iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္နီကုိ စားစရာ တစ္မ်ိဳးအျဖစ္ပဲ ေတြးမိေနတယ္ဆိုရင္ အဲဒီအေတြးေတြ ခုပဲ ရုပ္သိမ္းလိုက္ပါ။ ၾကက္သြန္နီဟာ က်န္းမာေရးအတြက္ အက်ိဳးျပဳတဲ့ အစားအစာျဖစ္တဲ့အျပင္ ဆံပင္အတြက္လည္း မ်ားစြာ အက်ိဳးျပဴပါတယ္။ ေဗာက္ထျခင္း၊ အဖ်ားႏွစ္ခြျဖစ္ျခင္း၊ ဆံပင္ရွည္ေႏွးျခင္း၊ ဆံပင္ကၽြတ္ျခင္းစတဲ့ ဆံသားဆိုင္ရာ ျပသာနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။ ၾကက္သြန္နီကို ဘယ္လိုအသံုးျပဳရမလဲ ဖတ္ၾကည့္ရေအာင္..

ေဗာက္ေပ်ာက္ဖုိ႔အတြက္ဆုိရင္ ၾကက္သြန္နီကို ညက္ေနေအာင္လွီးလိုက္ပါ။ တတ္ႏိုင္သမွ် ေသးေသးအဖတ္ေလးေတြေပါ့။ ၿပီးရင္ေတာ့ သံလြင္ဆီ အနည္းငယ္နဲ႔ေရာၿပီး ေဗာက္ရွိတဲ့ေနရာေတြမွာ လိမ္းထားေပးလိုက္ပါ။ အနည္းငယ္ေတာ့ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ႏိုင္ပါတယ္။ ဆယ္မိနစ္ေလာက္ ထားၿပီး ေခါင္းေလွ်ာ္လိုက္ပါ။ ႏွစ္ႀကိမ္ေလာက္ လုပ္ေပးမယ္ဆုိရင္ ေဗာက္ေတြ အရွင္းေပ်ာက္ေစႏိုင္ပါတယ္။

ဆံပင္အေရာင္မြဲေျခာက္ေျခာက္ ျဖစ္လို႔ အေရာင္စိုခ်င္တဲ့ ပ်ိဳမဒီတို႔ အတြက္ကေတာ့ ၾကက္သြန္နီႀကိတ္ထားတဲ့အရည္ကို သံလြင္ဆီနဲ႔ ဆတူေရာၿပီး ဆံသားမွာ လိိမ္းေပးထားပါ။ ခဏေလာက္ထားၿပီးမွ ေခါင္းေလွ်ာ္ေပါ့ေနာ္။ တစ္ရက္ျခား တစ္ခါေလာက္ ျပဳလုပ္ေပးမယ္ဆိုရင္ စိုေျပေတာက္ပတဲ့ ဆံသာအေရာင္ ရမွာပါ။

ဆံပင္အရွည္ျမန္ေစခ်င္တယ္ဆိုရင္ေတာ့ ၾကက္သြန္နီကို ႀကိတ္ထားတဲ့ အရည္နဲ႔ ဒိန္ခ်ဥ္ကို ဆတူေရာၿပီး ဆံသားေတြမွာ လိမ္းထားလိုက္ပါ။ (၃)မိနစ္ေလာက္ ထားၿပီး ေခါင္းေလွ်ာ္ပါ။ ႏွစ္လေလာက္ ပံုမွန္လုပ္မယ္ဆိုရင္ ဆံပင္ သိသိသာသာရွည္လာမွာပါ။

ဆံပင္ကၽြတ္တာေတြ ခ်က္ခ်င္းရပ္ခ်င္တယ္ဆိုရင္ေတာ့ ၾကက္သြန္နီ ႀကိတ္ထားတဲ့အရည္ (၁)ဆ နဲ႔ အုန္းဆီ(၂) ဆ တို႔ကို ေရာၿပီး ဆံသားမွာ လိမ္းေပးပါ။ ေျခာက္သြားၿပီဆိုရင္ ေခါင္းေလွ်ာ္လိုက္ပါ။ ပံုမွန္ ျပဳလုပ္မယ္ဆိုရင္ ဆံပင္ကၽြတ္တာေတြ မရွိေတာ့ဘူးေနာ္..

