iMyanmarHouse.com - Best Property Website for Myanmar
×

တုပ္ေကြးရာသီလို႔ေျပာလို႔ရတဲ့ မိုးတြင္းကာလမွာ ကိုယ္ခံအားေကာင္းဖို႔ အေရးႀကီးလွပါတယ္။ ကိုယ္ခံအားနည္းေနရင္ ေရာဂါပိုးဝင္ေရာက္ဖို႔ လြယ္ကူသြားပါၿပီ။ ဒါ့ေၾကာင့္ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုးရင္ေတာင္ လံုးဝမေပါ့ဆသင့္ဘဲ ဆရာဝန္နဲ႔ျပသသင့္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ခံအားေကာင္းမြန္ၿပီး အဖ်ားပိုလြယ္ကူစြာဝင္ေရာက္ျခင္း မရွိရေလေအာင္ အခုေဖာ္ျပေပးမယ့္ အခ်က္ေလးေတြကို လိုက္နာဖို႔လိုပါတယ္ေနာ္။

(၁) အာဟာရမွ်တစြာစားသံုးပါ

ေနထုိင္စားေသာက္မႈကို ေသခ်ာဂရုစို္က္ဖို႔လိုပါတယ္။ ႏွာေစး၊ လည္ေခ်ာင္းနာရင္ ဂ်င္းျပဳတ္ရည္ေသာက္ေပးလို႔ရပါတယ္။ အစိမ္းေရာင္အသီးအရြက္မ်ား၊ အသားငါးမ်ားကို မွ်တစြာစားသံုးဖုိ႔လည္း လိုအပ္ပါတယ္။ ဒါမွအင္အားျပည့္ဝစြာနဲ႔ အဖ်ားေရာဂါကိုခုခံႏိုင္မွာပါ။ မိုးမိၿပီး အေအးမိတဲ့အခါမွာ ဂ်င္းျပဳတ္ရည္၊ စြပ္ျပဳတ္ပူပူေလးကို ေသာက္သံုးေပးလို႔ ရပါတယ္။

(၂) အိပ္ေရးဝဝအိပ္ပါ

တစ္ေန႔ကို၈နာရီအိပ္ဖို႔လိုပါတယ္။ အိပ္ေရးဝဝအိပ္မွ ေရာဂါမ်ားကို ခုခံႏိုင္စြမ္းအားရွိမွာပါ။ ကို္ယ္ခံအားေကာင္းေနမွ ေရာဂါပိုးမႊားမ်ား အလြယ္တကူမဝင္ေရာက္ႏိုင္ေတာ့ပါဘူး။ ညဘက္မွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ဘူး ဆိုရင္ေတာ့ ႏြားႏို႔ပူပူေလး တစ္ခြက္ကိုေသာက္သံုးေပးပါ။ ေယာဂက်င့္စဥ္ျပဳလုပ္တတ္သူဆိုရင္ေတာ့ အိပ္ခါနီးမွာ ေယာဂက်င့္လို႔ရပါတယ္။ ဒါဆိုရင္ေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစပါတယ္။

(၃) လက္ကိုစင္ၾကယ္စြာေဆးေၾကာပါ

စားေသာက္ေနထိုင္မႈပံုစံေတြ ဂရုစိုက္ရမယ္ဆိုေပမယ့္လည္း တစ္ကိုယ္ရည္သန္႔ရွင္းမႈရွိဖုိ႔လည္း လိုပါတယ္ေနာ္။ လက္မွာကပ္ၿငိေနတတ္တဲ့ မျမင္ႏိုင္တဲ့ဘတ္တီးရီးယားပိုးမႊားမ်ားမွတစ္ဆင့္ အဖ်ားေရာဂါဝင္ေရာက္တတ္ပါတယ္။ ႏွာေခ်၊ ေခ်ာင္းဆိုးလိုက္တဲ့အခါမွာ ပိုးမႊားကပ္ေနတဲ့လက္နဲ႔ ႏွာေခါင္း၊ ပါးစပ္ေတြကိုပြတ္လိုက္မိမယ္ဆိုရင္ ေရာဂါပိုးကအလြယ္တကူဝင္ေရာက္သြားႏိုင္ပါတယ္။ ဒ့ါေၾကာင့္ လက္ကိုအၿမဲသန္႔ရွင္းေနေအာင္ ထားဖို႔လိုပါတယ္ေနာ္။ အသံုးျပဳၿပီးသားတစ္ရွဴး၊ လက္ကိုင္ပဝါေတြကိုလည္း စနစ္တက်စြန႔္ပစ္ဖို႔လိုပါတယ္။ ျဖစ္ႏိုင္ရင္ Hand Gel ကိုကိုယ္နဲ႔မကြာေဆာင္ထားဖုိ႔ လိုပါတယ္ေနာ္။

(၄) စိတ္ဖိစီးမႈကိုေျဖေလ်ာ့ပါ

စိတ္က်န္းမာမွ ကိုယ္က်န္းမာမွာပါ။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈမ်ားကို ေျဖေလ်ာ့ေပးဖို႔လိုပါတယ္။ သီခ်င္းနားေထာင္ျခင္း၊ တရားထိုင္ျခင္းစသျဖင့္ နည္းမ်ိဳးစံုနဲ႔စိတ္ေျဖေလ်ာ့လို႔ရပါတယ္ေနာ္။ စိတ္ညစ္တဲ့အခ်ိန္မွာ စားသံုးသင့္တဲ့အစားအစာေတြလည္း မ်ားစြာရွိပါတယ္။ ေခ်ာကလက္အနက္၊ ဝိုင္နီ၊ အစိမ္းေရာင္အသီးအရြက္မ်ားကို မ်ားမ်ားစားေပးပါ။

