iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူပဲျဖစ္ျဖစ္ အေၾကာက္ဆုံး ေမးခြန္းေတြဆုိတာ ရွိပါတယ္။ ဥပမာ သူခုိးေပါ့။ မင္း ခုိးသလား-ဆုိတာမ်ိဳး။ မီးဖုိေခ်ာင္
ထဲက လက္မွာ အုိးမည္းေတြေပၿပီး ထြက္လာတဲ့ လူကုိ မင္း ဟင္းခုိးစားသလား-ဆုိတာမ်ိဳး။ အဲဒီလုိပဲ ကိုယ္ မေျဖခ်င္တဲ့
ေမးခြန္းမ်ိဳးေတြ ေမးလာရင္ အေမးခံရသူမွာ စိတ္ၾကဥ္းၾကပ္မႈေတြျဖစ္ၿပီး ေဇာေခၽြးေတြ ၿပိဳက္ကနဲ ၿပိဳက္ကနဲ က်တဲ့အထိ
ျဖစ္ေစႏုိင္ပါတယ္။ အခုလည္း single ေတြ ဟာ ဘယ္လုိေမးခြန္းေတြကို အေၾကာက္ဆုံးလဲဆုိတာ ေဖာ္ျပေပးလိုက္ပါ
တယ္။
1. မစြံေသးဘူးလား/ဘယ္ေတာ့စားရမွာလဲ၊

ဘယ္ေတာ့ စားရမွာလဲ ေမးလာရင္ (ငါတုိ႕ေကၽြးမွ စားရမယ့္ဘ၀ေပါ့)လုိ႕ ျပန္ကြန္႕ရင္ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕က်
ေတာ့ ထင္မွတ္မထားတဲ့ အေျခအေနမွာ ဒီလုိ ေမးခြန္းမ်ိဳး အေမးခံရရင္ ပလက္ေပါက္ကိုပဲ လက္နဲ႕ ထႏႈိက္ရေတာ့
မလုိလုိ ေၾကာင္ေတာင္ေတာင္ ျဖစ္တတ္ပါတယ္။
2. နည္းနည္းအုိစာသြားသလုိပဲေနာ္။

ဒီလို ေျပာရင္ သင္ေရာ ကၽြန္ေတာ္ေရာ တင္းတာပဲ။ မ်ားေသာအားျဖင့္ ကုိယ္နဲ႕ သက္တူရြယ္တူ သူငယ္ခ်င္းေတြက
ေျပာတာ ပုိ အခံရခက္ပါတယ္။ လူေတြကလည္း သူတုိ႕နဲ႕ ပုဂၢိဳလ္ေရးအရ သိထားတဲ့ လူေတြထဲမွာ အသက္(25)ႏွစ္
ေလာက္နဲ႕ အိမ္ေထာင္က်သြားတဲ့လူေတြနဲ႕ ယွဥ္ရင္ ကုိယ္ လက္ရွိ အသက္(25)ႏွစ္ေလာက္ကပ ပုိၿပီး အုိစာေနသ
လုိမ်ိဳး ေျပာတတ္ပါတယ္။
3. အထီးမက်န္ဘူးလား။

ရည္းစားတုိ႕ အိမ္ေထာင္ဘက္တုိ႕ မရွိတာနဲ႕ အထီးက်န္ျဖစ္မွာပဲလုိ႕ သာမာန္ယူဆတဲ့ အေတြးခပ္ေခ်ာင္ေခ်ာင္လူေတြ
က အဲဒီလုိ ေမးခြန္းေတြ ေမးတတ္ပါတယ္။ အဲဒီလုိ လူေတြကို ကုိယ္က အထီးမက်န္ပါဘူး၊ မိဘေတြ၊ ညီအစ္ကို
ေမာင္ႏွမေတြ ရွိသားပဲ-ဆုိၿပီး ျပန္ေျခပတဲ့အခါမွာ သူတုိ႕က မဟုတ္ဖူးေလ … ငါတုိ႕ ဆုိလုိတာက အိမ္ေထာင္ဘက္
ရဲ႕ ျပဳစုယုရမႈကို မခံစားရတဲ့ မင္းရဲ႕ ေျခာက္ကပ္ကပ္ဘ၀ကုိ ေျပာတာ-ဆုိၿပီး ျပန္ ေျဖၾကပါ့လိမ့္မယ္။
4. ငါ ေအာင္သြယ္ေပးရမလား

