iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစံုတြဲေတြၾကားမွာ မၾကာခဏဆိုသလို ၾကားေနရတဲ့စကားက ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္ဆိုတဲ့စကားပါပဲ။အဲဒီလို ခဏခဏျငင္းခံုစကားမ်ားတတ္တဲ့ ခ်စ္သူစံုတြဲေတြအေနနဲ႔ပိုမိုခိုင္ၿမဲၾကတယ္ဆိုတဲ့ ေလ့လာေတြ႕ ရွိခ်က္ေတြလည္းရွိေန ပါတယ္။အမ်ားအားျဖင့္ လူေတြက စကားမ်ားရန္ျဖစ္ၿပီဆိုတာနဲ႔ျဖစ္ေပၚလာတဲ့စိတ္ခံစားမႈေပၚမူတည္ၿပီးတုန္႔ျပန္တတ္ ၾကပါတယ္။အဲဒီလို ရန္ျဖစ္စကားမ်ားခ်ိန္မွာ ဟန္ေဆာင္ဖံုးကြယ္ထားမႈေတြလည္း အလိုလိုကြာက်ကုန္ပါတယ္။ဒါေၾကာင့္ ခဏခဏစကားမ်ားတဲ့ ခ်စ္သူေတြၾကားမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္လင္းမႈရွိလာၿပီး မေျပလည္တဲ့အခ်က္ေတြ ကိုလည္းအရွိအတိုင္းသိလာရတဲ့အတြက္ relationshipကိုပိုမိုခိုင္ၿမဲေစတယ္လို႔ယူဆႏိုင္ပါတယ္။

ေနာက္ထပ္ဘယ္လို အခ်က္ေတြေၾကာင့္ ဒီလို မၾကာခဏျငင္းခံုစကားမ်ားတတ္တဲ့ စံုတြဲေတြ ေရရွည္တည္ၿမဲသလဲဆိုတာ auntymay ပရိသတ္ႀကီးသိႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
(၁)နာၾကည္းမုန္းတီးမႈမရွိျခင္း

ခ်စ္သူေတြျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ နာၾကည္းမုန္းတီးမႈေတာ့ထားမွာမဟုတ္ဘူးလို႔ယူဆပါတယ္။ တခါတေလ သေဘာထားခ်င္း မတိုက္ဆိုင္လို႔၊အယူအဆေတြမကိုက္ညီလို႔သာ ျငင္းခံုစကားမ်ားၾကျခင္းျဖစ္ပါတယ္။ အဲဒီလို မၾကာခဏ ျငင္းခံုရပါမ်ား လာေတာ့လည္း ဒီစကားေျပာရင္ ဒီေလသံထြက္လာမယ္ဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ ႀကိဳသိေနသလို မေျပလည္မႈေတြ၊ တဒဂၤ မေက်နပ္မႈေတြထုတ္ေဖာ္လိုက္ရတဲ့အတြက္လည္း ႏွစ္ေယာက္လံုး စိတ္ထဲရွင္းသြားသလိုခံစားရမွာပါ။က်န္းမာေရးရႈေထာင့္ကေနၾကည့္မယ္ဆိုရင္လည္း ဒီလို မေကာင္းတဲ့ခံစားခ်က္ေတြ ဖြင့္ထုတ္လိုက္ရတဲ့အတြက္  စိတ္ေအးခ်မ္းသက္သာမႈကိုျဖစ္ေစလို႔ ခ်စ္သူေတြခိုင္ၿမဲ ဖို႔အခြင့္ အေရးရေစတာျဖစ္ပါတယ္။
(၂)တူညီတဲ့အခ်က္ေတြသိႏိုင္ျခင္း

ခ်စ္သူေတြအတြက္ အဓိကအေရးႀကီးတဲ့အခ်က္က မတူညီတာေတြေတြ႕တိုင္း ရွင္းရွင္းလင္းလင္းျဖစ္တဲ့အထိ ညိွႏိႈင္းဖို႔၊ အေျဖရွာဖို႔မပ်င္းဖို႔လိုပါတယ္။တခါတေလ ႏွစ္ဦးၾကား မေက်နပ္စရာကိစၥေတြက တအံုေႏြးေႏြးရွိေနတတ္ပါတယ္။အဲဒါနဲ႔ ဆန္႔က်င္ဘက္ကေတာ့ ႏွစ္ေယာက္သားေျပလည္တဲ့အထိ ရွင္းလင္းလိုက္ၿပီဆိုရင္ေတာ့ တစ္ေယာက္လိုအပ္ခ်က္၊ တစ္ေယာက္ရဲ႕ အားနည္းခ်က္ေတြကို ပိုၿပီးသိလာမယ္၊ နားလည္ေပးႏိုင္လာမယ္။ႏွစ္ေယာက္လံုး တူညီစြာလိုအပ္ေနတဲ့ အခ်က္က ဘာ ဆိုတာရွင္းရွင္းလင္းလင္းသိရတဲ့အတြက္  ေဆာင္ရန္၊ေရွာင္ရန္ေတြကိုသိလာၿပီး ေရရွည္ခိုင္ၿမဲတဲ့ relationshipကို တည္ေဆာက္ႏိုင္ျခင္းျဖစ္ပါတယ္။

