iMyanmarHouse.com - Best Property Website for Myanmar
×

(၁) အခ်ိန္အၾကာႀကီးယူျခင္း

ငါလားဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ တန္းသိတဲ့သူေတြရွိပါတယ္။ သိေနတယ္ေလ။ အိမ္သာထဲမွာ မနက္ မနက္ အခ်ိန္အၾကာႀကီးယူတာ ဘယ္သူေတြလဲ။ တကယ္ေတာ့ ဒါဟာ သင္တို႔ ေန႔စဥ္လုပ္ေနတဲ့ အမွားတစ္ခုပါပဲေနာ္။ ဒါက သင့္ရဲ႕ အိပ္ခန္းထဲက အိမ္သာ ဆိုရင္ေတာ့ သိပ္ၿပီးကိစၥမရွိေပမယ့္ ေက်ာင္းကအိမ္သာ ဒါမွမဟုတ္ အလုပ္က အိမ္သာမွာ သင္ အၾကာႀကီးထိုင္ေတာ့မယ္ စဥ္းစားၿပီးဆိုရင္ေတာ့ ေနာက္မွာ သင့္လိုပဲ အိမ္သာ၀င္ခ်င္တဲ့သူေတြရွိေနမယ္ဆိုတာကို ထည့္စဥ္းစားထားရမွာပါေနာ္။ ေနာက္ၿပီး အိမ္သာအၾကာႀကီးထိုင္ျခင္းအားျဖင့္ သင္သတိထားမိမွာမဟုတ္တဲ့ စအိုနဲ႔ဆိုင္တဲ့ လိပ္ေခါင္းေရာဂါကဲ့သို႔ ေရာဂါမ်ိဳးေတြ ျဖစ္ႏိုင္တဲ့အတြက္ အလြန္ဆံုး ၁၀မိနစ္ေလာက္ပဲ အိမ္သာ၀င္ဖို႔ သတိေပးပါရေစေနာ္။
(၂) အခ်ိန္ျဖဳန္းျခင္း

အိမ္သာ၀င္ဖို႔ အခ်ိန္အၾကာႀကီးယူတာနဲ႔ အိမ္သာထဲမွာ အခ်ိန္ျဖဳန္းတာနဲ႔ မတူပါဘူးေနာ္။ အိမ္သာထဲမွာ အခ်ိန္ျဖဳန္းတယ္ဆိုတာက အိမ္သာ၀င္ရင္း Facebook သံုးတာေတြ၊ စာအုပ္ဖတ္တာေတြကို ဆိုလိုခ်င္တာပါ။ ဒါက လူတိုင္းအတြက္ အမိုက္ဆံုးအခ်ိန္ပဲဆိုတာကို နားလည္ပါတယ္။ ဒါေပမယ့္ မွားေနတဲ့ အေလ့အထတစ္ခုလို႔ ေျပာပါရေစ။ Facebook သံုးတာေတြ၊ စာအုပ္ဖတ္တာေတြက အိမ္သာ၀င္ခ်ိန္ ၁၀မိနစ္ေလာက္နဲ႔ ၿပီးစီးႏိုင္တဲ့ကိစၥလည္း မဟုတ္တဲ့အျပင္ အိမ္သာထဲမွာ ရွိတဲ့ မျမင္ရတဲ့ ဘတ္တီးရီးယားေတြ သင့္ရဲ႕အသံုးအေဆာင္ပစၥည္းေတြမွာ ကပ္ပါလာတာကို သင္သိရမွာမဟုတ္ပါဘူး။
(၃) အတင္းအက်ပ္လုပ္ယူျခင္း

