iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းကို မခ်စ္ရဘူးလုိ႕ ဘယ္ငေတေတြက သတ္မွတ္ခဲ့လဲ-ဆုိတဲ့ သီခ်င္းနဲ႕ ကၽြန္ေတာ့္ကုိ မကန္႕ကြက္
ပါနဲ႕လုိ႕ ႀကိဳေတာင္းပန္ထားခ်င္တယ္။ အမွန္ေတာ့ အခ်စ္ဆုိတာ ျဖစ္ေပၚတဲ့ သဘာ၀ေပၚမူတည္ၿပီး လက္ရွိ
ဘ၀ေတြအေပၚ သက္ေရာက္မႈေတြ ရွိပါတယ္။ ဥပမာ ေက်ာင္းဆရာမကုိ ခ်စ္မိရင္ ေခါင္းေခါက္ခံတဲ့ အျဖစ္
မ်ိဳးေလးေတြေပါ့၊ တစ္ခ်ိဳ႕ကက်ေတာ့ ေဒါက္တာကုိ ခ်စ္မိလုိ႕ တစ္ခုခု ေနမေကာင္းထုိင္မေကာင္းျဖစ္တာနဲ႕
ေဆးထုိးခံရတာမ်ိဳးတုိ႕ေလ။ ဒီေတာ့ သူငယ္ခ်င္းအခ်င္းခ်င္း ခ်စ္သူအျဖစ္ ျပန္ထားမိတဲ့ အခါ ဘာေတြ ဆုံး႐ႈံး
ရသလဲ၊ ဘာ ဆုိးက်ိဳးေတြ ရွိသလဲဆိုတာလဲ စိတ္၀င္စားဖုိ႕ ေကာင္းပါတယ္။ ေလ့လာၾကည့္ၾကဦး။
1. သူငယ္ခ်င္းတစ္ေယာက္ကို ဆုံး႐ႈံးရၿပီ

ခ်စ္သူလုိေရာ သူငယ္ခ်င္းလုိပါ ေနမယ္ဆုိ ေနလုိ႕မရပါဘူး။ ရတယ္လုိ႕ ထင္သေယာင္ေတာ့ ရွိပါတယ္။ တ
ကယ္ေတာ့ အကြာႀကီးပါ။ သင္ ခ်စ္သူဟာ သင့္သူငယ္ခ်င္းဆုိေပမယ့္ သူနဲ႕ သင္ ခ်စ္သူျဖစ္ၿပီဆုိကတည္း
က သင္တုိ႕ႏွစ္ေယာက္ သူငယ္ခ်င္းအျဖစ္က ပ်က္ဆဲၿပီး ခ်စ္သူဘ၀ကို ကူးသြားၾကတယ္လုိ႕ ေျပာလုိ႕ရပါ
တယ္။ ခ်စ္သူရဲ႕ အခ်စ္က သူငယ္ခ်င္းအခ်စ္ထက္ ပုိေကာင္းတယ္လုိ႕ ေျပာခ်င္ ေျပာပါ။ ဒါေပမယ့္ မတူတဲ့
ကြာျခားခ်က္ေတြ အမ်ားႀကီးရွိေနပါတယ္။
2. ေနာက္ျပန္လွည့္ဖုိ႕မလြယ္ဘူး။

ဒါကလည္း ခ်စ္ၿပီဆုိမွေတာ့ ဘယ္သူမွ ေနာက္မလွည့္ခ်င္ၾကပါဘူးေလ။ သုိ႕ေသာ္ ခ်စ္သူဘ၀ေရာက္သြား
မွ မဟုတ္တာေတြ မေကာင္းတာေတြ ဘူးေပၚသလုိ ေပၚသြားၾကတဲ့အခါမ်ိဳးမွာ တစ္ျခား ပုံစံနဲ႕ခ်စ္သူျဖစ္လာ
တဲ့ သူေတြထက္၊ ေနာက္ကုိ ျပန္လွည့္ဖုိ႕ ခက္ပါတယ္။ ဘာေၾကာင့္ဆုိ ဒီအခ်ိန္မွာ လာၿပီေလ။ သူငယ္ခ်င္း
ဆုိတဲ့ သံေယာဇဥ္ေၾကာင့္ေပါ့။
3. သူငယ္ခ်င္းဘ၀ကုိ ျပန္တမ္းတၾကမယ္။