ဒါက သင့္ကို အိမ္ေထာင္ဘက္/ရည္စားေတာင္ သူမ်ားလုိ ျဖစ္ျဖစ္ေျမာက္ေျမာက္ ရွာႏုိင္တာမဟုတ္ဖူး-ဆုိတဲ့
အဓိပၸါယ္ပါ။ အမွန္က သူတုိ႕လည္း တစ္ေယာက္နဲ႕ တစ္ေယာက္ လက္တည့္စမ္းၿပီး ရထားတာလည္း ျဖစ္ႏုိင္
ေကာင္းတယ္။ တကယ္လုိ႕ သင္က လုပ္ပါဦး ကူညီႏုိင္ရင္ ကူညီပါဦး-လုိ႕ ေျပာမိတဲ့အခါ မင္း႐ုပ္ မင္းရည္နဲ႕
ဘယ္လုိ ေကာင္မေလးက ႀကိဳက္မွာလဲလုိ႕ ပိတ္ေျပာလုိက္ကာမွ သင္ ပုိရွက္ေနရမယ္။

5. ခ်ိန္ပါႀကီး

ဒါကေတာ့ အမ်ိဳးသားေတြအတြက္ ဆုိလုိပါတယ္။ ခ်ိန္လုိက္တုိင္း ပါပါသြားလုိ႕။ ဟုိး ေရွးေရွးတုန္းကေတာ့
အခ်ိန္တန္တဲ့အထိ ေယာက္်ားမရေသးတဲ့ အမ်ိဳးသမီးေတြကုိ “ဗုိင္းတာမ”လုိ႕ ေခၚၾကတယ္-တဲ့။ အမွန္က
“ဗိုင္းနာမ”ပါ။ ဘာေၾကာင့္ အဲသလုိ ေခၚသလဲဆုိတာ့ ပုိးမယ္လူပ်ိဳက မရွိေတာ့ “ဗုိင္းကုိပဲ နာနာငင္ရလုိ႕-
ဗုိင္းနာမ”လုိ႕ ေခၚတယ္လုိ႕ သိရပါတယ္။ အခုေခတ္က အဲဒီလုိ အေခၚခံရရင္ကို ဆဲတယ္လုိ႕ထင္တဲ့သူေတြ
လည္း ရွိမယ္ထင္ပါတယ္။ ဗုိင္းငင္တာလည္း သိသူနည္းမယ္ထင္တယ္။ ခ်ည္ငင္-တာကို ဆုိလုိပါတယ္။
ခ်ိန္ပါဆုိတာလဲ ဗုိင္းတာမနဲ႕ အတူတူပါဘဲ။

Credit:Auntymay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဘယ်သူပဲဖြစ်ဖြစ် အကြောက်ဆုံး မေးခွန်းတွေဆိုတာ ရှိပါတယ်။ ဥပမာ သူခိုးပေါ့။ မင်း ခိုးသလား-ဆိုတာမျိုး။ မီးဖိုချောင်
ထဲက လက်မှာ အိုးမည်းတွေပေပြီး ထွက်လာတဲ့ လူကို မင်း ဟင်းခိုးစားသလား-ဆိုတာမျိုး။ အဲဒီလိုပဲ ကိုယ် မဖြေချင်တဲ့
မေးခွန်းမျိုးတွေ မေးလာရင် အမေးခံရသူမှာ စိတ်ကြဉ်းကြပ်မှုတွေဖြစ်ပြီး ဇောချွေးတွေ ပြိုက်ကနဲ ပြိုက်ကနဲ ကျတဲ့အထိ
ဖြစ်စေနိုင်ပါတယ်။ အခုလည်း single တွေ ဟာ ဘယ်လိုမေးခွန်းတွေကို အကြောက်ဆုံးလဲဆိုတာ ဖော်ပြပေးလိုက်ပါ
တယ်။
1. မစွံသေးဘူးလား/ဘယ်တော့စားရမှာလဲ၊

ဘယ်တော့ စားရမှာလဲ မေးလာရင် (ငါတို့ကျွေးမှ စားရမယ့်ဘဝပေါ့)လို့ ပြန်ကွန့်ရင် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကျ
တော့ ထင်မှတ်မထားတဲ့ အခြေအနေမှာ ဒီလို မေးခွန်းမျိုး အမေးခံရရင် ပလက်ပေါက်ကိုပဲ လက်နဲ့ ထနှိုက်ရတော့
မလိုလို ကြောင်တောင်တောင် ဖြစ်တတ်ပါတယ်။
2. နည်းနည်းအိုစာသွားသလိုပဲနော်။

