iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယမင္းသား၊ မင္းသမီးေလးေတြ ဘာ့ေၾကာင့္ဆံပင္နက္ေမွာင္သန္စြမ္းေနရသလဲ ဆိုတဲ့ အေၾကာင္းအရင္း လွ်ိဳ႕ဝွက္ခ်က္ကို သိခ်င္ၾကမယ္ထင္ပါတယ္။ အမ်ားနည္းတူနက္ေမွာင္လွပတဲ့ ဆံေကသာပိုင္ရွင္ေလး ျဖစ္ခ်င္ေပးမယ့္ အခ်ိန္သီးသန္႔မေပးႏိုင္ရင္ပဲျဖစ္ျဖစ္၊ နာမည္ႀကီးဘရန္းမ်ားကို သံုးေနေပမယ့္ ထင္သေလာက္ အက်ိဳးရလဒ္မရလာျပန္ပါဘူး။ ေစ်းကြက္ထဲက ဆံပင္ေပါင္းတင္ေဆးမ်ိဳးစံုကို အသံုးျပဳမယ္ဆိုျပန္ေတာ့လည္း ပါဝင္တဲ့ဓာတုပစၥည္းေတြေၾကာင့္ ဆံပင္ပိုၿပီးပ်က္စီးသြားမွာကို ေၾကာက္ရပါေသးတယ္။ ဒါ့ေၾကာင့္ သဘာဝနည္းလမ္းေလးနဲ႔ အခ်ိန္ကုန္ေငြကုန္ေၾကးက်သက္သာေစမယ့္ သဘာဝနည္းလမ္းေကာင္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။

(၁) ငွက္ေပ်ာသီးျဖင့္ေပါင္းတင္နည္း

ငွက္ေပ်ာသီးမွာပါဝင္တဲ့ အာဟာရဓာတ္မ်ားက ဆံေကသာက်န္းမာသန္စြမ္းဖို႔အတြက္ မ်ားစြာအေထာက္အကူျပဳတာကို ေတြ႔ရပါတယ္။ ဒါ့အျပင္ ဦးေရျပားေရာဂါတစ္မ်ိဳးျဖစ္တဲ့ ေဗာက္ျပႆနာကိုလည္း ေျဖရွင္းေပးနိုင္တဲ့ နည္းလမ္းေကာင္းေလးပဲ ျဖစ္ပါတယ္။ အသံုးျပဳပံုကေတာ့ ငွက္ေပ်ာသီးတစ္လံုးႏွင့္ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္း တို႔ကိုေရာစပ္လိုက္ပါ။ အာလူးအႏွစ္ကဲ့သို႔ ျဖစ္သြားတဲ့အထိ ေခ်ေပးပါ။ ရရွိလာတဲ့အေရာအေႏွာကို ဆံသားအႏွံ႔သုတ္လိမ္းေပးပါ။ ေရမခိ်ဳးခင္မိနစ္၂၀ခန္႔ေလာက္မွာ ဒီနည္းလမ္းအတိုင္းေပါင္းတင္ေပးပါ။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဆံေကသာနက္ေမွာင္ၿပီး ေပ်ာ့ေပ်ာင္းလာတာကိို ေတြ႔ရမွာပါေနာ္။

