iMyanmarHouse.com - Best Property Website for Myanmar
×

အင္တာဗ်ဴးဝင္ေနစဥ္မွာ သင့္ရဲ႕ နံပါတ္တစ္ရယ္ရြယ္ခ်က္က သင္ဟာ အလုပ္အတြက္ လံုးဝကို သင့္ေလ်ာ္မွန္ကန္တဲ့ လူတစ္ေယာက္ဆိုတာကို အလုပ္ေခၚတဲ့မန္ေနဂ်ာေတြ ယံုၾကည္လက္ခံလာေစဖို႔ ျဖစ္ပါတယ္။ ဒါ အင္တာဗ်ဴးမဝင္ခင္ ျပင္ဆင္ရျခင္းရဲ႕ အေၾကာင္းတရားေတြပဲျဖစ္ပါတယ္။ သင့္အေနနဲ႔ ဒါကို အေကာင္းဆံုးျပင္ဆင္ၿပီး စြမ္းေဆာင္ႏိုင္ခဲ့ေပမဲ့ စိတ္အေလာႀကီးၿပီး သင့္ပါးစပ္ကေန ႐ုတ္တရက္ ထြက္လိုက္မိတဲ့ တခ်ိဳ႕စကားလံုးေတြက သင့္ရဲ႕ အခြင့္အေရးေတြကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။ ေအာက္ပါ အႀကံျပဳခ်က္ေတြကို ဖတ္ၿပီးရင္ မေျပာမိေအာင္ သတိေဆာင္ၿပီး အတတ္ႏိုင္ဆံုးေရွာင္ရွားပါ။

၁။ ၿပီးခဲ့တဲ့အလုပ္နဲ႔ပတ္သက္ၿပီး မေကာင္းေၾကာင္းေျပာတာေတြ ေရွာင္ပါ

သင့္ရဲ႕ ၿပီးခဲ့တဲ့အလုပ္ဟာ သင့္အတြက္ အမွန္တကယ္ကို မေကာင္းခဲ့ဘူးဆိုရင္ေတာင္မွ အင္တာဗ်ဴးဝင္တဲ့ အခ်ိန္မွာ မေျပာမိေအာင္ အတတ္ႏိုင္ဆံုး ထိန္းသိမ္းေရွာင္ရွားပါ။ အရင္အလုပ္က ေကာင္းခဲ့တာ၊ မေကာင္းခဲ့တာေတြက အေရးမႀကီးလွပါဘူး။ အေရးႀကီးတာက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ သဘာဝက်က်ေတြးႏိုင္ၿပီး အျပဳသေဘာေဆာင္တဲ့ အျမင္ဘက္မွာ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားပါ။

၂။ ကိုယ့္အတြက္ပဲၾကည့္တဲ့ ေမးခြန္းမ်ိဳးေတြ မေမးမိပါေစနဲ႔

ဘယ္လိုေမးခြန္းေတြလဲဆိုရင္ လစာဘယ္ေလာက္လဲ၊ အက်ိဳးအျမတ္ကဘာလဲ၊ ဘာေတြဝန္ေဆာင္မႈေပးမွာလဲ၊ ဘာလုပ္ေပးမွာလား၊ ညာလုပ္ေပးမွာလား စသျဖင့္ေပါ့။ တခ်ိဳ႕က လစာ၊ အက်ိဳးအျမတ္တို႔နဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ေစာတတ္ၾကတယ္။ အဲဒီလိုမလုပ္မိပါေစနဲ႔။ လစာနဲ႔ အက်ိဳးအျမတ္အတြက္ သူ႔အခ်ိန္၊ သူ႔ေနရာက သီးျခား ရွိပါတယ္။ အေျခအေနကို ဦးစြာေစာင့္ၾကည့္ပါ။
၃။ အပ်က္သေဘာေဆာင္တဲ့ ဇာတ္ေၾကာင္းေတြကိုမေျပာမိပါေစနဲ႔

ကိုယ့္ရဲ႕ မေကာင္းခဲ့တဲ့ အေတြ႔အႀကံဳေတြနဲ႔ပတ္သက္ၿပီး သိပ္ကိုေျပာခ်င္ခဲ့တယ္ဆိုရင္ေတာ့မွ အင္တာဗ်ဴး ဝင္ခ်ိန္မွာေတာ့ ေဖာက္သည္မခ်မိပါေစနဲ႔။ ကိုယ့္ဘက္က ေကာင္းတဲ့အေၾကာင္းေတြေျပာမွသာ သူတို႔ဘက္က ေကာင္းတဲ့အရာေတြ တံု႔ျပန္လာမွာပါ။ မဟုတ္ရင္ေတာ့ ကိုယ့္ကို အျမင္ေအာက္သြားပါလိမ့္မယ္။

