခ်စ္ေရးကို သူတုိ႔ ဘယ္လို ထိန္းသိမ္းထားသလဲဆုိတာ သိခ်င္ၾကမွာပါ။ အားလံုးေျပာၾကသလို ယံုၾကည္မႈကလည္း အေရးပါသလို ေနာက္ထပ္အေရးပါတဲ့ အခ်က္တစ္ခ်က္ ရွိေနပါေသးတယ္။ အဲ့ဒါကေတာ့ ကိုယ့္ခ်စ္သူနဲ႔ ကိုယ္ နွစ္ဦးစလံုးဟာ တစ္ဦးနဲ႔တစ္ဦး သူငယ္ခ်င္းေတြလို ဆက္ဆံႏိုင္ျခင္းပါပဲ။

ေလ့လာခ်က္အသစ္ႏွစ္ခုရဲ႕ ေဖာ္ျပခ်က္အရ သူငယ္ခ်င္းေတြလိုေရာ၊ ခ်စ္သူေတြလိုပါ ခ်စ္ခင္ႏိုင္ၾကတဲ့ စံုေတြေတြဟာ ၿမဲၾကျပီး အခ်စ္လည္း ပိုၾကပါတယ္တဲ့။ ဒါ့အျပင္ အတူေနတဲ့အခါမွာလည္း သူတုိ႔ဆက္ဆံေရးကို ေက်နပ္မႈ ပိုၾကေၾကာင္း ေဖာ္ျပလာပါတယ္။

ပထမေလ့လာခ်က္မွာ သုေတသန ပညာရွင္ေတြက တကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္းသား ၁၉၀ ကို ေလ့လာခဲ့ၾကျပီး သူတုိ႔ေတြရဲ႕ အခ်စ္ေရးအေၾကာင္း၊ သူတုိ႔ ဒီအခ်စ္ေရးအတြက္ ဘယ္ေလာက္ေတာင္ အခ်ိန္ေပးခဲ့ၾကသလဲ၊ ဘယ္ေလာက္ထိ ေမ်ွာ္လင့္ထားၾကသလဲ စတာေတြကိုပါ သုေတသန ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီေနာက္ပုိင္း လအနည္းငယ္အၾကာမွာ ခုနထဲက ၂၇ ရာခုိင္ႏႈန္းဟာ သူတုိ႔ခ်စ္သူေတြနဲ႔ ျပတ္သြားၾကျပီး က်န္ရွိေနတဲ့ စံုတြဲေတြဟာ သူတုိ႔ခ်စ္သူေတြနဲ႔ သူငယ္ခ်င္းလုိ၊ ခ်စ္သူလုိ ဆက္ဆံတတ္သူေတြ ျဖစ္ၾကတယ္ဆုိတာ ေလ့လာေတြ႔ရွိခဲ့ပါတယ္။ သူတုိ႔ဟာ သူငယ္ခ်င္းေတြလို ျပဳမူရာမွာေရာ၊ ရုိမန္တစ္ဆန္ဆန္ ျပဳမူရာေတြမွာသာမက၊ အျခားေသာ အတူေနျခင္း ကိစၥရပ္ေတြမွာပါ အဆင္ေျပ ေခ်ာေမြ႔ေနၾကသလို သံေယာဇဥ္ ပိုတိုးလာၾကတယ္လို႔ ဖြင့္ဟသြားၾကပါတယ္။

ေနာက္ထပ္ ေလ့လာမႈတစ္ခုမွာေတာ့ ေက်ာင္းသားေက်ာင္းသူ ၁၈၄ ေယာက္ကို ေမးျမန္းခဲ့တာျဖစ္ျပီး သူတုိ႔ ခ်စ္သူေတြအေပၚ ဘယ္ေလာက္ တန္ဖိုးထားေၾကာင္း ဖြင့္ဟလာၾကရာမွာ သူတုိ႔ဟာ သူငယ္ခ်င္းအေဖာ္ အေနအထားကိုပါ ထည့္သြင္း ေျပာၾကားေပးခဲ့ၾကျပီး သူတုိ႔ခ်စ္သူေတြနဲ႔ သူငယ္ခ်င္းတစ္ေယာက္လို အေတြ႔အၾကံဳ အသစ္အဆန္းေတြ စူစမ္းရွာေဖြၾကတာကိုလည္း ေက်နပ္ၾကေၾကာင္း ဆုိသြားၾကပါတယ္။

ဒီေတာ့ နိဂံုးခ်ဳပ္ေျပာရမယ္ဆုိရင္ သင္ဟာ သင့္ခ်စ္သူကို ခ်စ္သူတစ္ေယာက္လို ဆက္ဆံရံုသာမက သူငယ္ခ်င္းတစ္ေယာက္လိုပါ ဖြင့္ဟတုိင္ပင္ ေျပာဆုိ ဆက္ဆံႏိုင္မယ္ဆုိရင္ သင္တုိ႔အခ်စ္ေရး ပိုအဆင္ေျပလိမ့္မယ္ ဆုိတာပါပဲ။

