iMyanmarHouse.com - Best Property Website for Myanmar
×

ပတ္ထရစ္ရွာကေတာ့ လူမ်ိဳးျခားတစ္ေယာက္နဲ႕ ခ်စ္သူေတြျဖစ္ေနတာနဲ႕ ပတ္သတ္ၿပီး ပရိသတ္ေတြရဲ႕ ေဝဖန္ျခင္းခံ ခဲ့ရတာကိုေတြ႕ရပါတယ္။

အဲ့လို ေဝဖန္မႈေတြဟာလည္း သူမအတြက္ အခက္အခဲေတြ ျဖစ္ေစခဲ့ပါတယ္။ ဖခင္ျဖစ္သူဟာ အရမ္းကို စည္းကမ္းႀကီး တာေၾကာင့္ အဲ့ဒီကိစၥနဲ႕ ပတ္သက္ၿပီး စည္းကမ္းတင္းၾကပ္တာမ်ိဳး၊ ခ်ဳပ္ျခယ္တာမ်ိဳးလုပ္တဲ့အထိ ျဖစ္ခဲ့တယ္လို႕ Myanmar Celebrity အင္တာဗ်ဴးမွာ ေျဖဆုိထားပါတယ္။

သူမရဲ႕ ခ်စ္သူဟာ သူမအတြက္ တကယ္ေကာင္းတဲ့သူတစ္ေယာက္ျဖစ္ၿပီး ကိုယ့္ထက္ေတာင္ ယဥ္ေက်းတဲ့ သူကို ေရြးခ်ယ္ထားတာ ျဖစ္တယ္လို႕ ပက္ထရစ္ရွာက ဆုိပါတယ္။ အဲ့ဒါေၾကာင့္ ပရိသတ္ေတြအေနနဲ႕ တစ္မ်ိဳး မျမင္ေစခ်င္ပါလို႕ ယင္းအင္တာဗ်ဴးမွာ ဆက္လက္ေျပာျပထားပါတယ္။

ပတ္ထရစ္ရွာရဲ႕ခ်စ္သူဟာ လူမ်ဳိးျခားတစ္ေယာက္ျဖစ္ေပမဲ့ ပက္ထရစ္ရွာတို႔မိသားစုနဲ႔အတူ တ႐ိုတေသပဲ ဘုန္းဘုန္းတစ္ပါး ကို ဝါဆုိသကၤန္းကပ္ေနတာကို ပက္ထရစ္ရွာ အင္စတာဂရမ္မွာတင္လုိက္တဲ့ ဓာတ္ပံုေတြထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

ပတ္ထရစ္ရွာက ျမန္မာဝတ္စံုေလးနဲ႔ ႐ိုး႐ိုးေလး လွေနတဲ့အခ်ိန္မွာ သူမရဲ႕ခ်စ္သူကလည္း ရွပ္အကႌ်အျဖဴေရာင္နဲ႔ ပုဆိုးေလးကို ဝတ္လို႔ ရွင္းသန္႔ ခန္႔ညားေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပတ္ထရစ္ရွာကေတာ့ ေမာ္ဒယ္ေလာကကေန သရုပ္ေဆာင္ ေလာကထဲကို ေရာက္ရွိလာသူ တစ္ဦးျဖစ္ၿပီးယခုဆိုရင္ ပရိသတ္အားေပးမႈ ရရွိလာတဲ့ သရုပ္ေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။ မၾကာခင္ ရံုတင္ျပသမယ့္ "ရာဇဝင္ရိုင္းသူမ်ား " ရုပ္ရွင္ဇာတ္ကားမွာလည္း ပါဝင္ထားပါေသးတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။


မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ပတ်ထရစ်ရှာကတော့ လူမျိုးခြားတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတာနဲ့ ပတ်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ခြင်းခံ ခဲ့ရတာကိုတွေ့ရပါတယ်။

အဲ့လို ဝေဖန်မှုတွေဟာလည်း သူမအတွက် အခက်အခဲတွေ ဖြစ်စေခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ အရမ်းကို စည်းကမ်းကြီး တာကြောင့် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်တာမျိုး၊ ချုပ်ခြယ်တာမျိုးလုပ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

သူမရဲ့ ချစ်သူဟာ သူမအတွက် တကယ်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး ကိုယ့်ထက်တောင် ယဉ်ကျေးတဲ့ သူကို ရွေးချယ်ထားတာ ဖြစ်တယ်လို့ ပက်ထရစ်ရှာက ဆိုပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေအနေနဲ့ တစ်မျိုး မမြင်စေချင်ပါလို့ ယင်းအင်တာဗျူးမှာ ဆက်လက်ပြောပြထားပါတယ်။

ပတ်ထရစ်ရှာရဲ့ချစ်သူဟာ လူမျိုးခြားတစ်ယောက်ဖြစ်ပေမဲ့ ပက်ထရစ်ရှာတို့မိသားစုနဲ့အတူ တရိုတသေပဲ ဘုန်းဘုန်းတစ်ပါး ကို ဝါဆိုသင်္ကန်းကပ်နေတာကို ပက်ထရစ်ရှာ အင်စတာဂရမ်မှာတင်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ပတ်ထရစ်ရှာက မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးလေး လှနေတဲ့အချိန်မှာ သူမရဲ့ချစ်သူကလည်း ရှပ်အင်္ကျီအဖြူရောင်နဲ့ ပုဆိုးလေးကို ဝတ်လို့ ရှင်းသန့် ခန့်ညားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပတ်ထရစ်ရှာကတော့ မော်ဒယ်လောကကနေ သရုပ်ဆောင် လောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပြီးယခုဆိုရင် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ မကြာခင် ရုံတင်ပြသမယ့် "ရာဇဝင်ရိုင်းသူများ " ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ထားပါသေးတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top