iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေတာ္ေတာ္မ်ားမ်ားမွာ ထမင္း၊ဟင္းေတြ မကုန္တာေၾကာင့္ ျပန္ေႏႊးစားေလ့ရွိၾကပါတယ္ ။ ဒါ့အျပင္ ကုန္တိုက္ေတြမွာလည္း အသင့္စား၊ထမင္းုဟင္းေတြကို ေရာင္းကာ ဝယ္ယူလွ်င္ ျပန္ေႏႊးေပးတာမ်ိဳးေတြလည္း ရွိေနပါျပီ ။ သို႔ေသာ္ အခ်ိဳ႕အစားအစာေတြဟာ အႏၱရာယ္ရွိျပီး ျပန္ေႏႊးျပီး မစားသင့္ပါဘူး။

၁။အသီးအရြက္မ်ား

အသီးအရြက္ေတြကို ျပန္၍အပူေပးျခင္းက အႏၱရာယ္ရွိေစရံုသာမက အခန္႔မသင့္လွ်င္ အသက္ေသဆံုးသည္အထိ ျဖစ္နို္င္ပါတယ္ ။ အစားအေသာက္ ထိန္းသိမ္းေရး စင္တာရဲ႕ ေလ့လာမႈအရ စားျပီး က်န္ရွိေနတဲ့ ဟင္းသီးဟင္းရြက္ေတြကို -4 ဒီဂရီ အေအးခန္းမွာသာ သိမ္းသင့္ပါတယ္ ။ ၾကာၾကာခံခ်င္တယ္ဆိုရင္ေတာ့ ေအးခဲသည္အထိထားပါ။ ဟင္းနုႏြယ္ ၊ မုန္လာပင္ ၊ တရုတ္နံနံ ၊ဆလပ္ စတဲ့အရြက္ေတြမွာ နိုက္ထရိတ္ဓါတ္ေတြ ၾကြယ္ဝျပီး ထိုအရြက္ေတြကို ျပန္လည္အပူေပးျခင္း နွင့္ အျခား အခန္းအပူခ်ိန္မွာထားမယ္ဆိုရင္ နုိက္ထရိတ္ဓါတ္မ်ား စုပံုလာျပီး အျခားေသာ ျပႆနာရပ္ေတြကို ျဖစ္ေစနိုင္ပါတယ္။ အထူးသျဖင့္ ကေလးေတြကို မေကြ်းမိဖို႔ လိုပါတယ္။

၂။ဟင္းသီးဟင္းရြက္ဆီျဖင့္ခ်က္ထားေသာဟင္း

ဟင္းသီးဟင္းရြက္ဆီကို အသံုးျပဳကာခ်က္ထားေသာ ုဟင္းလ်ာေတြကို ျပန္လည္ေႏႊးျပီး စားသံုးျခင္းက အႏၱရာယ္ရွိေစကာ နွလံုးေရာဂါ ၊ ေလျဖတ္ျခင္း နွင့္ ကင္ဆာေရာဂါ ျဖစ္နိုင္ေျခ ပိုမ်ားေစပါတယ္ ။ မၾကာေသးခင္ကမွ ေလ့လာေတြ႕ရွိမႈအရ ဟင္းသီးုဟင္းရြက္ဆီေတြျဖစ္တဲ့ ေနၾကာဆီ ၊ ေျပာင္းဖူးဆီေတြမွာ linoleic acid က နွလံုးနင့္ အသည္းက်န္းမာေရးကို ထိခိုက္ေစနိုင္ပါတယ္ ။ ဟင္းသီးဟင္ရြက္ဆီကို တစ္ၾကိမ္သာ သံုးသင့္ျပီး ခဏခဏ အပူျပန္ေပးတာမ်ိဳးေတြ မျပဳလုပ္သင့္ပါဘူး ။ ဆီကို အေငြ႕ေတြထြက္သည္အထိ အပူေပးျခင္းမ်ိဳးကိုလည္း လံုးဝ ေရွာင္ရွားသင့္ပါတယ္။