(၅) ေလ့က်င့္ခန္းလုပ္ပါ

တစ္ေန႔ကိုမိနစ္၃၀ခန္႔ ေလ့က်င့္ခန္းျပဳလုပ္ဖုိ႔လိုပါတယ္ေနာ္။ ကို္ယ္လက္လႈပ္ရွားမႈေတြျပဳလုပ္မွ က်န္းမာလွပႏိုင္မွာပါ။ ဒါ့ေၾကာင့္ နာရီဝက္ခန္႔လမ္းေလွ်ာက္ထြက္တာပဲျဖစ္ျဖစ္၊ အားကစားတစ္ခုခုျပဳလုပ္တာျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္။

Credit:www.shweinnlay.com
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တုပ်ကွေးရာသီလို့ပြောလို့ရတဲ့ မိုးတွင်းကာလမှာ ကိုယ်ခံအားကောင်းဖို့ အရေးကြီးလှပါတယ်။ ကိုယ်ခံအားနည်းနေရင် ရောဂါပိုးဝင်ရောက်ဖို့ လွယ်ကူသွားပါပြီ။ ဒါ့ကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးရင်တောင် လုံးဝမပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းမွန်ပြီး အဖျားပိုလွယ်ကူစွာဝင်ရောက်ခြင်း မရှိရလေအောင် အခုဖော်ပြပေးမယ့် အချက်လေးတွေကို လိုက်နာဖို့လိုပါတယ်နော်။

(၁) အာဟာရမျှတစွာစားသုံးပါ

နေထိုင်စားသောက်မှုကို သေချာဂရုစိုက်ဖို့လိုပါတယ်။ နှာစေး၊ လည်ချောင်းနာရင် ဂျင်းပြုတ်ရည်သောက်ပေးလို့ရပါတယ်။ အစိမ်းရောင်အသီးအရွက်များ၊ အသားငါးများကို မျှတစွာစားသုံးဖို့လည်း လိုအပ်ပါတယ်။ ဒါမှအင်အားပြည့်ဝစွာနဲ့ အဖျားရောဂါကိုခုခံနိုင်မှာပါ။ မိုးမိပြီး အအေးမိတဲ့အခါမှာ ဂျင်းပြုတ်ရည်၊ စွပ်ပြုတ်ပူပူလေးကို သောက်သုံးပေးလို့ ရပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ

တစ်နေ့ကို၈နာရီအိပ်ဖို့လိုပါတယ်။ အိပ်ရေးဝဝအိပ်မှ ရောဂါများကို ခုခံနိုင်စွမ်းအားရှိမှာပါ။ ကိုယ်ခံအားကောင်းနေမှ ရောဂါပိုးမွှားများ အလွယ်တကူမဝင်ရောက်နိုင်တော့ပါဘူး။ ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘူး ဆိုရင်တော့ နွားနို့ပူပူလေး တစ်ခွက်ကိုသောက်သုံးပေးပါ။ ယောဂကျင့်စဉ်ပြုလုပ်တတ်သူဆိုရင်တော့ အိပ်ခါနီးမှာ ယောဂကျင့်လို့ရပါတယ်။ ဒါဆိုရင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

(၃) လက်ကိုစင်ကြယ်စွာဆေးကြောပါ

စားသောက်နေထိုင်မှုပုံစံတွေ ဂရုစိုက်ရမယ်ဆိုပေမယ့်လည်း တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့လည်း လိုပါတယ်နော်။ လက်မှာကပ်ငြိနေတတ်တဲ့ မမြင်နိုင်တဲ့ဘတ်တီးရီးယားပိုးမွှားများမှတစ်ဆင့် အဖျားရောဂါဝင်ရောက်တတ်ပါတယ်။ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ပိုးမွှားကပ်နေတဲ့လက်နဲ့ နှာခေါင်း၊ ပါးစပ်တွေကိုပွတ်လိုက်မိမယ်ဆိုရင် ရောဂါပိုးကအလွယ်တကူဝင်ရောက်သွားနိုင်ပါတယ်။ ဒ့ါကြောင့် လက်ကိုအမြဲသန့်ရှင်းနေအောင် ထားဖို့လိုပါတယ်နော်။ အသုံးပြုပြီးသားတစ်ရှူး၊ လက်ကိုင်ပဝါတွေကိုလည်း စနစ်တကျစွန့်ပစ်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင် Hand Gel ကိုကိုယ်နဲ့မကွာဆောင်ထားဖို့ လိုပါတယ်နော်။

(၄) စိတ်ဖိစီးမှုကိုဖြေလျော့ပါ

စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမှာပါ။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို ဖြေလျော့ပေးဖို့လိုပါတယ်။ သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်းစသဖြင့် နည်းမျိုးစုံနဲ့စိတ်ဖြေလျော့လို့ရပါတယ်နော်။ စိတ်ညစ်တဲ့အချိန်မှာ စားသုံးသင့်တဲ့အစားအစာတွေလည်း များစွာရှိပါတယ်။ ချောကလက်အနက်၊ ဝိုင်နီ၊ အစိမ်းရောင်အသီးအရွက်များကို များများစားပေးပါ။

(၅) လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့ကိုမိနစ်၃၀ခန့် လေ့ကျင့်ခန်းပြုလုပ်ဖို့လိုပါတယ်နော်။ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်မှ ကျန်းမာလှပနိုင်မှာပါ။ ဒါ့ကြောင့် နာရီဝက်ခန့်လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ်၊ အားကစားတစ်ခုခုပြုလုပ်တာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

Credit:www.shweinnlay.com

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top