ခ်စ္သူျဖစ္သြားတဲ့ သူငယ္ခ်င္းေတြဟာ သူငယ္ခ်င္းမဟုတ္ေတာ့တဲ့ ခ်စ္သူေတြ ျဖစ္သြားၾကၿပီမုိ႕ တစ္ခါ
တေလ သူငယ္ခ်င္းဘ၀က ပုိၿပီး ေပ်ာ္စရာေကာင္းမွာပဲလုိ႕ တမ္းတမိတာမ်ိဳး ရွိတတ္ပါတယ္။ တကယ္
လည္း သူငယ္ခ်င္းဘ၀တုန္းက မရွက္မေၾကာက္ ေျပာင္ေနာက္၊ က်ီဆယ္ခဲ့ၾကတဲ့ လြတ္လပ္မႈဟာ ခ်စ္
သူဘ၀မွာ စည္းႀကီးတစ္ခုျခားထားသလုိ ျပန္ၿပီးရဖုိ႕ ခက္ခဲပါတယ္။
4. သူငယ္ခ်င္းေတြၾကားထဲ ဗ်ာမ်ားရမယ္။

ခ်စ္သူရဲ႕ သူငယ္ခ်င္းေတြက သင့္သူငယ္ခ်င္းေတြေပါ့။ ဘာလုိ႕ဆုိ သင္တုိ႕က ခ်စ္သူမျဖစ္ခင္ကတည္းက
သူငယ္ခ်င္း ျဖစ္ထားၾကတာကုိး။ ဒီေတာ့ တစ္ခါတေလမွာ သင့္ခ်စ္သူ ကုိယ္တုိင္က “သူငယ္ခ်င္းကုိ
ေရြးမလား … ငါ့ကို ေရြးမလား …??? ”ဆုိတဲ့ ေမးခြန္းမ်ိဳးေမးလာရင္ သိပ္ က်ဥ္းၾကပ္ပါတယ္။ ဒါကလည္း
ခ်စ္သူဘ၀နဲ႕ သူငယ္ခ်င္းဘ၀ လုံး၀ ကြဲျပားေၾကာင္း သက္ေသေကာင္းတစ္ခုေပါ့။
5. ပုိင္ဆုိင္လုိစိတ္မွျဖစ္ေပၚလာတဲ့ မနာလုိစိတ္

မတူတဲ့ ခ်စ္ျခင္းႏွစ္ခုၾကားထဲမွာ သင့္ခ်စ္သူကုိ တစ္ျခား သူငယ္ခ်င္းေတြနဲ႕ ရင္းနီးေနတာမ်ိဳးဟာ သင့္
အတြက္ စိတ္ခ်မ္းသာစရာ မဟုတ္ေတာ့ပါဘူး။ ဒါကလည္း ပိုင္ဆုိင္လုိင္မႈကေန ျဖစ္ေပၚလာတဲ့ မနာလုိ
စိတ္ျဖစ္ၿပီး ရယ္စရာလည္း ေကာင္းပါတယ္။ ဘာေၾကာင့္ဆုိ တစ္ျခားသူေတြကလည္း သင့္ သူငယ္ခ်င္း
အရင္းေခါက္ေခါက္ေတြ ျဖစ္ေနေတာ့ သင့္အေနနဲ႕ သူတုိ႕ခ်င္း ဆက္ဆံေရးကုိ ႏႈတ္အားျဖင့္ ကန္႕ကြက္
ခြင့္ နည္းလုိ႕ပါ။
6. အခ်ည္းအႏွီးျဖစ္ရင္

သူငယ္ခ်င္းအခ်င္းခ်င္း နားလည္မႈေတြ အရမ္းရခဲ့လုိ႕ ခ်စ္သူဘ၀ ေျပာင္းခဲ့ၾကသူေတြမွာ တူညီတဲ့
တုိက္ဆုိင္မႈကေတာ့ သူငယ္ခ်င္းဘ၀တုန္းကေလာက္ နားလည္မႈ မရေတာ့တာပဲျဖစ္ပါတယ္။ ဒါက
လည္း ရွင္းေနၿပီးသားပဲ။ သူငယ္ခ်င္းဘ၀တုန္းက အခ်င္းခ်င္း ဖက္လွဲတကင္း ဖင္ပုတ္ေခါင္းပုတ္
ေနၾကတာ ဘာမွ စိတ္ထဲ မခံစားရေပမယ့္ သင္တုိ႕ႏွစ္ေယာက္ ခ်စ္သူေတြ ျဖစ္သြားတဲ့အခါ …
သူငယ္ခ်င္း အျဖစ္ ဆက္ရွိေနေသးတဲ့ က်န္တဲ့သူငယ္ခ်င္းေတြက ေနၿမဲအတုိင္း ေနမွာပဲေလ။ ဒီ
ေတာ့ သင္တုိ႕ရဲ႕ အျမင္က မတူကြဲျပားေနၿပီျဖစ္တဲ့အတြက္ အထင္နဲ႕အျမင္ ကြာျခားတဲ့ ခံစားမႈကုိ
လက္မခံခ်င္ဘဲ လက္ခံထားရေတာ့တယ္။

