iMyanmarHouse.com - Best Property Website for Myanmar
×

အခုရက္ပိုင္းအတြင္းမွာ ေဂါင္ယူးနဲ႔ ႐ုပ္ခ်င္းဆင္တယ္လို႔ နာမည္ႀကီးေနတဲ့ ဖိလစ္ပိုင္က KFC ဝန္ထမ္းဟာ အခုဆုိရင္ ေမာ္ဒယ္အျဖစ္ အလုပ္စတင္လက္ခံလုိက္ၿပီျဖစ္ပါတယ္။

ယင္းဝန္ထမ္းအေၾကာင္း အြန္လုိင္းမွာ ပ်ံ႕ႏွံ႔သြားတာနဲ႔ ခ်က္ခ်င္းပဲ KFC က အဲဒီဝန္ထမ္းကို ကုမၸဏီရဲ႕ ေမာ္ဒယ္လုပ္ေပးဖို႔ ကမ္းလွမ္းခဲ့ၿပီး KFC ရဲ႕အေရာင္းျမႇင့္တင္ေရးေၾကာ္ျငာမွာ ပါဝင္ခဲ့ရပါတယ္။

အဲဒီ Promotion အစီအစဥ္အရ ကံေကာင္းသူတစ္ဦးဟာ KFC ရဲ႕ လက္ေဆာင္ကတ္ေတြကို ရရွိမွာ ျဖစ္တဲ့အျပင္ ေဂါင္ယူးနဲ႔တူတဲ့ KFC ဝန္ထမ္းနဲ႔ ဓာတ္ပံု႐ိုက္ကူးခြင့္ ရရွိမွာ ျဖစ္ပါတယ္။

KFC ဖိလစ္ပိုင္မွာျပဳလုပ္တဲ့ အဲဒီအစီအစဥ္ဟာ Goblin's Bride ဓာတ္ပံုၿပိဳင္ပြဲျဖစ္ၿပီး ဓာတ္ပံုေတြကို ဇြန္လ၂၅ ရက္ေန႔ ေနာက္ဆံုးထား ေပးပို႔ရမည္ျဖစ္ကာ ေရြးခ်ယ္ခံရသူကို ဇြန္လ ၂၆ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံသူ  Eriel Pangan Mendoza က KFC ၾကက္ေၾကာ္ဆုိင္တစ္ဆုိင္မွာ တာင္ကိုရီးယားမင္းသား ေဂါင္ယူးကနဲ႔ ႐ုပ္ခ်င္းအေတာ္ေလးဆင္တူတဲ့ ဝန္ထမ္းတစ္ဦးကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ သူမက ထုိဝန္ထမ္းရဲ႕ဓာတ္ပံုကို ယခုတစ္ပတ္အတြင္းမွာပဲ ေဖ့စ္ဘြတ္ေပၚမွာ တင္ခဲ့ၿပီးတဲ့ေနာက္ နာမည္ႀကီးသြားခဲ့တာ ျဖစ္ပါတယ္။

"Goblin ဇာတ္ကားထဲက ကင္ရွင္းကို ေတြ႕လုိက္တယ္။ သူ႔ဓားကိုေတာင္ ေတြ႕လုိက္ေသးတယ္။ အဲဒါ ကၽြန္မက သူ႔ရဲ႕သတို႔သမီးေလးျဖစ္မယ့္ အဓိပၸာယ္လား။

ဘုရားေရ..ကၽြန္မ ရွင့္ရဲ႕နာမည္ကတ္ျပားကို မျမင္မိဘူး။ ရွင္က တကယ္ပဲ ေဂါင္ယူးနဲ႔တူတာပဲ။

ကၽြန္မ ကိုရီးယားကို သြားစရာမလုိေတာ့ဘူး။ ဒီေန႔ ဒီမွာ သူ႔ကို ေတြ႕ရၿပီေလ" လို႔ သူမက ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေဖ့စ္ဘြတ္ပို႔စ္ဟာ Like ၁၅,၀၀၀ ရရွိခဲ့ၿပီး ကြန္မန္႔ ၂၀,၀၀၀ ရွိခဲ့ပါတယ္။ တကယ္လည္း ၾကက္ေၾကာ္ဆုိင္က ေကာင္ေလးက ေဂါင္ယူးနဲ႔တူေနေတာ့ အားလံုးက တအံ့တၾသျဖစ္ကုန္ၾကတာပါ။