(၂) ေထာပတ္သီးျဖင့္ေပါင္းတင္နည္း

ေထာပတ္သီးကလည္း ငွက္ေပ်ာသီးလိုပဲ အာဟာရဓာတ္ၾကြယ္ဝတဲ့ အသီးတစ္မ်ိဳးျဖစ္တယ္ဆိုတာကုိ အထူးတလည္ရွင္းျပေနစရာေတာင္ မလိုဘူးထင္ပါတယ္။ ဒီနည္းလမ္းကေတာ့ ေရွးဘုိးဘြားေခတ္အဆက္ဆက္က အသံုးျပဳခဲ့တဲ့ အဖိုးတန္အေမြအႏွစ္လို႔ ေျပာရင္လည္း မမွားပါဘူး။ အသံုးျပဳပံုကလည္း ရိုးရွင္းလွပါတယ္။ ေထာပတ္သီး ၁လံုး၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းႏွင့္ ၾကက္ဥ ၁လံုးတို႔ကို ေရာစပ္ၿပီးေသခ်ာေမႊေပးပါ။ ရရွိလာတဲ့အေရာအေႏွာကို ဦးေရျပားမွစၿပီး ဆံသားအႏွံ႔သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ခန္႔ထားၿပီး ေရေႏြးနဲ႔ေခါင္းေလွ်ာ္ေပးလိုက္ရံုပါပဲ။ ဒါဆိုရင္ေတာ့ လွပတဲ့ဆံေကသာေလးကို မိနစ္ပိုင္းေလးအတြင္းမွာ အရယူလိုက္ပါ။

(၃) ရွားေစာင္းလက္ပတ္ျဖင့္ေပါင္းတင္နည္း

ရွားေစာင္းလက္ပတ္ကို အလွအပေရးရာမွာ အသံုးတည့္လွတာကို ေတြ႔ရပါတယ္။ အသားအေရလွပဖုိ႔အတြက္သာမက ဦးေရျပားေရာဂါ၊ မႈိေရာဂါမ်ားကိုကုသရာမွာ တကယ့္ကိုအသံုးတည့္လွတာကို ေတြ႔ရပါတယ္။ ဒါ့အျပင္ ဆံသားမြဲေျခာက္ျခင္းအတြက္ အေကာင္းဆံုးအားျဖည့္ေဆးပဲ ျဖစ္ပါတယ္။ လတ္ဆတ္တဲ့ ရွားေစာင္းလက္ပတ္တစ္ပင္ႏွင့္ ဗာဓံအဆီ တို႔ပဲလိုအပ္ပါတယ္။ ရွာေစာင္းလက္ပတ္လက္အတြင္းသားဂ်ယ္လ္ကို ေခ်လိုက္ၿပီး ဗာဓံအဆီလက္ဖက္ရည္ဇြန္း ၁ဇြန္းတို႔ကို ေရာစပ္ၿပီး ဦးေရျပားအႏွံ႔သုတ္လိမ္းေပးရမွာပဲ ျဖစ္ပါတယ္။ ေခါင္းမေလွ်ာ္ခင္ မိနစ္၂၀ အလိုမွာ ျပဳလုပ္ေပးႏိုင္ၿပီး ေရေႏြးေႏြးေလးနဲ႔ ေခါင္းေလွ်ာ္လုိက္ပါ။ ဒီနည္းလမ္းေလးကလည္း အခ်ိန္အၾကာႀကီးေပးစရာမလိုတာေၾကာင့္ နည္းလမ္းေကာင္းေလးပါပဲေနာ္။

Credit:နန္း (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အိန္ဒိယမင်းသား၊ မင်းသမီးလေးတွေ ဘာ့ကြောင့်ဆံပင်နက်မှောင်သန်စွမ်းနေရသလဲ ဆိုတဲ့ အကြောင်းအရင်း လျှို့ဝှက်ချက်ကို သိချင်ကြမယ်ထင်ပါတယ်။ အများနည်းတူနက်မှောင်လှပတဲ့ ဆံကေသာပိုင်ရှင်လေး ဖြစ်ချင်ပေးမယ့် အချိန်သီးသန့်မပေးနိုင်ရင်ပဲဖြစ်ဖြစ်၊ နာမည်ကြီးဘရန်းများကို သုံးနေပေမယ့် ထင်သလောက် အကျိုးရလဒ်မရလာပြန်ပါဘူး။ ဈေးကွက်ထဲက ဆံပင်ပေါင်းတင်ဆေးမျိုးစုံကို အသုံးပြုမယ်ဆိုပြန်တော့လည်း ပါဝင်တဲ့ဓာတုပစ္စည်းတွေကြောင့် ဆံပင်ပိုပြီးပျက်စီးသွားမှာကို ကြောက်ရပါသေးတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းလေးနဲ့ အချိန်ကုန်ငွေကုန်ကြေးကျသက်သာစေမယ့် သဘာဝနည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။