ဒီလို ပြောရင် သင်ရော ကျွန်တော်ရော တင်းတာပဲ။ များသောအားဖြင့် ကိုယ်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေက
ပြောတာ ပို အခံရခက်ပါတယ်။ လူတွေကလည်း သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ သိထားတဲ့ လူတွေထဲမှာ အသက်(25)နှစ်
လောက်နဲ့ အိမ်ထောင်ကျသွားတဲ့လူတွေနဲ့ ယှဉ်ရင် ကိုယ် လက်ရှိ အသက်(25)နှစ်လောက်ကပ ပိုပြီး အိုစာနေသ
လိုမျိုး ပြောတတ်ပါတယ်။
3. အထီးမကျန်ဘူးလား။

ရည်းစားတို့ အိမ်ထောင်ဘက်တို့ မရှိတာနဲ့ အထီးကျန်ဖြစ်မှာပဲလို့ သာမာန်ယူဆတဲ့ အတွေးခပ်ချောင်ချောင်လူတွေ
က အဲဒီလို မေးခွန်းတွေ မေးတတ်ပါတယ်။ အဲဒီလို လူတွေကို ကိုယ်က အထီးမကျန်ပါဘူး၊ မိဘတွေ၊ ညီအစ်ကို
မောင်နှမတွေ ရှိသားပဲ-ဆိုပြီး ပြန်ခြေပတဲ့အခါမှာ သူတို့က မဟုတ်ဖူးလေ … ငါတို့ ဆိုလိုတာက အိမ်ထောင်ဘက်
ရဲ့ ပြုစုယုရမှုကို မခံစားရတဲ့ မင်းရဲ့ ခြောက်ကပ်ကပ်ဘဝကို ပြောတာ-ဆိုပြီး ပြန် ဖြေကြပါ့လိမ့်မယ်။
4. ငါ အောင်သွယ်ပေးရမလား

ဒါက သင့်ကို အိမ်ထောင်ဘက်/ရည်စားတောင် သူများလို ဖြစ်ဖြစ်မြောက်မြောက် ရှာနိုင်တာမဟုတ်ဖူး-ဆိုတဲ့
အဓိပ္ပါယ်ပါ။ အမှန်က သူတို့လည်း တစ်ယောက်နဲ့ တစ်ယောက် လက်တည့်စမ်းပြီး ရထားတာလည်း ဖြစ်နိုင်
ကောင်းတယ်။ တကယ်လို့ သင်က လုပ်ပါဦး ကူညီနိုင်ရင် ကူညီပါဦး-လို့ ပြောမိတဲ့အခါ မင်းရုပ် မင်းရည်နဲ့
ဘယ်လို ကောင်မလေးက ကြိုက်မှာလဲလို့ ပိတ်ပြောလိုက်ကာမှ သင် ပိုရှက်နေရမယ်။

5. ချိန်ပါကြီး

ဒါကတော့ အမျိုးသားတွေအတွက် ဆိုလိုပါတယ်။ ချိန်လိုက်တိုင်း ပါပါသွားလို့။ ဟိုး ရှေးရှေးတုန်းကတော့
အချိန်တန်တဲ့အထိ ယောက်ျားမရသေးတဲ့ အမျိုးသမီးတွေကို “ဗိုင်းတာမ”လို့ ခေါ်ကြတယ်-တဲ့။ အမှန်က
“ဗိုင်းနာမ”ပါ။ ဘာကြောင့် အဲသလို ခေါ်သလဲဆိုတာ့ ပိုးမယ်လူပျိုက မရှိတော့ “ဗိုင်းကိုပဲ နာနာငင်ရလို့-
ဗိုင်းနာမ”လို့ ခေါ်တယ်လို့ သိရပါတယ်။ အခုခေတ်က အဲဒီလို အခေါ်ခံရရင်ကို ဆဲတယ်လို့ထင်တဲ့သူတွေ
လည်း ရှိမယ်ထင်ပါတယ်။ ဗိုင်းငင်တာလည်း သိသူနည်းမယ်ထင်တယ်။ ချည်ငင်-တာကို ဆိုလိုပါတယ်။
ချိန်ပါဆိုတာလဲ ဗိုင်းတာမနဲ့ အတူတူပါဘဲ။

Credit:Auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top