၃။ထမင္းၾကမ္း

အစားအေသာက္ ေအဂ်င္စီတစ္ခုရဲ႕ ေျပာၾကားမႈအရ ထမင္းမခ်က္ခင္ ဆန္အေနအထားမွာ အႏၱရာယ္ရွိတဲ့ ပိုးမႊားမ်ား ရွိေနနိုင္ျပီး ထိုပိုးမႊားေလးေတြဟာ ခ်က္ေနစဥ္မွာေတာင္ အသက္ရွင္ေနနိုင္ေသးပါတယ္ ။ ထမင္းမွာ ပါဝင္တဲ့ ဒီပိုးမႊားေတြဟာ အခန္းအပူခ်ိန္မွာ ရွိေနတဲ့ ထမင္းအေနအထားမ်ိဳးမွာဆိုရင္ ပိုမ်ားလာတတ္ျပီး ထိုထမင္းကို စားလွ်င္ အစာမေၾကတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္ ။ ဒ့ါေၾကာင့္ ထမင္းၾကမ္းကို မစားသင့္ေၾကာင္း ဆရာဝန္ေတြက ေျပာၾကားထားပါတယ္ အကယ္၍ ထမင္းေတြက်န္ေနလွ်င္ ေရခဲေသတၱာထဲမွာသာ အေအးဆံုးအေနအထားနဲ႕ သိမ္းလို႔ရပါတယ္။

၄။ၾကက္သား

အသားေတြထဲမွာ ၾကက္သာက ပရိုတိန္းဓါတ္ အနည္းဆံုးပါပဲ ။ ခ်က္၍ ေအးျပီးသြားေသာ ၾကက္သားဟင္းကို ျပန္ျပီး အပူေပးမယ္ဆိုရင္ေတာ့ မေကာင္းတဲ့ အေနအထားကို ေရာက္သြားပါျပီ ။အကယ္၍ ေႏႊးမယ္ဆိုရင္လည္း အတြင္းသားေတြအထိပါ လံုးဝပူသြားေအာင္ထိ ေႏႊးေပးသင့္ပါတယ္ ။ အေပၚယံ လံုးရံုေလး မေႏႊးသင့္ပါဘူး ။

Credit:CHAN (ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိမ်တော်တော်များများမှာ ထမင်း၊ဟင်းတွေ မကုန်တာကြောင့် ပြန်နွှေးစားလေ့ရှိကြပါတယ် ။ ဒါ့အပြင် ကုန်တိုက်တွေမှာလည်း အသင့်စား၊ထမင်းုဟင်းတွေကို ရောင်းကာ ဝယ်ယူလျှင် ပြန်နွှေးပေးတာမျိုးတွေလည်း ရှိနေပါပြီ ။ သို့သော် အချို့အစားအစာတွေဟာ အန္တရာယ်ရှိပြီး ပြန်နွှေးပြီး မစားသင့်ပါဘူး။

၁။အသီးအရွက်များ

အသီးအရွက်တွေကို ပြန်၍အပူပေးခြင်းက အန္တရာယ်ရှိစေရုံသာမက အခန့်မသင့်လျှင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ် ။ အစားအသောက် ထိန်းသိမ်းရေး စင်တာရဲ့ လေ့လာမှုအရ စားပြီး ကျန်ရှိနေတဲ့ ဟင်းသီးဟင်းရွက်တွေကို -4 ဒီဂရီ အအေးခန်းမှာသာ သိမ်းသင့်ပါတယ် ။ ကြာကြာခံချင်တယ်ဆိုရင်တော့ အေးခဲသည်အထိထားပါ။ ဟင်းနုနွယ် ၊ မုန်လာပင် ၊ တရုတ်နံနံ ၊ဆလပ် စတဲ့အရွက်တွေမှာ နိုက်ထရိတ်ဓါတ်တွေ ကြွယ်ဝပြီး ထိုအရွက်တွေကို ပြန်လည်အပူပေးခြင်း နှင့် အခြား အခန်းအပူချိန်မှာထားမယ်ဆိုရင် နိုက်ထရိတ်ဓါတ်များ စုပုံလာပြီး အခြားသော ပြဿနာရပ်တွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေကို မကျွေးမိဖို့ လိုပါတယ်။

