iMyanmarHouse.com - Best Property Website for Myanmar
×

 မိန္းကေလး ပရိသတ္ႀကီးထဲမွာ ခ်စ္သူရွိေနတဲ့သူေတြ မနည္းေလာက္ပါဘူးေနာ္။
ဒါေပမယ့္ မိန္းကေလးတုိ႕ဘ၀ဟာ အေတာ္ေလး ခတ္ပါတယ္။ ကုိယ့္ခ်စ္သူကုိ ခ်စ္လုိ႕သာ လက္တြဲ
ေနရေပမယ့္ ဘယ္အခ်ိန္ ထားသြားမလဲဆုိတဲ့ အေတြးနဲ႕ ရင္တမမပါဘဲ။ ရွင္ … ကၽြန္မကုိ တကယ္
ယူမွာေတာ့ ဟုတ္ပါတယ္ေနာ္-ဆုိၿပီး ေျဗာင္ႀကီး ဖြင့္ေမးရင္လည္း ေၾကာင္စီစီႏုိင္သလုိ၊ မိန္းကေလး
ရဲ႕ သိကၡာကလည္း ရွိေသးတယ္ မဟုတ္လား ?၊ ဒါေပမယ့္ မပူပါနဲ႕ ေအာက္ပါ အခ်က္ (8)ခ်က္ကုိ
သင့္ခ်စ္သူေကာင္ေလးက မလြဲမေသြ လုပ္လာခဲ့ရင္ သင္ ဒီႏွစ္မွာ ေသခ်ာေပါက္ စြံၿပီလုိ႕ ေျပာလုိ႕ရ
ပါတယ္။
1. အရိပ္တၾကည့္ၾကည့္ ျဖစ္ေနၿပီလား။

အမ်ိဳးသားေတြဟာ သူတုိရဲ႕ အာသာဆႏၵအရ တစ္ခုခု လုိခ်င္ၿပီဆုိရင္ မ်က္လုံးျပဴးႀကီးနဲ႕ စုိက္ၾကည့္ၿပီး
မ်က္စိေအာက္က အေပ်ာက္မခံပါဘူး။ တစ္ခါတေလ သူ႕ရဲ႕ အၾကည့္႐ုိ္င္းေတြေၾကာင့္ သင္ ႐ႈိးတုိ႔ရွန္း
တန္႕ ျဖစ္မိတာမ်ိဳး၊ အခါမလုံတာမ်ိဳးေတာင္ ျဖစ္မိပါလိမ့္မယ္။ ဒါဆုိရင္ ဒီႏွစ္ ေသခ်ာၿပီ မွတ္ေပေတာ့။
2. အတူတူ ရွိေနခ်င္တယ္။

ခ်စ္သူတုိ႕ဘာ၀ အတူတူ ရွိေနတာက သဘာ၀ပါဘဲ။ ဒါေပမယ့္ အိမ္ေထာင္ရက္သားမက်ေသးေတာ့
အခ်ိန္တန္ရင္ ကိုယ့္အိမ္ကုိယ္ျပန္ရတာပဲေလ။ သူဟာ အဲဒီလုိ အိမ္ျပန္ခ်ိန္ဆုိ မ်က္ႏွာႀကီး ရွစ္ေခါက္
ခ်ိဳးနဲ႕ ေတြ႕ရတဲ့အခ်ိန္ကလည္း နည္းလုိက္တာကြာ-လုိ႕ မခ်င့္မရဲ ခဏခဏ ေျပာလာရင္ ဖိတ္စာ
ဘယ္မွာ႐ုိက္ရင္ ေကာင္းမလဲ စုံစမ္းထားေပေတာ့။
3. အနာဂတ္အစီအစဥ္ေတြကုိ တုိင္ပင္ၿပီ။