(၃)စိန္ေခၚမႈေတြကိုအတူတူ ရင္ဆိုင္ေျဖရွင္းႏိုင္ျခင္း

တခါတေလ ႏွစ္ေယာက္ျငင္းခံုမႈကေနျဖစ္ေနတဲ့ ျပႆနာေျပလည္သြားရံုတင္မကဘဲ တျခား အခက္အခဲေတြကိုပါ ေျပ လည္သြားေစတာမ်ိဳး ႀကံဳဖူးၾကမွာပါ။ႏွစ္ဦးသားေရွ႕ေရးအတြက္ေငြစုဖို႔တိုင္ပင္တဲ့အခါ ေယာက္်ားေလးျဖစ္လို႔ပိုစုရမယ္၊ မိန္းကေလးျဖစ္လို႔ ေလွ်ာ့စုရမယ္ျငင္းခုံရင္း ႏွစ္ေယာက္အဆင္ေျပေစမယ့္ ပမာဏတစ္ခုကိုေျပာင္းလဲသတ္မွတ္စုႏိုင္တယ္ဆိုတာသိလာႏိုင္သလို ပိုလွ်ံတဲ့ေငြပမာဏကို တျခားႏွစ္ဦးလံုးအတြက္လိုအပ္တဲ့ ေနရာေတြမွာ အသံုးျပဳလို႔အဆင္ေျပသြားတာမ်ိဳးေတြလည္းႀကံဳဖူးၾကမွာပါ။ဒါက ဥပမာတစ္ခုျပျခင္းျဖစ္ပါတယ္။အဲဒီလိုပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ျငင္းခံုရင္းကေန အားသာခ်က္အားနည္းခ်က္ေတြသိလာၿပီး ႏွစ္ဦးလံုးရင္ဆိုင္ရႏိုင္တဲ့တျခားစိန္ေခၚမႈေတြကို အတူတူရင္ဆိုင္ေျဖရွင္းဖို႔ တြန္းအားျဖစ္ေစမွာပါ။အေရးႀကီးဆံုးအခ်က္ကေတာ့ ခ်စ္သူေတြရဲ႕ ျငင္းခံုစကားမ်ားမႈက ရန္သူေတြရဲ႕ စစ္ပြဲလိုမ်ိဳးမျဖစ္ဖို႔ပါပဲ။ခ်စ္သူေတြၾကား မွာ ေလညွင္းတိုက္ခတ္တဲ့အခ်ိန္၊ မုန္တိုင္းထန္တဲ့အခ်ိန္ဆိုၿပီးရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္အေျခအေနေလးကပဲ ခ်စ္သူေတြၾကားမွာနားလည္မႈေတြပိုရွိေစႏိုင္မွာပါ။

Credit:Myo Myo (auntymay)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ချစ်သူစုံတွဲတွေကြားမှာ မကြာခဏဆိုသလို ကြားနေရတဲ့စကားက ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့စကားပါပဲ။အဲဒီလို ခဏခဏငြင်းခုံစကားများတတ်တဲ့ ချစ်သူစုံတွဲတွေအနေနဲ့ပိုမိုခိုင်မြဲကြတယ်ဆိုတဲ့ လေ့လာတွေ့ ရှိချက်တွေလည်းရှိနေ ပါတယ်။အများအားဖြင့် လူတွေက စကားများရန်ဖြစ်ပြီဆိုတာနဲ့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုပေါ်မူတည်ပြီးတုန့်ပြန်တတ် ကြပါတယ်။အဲဒီလို ရန်ဖြစ်စကားများချိန်မှာ ဟန်ဆောင်ဖုံးကွယ်ထားမှုတွေလည်း အလိုလိုကွာကျကုန်ပါတယ်။ဒါကြောင့် ခဏခဏစကားများတဲ့ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိလာပြီး မပြေလည်တဲ့အချက်တွေ ကိုလည်းအရှိအတိုင်းသိလာရတဲ့အတွက် relationshipကိုပိုမိုခိုင်မြဲစေတယ်လို့ယူဆနိုင်ပါတယ်။

နောက်ထပ်ဘယ်လို အချက်တွေကြောင့် ဒီလို မကြာခဏငြင်းခုံစကားများတတ်တဲ့ စုံတွဲတွေ ရေရှည်တည်မြဲသလဲဆိုတာ auntymay ပရိသတ်ကြီးသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁)နာကြည်းမုန်းတီးမှုမရှိခြင်း