၄။ အားသာခ်က္၊ အားနည္းခ်က္

သင့္ကို အားနည္းခ်က္၊ အားသာခ်က္နဲ႔ ပတ္သက္ၿပီး ေမးလာတဲ့အခါ ကိုယ္ဝန္ထမ္းတစ္ေယာက္ ျဖစ္လာခဲ့မယ္ဆိုရင္ ဘယ္လိုဝန္ထမ္းမ်ိဳး ျဖစ္ႏိုင္တယ္ဆိုတဲ့အျမင္ကို အတတ္ႏိုင္ဆံုး ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ ျပန္ေျဖတတ္ရပါမယ္။ ကိုယ့္ဂုဏ္ကိုခ်ည္းပဲ ေဖာ္ေနမယ္ဆိုရင္ေတာ့ ရလာတဲ့အခြင့္အလမ္းေတြအားလံုး ေရစုန္ေျမာသြားပါလိမ့္မယ္။

၅။ စကားလမ္းေၾကာင္းကို ထိမ္းပါ

ဘာပဲလုပ္လုပ္ ကိုယ့္ရဲ႕ပစ္မွတ္ေပၚမွာ အဓိကအားျဖင့္ အာ႐ံုစုိက္ပါ။ ေခ်ာ္ထြက္မသြားပါေစနဲ႔။ တခ်ိဳ႕က ရွိတတ္ပါတယ္၊ စကားကို ေျပာရင္းေျပာရင္းနဲ႔ ဆက္စပ္ရာကိုလိုက္ၿပီး ေတာင္ေရာက္ေျမာက္ေရာက္ ျဖစ္သြားတတ္ပါတယ္။ အဲဒီလို ေခ်ာ္ထြက္သြားမယ္ဆိုရင္ သင့္အတြက္ ဘာမွ အက်ိဳးရွိေတာ့မွာ မဟုတ္ပါဘူး။

အခုေဖာ္ျပေပးထားတာေတြကေတာ့ အင္တာဗ်ဴးဝင္စဥ္မွာပဲျဖစ္ျဖစ္၊ တခ်ိဳ႕ေနရာေတြမွာပဲျဖစ္ျဖစ္ အမ်ားစု မေျပာသင့္တဲ့ ထိန္းသိမ္းသင့္ဆံုး အစကားလံုးတခ်ိဳ႕ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဘာမွ ျပင္ဆင္မႈမရွိဘဲ အင္တာဗ်ဴးသြားေျဖတာမ်ိဳးက သူ႔ထက္ပိုဆိုးပါတယ္။ ဒါေၾကာင့္ အင္တာဗ်ဴးဝင္ေတာ့မယ္ဆိုရင္ ျပင္ဆင္ပါ၊ ဆင္ျခင္ပါ၊ ေလ့က်င့္ၾကည့္ပါ။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အင်တာဗျူးဝင်နေစဉ်မှာ သင့်ရဲ့ နံပါတ်တစ်ရယ်ရွယ်ချက်က သင်ဟာ အလုပ်အတွက် လုံးဝကို သင့်လျော်မှန်ကန်တဲ့ လူတစ်ယောက်ဆိုတာကို အလုပ်ခေါ်တဲ့မန်နေဂျာတွေ ယုံကြည်လက်ခံလာစေဖို့ ဖြစ်ပါတယ်။ ဒါ အင်တာဗျူးမဝင်ခင် ပြင်ဆင်ရခြင်းရဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဒါကို အကောင်းဆုံးပြင်ဆင်ပြီး စွမ်းဆောင်နိုင်ခဲ့ပေမဲ့ စိတ်အလောကြီးပြီး သင့်ပါးစပ်ကနေ ရုတ်တရက် ထွက်လိုက်မိတဲ့ တချို့စကားလုံးတွေက သင့်ရဲ့ အခွင့်အရေးတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အောက်ပါ အကြံပြုချက်တွေကို ဖတ်ပြီးရင် မပြောမိအောင် သတိဆောင်ပြီး အတတ်နိုင်ဆုံးရှောင်ရှားပါ။

၁။ ပြီးခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီး မကောင်းကြောင်းပြောတာတွေ ရှောင်ပါ