တစ္ခါတေလ ပြင့္လင္းလြန္းတဲ့ ခ်စ္သူေတြၾကားမွာ ကေလးဘယ္ႏွစ္ေယာက္ေမြးမယ္ကအစ ႀကိဳတင္
အကြက္ခ်ထားၿပီးသား ျဖစ္တတ္ပါတယ္။ ဘယ္လုိ အိမ္ေလးမွာ ေနမယ္၊ ဘယ္လုိ ေနရာေတြကို သြား
မယ္၊ ဘာေတြလုပ္မယ္ သင့္ကို တုိင္ပင္လာၿပီဆုိရင္ေတာ့ ဖိတ္စာကမ္းဖုိ႕ မိိတ္ေဆြေတြ စာရင္းေကာက္
ထားေပေတာ့။
4. ေပ်ာ္ရႊင္ေစခ်င္သူ

ေနာက္ပုိင္းေတာ့ ႀကိဳၿပီး မေျပာတတ္ပါဘူး။ ေယာက္်ားတစ္ေယာက္ သင့္ကုိ တကယ္လုိခ်င္ၿပီဆုိရင္
သင္ ၿငိဳျငင္မွာ၊ သင္ စိတ္ခုမွာ၊ သင္ စိတ္ဆုိးမွာကုိ လုံး၀ မလုပ္ပါဘူး။ သင့္ကိုသာ ဂ႐ုတစုိက္ရွိၿပီး
မ်က္ႏွာတစ္ခ်က္ ညႇိဳးတာနဲ႕ ျပာျပာသလဲျဖစ္သြားတယ္ဆုိရင္ သင့္ စိတ္ႀကိဳက္ မဂၤလာခန္းမကုိ
ေရြးထားေပေတာ့။
5. ယုံၾကည္မႈေတြ တုိးလာတယ္။

မယုံၾကည္ဘဲ တစ္ေယာက္နဲ႕ ေပါင္းစပ္ဖုိ႕ဆုိတာ မျဖစ္ႏုိင္ပါဘူး။ တကယ္လုိ႕ အဲဒီပုံစံနဲ႕ လက္ထပ္ျဖစ္ခဲ့
ရင္လည္း စလည္၀င္ ဖင္မမည္းခင္ကတည္းက ကြဲ-ဆုိတာလုိ ၾကာၾကာမခံပါဘူး။ ဒီေတာ့ သင့္ကို ပုိၿပီး
ယုံၾကည္မႈေတြ တုိးလာတယ္ဆုိရင္ သင္ Wedding Photos ေကာင္းေကာင္း ႐ုိက္ေပးႏုိင္တဲ့ ဓာတ္ပုံ
တုိက္ကုိ စုံစမ္းထားေပေတာ့။

6. ခဏခဏေတြ႕ခြင့္ေတာင္းမယ္။

တစ္ျခားခ်စ္သူေတြလည္း ဒီလုိ လုပ္ပါလိမ့္မယ္။ ဒါေပမယ့္ ေတြ႕ခြင့္အေတာင္းခံရတဲ့သူရဲ႕ စိတ္ထဲမွာ
လႈိက္လွဲမႈ ရွိမရွိကုိ သိႏုိင္ပါတယ္။ ခဏခဏ ေတြ႕ခ်င္တယ္ ခ်စ္သူ-လုိ႕ ေျပာတာခ်င္း အတူတူဆုိရင္
ေတာင္မွ အဲဒီလုိအခ်ိန္မ်ိဳးဟာ သူ႕အတြက္ စာနာသနားစရာ အေကာင္းဆုံးပုံစံအျဖစ္ သင္ ခံစားမိ
တယ္ဆုိရင္ မဂၤလာပန္းက်ဲမယ့္ အမ်ိဳးေတြ၊ သတုိ႕သား/သတုိ႕သမီး အရံလုပ္မယ့္ သူငယ္ခ်င္းေတြ
ရဲ႕ နာမည္ေတြ ေသေသခ်ာခ်ာ ခ်ေရးထားေပေတာ့။
7. ဘယ္လုိအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ လက္ခံတယ္။