အိမ္သာ၀င္ဖို႔ အတင္းအက်ပ္လုပ္ယူတာကလည္း အယူအဆမွားတစ္ခုပါပဲ။ အထူးသျဖင့္ ခရီးသြားစရာရွိတဲ့အခါမ်ိဳးေတြ၊ Jumpsuit ၀တ္ၿပီးဧည့္ခံပြဲသြားစရာရွိတဲ့အခါမ်ိဳးေတြမွာ မိန္းကေလးေတြအေနနဲ႔ အိမ္သာ၀င္ခ်င္စိတ္မရွိေပမယ့္ အခု၀င္လိုက္မွ လမ္းခရီးမွာ၀င္ခ်င္စိတ္မရွိမွာဆိုတဲ့အေတြးမ်ိဳးနဲ႔ အတင္းအက်ပ္လုပ္ယူတာကို လံုး၀မလုပ္ပါနဲ႔ေနာ္။ ကေလးေမြးသလို အတင္းညွစ္တာမ်ိဳးက သင့္ကို အဆင္ေျပေအာင္လုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ အဲဒီလိုလုပ္တာထက္ေတာ့ ေရမ်ားမ်ားေသာက္ၿပီး ၁၅မိနစ္ေက်ာ္ေအာင္ လမ္းေလွ်ာက္လိုက္တာ ဒါမွမဟုတ္ ေဆးလိပ္ေသာက္လိုက္တာကမွ သင့္ကိုအိမ္သာ၀င္ခ်င္ေအာင္ အကူအညီေပးပါလိမ့္မယ္။
(၄) မွားယြင္းစြာထိုင္ျခင္း

ဒါကလည္း အေရးႀကီးပါတယ္။ အိမ္သာထိုင္တဲ့ပံုစံပါပဲ။ ဘိုထိုင္အိမ္သာေတြကို ထိုင္တဲ့အခါလည္း ခါးကိုမတ္မတ္ထားၿပီး ထိုင္ခံုမွာထိုင္တဲ့ပံုစံအတိုင္း ေျခေထာက္ႏွစ္ေခ်ာင္းေအာက္ခ်လို႔ထိုင္ရပါလိမ့္မယ္။ အရမ္းအိပ္ခ်င္ေနလို႔ဆိုတဲ့အေၾကာင္းျပခ်င္ေၾကာင့္ပဲျဖစ္ျဖစ္ အိမ္သာနံရံေတြကို မွီၿပီး ငိုက္လ်က္ထိုင္တာမ်ိဳးေတြ၊ အိမ္သာခြက္ေပၚေျခေထာက္တင္ၿပီး ေဆာင့္ေၾကာင့္ထိုင္တာမ်ိဳးေတြက သင့္ကိုယ္ခႏၵာအေနအထားကို သက္ေတာင့္သက္သာမျဖစ္ေစသလို အခန္႔မသင့္ရင္ သင့္ကိုထိခိုက္ဒဏ္ရာပါရရွိႏိုင္တယ္လို႔ ဆိုပါတယ္။
(၅) အေနာက္မွအေရွ႕သို႔ ေဆးျခင္း

ဒါကေတာ့ ေတာ္ေတာ္သတိထားရမယ့္ကိစၥပါေနာ္။ အိမ္သာ၀င္ၿပီးလို႔ ေဆးေၾကာသန္႔စင္တဲ့အခါ အေနာက္ကေန အေရွ႕ကို ပြတ္တိုက္ေဆးေၾကာတာကို လံုး၀လံုး၀ တားျမစ္ခ်င္ပါတယ္။ ဒါဟာ ေရာဂါပိုးကို လက္ယက္ေခၚေနတာပါပဲ။ အထူးသျဖင့္ မိန္းကေလးေတြအေနနဲလည္း စအိုဘက္ကေန မ်ိဳးပြားအဂၤါဆီကို အေနာက္ကေန အေရွ႕ ပြတ္တိုက္ေဆးေၾကာျခင္းကို လံုး၀ေရွာင္ေပးရပါမယ္ေနာ္။