Ref: glowpink
Credit:ၿဖိဳးျပည့္သူ(မုိမိုေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကြက်သွန်နီကို စားစရာ တစ်မျိုးအဖြစ်ပဲ တွေးမိနေတယ်ဆိုရင် အဲဒီအတွေးတွေ ခုပဲ ရုပ်သိမ်းလိုက်ပါ။ ကြက်သွန်နီဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစားအစာဖြစ်တဲ့အပြင် ဆံပင်အတွက်လည်း များစွာ အကျိုးပြူပါတယ်။ ဗောက်ထခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံပင်ရှည်နှေးခြင်း၊ ဆံပင်ကျွတ်ခြင်းစတဲ့ ဆံသားဆိုင်ရာ ပြသာနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်နီကို ဘယ်လိုအသုံးပြုရမလဲ ဖတ်ကြည့်ရအောင်..


ဗောက်ပျောက်ဖို့အတွက်ဆိုရင် ကြက်သွန်နီကို ညက်နေအောင်လှီးလိုက်ပါ။ တတ်နိုင်သမျှ သေးသေးအဖတ်လေးတွေပေါ့။ ပြီးရင်တော့ သံလွင်ဆီ အနည်းငယ်နဲ့ရောပြီး ဗောက်ရှိတဲ့နေရာတွေမှာ လိမ်းထားပေးလိုက်ပါ။ အနည်းငယ်တော့ စပ်ဖျဉ်းဖျဉ်း ဖြစ်နိုင်ပါတယ်။ ဆယ်မိနစ်လောက် ထားပြီး ခေါင်းလျှော်လိုက်ပါ။ နှစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် ဗောက်တွေ အရှင်းပျောက်စေနိုင်ပါတယ်။

ဆံပင်အရောင်မွဲခြောက်ခြောက် ဖြစ်လို့ အရောင်စိုချင်တဲ့ ပျိုမဒီတို့ အတွက်ကတော့ ကြက်သွန်နီကြိတ်ထားတဲ့အရည်ကို သံလွင်ဆီနဲ့ ဆတူရောပြီး ဆံသားမှာ လိမ်းပေးထားပါ။ ခဏလောက်ထားပြီးမှ ခေါင်းလျှော်ပေါ့နော်။ တစ်ရက်ခြား တစ်ခါလောက် ပြုလုပ်ပေးမယ်ဆိုရင် စိုပြေတောက်ပတဲ့ ဆံသာအရောင် ရမှာပါ။

ဆံပင်အရှည်မြန်စေချင်တယ်ဆိုရင်တော့ ကြက်သွန်နီကို ကြိတ်ထားတဲ့ အရည်နဲ့ ဒိန်ချဉ်ကို ဆတူရောပြီး ဆံသားတွေမှာ လိမ်းထားလိုက်ပါ။ (၃)မိနစ်လောက် ထားပြီး ခေါင်းလျှော်ပါ။ နှစ်လလောက် ပုံမှန်လုပ်မယ်ဆိုရင် ဆံပင် သိသိသာသာရှည်လာမှာပါ။

ဆံပင်ကျွတ်တာတွေ ချက်ချင်းရပ်ချင်တယ်ဆိုရင်တော့ ကြက်သွန်နီ ကြိတ်ထားတဲ့အရည် (၁)ဆ နဲ့ အုန်းဆီ(၂) ဆ တို့ကို ရောပြီး ဆံသားမှာ လိမ်းပေးပါ။ ခြောက်သွားပြီဆိုရင် ခေါင်းလျှော်လိုက်ပါ။ ပုံမှန် ပြုလုပ်မယ်ဆိုရင် ဆံပင်ကျွတ်တာတွေ မရှိတော့ဘူးနော်..

Ref: glowpink
Credit:ဖြိုးပြည့်သူ(မိုမိုလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top