ဟန္နီ
Credit: Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
"ချစ်သူရည်းစားတွေ အဆင်ပြေ ပျော်ရွှင်ရတဲ့ အချစ်ရေးရရှိဖို့အတွက် ဒီအချက်တစ်ချက်ဟာ လွန်စွာအရေးကြီး"

အချစ်ရေးမှာ အဆင်ပြေ ကံကောင်းကြတယ်လို့ ဆိုသူတွေအတွက် အဲ့ဒီအချစ်ရေးကို သူတို့ ဘယ်လို ထိန်းသိမ်းထားသလဲဆိုတာ သိချင်ကြမှာပါ။ အားလုံးပြောကြသလို ယုံကြည်မှုကလည်း အရေးပါသလို နောက်ထပ်အရေးပါတဲ့ အချက်တစ်ချက် ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ကိုယ့်ချစ်သူနဲ့ ကိုယ် နှစ်ဦးစလုံးဟာ တစ်ဦးနဲ့တစ်ဦး သူငယ်ချင်းတွေလို ဆက်ဆံနိုင်ခြင်းပါပဲ။

လေ့လာချက်အသစ်နှစ်ခုရဲ့ ဖော်ပြချက်အရ သူငယ်ချင်းတွေလိုရော၊ ချစ်သူတွေလိုပါ ချစ်ခင်နိုင်ကြတဲ့ စုံတွေတွေဟာ မြဲကြပြီး အချစ်လည်း ပိုကြပါတယ်တဲ့။ ဒါ့အပြင် အတူနေတဲ့အခါမှာလည်း သူတို့ဆက်ဆံရေးကို ကျေနပ်မှု ပိုကြကြောင်း ဖော်ပြလာပါတယ်။

ပထမလေ့လာချက်မှာ သုတေသန ပညာရှင်တွေက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၁၉၀ ကို လေ့လာခဲ့ကြပြီး သူတို့တွေရဲ့ အချစ်ရေးအကြောင်း၊ သူတို့ ဒီအချစ်ရေးအတွက် ဘယ်လောက်တောင် အချိန်ပေးခဲ့ကြသလဲ၊ ဘယ်လောက်ထိ မျှော်လင့်ထားကြသလဲ စတာတွေကိုပါ သုတေသန ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း လအနည်းငယ်အကြာမှာ ခုနထဲက ၂၇ ရာခိုင်နှုန်းဟာ သူတို့ချစ်သူတွေနဲ့ ပြတ်သွားကြပြီး ကျန်ရှိနေတဲ့ စုံတွဲတွေဟာ သူတို့ချစ်သူတွေနဲ့ သူငယ်ချင်းလို၊ ချစ်သူလို ဆက်ဆံတတ်သူတွေ ဖြစ်ကြတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ သူငယ်ချင်းတွေလို ပြုမူရာမှာရော၊ ရိုမန်တစ်ဆန်ဆန် ပြုမူရာတွေမှာသာမက၊ အခြားသော အတူနေခြင်း ကိစ္စရပ်တွေမှာပါ အဆင်ပြေ ချောမွေ့နေကြသလို သံယောဇဉ် ပိုတိုးလာကြတယ်လို့ ဖွင့်ဟသွားကြပါတယ်။

နောက်ထပ် လေ့လာမှုတစ်ခုမှာတော့ ကျောင်းသားကျောင်းသူ ၁၈၄ ယောက်ကို မေးမြန်းခဲ့တာဖြစ်ပြီး သူတို့ ချစ်သူတွေအပေါ် ဘယ်လောက် တန်ဖိုးထားကြောင်း ဖွင့်ဟလာကြရာမှာ သူတို့ဟာ သူငယ်ချင်းအဖော် အနေအထားကိုပါ ထည့်သွင်း ပြောကြားပေးခဲ့ကြပြီး သူတို့ချစ်သူတွေနဲ့ သူငယ်ချင်းတစ်ယောက်လို အတွေ့အကြုံ အသစ်အဆန်းတွေ စူစမ်းရှာဖွေကြတာကိုလည်း ကျေနပ်ကြကြောင်း ဆိုသွားကြပါတယ်။

ဒီတော့ နိဂုံးချုပ်ပြောရမယ်ဆိုရင် သင်ဟာ သင့်ချစ်သူကို ချစ်သူတစ်ယောက်လို ဆက်ဆံရုံသာမက သူငယ်ချင်းတစ်ယောက်လိုပါ ဖွင့်ဟတိုင်ပင် ပြောဆို ဆက်ဆံနိုင်မယ်ဆိုရင် သင်တို့အချစ်ရေး ပိုအဆင်ပြေလိမ့်မယ် ဆိုတာပါပဲ။

ဟန်နီ

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top