iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးေကာင္းသားမ်ားဟာ အိမ္သူသက္ထား ဇနီးမယားကုိ ေရြးခ်ယ္ေတာ့မယ္ဆုိရင္ ေကာင္းျခင္း
(၅)ျဖာဆုိတာကုိ ေနာက္ထား၊ ကိုယ္ယူမယ့္မိန္းမကုိ အက်င့္စာရိတၱ ၀ါရိတၱနဲ႕ပတ္သက္ရင္ ၿပီးျပည့္
စုံေနတဲ့ မိန္းမမ်ိဳးကုိပဲ လုိခ်င္ၾကတယ္၊ ရွာေဖြခ်င္ၾကတယ္။ ဒီလုိအမ်ိဳးေကာင္းသမီးေတြလည္း မရွား
ပါဘူး။အမ်ိဳးေကာင္းသား အမ်ားစုလက္တြဲခ်င္တဲ့  အမ်ိဳးသမီးဟာ ေအာက္ပါအခ်က္ေလး(4)ခ်က္နဲ႕
ျပည့္စုံထားရမယ္လုိ႕ eharmony.com က ဆုိထားပါတယ္။ ေအာက္မွာ ဖတ္နုုိင္ပါတယ္။

1. အိမ္မႈကိစၥႏုိင္နင္းရမယ္။

တစ္ခ်ိဳ႕က အခုေခတ္မွာ ေယာက္်ားနဲ႕မိန္းမ တစ္တန္းတည္းျဖစ္သြားၿပီ ေယာက္်ားလည္း ထမင္းခ်က္
ေကာင္းပါတယ္၊ အ၀တ္ေလွ်ာ္ေကာင္းပါတယ္၊ ငရဲမႀကီးပါဘူး-ဆုိၿပီး ကန္႕လန္႕တုိက္ ေျပာတဲ့ အမ်ိဳး
သမီးေတြ ရွိေနပါတယ္။ ဒါကုိေတာ့ ကၽြန္ေတာ္ အျပစ္မေျပာလုိပါ။ ေနာက္ၿပီး သူတုိ႕ အေျပာကုိေထာက္
လည္း ေထာက္ခံပါတယ္။ ဒါေပမယ့္ သိပ္ေတာ့ အေတြးမေခ်ာ္ေစခ်င္။ သင္က အိမ္မႈကိစၥမလုပ္တတ္
ဘူး ထားပါဦး- ကမာၻဦးကတည္းက အ႐ုိးစြဲခဲ့တဲ့ ထုံးစံအရ သင့္ေယာကၡမအိမ္ ေရာက္တဲ့အခါ သင္ပဲ
အရွက္ရမယ္၊ သင္ခ်စ္လုိ႕ယူလုိက္တဲ့ ေယာက္်ားလည္း မ်က္ႏွာငယ္မယ္၊ သင့္မိဘေတြလည္း မသင္
ေပးခဲ့ရေကာင္းလားဆုိၿပီး သင္ ျပစ္တင္မိမယ္။ အဲဒီအခ်ိန္မွာမွ ေယာက္်ားလည္း ထမင္းခ်က္
ေကာင္းပါတယ္၊ အ၀တ္ေလွ်ာ္ေကာင္းပါတယ္၊ ငရဲမႀကီးပါဘူး-ဆုိတဲ့အေတြးကိုလည္း သင္ စြန္႕လႊတ္
လုိက္လိ့မ္မယ္။ ကၽြန္ေတာ္ ဆုိလုိတာက အိမ္မႈကိစၥကုိ အမ်ိဳးသမိီးေတြသာ လုပ္ရမယ္လုိ႕ ဆုိလုိတာ
မဟုတ္ပါဘူး။ ႏွစ္ဦးၾကည္ၾကည္ျဖဴျဖဴ လုပ္ရင္ သာေကာင္းတာေပါ့။ သုိ႕ေသာ္ တတ္သင့္တာေလး
ေတာ့ တတ္ထားသင့္ပါတယ္။

