iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္နဲ႔အမွ် ကြန္ပ်ဴတာ ၊ laptop ၊ စမတ္ဖုန္း စတာေတြနဲ႕ အခ်ိန္အမ်ားၾကီး ထိေတြ႕ေနရတဲ့ မ်က္လံုးဟာ ၾကာလာရင္ ပ်က္စီးလာမွာပါပဲ ။ အသက္အရြယ္ေၾကာင့္လည္း အျမင္အာရံုေတြ ထိခိုက္လာတာမ်ိဳးေတြလည္း ရွိပါတယ္ ။ ၾကာၾကာဝါးမယ့္သြား အရုိးၾကည့္ေရွာင္ ဆိုတဲ့ စကားပံုအတိုင္း အခ်ိန္အၾကာၾကီးအထိ အသံုးျပဳသြားရမယ့္ ဒီမ်က္လံုးအတြက္ လိုအပ္တဲ့ အာဟာရဓါတ္ေလးေတြ ျဖည့္တင္ေပးသင့္ပါတယ္ ။ေအာက္ေဖာ္ျပပါ အစားအစာေတြဟာ မ်က္လံုးအတြက္ အလြန္ေကာင္းတာေၾကာင့္ ပံုမွန္ေလး စားေပးသင့္ပါတယ္ေန္ာ ။

၁။မုန္လာဦနီ
မုန္လာဥနီမွာ ဗီတာမင္ေအ ၾကြယ္ဝစြာ ပါဝင္ျပီး မ်က္လံုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္ေသာ အစားအစာ ျဖစ္ပါတယ္ ။ ယုန္ေလးေတြ မ်က္မွန္တပ္ရတာ ျမင္ဖူးၾကလား ။ သူတို႕က မုန္လာဥနီ စားတယ္ေလး… ^_^

၂။ အစိမ္းေရာင္ရွိေသာ ဟင္းသီးဟင္းရြက္
အစိမ္းေရာင္ ဟင္းသီးဟင္ရြက္ေတြ Antioxident ၾကြယ္ဝျပီး ပံုမွန္စားသံုးေပးမယ္ဆိုရင္ မ်က္စိတိမ္စြဲျခင္း ၊ အျမင္အာရံု ေဝဝါးနိုင္ျခင္းတို႔ကို ေလ်ာ့နည္းေစပါတယ္။

၃။ဥ
ၾကက္ဥ ၊ ဘဲဥ မိမိနွစ္သက္တာကို စားသံုးလို႔ရပါတယ္ ။ အထူးသျဖင့္ အနွစ္မွာပါဝင္တဲ့ lutein ဓါတ္နွင့္ Zinc ဓါတ္တို႔က အျမင္အာရံု ေဝဝါးမႈမျဖစ္ေအာင္ ကာကြယ္ေပးပါမယ္ ။

၄။အခ်ဥ္ဓါတ္ပါေသာ အသီးမ်ား
၊ သံပုရာသီး ၊ စပ်စ္သီး ၊ စေတာ္ဘယ္ရီသီး ၊ ဘယ္ရီသီး စသျဖင့္ Vitamin C ၾကြယ္ဝတဲ့ အခ်ဥ္ဓါတ္ပါတဲ့ အသီးေတြကလည္း အျမင္အာရုံ ေဝဝါးျခင္း နွင့္ တိမ္စြဲျခင္းတို႔ မျဖစ္ေအာင္ ကာကြယ္မႈေပးပါတယ္ ။

၅။ Almond
Almonds ေစ့ကိုေတာ့ ေတာ္ေတာ္မ်ားမ်ား ၾကိဳက္နွစ္သက္ၾကမယ္ ထင္ပါတယ္ ။ သူ႔မွာ ဗီတာမင္အီးဓါတ္ ၾကြယ္ဝစြာပါဝင္ျပီး ဗာဒံေစ့ အရသာနဲ႕ တူပါတယ္ ။ Almonds ေစ့လို ဗီတာမင္အီးပါဝင္တဲ့ အစားအစာေတြကို ေန႔စဥ္ ပံုမွန္ စားသံုးျခင္းက အျမင္အာရံု ေဝဝါးျခင္းမျဖစ္ေစဘူးလို႕ ေလ့လာေတြ႕ရွိခ်က္ေတြမွာ ေဖာ္ျပထားပါတယ္ ။

၆။အဆီမ်ားေသာငါး
တူနာ၊ေဆာ္လ္မြန္ငါးတို႕လို အဆီမ်ားတဲ့ငါးေတြကို စားျခင္းက မ်က္စိ ေျခာက္ေသြ႕ကာ နီျမန္းတတ္ျခင္းေတြ မျဖစ္ေအာင္ ကာကြယ္စြမ္းေဆာင္နိုင္စြမ္း ရွိပါတယ္ ။

