iMyanmarHouse.com - Best Property Website for Myanmar
×

HR မန္ေနဂ်ာက သေဘာက်လို႔ အင္တာဗ်ဴးေခၚထားတယ္ဆိုရင္ေတာင္မွ ကုမၸဏီအတြက္က သိပ္ကို အေရးႀကီးလြန္းေနေတာ့ ဒီလူက ကိုယ္ခန္႔အပ္ထားမယ့္ အလုပ္ေနရာနဲ႔ သင့္ေတာ္၏ မေတာ္၏ကို ေသခ်ာစဥ္းစား ဆံုးျဖတ္ေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္ဘက္က လံုးဝကိုျပည့္စံုေနသည့္တိုင္ေအာင္ အင္တာဗ်ဴးဝင္ခ်ိန္မွာ သူတို႔အျမင္ေအာက္မသြားေအာင္ ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။ အဲဒီလို ႀကိဳတင္ျပင္ဆင္ထားဖို႔ရာအတြက္ ေအာက္မွာ အဓိကအခ်က္ (၄)ခ်က္ကို အႀကံျပဳေပးထားပါတယ္။

၁။ ကိုယ့္ရဲ႕ပစ္မွတ္ကိုသိပါ

ကုမၸဏီနဲ႔ပတ္သက္တာေတြ၊ ကုမၸဏီအေၾကာင္းေတြကို တတ္ႏိုင္သမွ် မ်ားမ်ားေလ့လာထားပါ။ အင္တာဗ်ဴးဝင္တဲ့အခ်ိန္က်ရင္ ကိုယ့္ကို ဝန္ထမ္းအျဖစ္ ေရြးခ်ယ္ခ်င္ေလာက္ေအာင္ကို လံုးဝ အထင္ႀကီးေလးစားသြားေလာက္ေအာင္အထိ လုပ္ႏိုင္ရပါမယ္။ တကယ္လို႔သာ ကိုယ့္ဘက္က သူတို႔ကုမၸဏီနဲ႔ ပတ္သက္သမွ်အေၾကာင္းေတြ၊ ထုတ္ကုန္ပစၥည္းေတြရဲ႕အေၾကာင္းေတြ၊ ဝန္ေဆာင္မႈေတြနဲ႔ သူတို႔ရဲ႕ အဓိကပေရာဂ်က္ေတြအေၾကာင္းေတြ၊ ကိုယ္ဘာအတြက္ေၾကာင့္ ဒီအလုပ္ကို လုပ္လိုတယ္ဆိုတာေတြကို ေကာင္းေကာင္းေျပာျပႏိုင္မယ္ဆိုရင္ လံုးဝကို အေထာက္အကူျဖစ္ေစပါလိမ့္မယ္။

၂။ ပံုမွန္ေမးေလ့ေမးထရွိတဲ့ ေမးခြန္းေတြအတြက္ျပင္ဆင္ပါ

ကုမၸဏီနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ CV ေပၚမွာ စာတင္ရတာကလြယ္ေပမဲ့ လက္ေတြ႔ ထိပ္တိုက္စကားေျပာ ၾကတဲ့အခါ ကိုယ့္ဘက္က သူတို႔ကုမၸဏီနဲ႔ ပတ္သက္သမွ်အေၾကာင္းေတြကို ေသခ်ာနားလည္ၿပီး ကိုေပးလိုက္တဲ့ အိုင္ဒီယာေတြက သူတို႔ကုမၸဏီရဲ႕ ရည္ရြယ္ခ်က္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေနဖို႔လိုပါတယ္။ ဒါေၾကာင့္ အမ်ားစုေမးေလ့ေမးထရွိတဲ့ ေမးခြန္းေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားမယ္ဆိုရင္ အင္တာဗ်ဴးကိုလည္း ယံုၾကည္မႈအျပည့္နဲ႔ အဆင္ေျပလြယ္ကူပါလိမ့္မယ္။

၃။ အလုပ္နဲ႔ပတ္သက္တဲ့ ေဖာ္ျပခ်က္ေတြေပၚမွာ အာ႐ံုစိုက္ထားပါ

ေဖာ္ျပထားတဲ့ လိုအပ္တဲ့အဓိကအခ်က္ေတြကို နားလည္ေအာင္ၾကည့္ထားပါ။ ကိုယ့္ကိုေမးလာႏိုင္မယ္ထင္တဲ့ ျဖစ္ႏိုင္ေျခေမးခြန္းေတြကို မွန္းဆေနမယ့္အစား လိုအပ္တဲ့ေဖာ္ျပခ်က္ေတြနဲ႔ ထပ္တူက်ေစမယ့္ အေျဖေတြကို စာရြက္တစ္ရြက္ေပၚမွာ ခ်ေရးထားပါ။ အဲဒီလိုႀကိဳတင္ျပင္ဆင္ထားျခင္းက ကိုယ့္ရဲ႕ အားနည္းခ်က္ေတြကို ဖံုးကြယ္ႏိုင္ၿပီး အားသာခ်က္ေတြကို ပိုၿပီးေပၚလြင္လာေစပါတယ္။