Credit:Auntymay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သူငယ်ချင်းကို မချစ်ရဘူးလို့ ဘယ်ငတေတွေက သတ်မှတ်ခဲ့လဲ-ဆိုတဲ့ သီချင်းနဲ့ ကျွန်တော့်ကို မကန့်ကွက်
ပါနဲ့လို့ ကြိုတောင်းပန်ထားချင်တယ်။ အမှန်တော့ အချစ်ဆိုတာ ဖြစ်ပေါ်တဲ့ သဘာဝပေါ်မူတည်ပြီး လက်ရှိ
ဘဝတွေအပေါ် သက်ရောက်မှုတွေ ရှိပါတယ်။ ဥပမာ ကျောင်းဆရာမကို ချစ်မိရင် ခေါင်းခေါက်ခံတဲ့ အဖြစ်
မျိုးလေးတွေပေါ့၊ တစ်ချို့ကကျတော့ ဒေါက်တာကို ချစ်မိလို့ တစ်ခုခု နေမကောင်းထိုင်မကောင်းဖြစ်တာနဲ့
ဆေးထိုးခံရတာမျိုးတို့လေ။ ဒီတော့ သူငယ်ချင်းအချင်းချင်း ချစ်သူအဖြစ် ပြန်ထားမိတဲ့ အခါ ဘာတွေ ဆုံးရှုံး
ရသလဲ၊ ဘာ ဆိုးကျိုးတွေ ရှိသလဲဆိုတာလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လေ့လာကြည့်ကြဦး။
1. သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးရပြီ

ချစ်သူလိုရော သူငယ်ချင်းလိုပါ နေမယ်ဆို နေလို့မရပါဘူး။ ရတယ်လို့ ထင်သယောင်တော့ ရှိပါတယ်။ တ
ကယ်တော့ အကွာကြီးပါ။ သင် ချစ်သူဟာ သင့်သူငယ်ချင်းဆိုပေမယ့် သူနဲ့ သင် ချစ်သူဖြစ်ပြီဆိုကတည်း
က သင်တို့နှစ်ယောက် သူငယ်ချင်းအဖြစ်က ပျက်ဆဲပြီး ချစ်သူဘဝကို ကူးသွားကြတယ်လို့ ပြောလို့ရပါ
တယ်။ ချစ်သူရဲ့ အချစ်က သူငယ်ချင်းအချစ်ထက် ပိုကောင်းတယ်လို့ ပြောချင် ပြောပါ။ ဒါပေမယ့် မတူတဲ့
ကွာခြားချက်တွေ အများကြီးရှိနေပါတယ်။
2. နောက်ပြန်လှည့်ဖို့မလွယ်ဘူး။

ဒါကလည်း ချစ်ပြီဆိုမှတော့ ဘယ်သူမှ နောက်မလှည့်ချင်ကြပါဘူးလေ။ သို့သော် ချစ်သူဘဝရောက်သွား
မှ မဟုတ်တာတွေ မကောင်းတာတွေ ဘူးပေါ်သလို ပေါ်သွားကြတဲ့အခါမျိုးမှာ တစ်ခြား ပုံစံနဲ့ချစ်သူဖြစ်လာ
တဲ့ သူတွေထက်၊ နောက်ကို ပြန်လှည့်ဖို့ ခက်ပါတယ်။ ဘာကြောင့်ဆို ဒီအချိန်မှာ လာပြီလေ။ သူငယ်ချင်း
ဆိုတဲ့ သံယောဇဉ်ကြောင့်ပေါ့။
3. သူငယ်ချင်းဘဝကို ပြန်တမ်းတကြမယ်။