ခ်စ္သူဘ၀ရဲ႕ အေရးႀကီးဆုံး အစိတ္အပုိင္းက အခုမွ လာတယ္။ သင့္ကို အေပၚယံခ်စ္တယ္ဆုိရင္
အုိ၊နာ၊က်ိဳး၊ကန္း၊ ပုံပ်က္ပန္းပ်က္၊ ျဖစ္သြားတဲ့အခါ သူ တစ္ကယ္လက္ခံႏုိင္မလားဆုိတာ သူ႕
အခ်စ္စိတ္ မွန္ကန္မႈအေပၚမွာ မူတည္ပါတယ္။ သင္ဟာ သူ႕ရဲ႕ ဂုဏ္ျဒပ္နဲ႕ယွဥ္တဲ့အခါ ဘယ္
aလာက္ပဲ ႏြမ္းပါးပါေစ သင့္ကုိ ဘယ္လုိအေျခအေနမွာပဲျဖစ္ျဖစ္ ၾကည္ၾကည္ျဖဴျဖဴ လက္ခံႏုိင္
တယ္ဆုိရင္ သင္ ဘိသိတ္ဆရာကိုသာ ႀကိဳတင္စုံစမ္းထားေပေတာ့။

Credit:Si Si (auntymay)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိန်းကလေး ပရိသတ်ကြီးထဲမှာ ချစ်သူရှိနေတဲ့သူတွေ မနည်းလောက်ပါဘူးနော်။
ဒါပေမယ့် မိန်းကလေးတို့ဘဝဟာ အတော်လေး ခတ်ပါတယ်။ ကိုယ့်ချစ်သူကို ချစ်လို့သာ လက်တွဲ
နေရပေမယ့် ဘယ်အချိန် ထားသွားမလဲဆိုတဲ့ အတွေးနဲ့ ရင်တမမပါဘဲ။ ရှင် … ကျွန်မကို တကယ်
ယူမှာတော့ ဟုတ်ပါတယ်နော်-ဆိုပြီး ဗြောင်ကြီး ဖွင့်မေးရင်လည်း ကြောင်စီစီနိုင်သလို၊ မိန်းကလေး
ရဲ့ သိက္ခာကလည်း ရှိသေးတယ် မဟုတ်လား ?၊ ဒါပေမယ့် မပူပါနဲ့ အောက်ပါ အချက် (8)ချက်ကို
သင့်ချစ်သူကောင်လေးက မလွဲမသွေ လုပ်လာခဲ့ရင် သင် ဒီနှစ်မှာ သေချာပေါက် စွံပြီလို့ ပြောလို့ရ
ပါတယ်။
1. အရိပ်တကြည့်ကြည့် ဖြစ်နေပြီလား။

အမျိုးသားတွေဟာ သူတိုရဲ့ အာသာဆန္ဒအရ တစ်ခုခု လိုချင်ပြီဆိုရင် မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်ပြီး
မျက်စိအောက်က အပျောက်မခံပါဘူး။ တစ်ခါတလေ သူ့ရဲ့ အကြည့်ရိုင်းတွေကြောင့် သင် ရှိုးတို့ရှန်း
တန့် ဖြစ်မိတာမျိုး၊ အခါမလုံတာမျိုးတောင် ဖြစ်မိပါလိမ့်မယ်။ ဒါဆိုရင် ဒီနှစ် သေချာပြီ မှတ်ပေတော့။
2. အတူတူ ရှိနေချင်တယ်။

ချစ်သူတို့ဘာ၀ အတူတူ ရှိနေတာက သဘာဝပါဘဲ။ ဒါပေမယ့် အိမ်ထောင်ရက်သားမကျသေးတော့
အချိန်တန်ရင် ကိုယ့်အိမ်ကိုယ်ပြန်ရတာပဲလေ။ သူဟာ အဲဒီလို အိမ်ပြန်ချိန်ဆို မျက်နှာကြီး ရှစ်ခေါက်
ချိုးနဲ့ တွေ့ရတဲ့အချိန်ကလည်း နည်းလိုက်တာကွာ-လို့ မချင့်မရဲ ခဏခဏ ပြောလာရင် ဖိတ်စာ
ဘယ်မှာရိုက်ရင် ကောင်းမလဲ စုံစမ်းထားပေတော့။
3. အနာဂတ်အစီအစဉ်တွေကို တိုင်ပင်ပြီ။