ေတာင္ကိုရီးယားမင္းသား ေဂါင္ယူးဟာ ၂၀၁၆ ခုႏွစ္မွာ ျပသခဲ့တဲ့ The Age of Shadows နဲ႔ Train To Busan ဇာတ္ကားတုိ႔နဲ႔ လူႀကိဳက္မ်ားလာတာျဖစ္ၿပီး  ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္မွာ ျပသခဲ့တဲ့ Goblin ( Guardian: The Lonely and Great God ) ဇာတ္လမ္းတြြဲေၾကာင့္ ေတာင္ကိုရီးယားမွာသာမက အျခားႏိုင္ငံမ်ား (အထူးသျဖင့္ အာရွမွာ) ေပၚျပဴလာအျဖစ္ဆံုးမင္းသားတစ္လက္ ျဖစ္လာခဲ့ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အခုရက်ပိုင်းအတွင်းမှာ ဂေါင်ယူးနဲ့ ရုပ်ချင်းဆင်တယ်လို့ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင်က KFC ဝန်ထမ်းဟာ အခုဆိုရင် မော်ဒယ်အဖြစ် အလုပ်စတင်လက်ခံလိုက်ပြီဖြစ်ပါတယ်။

ယင်းဝန်ထမ်းအကြောင်း အွန်လိုင်းမှာ ပျံ့နှံ့သွားတာနဲ့ ချက်ချင်းပဲ KFC က အဲဒီဝန်ထမ်းကို ကုမ္ပဏီရဲ့ မော်ဒယ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး KFC ရဲ့အရောင်းမြှင့်တင်ရေးကြော်ငြာမှာ ပါဝင်ခဲ့ရပါတယ်။

အဲဒီ Promotion အစီအစဉ်အရ ကံကောင်းသူတစ်ဦးဟာ KFC ရဲ့ လက်ဆောင်ကတ်တွေကို ရရှိမှာ ဖြစ်တဲ့အပြင် ဂေါင်ယူးနဲ့တူတဲ့ KFC ဝန်ထမ်းနဲ့ ဓာတ်ပုံရိုက်ကူးခွင့် ရရှိမှာ ဖြစ်ပါတယ်။

KFC ဖိလစ်ပိုင်မှာပြုလုပ်တဲ့ အဲဒီအစီအစဉ်ဟာ Goblin's Bride ဓာတ်ပုံပြိုင်ပွဲဖြစ်ပြီး ဓာတ်ပုံတွေကို ဇွန်လ၂၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကာ ရွေးချယ်ခံရသူကို ဇွန်လ ၂၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသူ  Eriel Pangan Mendoza က KFC ကြက်ကြော်ဆိုင်တစ်ဆိုင်မှာ တာင်ကိုရီးယားမင်းသား ဂေါင်ယူးကနဲ့ ရုပ်ချင်းအတော်လေးဆင်တူတဲ့ ဝန်ထမ်းတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူမက ထိုဝန်ထမ်းရဲ့ဓာတ်ပုံကို ယခုတစ်ပတ်အတွင်းမှာပဲ ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပြီးတဲ့နောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။

"Goblin ဇာတ်ကားထဲက ကင်ရှင်းကို တွေ့လိုက်တယ်။ သူ့ဓားကိုတောင် တွေ့လိုက်သေးတယ်။ အဲဒါ ကျွန်မက သူ့ရဲ့သတို့သမီးလေးဖြစ်မယ့် အဓိပ္ပာယ်လား။

ဘုရားရေ..ကျွန်မ ရှင့်ရဲ့နာမည်ကတ်ပြားကို မမြင်မိဘူး။ ရှင်က တကယ်ပဲ ဂေါင်ယူးနဲ့တူတာပဲ။

ကျွန်မ ကိုရီးယားကို သွားစရာမလိုတော့ဘူး။ ဒီနေ့ ဒီမှာ သူ့ကို တွေ့ရပြီလေ" လို့ သူမက ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖေ့စ်ဘွတ်ပို့စ်ဟာ Like ၁၅,၀၀၀ ရရှိခဲ့ပြီး ကွန်မန့် ၂၀,၀၀၀ ရှိခဲ့ပါတယ်။ တကယ်လည်း ကြက်ကြော်ဆိုင်က ကောင်လေးက ဂေါင်ယူးနဲ့တူနေတော့ အားလုံးက တအံ့တသြဖြစ်ကုန်ကြတာပါ။

တောင်ကိုရီးယားမင်းသား ဂေါင်ယူးဟာ ၂၀၁၆ ခုနှစ်မှာ ပြသခဲ့တဲ့ The Age of Shadows နဲ့ Train To Busan ဇာတ်ကားတို့နဲ့ လူကြိုက်များလာတာဖြစ်ပြီး  ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ ပြသခဲ့တဲ့ Goblin ( Guardian: The Lonely and Great God ) ဇာတ်လမ်းတွဲကြောင့် တောင်ကိုရီးယားမှာသာမက အခြားနိုင်ငံများ (အထူးသဖြင့် အာရှမှာ) ပေါ်ပြူလာအဖြစ်ဆုံးမင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top