iMyanmarHouse.com - Best Property Website for Myanmar
×













Credit:Momolay

ပို့သပေးပါတယ်။

#Unicode Version
ချစ်သူတွေဖြစ်လာပြီဆို ချစ်ကြမယ်၊ ရစ်ကြမယ် ၊ စိတ်ဆိုးကြမယ် ၊စိတ်ကောက်ကြမယ်၊
ငိုကြွေးကြမယ် ၊ ပူဆွေးကြမယ် စသဖြင့် ဝမ်းနည်းခြင်းတွေရှိနိုင်သလို ပျော်ရွှင်ခြင်းတွေလည်းရှိနိုင်ပါတယ်။

ဒါမို့ချစ်သူထားတော့မယ်သူတိုင်း ပြင်ဆင်ထားဖို့လိုတဲ့ အခြေခံအချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်..။

- ကိုယ့်ရဲ့အချိန်တော်တော်များများကို သူ့မျက်နှာကြည့် ၊ သူ့အသံနားထောင်ပြီး ကုန်ဆုံးပေးနိုင်ပြီလား?

- ဟိုဟာမဝတ်နဲ့ ဒါမဝတ်နဲ့ ၊ ဟိုမသွားရဘူး ဒီမသွားရဘူးဆိုတဲ့ ချုပ်ချယ်မှုတွေကော လက်ခံနိုင်ပြီလားး?

- တပူးပူး တတွဲတွဲရှိခဲ့တဲ့သူငယ်ချင်းတွေနဲ့ရော သီးသီးခြားခြားနေနိုင်ပြီလား?

- ချစ်သူစိတ်ဆိုးလို့ စိတ်ကောက်လာတဲ့အခါ ကိုယ့်ဘက်က စိတ်ရှည်လက်ရှည်ချော့နိုင်ပြီလား?

- သဝန်တိုလို့ ရစ်တဲ့ဒဏ်ကော ခံနိုင်ပြီလား?

- ချစ်သူနဲ့ပတ်သတ်တဲ့အရာရာတိုင်း ခေါင်းထဲထည့်ထားပေးနိုင်ပြီလား?

- သူ့အသိုင်းဝိုင်းနဲ့ကော ကိုယ်က အဆင်ပြေအောင် ဆက်ဆံနိုင်ပြီလား?

- သူ့အကြိုက်လေးတွေကိုရော လေ့လာပြီးပြီလား?

- ကောင်မလေးနဲ့အပြင်သွားတဲ့အခါ စားတာ သောက်တာ ဝယ်တာ ခြမ်းတာတွေအတွက် ကိုယ့်ဘက်ကအကုန်ကျခံရှင်းပေးနိုင်ပြီလား ?

ကဲ ... အခြေခံဖြစ်တဲ့ ဒီအချက်လေးတွေ လုပ်နိုင်ပြီ ဆိုရင်တော့ ချစ်သူလေးတစ်ယောက် ထားကြည့်လို့ရနိုင်ပါပြီနော် ... :)

Credit:Momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top