iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ထဲမွာ ရွိေနတဲ့ ပစၥည္းေဟာင္းေတြကို ျပန္စစ္ေဆးၾကည့္ပါဦး။ မလုိအပ္ဘဲ သိမ္းထားေနမိသလားဆုိတာ သိဖုိ႔လိုတယ္။ ၿပီးေတာ့ သံုးလက္စပစၥည္းေတြမွာလည္း ဆက္ၿပီးမသံုးသင့္ေတာ့တာေတြ အမ်ားႀကီးရွိတယ္။

၁။ ပလတ္စတစ္ဘူးေဟာင္းေတြ

ဘူးေဟာင္းေတြက ၾကာလာရင္ အက္ေၾကာင္းေတြလုိက္လာတယ္၊ အေရာင္ကလည္း ညစ္ေထးေထးျဖစ္လာၿပီ။ အဲ့ဒီလို ဘူးေတြ၊ ခြက္ေတြဟာလည္း မသံုးသင့္တဲ့အရာေတြပါ။ ၿပီးေတာ့ ပလတ္စတစ္ဘူး၊ခြက္ေတြကို အပူမေပးသင့္ဘူး။ ပူတဲ့အရာေတြ ထည့္ၿပီးမစားသင့္ဘူး။

၂။ Air Fresheners

ျဖန္းလိုက္တာနဲ႔ တစ္ခန္းလံုးကို ေမႊးႀကိဳင္သြားတယ္ဆုိၿပီး တ႐ႈး႐ႈးနဲ႔ ျဖန္းေနမိတယ္ဆုိရင္ ဒီအက်င့္ကို ျမန္ျမန္ေဖ်ာက္လိုက္ေတာ့။ Air Fresheners ဆိုတဲ့ေနရာမွာ အခဲ၊ စပေရးနဲ႔ ပလပ္ထုိးသံုးရတာေတြ အားလံုးဟာ အိမ္မွာမထားသင့္တဲ့အရာေတြပါ။ အနံ႔ပိုစြဲေအာင္ ဓာတုပစၥည္းေတြ ထည့္သြင္းထားရတာမို႔ က်န္းမာေရၚကို ထိခိုက္ေစတာပါပဲ။

၃။ အေျပးေလ့က်င့္တဲ့ ဖိနပ္ေဟာင္း

အယူသည္းသူအခ်ိဳ႕ကေတာ့ ဖိနပ္စုတ္က လာဘ္တိတ္တယ္လို႔ ေျပာၾကတယ္။ ဒီ့ထက္ဆုိးတာက ဖိနပ္စုတ္ေတြမွာ ပိုးေတြကပ္ၿငိေနတာျဖစ္ပါတယ္။ အေျပးေလ့က်င့္ရာမွာ စီးတဲ့ ဖိနပ္ေတြဟာ မိုင္ ၃၀၀ မွ မိုင္ ၄၀၀ အထိ ေျပးၿပီးသြားရင္ အသစ္လဲလုိက္ဖုိ႔ ေကာင္းပါတယ္။ တစ္ပတ္ကို မိုင္ ၃၀ ေျပးတယ္ဆိုပါစို႔၊ အဲ့ဒီဖိနပ္ကို ၃ လ ေလာက္ေနရင္ ပစ္လိုက္ဖုိ႔ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဖိနပ္ဟာ ဝယ္ခါစလို အသစ္အေနအထားမျဖစ္ေတာ့လို႔ပါ။ ေျပးတဲ့အခါမွာ ေျခေထာက္ကိုမထိခိုက္ေအာင္ ေထာက္ပံ့မေပးႏုိင္ေတာ့ဘူး။

၄။ ဖြာေနတဲ့သြားတုိက္တံ

သြားတုိက္တံေတြကို ၃ လ ၾကာတုိင္း အသစ္တစ္ေခ်ာင္းနဲ႔ အစားထုိးပါလို႔ သြားဆရာဝန္ေတြ အၿမဲတမ္းေျပာတယ္။ သြားတုိက္တံက အေမြးေတြဖြာထြက္လာၿပီဆုိရင္ သြားတုိက္တဲ့အခါ မေျပာင္ေတာ့ဘူး။ ဘက္တီးရီးယားနဲ႔ စားၾကြင္းစားက်န္ေတြကို မရွင္းေပးႏိုင္တဲ့ သြားတုိက္တံဟာ အလကားပါပဲ။

၅။ မ်က္ေတာင္ေကာ့ေဆးဘူးေဟာင္း

မ်က္ေတာင္ေကာ့ေဆးဘူးဟာ အဖံုးဖြင့္ၿပီးတာနဲ႔ ေနာက္ထပ္ ၆ လ အတြင္းသာ သံုးသင့္ေတာ့တယ္ဆုိတာ သိပါရဲ႕လား။ အဖံုးဖြင့္လိုက္တဲ့အခါ ေလထုနဲ႔ထိေတြ႕ၿပီး မ်က္ေတာင္ေကာ့ေဆးရည္ေတြေျခာက္သြားတယ္။ ဘက္တီးရီးယားေတြလည္း ကပ္ကုန္တယ္။ ကိုယ့္မ်က္စိအတြက္ အေရးႀကီးတဲ့ သတိထားစရာမုိ႔လို႔ မသံုးတာၾကာေနတဲ့ မ်က္ေတာင္ေကာ့ေဆးဘူးကို ျပန္သံုးဖုိ႔ စိတ္မကူုးပါနဲ႔။ ရွိေနရင္လည္း လႊင့္ပစ္လုိက္ပါ။