၄။ ျပည့္စံုမႈရွိေအာင္ ေလ့က်င့္ထားပါ

မွန္ေရွ႕မွာရပ္ၿပီး အသံထြက္ၿပီး စကားေျပာၾကည့္ပါ။ ရွင္းမရွင္းဆန္းစစ္ၿပီး အထပ္ထပ္ျပန္ေလ့က်င့္ပါ။ ကိုယ္ေနဟန္ထားကို အသင့္ေတာ္ဆံုး အေနအထားေရာက္ေအာင္ မွန္ကိုၾကည့္ၿပီး ေသခ်ာေလ့က်င့္ျပင္ဆင္ပါ။ အေျဖအတြက္ကိုလည္း ပါးစပ္ကေန အသံထြက္ေျဖၾကည့္ပါ။ ၿပီးသြားရင္လည္း အားလံုးကို မွတ္မိေနပါေစ။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
HR မန်နေဂျာက သဘောကျလို့ အင်တာဗျူးခေါ်ထားတယ်ဆိုရင်တောင်မှ ကုမ္ပဏီအတွက်က သိပ်ကို အရေးကြီးလွန်းနေတော့ ဒီလူက ကိုယ်ခန့်အပ်ထားမယ့် အလုပ်နေရာနဲ့ သင့်တော်၏ မတော်၏ကို သေချာစဉ်းစား ဆုံးဖြတ်လေ့ရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က လုံးဝကိုပြည့်စုံနေသည့်တိုင်အောင် အင်တာဗျူးဝင်ချိန်မှာ သူတို့အမြင်အောက်မသွားအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်ထားဖို့ရာအတွက် အောက်မှာ အဓိကအချက် (၄)ချက်ကို အကြံပြုပေးထားပါတယ်။

၁။ ကိုယ့်ရဲ့ပစ်မှတ်ကိုသိပါ

ကုမ္ပဏီနဲ့ပတ်သက်တာတွေ၊ ကုမ္ပဏီအကြောင်းတွေကို တတ်နိုင်သမျှ များများလေ့လာထားပါ။ အင်တာဗျူးဝင်တဲ့အချိန်ကျရင် ကိုယ့်ကို ဝန်ထမ်းအဖြစ် ရွေးချယ်ချင်လောက်အောင်ကို လုံးဝ အထင်ကြီးလေးစားသွားလောက်အောင်အထိ လုပ်နိုင်ရပါမယ်။ တကယ်လို့သာ ကိုယ့်ဘက်က သူတို့ကုမ္ပဏီနဲ့ ပတ်သက်သမျှအကြောင်းတွေ၊ ထုတ်ကုန်ပစ္စည်းတွေရဲ့အကြောင်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ သူတို့ရဲ့ အဓိကပရောဂျက်တွေအကြောင်းတွေ၊ ကိုယ်ဘာအတွက်ကြောင့် ဒီအလုပ်ကို လုပ်လိုတယ်ဆိုတာတွေကို ကောင်းကောင်းပြောပြနိုင်မယ်ဆိုရင် လုံးဝကို အထောက်အကူဖြစ်စေပါလိမ့်မယ်။

၂။ ပုံမှန်မေးလေ့မေးထရှိတဲ့ မေးခွန်းတွေအတွက်ပြင်ဆင်ပါ

ကုမ္ပဏီနဲ့လိုက်လျောညီထွေဖြစ်အောင် CV ပေါ်မှာ စာတင်ရတာကလွယ်ပေမဲ့ လက်တွေ့ ထိပ်တိုက်စကားပြော ကြတဲ့အခါ ကိုယ့်ဘက်က သူတို့ကုမ္ပဏီနဲ့ ပတ်သက်သမျှအကြောင်းတွေကို သေချာနားလည်ပြီး ကိုပေးလိုက်တဲ့ အိုင်ဒီယာတွေက သူတို့ကုမ္ပဏီရဲ့ ရည်ရွယ်ချက်နဲ့ လိုက်လျောညီထွေဖြစ်နေဖို့လိုပါတယ်။ ဒါကြောင့် အများစုမေးလေ့မေးထရှိတဲ့ မေးခွန်းတွေအတွက် ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အင်တာဗျူးကိုလည်း ယုံကြည်မှုအပြည့်နဲ့ အဆင်ပြေလွယ်ကူပါလိမ့်မယ်။

၃။ အလုပ်နဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေပေါ်မှာ အာရုံစိုက်ထားပါ

ဖော်ပြထားတဲ့ လိုအပ်တဲ့အဓိကအချက်တွေကို နားလည်အောင်ကြည့်ထားပါ။ ကိုယ့်ကိုမေးလာနိုင်မယ်ထင်တဲ့ ဖြစ်နိုင်ခြေမေးခွန်းတွေကို မှန်းဆနေမယ့်အစား လိုအပ်တဲ့ဖော်ပြချက်တွေနဲ့ ထပ်တူကျစေမယ့် အဖြေတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားပါ။ အဲဒီလိုကြိုတင်ပြင်ဆင်ထားခြင်းက ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်နိုင်ပြီး အားသာချက်တွေကို ပိုပြီးပေါ်လွင်လာစေပါတယ်။

၄။ ပြည့်စုံမှုရှိအောင် လေ့ကျင့်ထားပါ

မှန်ရှေ့မှာရပ်ပြီး အသံထွက်ပြီး စကားပြောကြည့်ပါ။ ရှင်းမရှင်းဆန်းစစ်ပြီး အထပ်ထပ်ပြန်လေ့ကျင့်ပါ။ ကိုယ်နေဟန်ထားကို အသင့်တော်ဆုံး အနေအထားရောက်အောင် မှန်ကိုကြည့်ပြီး သေချာလေ့ကျင့်ပြင်ဆင်ပါ။ အဖြေအတွက်ကိုလည်း ပါးစပ်ကနေ အသံထွက်ဖြေကြည့်ပါ။ ပြီးသွားရင်လည်း အားလုံးကို မှတ်မိနေပါစေ။

Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top