သင့်ရဲ့ ပြီးခဲ့တဲ့အလုပ်ဟာ သင့်အတွက် အမှန်တကယ်ကို မကောင်းခဲ့ဘူးဆိုရင်တောင်မှ အင်တာဗျူးဝင်တဲ့ အချိန်မှာ မပြောမိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းရှောင်ရှားပါ။ အရင်အလုပ်က ကောင်းခဲ့တာ၊ မကောင်းခဲ့တာတွေက အရေးမကြီးလှပါဘူး။ အရေးကြီးတာက ဘယ်အချိန်ပဲဖြစ်ဖြစ် သဘာဝကျကျတွေးနိုင်ပြီး အပြုသဘောဆောင်တဲ့ အမြင်ဘက်မှာ ရပ်တည်နိုင်အောင် ကြိုးစားပါ။

၂။ ကိုယ့်အတွက်ပဲကြည့်တဲ့ မေးခွန်းမျိုးတွေ မမေးမိပါစေနဲ့

ဘယ်လိုမေးခွန်းတွေလဲဆိုရင် လစာဘယ်လောက်လဲ၊ အကျိုးအမြတ်ကဘာလဲ၊ ဘာတွေဝန်ဆောင်မှုပေးမှာလဲ၊ ဘာလုပ်ပေးမှာလား၊ ညာလုပ်ပေးမှာလား စသဖြင့်ပေါ့။ တချို့က လစာ၊ အကျိုးအမြတ်တို့နဲ့ ပတ်သက်ပြီးတော့ စိတ်စောတတ်ကြတယ်။ အဲဒီလိုမလုပ်မိပါစေနဲ့။ လစာနဲ့ အကျိုးအမြတ်အတွက် သူ့အချိန်၊ သူ့နေရာက သီးခြား ရှိပါတယ်။ အခြေအနေကို ဦးစွာစောင့်ကြည့်ပါ။
၃။ အပျက်သဘောဆောင်တဲ့ ဇာတ်ကြောင်းတွေကိုမပြောမိပါစေနဲ့

ကိုယ့်ရဲ့ မကောင်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး သိပ်ကိုပြောချင်ခဲ့တယ်ဆိုရင်တော့မှ အင်တာဗျူး ဝင်ချိန်မှာတော့ ဖောက်သည်မချမိပါစေနဲ့။ ကိုယ့်ဘက်က ကောင်းတဲ့အကြောင်းတွေပြောမှသာ သူတို့ဘက်က ကောင်းတဲ့အရာတွေ တုံ့ပြန်လာမှာပါ။ မဟုတ်ရင်တော့ ကိုယ့်ကို အမြင်အောက်သွားပါလိမ့်မယ်။

၄။ အားသာချက်၊ အားနည်းချက်

သင့်ကို အားနည်းချက်၊ အားသာချက်နဲ့ ပတ်သက်ပြီး မေးလာတဲ့အခါ ကိုယ်ဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုဝန်ထမ်းမျိုး ဖြစ်နိုင်တယ်ဆိုတဲ့အမြင်ကို အတတ်နိုင်ဆုံး ချင့်ချင့်ချိန်ချိန်နဲ့ ပြန်ဖြေတတ်ရပါမယ်။ ကိုယ့်ဂုဏ်ကိုချည်းပဲ ဖော်နေမယ်ဆိုရင်တော့ ရလာတဲ့အခွင့်အလမ်းတွေအားလုံး ရေစုန်မြောသွားပါလိမ့်မယ်။

၅။ စကားလမ်းကြောင်းကို ထိမ်းပါ

ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ပစ်မှတ်ပေါ်မှာ အဓိကအားဖြင့် အာရုံစိုက်ပါ။ ချော်ထွက်မသွားပါစေနဲ့။ တချို့က ရှိတတ်ပါတယ်၊ စကားကို ပြောရင်းပြောရင်းနဲ့ ဆက်စပ်ရာကိုလိုက်ပြီး တောင်ရောက်မြောက်ရောက် ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ချော်ထွက်သွားမယ်ဆိုရင် သင့်အတွက် ဘာမှ အကျိုးရှိတော့မှာ မဟုတ်ပါဘူး။

အခုဖော်ပြပေးထားတာတွေကတော့ အင်တာဗျူးဝင်စဉ်မှာပဲဖြစ်ဖြစ်၊ တချို့နေရာတွေမှာပဲဖြစ်ဖြစ် အများစု မပြောသင့်တဲ့ ထိန်းသိမ်းသင့်ဆုံး အစကားလုံးတချို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘာမှ ပြင်ဆင်မှုမရှိဘဲ အင်တာဗျူးသွားဖြေတာမျိုးက သူ့ထက်ပိုဆိုးပါတယ်။ ဒါကြောင့် အင်တာဗျူးဝင်တော့မယ်ဆိုရင် ပြင်ဆင်ပါ၊ ဆင်ခြင်ပါ၊ လေ့ကျင့်ကြည့်ပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top