၆။ ညစ္ပတ္ေနတဲ့ မ်က္ကပ္မွန္ဘူး

မ်က္ကပ္မွန္ေတြကို အသံုးမျပဳတဲ့အခ်ိန္မွာ ဘူးေလးထဲ ေသခ်ာထည့္၊ ေဆးရည္စိမ္ၿပီး သိမ္းရတယ္။ အဲ့ဒီဘူးက ညစ္ပတ္ေနၿပီဆုိရင္ လံုးဝမသံုးနဲ႔ေတာ့။ မ်က္စိအတြင္းထဲကိုထည့္ရတဲ့ မ်က္ကပ္မွန္ဟာ သန္႔ရွင္းေနဖုိ႔ အရမ္းအေရးႀကီးပါတယ္။

၇။ ပန္းကန္ေဆးေရျမႇဳပ္

ပန္းကန္ေဆးတဲ့အခါ ေရျမႇဳပ္ကိုသံုးၾကတယ္။ ေရျမႇဳပ္ဖတ္မွာ ကပ္ၿငိက်န္ခဲ့တဲ့ အညစ္အေၾကးနဲ႔ ခၽြဲေတြဟာ ဘက္တီးရီးယားေတြ ေပါက္ပြားေနထုိင္စရာ ျဖစ္လာပါတယ္။ ပန္းကန္ေဆးဖတ္ (အဝတ္စ)ကို သံုးတာ ပိုေကာင္းပါလိမ့္မယ္။

၈။ ပလတ္စတစ္စဥ့္တီတံုး

ေကာ္နဲ႔လုပ္ထားတဲ့ စဥ့္တီတံုးေတြကိုၾကည့္လိုက္ပါ။ ဓားရာေတြနဲ႔ ညစ္ေထးေနတာ စိတ္ပ်က္စရာႀကီး။ အဲ့ဒီေနရာေတြမွာပဲ အၾကြင္းအက်န္ေတြ ကပ္ၿငိေနေတာ့ ေနာက္တစ္ခါ ထပ္လွီးရင္ စဥ့္တီတံုးက အညစ္အေၾကးေတြက စားစရာေတြကို ကပ္ၿငိကုန္ပါတယ္။ သစ္သားစဥ့္တီတံုးေတြက ေျပာင္ေအာင္ေဆးလို႔ရတယ္။ ပလတ္စတစ္စဥ့္တီတံုးေတြက ေဆးလို႔မရဘူး။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိမ်ထဲမှာ ရှိနေတဲ့ ပစ္စည်းဟောင်းတွေကို ပြန်စစ်ဆေးကြည့်ပါဦး။ မလိုအပ်ဘဲ သိမ်းထားနေမိသလားဆိုတာ သိဖို့လိုတယ်။ ပြီးတော့ သုံးလက်စပစ္စည်းတွေမှာလည်း ဆက်ပြီးမသုံးသင့်တော့တာတွေ အများကြီးရှိတယ်။

၁။ ပလတ်စတစ်ဘူးဟောင်းတွေ

ဘူးဟောင်းတွေက ကြာလာရင် အက်ကြောင်းတွေလိုက်လာတယ်၊ အရောင်ကလည်း ညစ်ထေးထေးဖြစ်လာပြီ။ အဲ့ဒီလို ဘူးတွေ၊ ခွက်တွေဟာလည်း မသုံးသင့်တဲ့အရာတွေပါ။ ပြီးတော့ ပလတ်စတစ်ဘူး၊ခွက်တွေကို အပူမပေးသင့်ဘူး။ ပူတဲ့အရာတွေ ထည့်ပြီးမစားသင့်ဘူး။

၂။ Air Fresheners

ဖြန်းလိုက်တာနဲ့ တစ်ခန်းလုံးကို မွှေးကြိုင်သွားတယ်ဆိုပြီး တရှုးရှုးနဲ့ ဖြန်းနေမိတယ်ဆိုရင် ဒီအကျင့်ကို မြန်မြန်ဖျောက်လိုက်တော့။ Air Fresheners ဆိုတဲ့နေရာမှာ အခဲ၊ စပရေးနဲ့ ပလပ်ထိုးသုံးရတာတွေ အားလုံးဟာ အိမ်မှာမထားသင့်တဲ့အရာတွေပါ။ အနံ့ပိုစွဲအောင် ဓာတုပစ္စည်းတွေ ထည့်သွင်းထားရတာမို့ ကျန်းမာရေါ်ကို ထိခိုက်စေတာပါပဲ။