2. သြက္လက္တဲ့မိန္းမျဖစ္ရမယ္။

သြက္လက္တာနဲ႕ ျပာယာခတ္တာ ကြဲျပားပါေစဗ်ာ။ တစ္ခ်ိဳ႕က လူၾကားသူၾကားထဲဆုိရင္ မုန္႕လင္
ဗန္းႀကီး တက္နင္းမိတာနဲ႕၊ ေကာ္ဖီပန္းကန္ ေမွာက္ခ်တာနဲ႕၊ ထဘီအထက္စင္ႀကီး ေအာက္ကထား
၀တ္လာတာနဲ႕ ျဖစ္တတ္လုိ႕ပါ။ ဒါကိုက်ေတာ့ ျပာယာခတ္တာလုိ႕ ေခၚတယ္။ ျပာယာခတ္တာက
ေၾကာက္စိတ္(စုိးရြံ႕မႈ)ကေန လာတာ။ သြက္လက္တာက်ေတာ့ ဒီလုိ မဟုတ္ဘူး။ ခ်က္ဆုိ ဗုိက္ကပ္
ေနတာမ်ိဳး။ အရိပ္ျပရင္ အေကာင္ထင္တာမ်ိဳး။ အေၾကာင္းကိစၥတစ္ခုေပၚရင္ တခၤဏုပၸတၱိၪာဏ္နဲ႕
အေရးေပၚေျဖရွင္းႏုိင္တာမ်ိဳးကုိ ဆုိလုိတာ။ ဒါမ်ိဳးက်ေတာ့ လုပ္ေရကိုင္ေရ ရွိမႈ၊ ယုံၾကည္မႈ၊ ပါးနပ္မႈ
ကေန လာတယ္။

3. သူတို႕ကိုယ္သူတိုု႕ အားကိုးတတ္မႈ။

ကိုယ့္ကိုယ္ကိုအားကုိးတတ္တဲ့ မိန္းမေတြဟာ ထက္ျမတ္ၾကတယ္။ ပြင့္လင္းၾကတယ္။ အေတြး
အေခၚရင့္က်က္တယ္။ အိေျႏၵႀကီးတယ္။ လွ်ပ္ေပၚေလာလီမႈမရွိဘူး။  အမ်ိဳးသမီးေတြဟာ သိပ္ကုိ
ခ်ဳပ္ေႏွာင္ခံထားရတဲ့ မိဘကေန ဆင္းသက္လာရင္ အူတူတူ အတတ လူေတာမတုိး အရွက္
အေၾကာက္ႀကီး တာေတြ ျဖစ္တတ္တယ္။ ဒါဟာ လူကုိ ခ်ဳပ္ေႏွာင္ထားတဲ့ စည္းမ်ဥ္းစည္းကမ္း
ေတြက စိတ္ကုိပါ ခ်ဳပ္ေႏွာင္သြားျခင္းခံရတာျဖစ္ပါတယ္။

4. အေတြးအေခၚရင့္က်က္ရမယ္။

ငယ္ငယ္က အျဖစ္အပ်က္ေလး မွတ္မိတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ စိတ္ေကာက္ၿပီဆုိ
မေခၚေၾကးတုိ႕၊ စကားမေျပာေၾကးတုိ႕၊ လက္ညႇိဳးနဲ႕လက္ခလယ္ကုိ ကြင္းၿပီး သူ႕လက္ေခ်ာင္းေလးနဲ႕
ထုိးျဖတ္ခုိင္းတာတုိ႕ လုပ္ခဲ့ဖူးတာေလးေတြေလ။ အင္း လင္ရယ္မယားရယ္ျဖစ္လာရင္ အဲဒီလုိ
ကေလးအေတြးမ်ိဳးကုိ ေဖ်ာက္ရမယ္။  တစ္ခ်ိဳ႕ကက်ေတာ့ ေယာက္်ားကိုယ္တုိင္က အလုိလုိက္
ေတာ့ ခဏခဏ စိတ္ေကာက္ မွန္ေတြ ေက်ာက္ျပင္ေတြနဲ႕ အေပ်ာ္သေဘာမ်ိဳး ပစ္ေပါက္ၾကတာ
မ်ိဳးေတာင္ ရွိေသးတယ္။ ဒါက တစ္ပုိင္းေပါ့။ စိတ္ေကာက္ခ်ိန္ ေကာက္ပါ။ ဒါေပမယ့္ ေခ်ာ့မရတဲ့
စိတ္ေကာက္နည္းေတာ့ မသုံးပါနဲ႕။ အေျပာအဆုိ အျပဳအမူ အလုပ္အကုိင္ လည္လည္ခ်ယ္ခ်ယ္
ရွိျခင္းကိုလည္း ရင့္က်က္ျခင္းလုိ႕ ေခၚပါတယ္။ အေနအထုိင္ သုိသိပ္ျခင္း၊ အကင္းပါးျခင္း၊ ေငြကုိ
စိစစ္သုံးတတ္ျခင္း စတာေတြဟာလည္း အိမ္ေထာင္ေရးေလာကမွာ မရွိမျဖစ္ ရွိထားရမယ့္ ရင့္
က်က္ျခင္းေတြ ျဖစ္ပါေၾကာင္း။