ေဖာ္ျပပါ အစားအစာမ်ားကို စားသံုးျပီး မ်က္စိက်န္းမာေရးကို ဂရုစိုက္သင့္သလို မ်က္လံုးအတြက္ လိုအပ္တဲ့ ေလ့က်င့္ခန္းေလးေတြလည္း ျပဳလုပ္သင့္ပါတယ္ ။ ကြန္ပ်ဴတာ ၊ ဖုန္း ၾကည့္တဲ့ အခ်ိန္မ်ိဳးေတြမွာ သတိထားျပီး မ်က္ေတာင္ခတ္တဲ့ ေလ့က်င့္ခန္းမ်ိဳး လုပ္ေပးပါ ။ တစ္နာရီျခားတစ္ခါ မ်က္လံုးမွတ္ျပီး လက္ဝါးနွစ္ဖက္နွင့္ ၃မိနစ္ခန္႔ အုပ္ထားျပီး မ်က္္လံုးကို အနားေပးသင့္ပါတယ္ေန္ာ။

CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
နေ့စဉ်နဲ့အမျှ ကွန်ပျူတာ ၊ laptop ၊ စမတ်ဖုန်း စတာတွေနဲ့ အချိန်အများကြီး ထိတွေ့နေရတဲ့ မျက်လုံးဟာ ကြာလာရင် ပျက်စီးလာမှာပါပဲ ။ အသက်အရွယ်ကြောင့်လည်း အမြင်အာရုံတွေ ထိခိုက်လာတာမျိုးတွေလည်း ရှိပါတယ် ။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုတဲ့ စကားပုံအတိုင်း အချိန်အကြာကြီးအထိ အသုံးပြုသွားရမယ့် ဒီမျက်လုံးအတွက် လိုအပ်တဲ့ အာဟာရဓါတ်လေးတွေ ဖြည့်တင်ပေးသင့်ပါတယ် ။အောက်ဖော်ပြပါ အစားအစာတွေဟာ မျက်လုံးအတွက် အလွန်ကောင်းတာကြောင့် ပုံမှန်လေး စားပေးသင့်ပါတယ်နေ်ာ ။

၁။မုန်လာဦနီ
မုန်လာဥနီမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်ပြီး မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ဖြစ်ပါတယ် ။ ယုန်လေးတွေ မျက်မှန်တပ်ရတာ မြင်ဖူးကြလား ။ သူတို့က မုန်လာဥနီ စားတယ်လေး… ^_^

၂။ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်
အစိမ်းရောင် ဟင်းသီးဟင်ရွက်တွေ Antioxident ကြွယ်ဝပြီး ပုံမှန်စားသုံးပေးမယ်ဆိုရင် မျက်စိတိမ်စွဲခြင်း ၊ အမြင်အာရုံ ဝေဝါးနိုင်ခြင်းတို့ကို လျော့နည်းစေပါတယ်။

၃။ဥ
ကြက်ဥ ၊ ဘဲဥ မိမိနှစ်သက်တာကို စားသုံးလို့ရပါတယ် ။ အထူးသဖြင့် အနှစ်မှာပါဝင်တဲ့ lutein ဓါတ်နှင့် Zinc ဓါတ်တို့က အမြင်အာရုံ ဝေဝါးမှုမဖြစ်အောင် ကာကွယ်ပေးပါမယ် ။

၄။အချဉ်ဓါတ်ပါသော အသီးများ
၊ သံပုရာသီး ၊ စပျစ်သီး ၊ စတော်ဘယ်ရီသီး ၊ ဘယ်ရီသီး စသဖြင့် Vitamin C ကြွယ်ဝတဲ့ အချဉ်ဓါတ်ပါတဲ့ အသီးတွေကလည်း အမြင်အာရုံ ဝေဝါးခြင်း နှင့် တိမ်စွဲခြင်းတို့ မဖြစ်အောင် ကာကွယ်မှုပေးပါတယ် ။

၅။ Almond
Almonds စေ့ကိုတော့ တော်တော်များများ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ် ။ သူ့မှာ ဗီတာမင်အီးဓါတ် ကြွယ်ဝစွာပါဝင်ပြီး ဗာဒံစေ့ အရသာနဲ့ တူပါတယ် ။ Almonds စေ့လို ဗီတာမင်အီးပါဝင်တဲ့ အစားအစာတွေကို နေ့စဉ် ပုံမှန် စားသုံးခြင်းက အမြင်အာရုံ ဝေဝါးခြင်းမဖြစ်စေဘူးလို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ် ။

၆။အဆီများသောငါး
တူနာ၊ဆော်လ်မွန်ငါးတို့လို အဆီများတဲ့ငါးတွေကို စားခြင်းက မျက်စိ ခြောက်သွေ့ကာ နီမြန်းတတ်ခြင်းတွေ မဖြစ်အောင် ကာကွယ်စွမ်းဆောင်နိုင်စွမ်း ရှိပါတယ် ။

ဖော်ပြပါ အစားအစာများကို စားသုံးပြီး မျက်စိကျန်းမာရေးကို ဂရုစိုက်သင့်သလို မျက်လုံးအတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းလေးတွေလည်း ပြုလုပ်သင့်ပါတယ် ။ ကွန်ပျူတာ ၊ ဖုန်း ကြည့်တဲ့ အချိန်မျိုးတွေမှာ သတိထားပြီး မျက်တောင်ခတ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ ။ တစ်နာရီခြားတစ်ခါ မျက်လုံးမှတ်ပြီး လက်ဝါးနှစ်ဖက်နှင့် ၃မိနစ်ခန့် အုပ်ထားပြီး မျက်လုံးကို အနားပေးသင့်ပါတယ်နေ်ာ။

CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top