ချစ်သူဖြစ်သွားတဲ့ သူငယ်ချင်းတွေဟာ သူငယ်ချင်းမဟုတ်တော့တဲ့ ချစ်သူတွေ ဖြစ်သွားကြပြီမို့ တစ်ခါ
တလေ သူငယ်ချင်းဘဝက ပိုပြီး ပျော်စရာကောင်းမှာပဲလို့ တမ်းတမိတာမျိုး ရှိတတ်ပါတယ်။ တကယ်
လည်း သူငယ်ချင်းဘဝတုန်းက မရှက်မကြောက် ပြောင်နောက်၊ ကျီဆယ်ခဲ့ကြတဲ့ လွတ်လပ်မှုဟာ ချစ်
သူဘဝမှာ စည်းကြီးတစ်ခုခြားထားသလို ပြန်ပြီးရဖို့ ခက်ခဲပါတယ်။
4. သူငယ်ချင်းတွေကြားထဲ ဗျာများရမယ်။

ချစ်သူရဲ့ သူငယ်ချင်းတွေက သင့်သူငယ်ချင်းတွေပေါ့။ ဘာလို့ဆို သင်တို့က ချစ်သူမဖြစ်ခင်ကတည်းက
သူငယ်ချင်း ဖြစ်ထားကြတာကိုး။ ဒီတော့ တစ်ခါတလေမှာ သင့်ချစ်သူ ကိုယ်တိုင်က “သူငယ်ချင်းကို
ရွေးမလား … ငါ့ကို ရွေးမလား …??? ”ဆိုတဲ့ မေးခွန်းမျိုးမေးလာရင် သိပ် ကျဉ်းကြပ်ပါတယ်။ ဒါကလည်း
ချစ်သူဘဝနဲ့ သူငယ်ချင်းဘ၀ လုံး၀ ကွဲပြားကြောင်း သက်သေကောင်းတစ်ခုပေါ့။
5. ပိုင်ဆိုင်လိုစိတ်မှဖြစ်ပေါ်လာတဲ့ မနာလိုစိတ်

မတူတဲ့ ချစ်ခြင်းနှစ်ခုကြားထဲမှာ သင့်ချစ်သူကို တစ်ခြား သူငယ်ချင်းတွေနဲ့ ရင်းနီးနေတာမျိုးဟာ သင့်
အတွက် စိတ်ချမ်းသာစရာ မဟုတ်တော့ပါဘူး။ ဒါကလည်း ပိုင်ဆိုင်လိုင်မှုကနေ ဖြစ်ပေါ်လာတဲ့ မနာလို
စိတ်ဖြစ်ပြီး ရယ်စရာလည်း ကောင်းပါတယ်။ ဘာကြောင့်ဆို တစ်ခြားသူတွေကလည်း သင့် သူငယ်ချင်း
အရင်းခေါက်ခေါက်တွေ ဖြစ်နေတော့ သင့်အနေနဲ့ သူတို့ချင်း ဆက်ဆံရေးကို နှုတ်အားဖြင့် ကန့်ကွက်
ခွင့် နည်းလို့ပါ။
6. အချည်းအနှီးဖြစ်ရင်

သူငယ်ချင်းအချင်းချင်း နားလည်မှုတွေ အရမ်းရခဲ့လို့ ချစ်သူဘ၀ ပြောင်းခဲ့ကြသူတွေမှာ တူညီတဲ့
တိုက်ဆိုင်မှုကတော့ သူငယ်ချင်းဘဝတုန်းကလောက် နားလည်မှု မရတော့တာပဲဖြစ်ပါတယ်။ ဒါက
လည်း ရှင်းနေပြီးသားပဲ။ သူငယ်ချင်းဘဝတုန်းက အချင်းချင်း ဖက်လှဲတကင်း ဖင်ပုတ်ခေါင်းပုတ်
နေကြတာ ဘာမှ စိတ်ထဲ မခံစားရပေမယ့် သင်တို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားတဲ့အခါ …
သူငယ်ချင်း အဖြစ် ဆက်ရှိနေသေးတဲ့ ကျန်တဲ့သူငယ်ချင်းတွေက နေမြဲအတိုင်း နေမှာပဲလေ။ ဒီ
တော့ သင်တို့ရဲ့ အမြင်က မတူကွဲပြားနေပြီဖြစ်တဲ့အတွက် အထင်နဲ့အမြင် ကွာခြားတဲ့ ခံစားမှုကို
လက်မခံချင်ဘဲ လက်ခံထားရတော့တယ်။

Credit:Auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top