iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Duwun


#Unicode Version#
အဆိုတော် ကောင်းကောင်းနဲ့ နီလာထူး(Mei Mei)တို့ရဲ့ မင်္ဂလာပွဲကတော့ ဖေ့စ်ဘွတ်ပေါ်မှာ ပြန့်နေတဲ့ မင်္ဂလာဆောင် ဖိတ်စာထဲကအတိုင်း အမေရိကမှာ ကျင်းပခဲ့ပါတယ်။

 မင်္ဂလာပွဲကိုတော့ ဇူလိုင်(၂၃)ရက်နေ့က အမေရိက နိုင်ငံ၊ နီဘရာစကာပြည်နယ်၊ အိုမဟာမြို့ ကရင်နှစ်ခြင်းရီဗာ ဘုရားကျောင်းတွင် လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ မင်္ဂလာမဆောင်ခင် နှစ်ရက် အလို ကတည်းက မင်္ဂလာဆောင်ဖိတ်စာဟာ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန့်နေခဲ့တာ ဖြစ်ပါတယ်။

တချို့ ပရိသတ်တွေကတော့ သူမင်္ဂလာဆောင်မယ်ဆိုတာကို ယုံကြပေမယ့် တချို့ပရိသတ်တွေကတော့  မင်္ဂလာဆောင် ဖိတ်စာအတုလို့ ထင်နေခဲ့ကြပါတယ်။

ဒါပေမယ့် ကောင်းကောင်းရဲ့ မင်္ဂလာပွဲ ပုံရိပ်တွေကတော့ အမှန်တကယ် ထွက်ရှိလာခဲ့ပါပြီ။ မင်္ဂလာပွဲ ကျင်းပမယ့် သတင်းနဲ့ ပတ်သက်ပြီး Duwun Media က မေးမြန်းဖို့ ကောင်းကောင်းရဲ့ဖုန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းက စက်ပိတ်ထားတဲ့အတွက် အကျိုးအကြောင်း မသိခဲ့ရပါဘူး။

ကောင်းကောင်းကတော့ (၈)နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ ချစ်သူ အိုင်ရင်းဇင်မာမြင့်နဲ့ ပြတ်ပြီးနောက်ပိုင်းကတည်းက ဝေဖန်မှုများစွာ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top