iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္က်ဆင္းေစဖို႔ (ဝိတ္က်ေစဖို႔) gym ကိုလည္း ပံုမွန္သြားတယ္။ ေလ႔က်င္႔ခန္းကိုလည္း ပံုမွန္လုပ္တယ္။ ဒါေပမယ္႔ ဝိတ္ကက်မလာဘူးဆိုတဲ႔ လူေတြရွိပါတယ္။ တကယ္ေတာ႔ မိမိရဲ႕ lifestyle နဲ႔ ေန႕စဥ္အေလ႔အထေတြထဲမွာ အေျပာင္းအလဲေလး နည္းနည္းျဖစ္တာနဲ႔ ဝိတ္က်ဖို႔ အခက္အခဲျဖစ္လာမွာပါ။
 Related image
မိမိရဲ႕ေန႕စဥ္အေလ႔အထေတြထဲက ကိုယ္အေလးခ်ိန္က်ဆင္းျခင္းကို အေႏွာင္႔အယွက္ျဖစ္ေစတဲ႔ အခ်က္ေလးေတြကို ေဖာ္ျပေပးလို္က္ပါတယ္။
၁။ အိပ္ခ်ိန္မမွန္ျခင္း

အိပ္ေရးမဝတဲ႔အခါ ခႏၶာကိုယ္ကလည္း ပံုမွန္အလုပ္မလုပ္ေတာ႔ပါဘူး။ ေနာက္ၿပီး ညအိပ္မေပ်ာ္တဲ႔ေရာဂါရွိေနတဲ႔အခါ မီးဖိုေခ်ာင္ထဲကိုသြား၊ ရွိသမွ်လွန္ေလွာစားေသာက္မိတတ္တဲ႔ အက်င္႔ရွိတတ္တာကိုလည္း ေျပာေနဖို႔ေတာင္မလိုပါဘူး။ အဲဒါေတြစုလာတဲ႔အခါမွာ ေလ႔က်င္႔ခန္းဘယ္ေလာက္လုပ္လုုပ္ ဝိတ္မက်ေတာ႔ပါဘူး။

ေန႕ခင္းဘက္မွာ gym ဘယ္ေလာက္ေဆာ႔ေဆာ႔ ညဘက္ပံုမွန္မအိပ္ရင္ အလကားပါပဲ။ ေနာက္တစ္ခုက အိပ္ေရးပ်က္ျခင္းဟာ motivation (စိတ္အားထက္သန္မႈ) က်ဆင္းျခင္းကိုလည္း ျဖစ္ေစႏိုင္လို႔ gym သြားဖို႔စိတ္ကိုေမြးျမဴရာမွာ၊ ေလ႔က်င္႔ခန္းလုပ္ဖို႔ ႀကိဳးစားရာမွာ အေႏွာင္႔အယွက္ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင္႔ အိပ္ခ်ိန္ကိုပံုမွန္ေလးထားၿပီး အိပ္ေရးဝေအာင္အိပ္ေပးသင္႔ပါတယ္။
၂။ ညအိပ္ခ်ိန္မွာ အလင္းေရာင္ေတြအေႏွာင္႔အယွက္ေပးျခင္း

အယ္ဒီဆင္ရဲ႕ေက်းဇူးေၾကာင္႔ပဲေျပာရမလား။ ကြ်န္ေတာ္တို႔ဟာ အျမဲတမ္းလိုလို မီးလင္းေနတဲ႔ကမၻာႀကီးထဲမွာ ေနထိုင္ေနရတာပါ။ (ကြ်န္ေတာ္တို႔ႏိုင္ငံမွာ မီးျပတ္တတ္တာကေတာ႔ ခြ်င္းခ်က္ေပါ႔။) ၿမိဳ႕ျပရဲ႕ နီယြန္မီးေရာင္ေတြ၊ တီဗီကလာတဲ႔ blue light လို႔ေခၚတဲ႔ အျပာေရာင္အလင္းေတြ၊ စမတ္ဖုန္းကထြက္တဲ႔ အျပာေရာင္အလင္းေတြ စသျဖင္႔ မ်ားစြာေသာအလင္းေရာင္ညစ္ညမ္းမႈေတြနဲ႕ ထိေတြ႕ေနရတာပါ။