(၁) ငှက်ပျောသီးဖြင့်ပေါင်းတင်နည်း

ငှက်ပျောသီးမှာပါဝင်တဲ့ အာဟာရဓာတ်များက ဆံကေသာကျန်းမာသန်စွမ်းဖို့အတွက် များစွာအထောက်အကူပြုတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဦးရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဗောက်ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ငှက်ပျောသီးတစ်လုံးနှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း တို့ကိုရောစပ်လိုက်ပါ။ အာလူးအနှစ်ကဲ့သို့ ဖြစ်သွားတဲ့အထိ ချေပေးပါ။ ရရှိလာတဲ့အရောအနှောကို ဆံသားအနှံ့သုတ်လိမ်းပေးပါ။ ရေမချိုးခင်မိနစ်၂၀ခန့်လောက်မှာ ဒီနည်းလမ်းအတိုင်းပေါင်းတင်ပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဆံကေသာနက်မှောင်ပြီး ပျော့ပျောင်းလာတာကို တွေ့ရမှာပါနော်။

(၂) ထောပတ်သီးဖြင့်ပေါင်းတင်နည်း

ထောပတ်သီးကလည်း ငှက်ပျောသီးလိုပဲ အာဟာရဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်တယ်ဆိုတာကို အထူးတလည်ရှင်းပြနေစရာတောင် မလိုဘူးထင်ပါတယ်။ ဒီနည်းလမ်းကတော့ ရှေးဘိုးဘွားခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ အဖိုးတန်အမွေအနှစ်လို့ ပြောရင်လည်း မမှားပါဘူး။ အသုံးပြုပုံကလည်း ရိုးရှင်းလှပါတယ်။ ထောပတ်သီး ၁လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းနှင့် ကြက်ဥ ၁လုံးတို့ကို ရောစပ်ပြီးသေချာမွှေပေးပါ။ ရရှိလာတဲ့အရောအနှောကို ဦးရေပြားမှစပြီး ဆံသားအနှံ့သုတ်လိမ်းပေးပါ။ မိနစ် ၂၀ခန့်ထားပြီး ရေနွေးနဲ့ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ လှပတဲ့ဆံကေသာလေးကို မိနစ်ပိုင်းလေးအတွင်းမှာ အရယူလိုက်ပါ။

(၃) ရှားစောင်းလက်ပတ်ဖြင့်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်ကို အလှအပရေးရာမှာ အသုံးတည့်လှတာကို တွေ့ရပါတယ်။ အသားအရေလှပဖို့အတွက်သာမက ဦးရေပြားရောဂါ၊ မှိုရောဂါများကိုကုသရာမှာ တကယ့်ကိုအသုံးတည့်လှတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆံသားမွဲခြောက်ခြင်းအတွက် အကောင်းဆုံးအားဖြည့်ဆေးပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်တစ်ပင်နှင့် ဗာဓံအဆီ တို့ပဲလိုအပ်ပါတယ်။ ရှာစောင်းလက်ပတ်လက်အတွင်းသားဂျယ်လ်ကို ချေလိုက်ပြီး ဗာဓံအဆီလက်ဖက်ရည်ဇွန်း ၁ဇွန်းတို့ကို ရောစပ်ပြီး ဦးရေပြားအနှံ့သုတ်လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ခေါင်းမလျှော်ခင် မိနစ်၂၀ အလိုမှာ ပြုလုပ်ပေးနိုင်ပြီး ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းလေးကလည်း အချိန်အကြာကြီးပေးစရာမလိုတာကြောင့် နည်းလမ်းကောင်းလေးပါပဲနော်။

Credit:နန်း (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top