Credit:Auntymay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးကောင်းသားများဟာ အိမ်သူသက်ထား ဇနီးမယားကို ရွေးချယ်တော့မယ်ဆိုရင် ကောင်းခြင်း
(၅)ဖြာဆိုတာကို နောက်ထား၊ ကိုယ်ယူမယ့်မိန်းမကို အကျင့်စာရိတ္တ ဝါရိတ္တနဲ့ပတ်သက်ရင် ပြီးပြည့်
စုံနေတဲ့ မိန်းမမျိုးကိုပဲ လိုချင်ကြတယ်၊ ရှာဖွေချင်ကြတယ်။ ဒီလိုအမျိုးကောင်းသမီးတွေလည်း မရှား
ပါဘူး။အမျိုးကောင်းသား အများစုလက်တွဲချင်တဲ့  အမျိုးသမီးဟာ အောက်ပါအချက်လေး(4)ချက်နဲ့
ပြည့်စုံထားရမယ်လို့ eharmony.com က ဆိုထားပါတယ်။ အောက်မှာ ဖတ်နိုုင်ပါတယ်။

1. အိမ်မှုကိစ္စနိုင်နင်းရမယ်။

တစ်ချို့က အခုခေတ်မှာ ယောက်ျားနဲ့မိန်းမ တစ်တန်းတည်းဖြစ်သွားပြီ ယောက်ျားလည်း ထမင်းချက်
ကောင်းပါတယ်၊ အဝတ်လျှော်ကောင်းပါတယ်၊ ငရဲမကြီးပါဘူး-ဆိုပြီး ကန့်လန့်တိုက် ပြောတဲ့ အမျိုး
သမီးတွေ ရှိနေပါတယ်။ ဒါကိုတော့ ကျွန်တော် အပြစ်မပြောလိုပါ။ နောက်ပြီး သူတို့ အပြောကိုထောက်
လည်း ထောက်ခံပါတယ်။ ဒါပေမယ့် သိပ်တော့ အတွေးမချော်စေချင်။ သင်က အိမ်မှုကိစ္စမလုပ်တတ်
ဘူး ထားပါဦး- ကမ္ဘာဦးကတည်းက အရိုးစွဲခဲ့တဲ့ ထုံးစံအရ သင့်ယောက္ခမအိမ် ရောက်တဲ့အခါ သင်ပဲ
အရှက်ရမယ်၊ သင်ချစ်လို့ယူလိုက်တဲ့ ယောက်ျားလည်း မျက်နှာငယ်မယ်၊ သင့်မိဘတွေလည်း မသင်
ပေးခဲ့ရကောင်းလားဆိုပြီး သင် ပြစ်တင်မိမယ်။ အဲဒီအချိန်မှာမှ ယောက်ျားလည်း ထမင်းချက်
ကောင်းပါတယ်၊ အဝတ်လျှော်ကောင်းပါတယ်၊ ငရဲမကြီးပါဘူး-ဆိုတဲ့အတွေးကိုလည်း သင် စွန့်လွှတ်
လိုက်လိ့မ်မယ်။ ကျွန်တော် ဆိုလိုတာက အိမ်မှုကိစ္စကို အမျိုးသမီးတွေသာ လုပ်ရမယ်လို့ ဆိုလိုတာ
မဟုတ်ပါဘူး။ နှစ်ဦးကြည်ကြည်ဖြူဖြူ လုပ်ရင် သာကောင်းတာပေါ့။ သို့သော် တတ်သင့်တာလေး
တော့ တတ်ထားသင့်ပါတယ်။