လွ်ပ္စစ္ပစၥည္းေတြကထြက္တဲ႔ အျပာေရာင္အလင္း (blue light) ေတြဟာ ကြ်န္ေတာ္တို႔ရဲ႕အိပ္ခ်င္စိတ္ေတြကို အေႏွာင္႔အယွက္ေပးၿပီး အိပ္ေမာက်ဖို႔ ပိုမုိခက္ခဲေစပါတယ္။ အလင္းေရာင္ညစ္ညမ္းမႈေတြက ကိုယ္အေလးခ်ိန္ကို တိုက္ရိုက္ေတာ႔တက္မလာေစေပမယ္႔ အိပ္ေရးမဝတဲ႔အခါ ဝိတ္ခ်ရာမွာ အခက္အခဲတစ္ခုလုိျဖစ္လာေစမွာပါ။ ဒါေၾကာင္႔အိပ္ယာမဝင္ခင္မွာ လွ်ပ္စစ္ပစၥည္းေတြကို ပိတ္ထားျခင္းက အိပ္ခ်ိန္ပံုမွန္ျပန္ျဖစ္ေစၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ႔ခ်ရာမွာ အကူအညီျဖစ္ေစမွာပါ။
၃။ စိတ္ဖိစီးမႈ
Image result for stress
စိတ္ဖိစီးမႈဆိုတာ လူသိမ်ားၿပီးသား ဝိတ္တက္ေစတဲ႔အေၾကာင္းရင္းတစ္မ်ိဳးပါပဲ။ စိတ္ဖိစီးမႈဟာ ေဟာ္မုန္းေတြကို အေႏွာင္႔အယွက္ေပးၿပီး ကိုယ္အေလးခ်ိန္တက္ေစသလို ကြ်န္ေတာ္တို႔ကို emotional eaters (စိတ္ဖိစီးလာတိုင္း အစားပဲဖိစားတတ္သူ) ေတြျဖစ္လာေစႏုိင္ပါတယ္။ စိတ္ဖိစီးမႈေၾကာင္႔ အစားေတြဖိစားရာကေန ကိုယ္အေလးခ်ိန္က်ဆင္းေစဖို႔ ေလ႔က်င္႔ခန္းလုပ္ေနတာေတြ၊ diet လုပ္ေနတာေတြကို အလကားျဖစ္သြားေစမွာပါ။
၄။ ေဆးဝါးကုသမႈခံယူျခင္းေတြ

တခ်ိဳ႕ေဆးဝါးေတြက ဇီဝကမၼလုပ္ေဆာင္မႈ (metabolism) ေတြကို ရပ္တန္႕ေစပါတယ္။ ေနာက္ၿပီး သူတို႔က အစားစားခ်င္စိတ္နဲ႔ ဆာေလာင္မႈကိုလည္း အရွိန္ျမင္႔ေစပါတယ္။ အဲဒီေဆးဝါးကုသမႈေတြအတြက္ ဝိတ္တက္လာျခင္းက ေဘးထြက္ဆိုးက်ိဳးတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေၾကာင္႔ေဆးဝါးကုသမႈခံယူေတာ႔မယ္ဆိုရင္ ဆရာဝန္ကို မိမိေသာက္ရမယ္႔ေဆးဝါးနဲ႔ပတ္သက္တဲ႔ ေဘးထြက္ဆိုးက်ိဳးေတြအေၾကာင္းကို ေမးျမန္းပါ။ ဝိတ္တက္ေစတဲ႔ ေဘးထြက္ဆိုးက်ိဳးမပါဝင္တဲ႔ ေဆးဝါးမ်ိဳးနဲ႔ လဲလွယ္ေပးဖို႔ ေတာင္းဆိုပါ။
၅။ စိတ္ဓာတ္က်ျခင္း