ဒီေတာ့ အိမ္သာထဲလည္း အခ်ိန္ျဖဳန္းၿပီး အၾကာႀကီးမထိုင္ၾကပါနဲ႔။ ထိုင္တဲ့အခါမွာလည္း ပံုစံမွန္မွန္နဲ႔ ထိုင္ၿပီး ေဆးေၾကာသန္႔စင္တဲ့အခါမွာလည္း အေနာက္ကေန အေရွ႕ကို မေဆးၾကနဲ႔ေနာ္။ ဟုတ္ၿပီလား။

Editor : Moethae Say
Credit:MODA
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
(၁) အချိန်အကြာကြီးယူခြင်း

ငါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် တန်းသိတဲ့သူတွေရှိပါတယ်။ သိနေတယ်လေ။ အိမ်သာထဲမှာ မနက် မနက် အချိန်အကြာကြီးယူတာ ဘယ်သူတွေလဲ။ တကယ်တော့ ဒါဟာ သင်တို့ နေ့စဉ်လုပ်နေတဲ့ အမှားတစ်ခုပါပဲနော်။ ဒါက သင့်ရဲ့ အိပ်ခန်းထဲက အိမ်သာ ဆိုရင်တော့ သိပ်ပြီးကိစ္စမရှိပေမယ့် ကျောင်းကအိမ်သာ ဒါမှမဟုတ် အလုပ်က အိမ်သာမှာ သင် အကြာကြီးထိုင်တော့မယ် စဉ်းစားပြီးဆိုရင်တော့ နောက်မှာ သင့်လိုပဲ အိမ်သာဝင်ချင်တဲ့သူတွေရှိနေမယ်ဆိုတာကို ထည့်စဉ်းစားထားရမှာပါနော်။ နောက်ပြီး အိမ်သာအကြာကြီးထိုင်ခြင်းအားဖြင့် သင်သတိထားမိမှာမဟုတ်တဲ့ စအိုနဲ့ဆိုင်တဲ့ လိပ်ခေါင်းရောဂါကဲ့သို့ ရောဂါမျိုးတွေ ဖြစ်နိုင်တဲ့အတွက် အလွန်ဆုံး ၁၀မိနစ်လောက်ပဲ အိမ်သာဝင်ဖို့ သတိပေးပါရစေနော်။
(၂) အချိန်ဖြုန်းခြင်း

အိမ်သာဝင်ဖို့ အချိန်အကြာကြီးယူတာနဲ့ အိမ်သာထဲမှာ အချိန်ဖြုန်းတာနဲ့ မတူပါဘူးနော်။ အိမ်သာထဲမှာ အချိန်ဖြုန်းတယ်ဆိုတာက အိမ်သာဝင်ရင်း Facebook သုံးတာတွေ၊ စာအုပ်ဖတ်တာတွေကို ဆိုလိုချင်တာပါ။ ဒါက လူတိုင်းအတွက် အမိုက်ဆုံးအချိန်ပဲဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် မှားနေတဲ့ အလေ့အထတစ်ခုလို့ ပြောပါရစေ။ Facebook သုံးတာတွေ၊ စာအုပ်ဖတ်တာတွေက အိမ်သာဝင်ချိန် ၁၀မိနစ်လောက်နဲ့ ပြီးစီးနိုင်တဲ့ကိစ္စလည်း မဟုတ်တဲ့အပြင် အိမ်သာထဲမှာ ရှိတဲ့ မမြင်ရတဲ့ ဘတ်တီးရီးယားတွေ သင့်ရဲ့အသုံးအဆောင်ပစ္စည်းတွေမှာ ကပ်ပါလာတာကို သင်သိရမှာမဟုတ်ပါဘူး။
(၃) အတင်းအကျပ်လုပ်ယူခြင်း

