iMyanmarHouse.com - Best Property Website for Myanmar
×




အေးမြတ်သူကလည်း ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇူလိုင်(၂၂)ရက်နေ့က ယခုလို ရေးသားထားတာတွေ့ရပါတယ်။


ကြာကန်ထဲမှာ ရိုက်ကူးထားတဲ့ ပုံလေးတွေကို အလင်းရောင်ရဲ့ ဖေ့စ်ဘွတ်မှာကော အေးမြတ်သူရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာကော တင်ထားကြပါတယ်။


Credit:Duwun


#Unicode Version#
အလင်းရောင်နဲက အေးမြတ်သူတို့ရဲ့ ကြာကန်ထဲက ပုံရိပ်လေးတွေ ချစ်စရာ ကောင်းလှပါတယ်။  စွန်ရဲကြီးအင်းက ကြာကန်ထဲမှာ ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ဝင်ခန်း တစ်ခန်းကို ပုံဖော်နေတာ လို့သိရပါတယ်။

အဲ့ဒီဇာတ်ကားကတော့ နောင်တွင်ဥဒါန်းတွင်စေသတည်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။လက်ရှိ မန္တလေးမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ကြာကန်ထဲမှာ ဇာတ်ကားရိုက်ကူးနေရင် ရိုက်ကူးထားတဲ့ သူတို့နှစ်ဦးရဲ့ အလှဓာတ်ပုံလေးကိုလည်း Duwun ပရိသတ်များအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အေးမြတ်သူကလည်း ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်(၂၂)ရက်နေ့က ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"ဒီနေ့ စွန်ရဲကြီးအင်း က ကြာကန်မှာ ရိုက်ပါတယ်ရှင့်။စကားမစပ် အင်းကြီးထဲက ကြာပန်းတွေက ခူးလို့မရဘူးရှင့် ။ကြာပန်းတွေခူးရင်ပြင်းထန်တဲ့ဥပဒေရှိတယ်ဆိုတာ သိလို့ မန္တလေးကကြာပန်းတွေကို ရိုက်ကူးရေးအဖွဲ့တွေက ဝယ်လာပေး ပါတယ်ရှင့် ။ ကြာရွက်တွေတော့နဲနဲခူးတယ်ရှင့်" ဆိုပြီး ပြောထားပါတယ်။

ကြာကန်ထဲမှာ ရိုက်ကူးထားတဲ့ ပုံလေးတွေကို အလင်းရောင်ရဲ့ ဖေ့စ်ဘွတ်မှာကော အေးမြတ်သူရဲ့ ေ့ဖစ်ဘွတ်ပေ့ချ်မှာကော တင်ထားကြပါတယ်။

အလင်းရောင်ကတော့ အဲ့ဒီရိုက်ကူးပြီးသွားရင်လည်း ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ ကိုးလပိုင်းလောက်မှာတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့အတူ ပြင်ဦးလွင်မှာ ရုပ်ရှင်ဇာတ်ကားတစ်ကား ထပ်ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။

Photo : အလင်းရောင်ဖေ့စ်ဘွတ်

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top