တစ်ခါတလေ ပွင့်လင်းလွန်းတဲ့ ချစ်သူတွေကြားမှာ ကလေးဘယ်နှစ်ယောက်မွေးမယ်ကအစ ကြိုတင်
အကွက်ချထားပြီးသား ဖြစ်တတ်ပါတယ်။ ဘယ်လို အိမ်လေးမှာ နေမယ်၊ ဘယ်လို နေရာတွေကို သွား
မယ်၊ ဘာတွေလုပ်မယ် သင့်ကို တိုင်ပင်လာပြီဆိုရင်တော့ ဖိတ်စာကမ်းဖို့ မိတ်ဆွေတွေ စာရင်းကောက်
ထားပေတော့။
4. ပျော်ရွှင်စေချင်သူ

နောက်ပိုင်းတော့ ကြိုပြီး မပြောတတ်ပါဘူး။ ယောက်ျားတစ်ယောက် သင့်ကို တကယ်လိုချင်ပြီဆိုရင်
သင် ငြိုငြင်မှာ၊ သင် စိတ်ခုမှာ၊ သင် စိတ်ဆိုးမှာကို လုံး၀ မလုပ်ပါဘူး။ သင့်ကိုသာ ဂရုတစိုက်ရှိပြီး
မျက်နှာတစ်ချက် ညှိုးတာနဲ့ ပြာပြာသလဲဖြစ်သွားတယ်ဆိုရင် သင့် စိတ်ကြိုက် မင်္ဂလာခန်းမကို
ရွေးထားပေတော့။
5. ယုံကြည်မှုတွေ တိုးလာတယ်။

မယုံကြည်ဘဲ တစ်ယောက်နဲ့ ပေါင်းစပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လို့ အဲဒီပုံစံနဲ့ လက်ထပ်ဖြစ်ခဲ့
ရင်လည်း စလည်ဝင် ဖင်မမည်းခင်ကတည်းက ကွဲ-ဆိုတာလို ကြာကြာမခံပါဘူး။ ဒီတော့ သင့်ကို ပိုပြီး
ယုံကြည်မှုတွေ တိုးလာတယ်ဆိုရင် သင် Wedding Photos ကောင်းကောင်း ရိုက်ပေးနိုင်တဲ့ ဓာတ်ပုံ
တိုက်ကို စုံစမ်းထားပေတော့။

6. ခဏခဏတွေ့ခွင့်တောင်းမယ်။

တစ်ခြားချစ်သူတွေလည်း ဒီလို လုပ်ပါလိမ့်မယ်။ ဒါပေမယ့် တွေ့ခွင့်အတောင်းခံရတဲ့သူရဲ့ စိတ်ထဲမှာ
လှိုက်လှဲမှု ရှိမရှိကို သိနိုင်ပါတယ်။ ခဏခဏ တွေ့ချင်တယ် ချစ်သူ-လို့ ပြောတာချင်း အတူတူဆိုရင်
တောင်မှ အဲဒီလိုအချိန်မျိုးဟာ သူ့အတွက် စာနာသနားစရာ အကောင်းဆုံးပုံစံအဖြစ် သင် ခံစားမိ
တယ်ဆိုရင် မင်္ဂလာပန်းကျဲမယ့် အမျိုးတွေ၊ သတို့သား/သတို့သမီး အရံလုပ်မယ့် သူငယ်ချင်းတွေ
ရဲ့ နာမည်တွေ သေသေချာချာ ချရေးထားပေတော့။
7. ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် လက်ခံတယ်။

ချစ်သူဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းက အခုမှ လာတယ်။ သင့်ကို အပေါ်ယံချစ်တယ်ဆိုရင်
အို၊နာ၊ကျိုး၊ကန်း၊ ပုံပျက်ပန်းပျက်၊ ဖြစ်သွားတဲ့အခါ သူ တစ်ကယ်လက်ခံနိုင်မလားဆိုတာ သူ့
အချစ်စိတ် မှန်ကန်မှုအပေါ်မှာ မူတည်ပါတယ်။ သင်ဟာ သူ့ရဲ့ ဂုဏ်ဒြပ်နဲ့ယှဉ်တဲ့အခါ ဘယ်
aလာက်ပဲ နွမ်းပါးပါစေ သင့်ကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံနိုင်
တယ်ဆိုရင် သင် ဘိသိတ်ဆရာကိုသာ ကြိုတင်စုံစမ်းထားပေတော့။

Credit:Si Si (auntymay)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top