အိမ်သာဝင်ဖို့ အတင်းအကျပ်လုပ်ယူတာကလည်း အယူအဆမှားတစ်ခုပါပဲ။ အထူးသဖြင့် ခရီးသွားစရာရှိတဲ့အခါမျိုးတွေ၊ Jumpsuit ဝတ်ပြီးဧည့်ခံပွဲသွားစရာရှိတဲ့အခါမျိုးတွေမှာ မိန်းကလေးတွေအနေနဲ့ အိမ်သာဝင်ချင်စိတ်မရှိပေမယ့် အခုဝင်လိုက်မှ လမ်းခရီးမှာဝင်ချင်စိတ်မရှိမှာဆိုတဲ့အတွေးမျိုးနဲ့ အတင်းအကျပ်လုပ်ယူတာကို လုံးဝမလုပ်ပါနဲ့နော်။ ကလေးမွေးသလို အတင်းညှစ်တာမျိုးက သင့်ကို အဆင်ပြေအောင်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်တာထက်တော့ ရေများများသောက်ပြီး ၁၅မိနစ်ကျော်အောင် လမ်းလျှောက်လိုက်တာ ဒါမှမဟုတ် ဆေးလိပ်သောက်လိုက်တာကမှ သင့်ကိုအိမ်သာဝင်ချင်အောင် အကူအညီပေးပါလိမ့်မယ်။
(၄) မှားယွင်းစွာထိုင်ခြင်း

ဒါကလည်း အရေးကြီးပါတယ်။ အိမ်သာထိုင်တဲ့ပုံစံပါပဲ။ ဘိုထိုင်အိမ်သာတွေကို ထိုင်တဲ့အခါလည်း ခါးကိုမတ်မတ်ထားပြီး ထိုင်ခုံမှာထိုင်တဲ့ပုံစံအတိုင်း ခြေထောက်နှစ်ချောင်းအောက်ချလို့ထိုင်ရပါလိမ့်မယ်။ အရမ်းအိပ်ချင်နေလို့ဆိုတဲ့အကြောင်းပြချင်ကြောင့်ပဲဖြစ်ဖြစ် အိမ်သာနံရံတွေကို မှီပြီး ငိုက်လျက်ထိုင်တာမျိုးတွေ၊ အိမ်သာခွက်ပေါ်ခြေထောက်တင်ပြီး ဆောင့်ကြောင့်ထိုင်တာမျိုးတွေက သင့်ကိုယ်ခန္ဒာအနေအထားကို သက်တောင့်သက်သာမဖြစ်စေသလို အခန့်မသင့်ရင် သင့်ကိုထိခိုက်ဒဏ်ရာပါရရှိနိုင်တယ်လို့ ဆိုပါတယ်။
(၅) အနောက်မှအရှေ့သို့ ဆေးခြင်း

ဒါကတော့ တော်တော်သတိထားရမယ့်ကိစ္စပါနော်။ အိမ်သာဝင်ပြီးလို့ ဆေးကြောသန့်စင်တဲ့အခါ အနောက်ကနေ အရှေ့ကို ပွတ်တိုက်ဆေးကြောတာကို လုံးဝလုံး၀ တားမြစ်ချင်ပါတယ်။ ဒါဟာ ရောဂါပိုးကို လက်ယက်ခေါ်နေတာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေအနေနဲလည်း စအိုဘက်ကနေ မျိုးပွားအင်္ဂါဆီကို အနောက်ကနေ အရှေ့ ပွတ်တိုက်ဆေးကြောခြင်းကို လုံးဝရှောင်ပေးရပါမယ်နော်။

ဒီတော့ အိမ်သာထဲလည်း အချိန်ဖြုန်းပြီး အကြာကြီးမထိုင်ကြပါနဲ့။ ထိုင်တဲ့အခါမှာလည်း ပုံစံမှန်မှန်နဲ့ ထိုင်ပြီး ဆေးကြောသန့်စင်တဲ့အခါမှာလည်း အနောက်ကနေ အရှေ့ကို မဆေးကြနဲ့နော်။ ဟုတ်ပြီလား။

Editor : Moethae Say

Credit:MODA

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top