ချစ်သူတွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နာကြည်းမုန်းတီးမှုတော့ထားမှာမဟုတ်ဘူးလို့ယူဆပါတယ်။ တခါတလေ သဘောထားချင်း မတိုက်ဆိုင်လို့၊အယူအဆတွေမကိုက်ညီလို့သာ ငြင်းခုံစကားများကြခြင်းဖြစ်ပါတယ်။ အဲဒီလို မကြာခဏ ငြင်းခုံရပါများ လာတော့လည်း ဒီစကားပြောရင် ဒီလေသံထွက်လာမယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကြိုသိနေသလို မပြေလည်မှုတွေ၊ တဒင်္ဂ မကျေနပ်မှုတွေထုတ်ဖော်လိုက်ရတဲ့အတွက်လည်း နှစ်ယောက်လုံး စိတ်ထဲရှင်းသွားသလိုခံစားရမှာပါ။ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း ဒီလို မကောင်းတဲ့ခံစားချက်တွေ ဖွင့်ထုတ်လိုက်ရတဲ့အတွက်  စိတ်အေးချမ်းသက်သာမှုကိုဖြစ်စေလို့ ချစ်သူတွေခိုင်မြဲ ဖို့အခွင့် အရေးရစေတာဖြစ်ပါတယ်။
(၂)တူညီတဲ့အချက်တွေသိနိုင်ခြင်း

ချစ်သူတွေအတွက် အဓိကအရေးကြီးတဲ့အချက်က မတူညီတာတွေတွေ့တိုင်း ရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိ ညှိနှိုင်းဖို့၊ အဖြေရှာဖို့မပျင်းဖို့လိုပါတယ်။တခါတလေ နှစ်ဦးကြား မကျေနပ်စရာကိစ္စတွေက တအုံနွေးနွေးရှိနေတတ်ပါတယ်။အဲဒါနဲ့ ဆန့်ကျင်ဘက်ကတော့ နှစ်ယောက်သားပြေလည်တဲ့အထိ ရှင်းလင်းလိုက်ပြီဆိုရင်တော့ တစ်ယောက်လိုအပ်ချက်၊ တစ်ယောက်ရဲ့ အားနည်းချက်တွေကို ပိုပြီးသိလာမယ်၊ နားလည်ပေးနိုင်လာမယ်။နှစ်ယောက်လုံး တူညီစွာလိုအပ်နေတဲ့ အချက်က ဘာ ဆိုတာရှင်းရှင်းလင်းလင်းသိရတဲ့အတွက်  ဆောင်ရန်၊ရှောင်ရန်တွေကိုသိလာပြီး ရေရှည်ခိုင်မြဲတဲ့ relationshipကို တည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။

(၃)စိန်ခေါ်မှုတွေကိုအတူတူ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း

တခါတလေ နှစ်ယောက်ငြင်းခုံမှုကနေဖြစ်နေတဲ့ ပြဿနာပြေလည်သွားရုံတင်မကဘဲ တခြား အခက်အခဲတွေကိုပါ ပြေ လည်သွားစေတာမျိုး ကြုံဖူးကြမှာပါ။နှစ်ဦးသားရှေ့ရေးအတွက်ငွေစုဖို့တိုင်ပင်တဲ့အခါ ယောက်ျားလေးဖြစ်လို့ပိုစုရမယ်၊ မိန်းကလေးဖြစ်လို့ လျှော့စုရမယ်ငြင်းခုံရင်း နှစ်ယောက်အဆင်ပြေစေမယ့် ပမာဏတစ်ခုကိုပြောင်းလဲသတ်မှတ်စုနိုင်တယ်ဆိုတာသိလာနိုင်သလို ပိုလျှံတဲ့ငွေပမာဏကို တခြားနှစ်ဦးလုံးအတွက်လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုလို့အဆင်ပြေသွားတာမျိုးတွေလည်းကြုံဖူးကြမှာပါ။ဒါက ဥပမာတစ်ခုပြခြင်းဖြစ်ပါတယ်။အဲဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံရင်းကနေ အားသာချက်အားနည်းချက်တွေသိလာပြီး နှစ်ဦးလုံးရင်ဆိုင်ရနိုင်တဲ့တခြားစိန်ခေါ်မှုတွေကို အတူတူရင်ဆိုင်ဖြေရှင်းဖို့ တွန်းအားဖြစ်စေမှာပါ။အရေးကြီးဆုံးအချက်ကတော့ ချစ်သူတွေရဲ့ ငြင်းခုံစကားများမှုက ရန်သူတွေရဲ့ စစ်ပွဲလိုမျိုးမဖြစ်ဖို့ပါပဲ။ချစ်သူတွေကြား မှာ လေညှင်းတိုက်ခတ်တဲ့အချိန်၊ မုန်တိုင်းထန်တဲ့အချိန်ဆိုပြီးရန်ဖြစ်လိုက် ပြန်ချစ်လိုက်အခြေအနေလေးကပဲ ချစ်သူတွေကြားမှာနားလည်မှုတွေပိုရှိစေနိုင်မှာပါ။

Credit:Myo Myo (auntymay)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top