၃။ အပြေးလေ့ကျင့်တဲ့ ဖိနပ်ဟောင်း

အယူသည်းသူအချို့ကတော့ ဖိနပ်စုတ်က လာဘ်တိတ်တယ်လို့ ပြောကြတယ်။ ဒီ့ထက်ဆိုးတာက ဖိနပ်စုတ်တွေမှာ ပိုးတွေကပ်ငြိနေတာဖြစ်ပါတယ်။ အပြေးလေ့ကျင့်ရာမှာ စီးတဲ့ ဖိနပ်တွေဟာ မိုင် ၃၀၀ မှ မိုင် ၄၀၀ အထိ ပြေးပြီးသွားရင် အသစ်လဲလိုက်ဖို့ ကောင်းပါတယ်။ တစ်ပတ်ကို မိုင် ၃၀ ပြေးတယ်ဆိုပါစို့၊ အဲ့ဒီဖိနပ်ကို ၃ လ လောက်နေရင် ပစ်လိုက်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖိနပ်ဟာ ဝယ်ခါစလို အသစ်အနေအထားမဖြစ်တော့လို့ပါ။ ပြေးတဲ့အခါမှာ ခြေထောက်ကိုမထိခိုက်အောင် ထောက်ပံ့မပေးနိုင်တော့ဘူး။

၄။ ဖွာနေတဲ့သွားတိုက်တံ

သွားတိုက်တံတွေကို ၃ လ ကြာတိုင်း အသစ်တစ်ချောင်းနဲ့ အစားထိုးပါလို့ သွားဆရာဝန်တွေ အမြဲတမ်းပြောတယ်။ သွားတိုက်တံက အမွေးတွေဖွာထွက်လာပြီဆိုရင် သွားတိုက်တဲ့အခါ မပြောင်တော့ဘူး။ ဘက်တီးရီးယားနဲ့ စားကြွင်းစားကျန်တွေကို မရှင်းပေးနိုင်တဲ့ သွားတိုက်တံဟာ အလကားပါပဲ။

၅။ မျက်တောင်ကော့ဆေးဘူးဟောင်း

မျက်တောင်ကော့ဆေးဘူးဟာ အဖုံးဖွင့်ပြီးတာနဲ့ နောက်ထပ် ၆ လ အတွင်းသာ သုံးသင့်တော့တယ်ဆိုတာ သိပါရဲ့လား။ အဖုံးဖွင့်လိုက်တဲ့အခါ လေထုနဲ့ထိတွေ့ပြီး မျက်တောင်ကော့ဆေးရည်တွေခြောက်သွားတယ်။ ဘက်တီးရီးယားတွေလည်း ကပ်ကုန်တယ်။ ကိုယ့်မျက်စိအတွက် အရေးကြီးတဲ့ သတိထားစရာမို့လို့ မသုံးတာကြာနေတဲ့ မျက်တောင်ကော့ဆေးဘူးကို ပြန်သုံးဖို့ စိတ်မကူုးပါနဲ့။ ရှိနေရင်လည်း လွှင့်ပစ်လိုက်ပါ။

၆။ ညစ်ပတ်နေတဲ့ မျက်ကပ်မှန်ဘူး

မျက်ကပ်မှန်တွေကို အသုံးမပြုတဲ့အချိန်မှာ ဘူးလေးထဲ သေချာထည့်၊ ဆေးရည်စိမ်ပြီး သိမ်းရတယ်။ အဲ့ဒီဘူးက ညစ်ပတ်နေပြီဆိုရင် လုံးဝမသုံးနဲ့တော့။ မျက်စိအတွင်းထဲကိုထည့်ရတဲ့ မျက်ကပ်မှန်ဟာ သန့်ရှင်းနေဖို့ အရမ်းအရေးကြီးပါတယ်။

၇။ ပန်းကန်ဆေးရေမြှုပ်

ပန်းကန်ဆေးတဲ့အခါ ရေမြှုပ်ကိုသုံးကြတယ်။ ရေမြှုပ်ဖတ်မှာ ကပ်ငြိကျန်ခဲ့တဲ့ အညစ်အကြေးနဲ့ ချွဲတွေဟာ ဘက်တီးရီးယားတွေ ပေါက်ပွားနေထိုင်စရာ ဖြစ်လာပါတယ်။ ပန်းကန်ဆေးဖတ် (အဝတ်စ)ကို သုံးတာ ပိုကောင်းပါလိမ့်မယ်။

၈။ ပလတ်စတစ်စဉ့်တီတုံး

ကော်နဲ့လုပ်ထားတဲ့ စဉ့်တီတုံးတွေကိုကြည့်လိုက်ပါ။ ဓားရာတွေနဲ့ ညစ်ထေးနေတာ စိတ်ပျက်စရာကြီး။ အဲ့ဒီနေရာတွေမှာပဲ အကြွင်းအကျန်တွေ ကပ်ငြိနေတော့ နောက်တစ်ခါ ထပ်လှီးရင် စဉ့်တီတုံးက အညစ်အကြေးတွေက စားစရာတွေကို ကပ်ငြိကုန်ပါတယ်။ သစ်သားစဉ့်တီတုံးတွေက ပြောင်အောင်ဆေးလို့ရတယ်။ ပလတ်စတစ်စဉ့်တီတုံးတွေက ဆေးလို့မရဘူး။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top