၂။ဟင်းသီးဟင်းရွက်ဆီဖြင့်ချက်ထားသောဟင်း

ဟင်းသီးဟင်းရွက်ဆီကို အသုံးပြုကာချက်ထားသော ုဟင်းလျာတွေကို ပြန်လည်နွှေးပြီး စားသုံးခြင်းက အန္တရာယ်ရှိစေကာ နှလုံးရောဂါ ၊ လေဖြတ်ခြင်း နှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုများစေပါတယ် ။ မကြာသေးခင်ကမှ လေ့လာတွေ့ရှိမှုအရ ဟင်းသီးုဟင်းရွက်ဆီတွေဖြစ်တဲ့ နေကြာဆီ ၊ ပြောင်းဖူးဆီတွေမှာ linoleic acid က နှလုံးနင့် အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။ ဟင်းသီးဟင်ရွက်ဆီကို တစ်ကြိမ်သာ သုံးသင့်ပြီး ခဏခဏ အပူပြန်ပေးတာမျိုးတွေ မပြုလုပ်သင့်ပါဘူး ။ ဆီကို အငွေ့တွေထွက်သည်အထိ အပူပေးခြင်းမျိုးကိုလည်း လုံးဝ ရှောင်ရှားသင့်ပါတယ်။

၃။ထမင်းကြမ်း

အစားအသောက် အေဂျင်စီတစ်ခုရဲ့ ပြောကြားမှုအရ ထမင်းမချက်ခင် ဆန်အနေအထားမှာ အန္တရာယ်ရှိတဲ့ ပိုးမွှားများ ရှိနေနိုင်ပြီး ထိုပိုးမွှားလေးတွေဟာ ချက်နေစဉ်မှာတောင် အသက်ရှင်နေနိုင်သေးပါတယ် ။ ထမင်းမှာ ပါဝင်တဲ့ ဒီပိုးမွှားတွေဟာ အခန်းအပူချိန်မှာ ရှိနေတဲ့ ထမင်းအနေအထားမျိုးမှာဆိုရင် ပိုများလာတတ်ပြီး ထိုထမင်းကို စားလျှင် အစာမကြေတာမျိုးတွေ ဖြစ်တတ်ပါတယ် ။ ဒ့ါကြောင့် ထမင်းကြမ်းကို မစားသင့်ကြောင်း ဆရာဝန်တွေက ပြောကြားထားပါတယ် အကယ်၍ ထမင်းတွေကျန်နေလျှင် ရေခဲသေတ္တာထဲမှာသာ အအေးဆုံးအနေအထားနဲ့ သိမ်းလို့ရပါတယ်။

၄။ကြက်သား

အသားတွေထဲမှာ ကြက်သာက ပရိုတိန်းဓါတ် အနည်းဆုံးပါပဲ ။ ချက်၍ အေးပြီးသွားသော ကြက်သားဟင်းကို ပြန်ပြီး အပူပေးမယ်ဆိုရင်တော့ မကောင်းတဲ့ အနေအထားကို ရောက်သွားပါပြီ ။အကယ်၍ နွှေးမယ်ဆိုရင်လည်း အတွင်းသားတွေအထိပါ လုံးဝပူသွားအောင်ထိ နွှေးပေးသင့်ပါတယ် ။ အပေါ်ယံ လုံးရုံလေး မနွှေးသင့်ပါဘူး ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top