iMyanmarHouse.com - Best Property Website for Myanmar
×

အစားေရွာင္ဖုိ႔နဲ႔ ဆင္ဆင္ျခင္ျခင္ စားသံုးဖုိ႔ဆုိတဲ့အခ်က္က ဝိတ္ခ်ဖုိ႔ႀကိဳးစားေနတဲ့သူေလးေတြအတြက္ တကယ့္ကုိ ဝမ္းနည္းစရာနဲ႔ လုိက္နာဖုိ႔ခက္ခဲတဲ့ အခ်က္ေလးေတြဆုိတာ အမွန္ပါပဲေနာ္. ျမင္တာနဲ႔ စားခ်င္၊ ဝိတ္တက္မွာလည္း စိုးရိမ္ရျဖစ္တတ္ၾကလုိ႔ပါ။

အခုလည္း ေနာက္ထပ္ ထပ္ဝမ္းနည္းစရာတစ္ခုက ဝိတ္က်မယ့္ နည္းလမ္းအတြက္ ျဖစ္ႏုိင္ရင္ အစား အစာေတြရဲ႕ အနံ႔ေတာင္ မခံသင့္ပါဘူးတဲ့။ ကယ္လီဖုိးနီးယား၊ ဘားကေလးက သုေတသနျပဳ အဖြဲ႔ရဲ႕ ေလ့လာေတြ႔ရွိမႈအသစ္ေတြအရ အစားအေသာက္ေတြရဲ႕ အနံ႔နဲ႔တင္ ခႏၶာကုိယ္အေလးခ်ိန္ တက္ လာဖုိ႔ ပုိၿပီးေတာ့အားေပးတာကုိ ေတြ႕ရပါတယ္။ အနံ႔ခံအာရံုကေန ဦးေႏွာက္လုပ္ေဆာင္ မႈေတြခ်ိတ္ ဆက္ၿပီးေတာ့ ခႏၶာကုိယ္တြင္း ဇီဝကမျဖစ္စဥ္ကုိျဖစ္ေပၚေစၿပီးေတာ့ အဲ့ဒါကေန ကုိယ္ခႏၶာအေလးခ်ိန္ကုိ တိုးေစတဲ့ ဟုိက္ပုိသားလက္မက္စ္ကုိ ျဖစ္ေပၚလာေစတာ ျဖစ္ပါတယ္။

ေလ့လာစမ္းသပ္မႈျပဳလုပ္တဲ့ အဖြဲ႔အစည္းက ဒီျဖစ္စဥ္နဲ႔ စစ္ေဆးေတြ႔ရွိမႈေတြ ၾကြက္ေတြမွာ ေလ့လာ စမ္းသပ္မႈနဲ႔ စစ္ေဆးမႈေတြျပဳလုပ္ ခဲ့ရၿပီး ရလာဒ္အေျဖေတြမွာ ၾကြက္ေတြရဲ႕ အနံ႔ခံအာရံုကေန တဆင့္ အစားအေသာက္အနံ႔ပုိရတဲ့ ၾကြက္ေတြမွာ ပုိၿပီးေတာ့ ဆာေလာင္မႈနဲ႔ အေလးခ်ိန္တိုးမႈေတြ ျဖစ္ေပၚ လာတာကုိ ေတြ႕ရွိရတာျဖစ္ပါတယ္။

သုေတသနျပဳလုပ္တဲ့ စာတမ္းေရးသားတဲ့ အန္ဒရူး ဒင္လင္းကေတာ့ ဒီစစ္ေဆးမႈအေျဖေၾကာင့္ လူ ေတြမွာလည္း အန႔ံခံျခင္းကေနတ ဆင့္ ကုိယ္ခႏၶာအေလးခ်ိန္တိုးလာျခင္းအဆင့္က လက္ေတြ႕မွာ လည္း ျဖစ္ေပၚလာႏုိင္နဲ႕ ကယ္လိုရီတိုးလာမႈရွိမရွိကုိေတာ့ အေသးစိတ္ မသိရေသးဘူးလုိ႔ ေျပာထားပါတယ္။

Credit:သဒၵါခ်ိဳ(ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အစားရှောင်ဖို့နဲ့ ဆင်ဆင်ခြင်ခြင် စားသုံးဖို့ဆိုတဲ့အချက်က ဝိတ်ချဖို့ကြိုးစားနေတဲ့သူလေးတွေအတွက် တကယ့်ကို ဝမ်းနည်းစရာနဲ့ လိုက်နာဖို့ခက်ခဲတဲ့ အချက်လေးတွေဆိုတာ အမှန်ပါပဲနော်. မြင်တာနဲ့ စားချင်၊ ဝိတ်တက်မှာလည်း စိုးရိမ်ရဖြစ်တတ်ကြလို့ပါ။

အခုလည်း နောက်ထပ် ထပ်ဝမ်းနည်းစရာတစ်ခုက ဝိတ်ကျမယ့် နည်းလမ်းအတွက် ဖြစ်နိုင်ရင် အစား အစာတွေရဲ့ အနံ့တောင် မခံသင့်ပါဘူးတဲ့။ ကယ်လီဖိုးနီးယား၊ ဘားကလေးက သုတေသနပြု အဖွဲ့ရဲ့ လေ့လာတွေ့ရှိမှုအသစ်တွေအရ အစားအသောက်တွေရဲ့ အနံ့နဲ့တင် ခန္ဓာကိုယ်အလေးချိန် တက် လာဖို့ ပိုပြီးတော့အားပေးတာကို တွေ့ရပါတယ်။ အနံ့ခံအာရုံကနေ ဦးနှောက်လုပ်ဆောင် မှုတွေချိတ် ဆက်ပြီးတော့ ခန္ဓာကိုယ်တွင်း ဇီဝကမဖြစ်စဉ်ကိုဖြစ်ပေါ်စေပြီးတော့ အဲ့ဒါကနေ ကိုယ်ခန္ဓာအလေးချိန်ကို တိုးစေတဲ့ ဟိုက်ပိုသားလက်မက်စ်ကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။

လေ့လာစမ်းသပ်မှုပြုလုပ်တဲ့ အဖွဲ့အစည်းက ဒီဖြစ်စဉ်နဲ့ စစ်ဆေးတွေ့ရှိမှုတွေ ကြွက်တွေမှာ လေ့လာ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေပြုလုပ် ခဲ့ရပြီး ရလာဒ်အဖြေတွေမှာ ကြွက်တွေရဲ့ အနံ့ခံအာရုံကနေ တဆင့် အစားအသောက်အနံ့ပိုရတဲ့ ကြွက်တွေမှာ ပိုပြီးတော့ ဆာလောင်မှုနဲ့ အလေးချိန်တိုးမှုတွေ ဖြစ်ပေါ် လာတာကို တွေ့ရှိရတာဖြစ်ပါတယ်။

သုတေသနပြုလုပ်တဲ့ စာတမ်းရေးသားတဲ့ အန်ဒရူး ဒင်လင်းကတော့ ဒီစစ်ဆေးမှုအဖြေကြောင့် လူ တွေမှာလည်း အနံ့ခံခြင်းကနေတ ဆင့် ကိုယ်ခန္ဓာအလေးချိန်တိုးလာခြင်းအဆင့်က လက်တွေ့မှာ လည်း ဖြစ်ပေါ်လာနိုင်နဲ့ ကယ်လိုရီတိုးလာမှုရှိမရှိကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောထားပါတယ်။

Credit:သဒ္ဒါချို(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top