2. သွက်လက်တဲ့မိန်းမဖြစ်ရမယ်။

သွက်လက်တာနဲ့ ပြာယာခတ်တာ ကွဲပြားပါစေဗျာ။ တစ်ချို့က လူကြားသူကြားထဲဆိုရင် မုန့်လင်
ဗန်းကြီး တက်နင်းမိတာနဲ့၊ ကော်ဖီပန်းကန် မှောက်ချတာနဲ့၊ ထဘီအထက်စင်ကြီး အောက်ကထား
ဝတ်လာတာနဲ့ ဖြစ်တတ်လို့ပါ။ ဒါကိုကျတော့ ပြာယာခတ်တာလို့ ခေါ်တယ်။ ပြာယာခတ်တာက
ကြောက်စိတ်(စိုးရွံ့မှု)ကနေ လာတာ။ သွက်လက်တာကျတော့ ဒီလို မဟုတ်ဘူး။ ချက်ဆို ဗိုက်ကပ်
နေတာမျိုး။ အရိပ်ပြရင် အကောင်ထင်တာမျိုး။ အကြောင်းကိစ္စတစ်ခုပေါ်ရင် တင်္ခဏုပ္ပတ္တိဉာဏ်နဲ့
အရေးပေါ်ဖြေရှင်းနိုင်တာမျိုးကို ဆိုလိုတာ။ ဒါမျိုးကျတော့ လုပ်ရေကိုင်ရေ ရှိမှု၊ ယုံကြည်မှု၊ ပါးနပ်မှု
ကနေ လာတယ်။

3. သူတို့ကိုယ်သူတိုု့ အားကိုးတတ်မှု။

ကိုယ့်ကိုယ်ကိုအားကိုးတတ်တဲ့ မိန်းမတွေဟာ ထက်မြတ်ကြတယ်။ ပွင့်လင်းကြတယ်။ အတွေး
အခေါ်ရင့်ကျက်တယ်။ အိနြေ္ဒကြီးတယ်။ လျှပ်ပေါ်လောလီမှုမရှိဘူး။  အမျိုးသမီးတွေဟာ သိပ်ကို
ချုပ်နှောင်ခံထားရတဲ့ မိဘကနေ ဆင်းသက်လာရင် အူတူတူ အတတ လူတောမတိုး အရှက်
အကြောက်ကြီး တာတွေ ဖြစ်တတ်တယ်။ ဒါဟာ လူကို ချုပ်နှောင်ထားတဲ့ စည်းမျဉ်းစည်းကမ်း
တွေက စိတ်ကိုပါ ချုပ်နှောင်သွားခြင်းခံရတာဖြစ်ပါတယ်။

4. အတွေးအခေါ်ရင့်ကျက်ရမယ်။

ငယ်ငယ်က အဖြစ်အပျက်လေး မှတ်မိတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီဆို
မခေါ်ကြေးတို့၊ စကားမပြောကြေးတို့၊ လက်ညှိုးနဲ့လက်ခလယ်ကို ကွင်းပြီး သူ့လက်ချောင်းလေးနဲ့
ထိုးဖြတ်ခိုင်းတာတို့ လုပ်ခဲ့ဖူးတာလေးတွေလေ။ အင်း လင်ရယ်မယားရယ်ဖြစ်လာရင် အဲဒီလို
ကလေးအတွေးမျိုးကို ဖျောက်ရမယ်။  တစ်ချို့ကကျတော့ ယောက်ျားကိုယ်တိုင်က အလိုလိုက်
တော့ ခဏခဏ စိတ်ကောက် မှန်တွေ ကျောက်ပြင်တွေနဲ့ အပျော်သဘောမျိုး ပစ်ပေါက်ကြတာ
မျိုးတောင် ရှိသေးတယ်။ ဒါက တစ်ပိုင်းပေါ့။ စိတ်ကောက်ချိန် ကောက်ပါ။ ဒါပေမယ့် ချော့မရတဲ့
စိတ်ကောက်နည်းတော့ မသုံးပါနဲ့။ အပြောအဆို အပြုအမူ အလုပ်အကိုင် လည်လည်ချယ်ချယ်
ရှိခြင်းကိုလည်း ရင့်ကျက်ခြင်းလို့ ခေါ်ပါတယ်။ အနေအထိုင် သိုသိပ်ခြင်း၊ အကင်းပါးခြင်း၊ ငွေကို
စိစစ်သုံးတတ်ခြင်း စတာတွေဟာလည်း အိမ်ထောင်ရေးလောကမှာ မရှိမဖြစ် ရှိထားရမယ့် ရင့်
ကျက်ခြင်းတွေ ဖြစ်ပါကြောင်း။

Credit:Auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top