စိတ္ဖိစီးမႈလိုပဲ စိတ္ဓာတ္က်ျခင္းဟာလည္း လူတိုင္းမွာရွိေနႏိုင္ၿပီး တစ္ခါတေလဆိုရွိလို႔ရွိေနမွန္းေတာင္ မသိႏိုင္ပါဘူး။ ဝိတ္ခ်ဖို႔ ႀကိဳးစားေနသူေတြအတြက္ သတင္းဆိုးတစ္္ခုကေတာ႔ စိတ္က်ေရာဂါဟာ ဘာကိုမွ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိျခင္းနဲ႔ အစားလြန္ျခင္းေၾကာင္႔ ဝိတ္တက္လာေစႏိုင္ပါတယ္။ ဒါေၾကာင္႔ (၂) ရက္၊ (၃) ရက္ဆက္တုိက္ စိတ္ဓာတ္က်ေနတယ္လို႔ ခံစားရရင္ ဆရာဝန္နဲ႔ျပသတိုင္ပင္ၿပီး မိမိဘယ္လို ခံစားေနရတယ္ဆိုတာကို တိုင္ပင္ေဆြးေႏြးပါ။ စိတ္ဓာတ္က်ျခင္းမရွိရင္ ဘဝကပိုမိုေနေပ်ာ္ဖို႔ ေကာင္းလာၿပီး ေလ႔က်င္႔ခန္းေတြနဲ႔ diet လုပ္ရတာေတြကို ပိုမိုလြယ္ကူလာေစပါတယ္။

Source: powerofpositivity
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကိုယ်အလေးချိန်ကျဆင်းစေဖို့ (ဝိတ်ကျစေဖို့) gym ကိုလည်း ပုံမှန်သွားတယ်။ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်တယ်။ ဒါပေမယ့် ဝိတ်ကကျမလာဘူးဆိုတဲ့ လူတွေရှိပါတယ်။ တကယ်တော့ မိမိရဲ့ lifestyle နဲ့ နေ့စဉ်အလေ့အထတွေထဲမှာ အပြောင်းအလဲလေး နည်းနည်းဖြစ်တာနဲ့ ဝိတ်ကျဖို့ အခက်အခဲဖြစ်လာမှာပါ။ မိမိရဲ့နေ့စဉ်အလေ့အထတွေထဲက ကိုယ်အလေးချိန်ကျဆင်းခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ချိန်မမှန်ခြင်း

အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ကလည်း ပုံမှန်အလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး ညအိပ်မပျော်တဲ့ရောဂါရှိနေတဲ့အခါ မီးဖိုချောင်ထဲကိုသွား၊ ရှိသမျှလှန်လှောစားသောက်မိတတ်တဲ့ အကျင့်ရှိတတ်တာကိုလည်း ပြောနေဖို့တောင်မလိုပါဘူး။ အဲဒါတွေစုလာတဲ့အခါမှာ လေ့ကျင့်ခန်းဘယ်လောက်လုပ်လုုပ် ဝိတ်မကျတော့ပါဘူး။

နေ့ခင်းဘက်မှာ gym ဘယ်လောက်ဆော့ဆော့ ညဘက်ပုံမှန်မအိပ်ရင် အလကားပါပဲ။ နောက်တစ်ခုက အိပ်ရေးပျက်ခြင်းဟာ motivation (စိတ်အားထက်သန်မှု) ကျဆင်းခြင်းကိုလည်း ဖြစ်စေနိုင်လို့ gym သွားဖို့စိတ်ကိုမွေးမြူရာမှာ၊ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကိုပုံမှန်လေးထားပြီး အိပ်ရေးဝအောင်အိပ်ပေးသင့်ပါတယ်။
၂။ ညအိပ်ချိန်မှာ အလင်းရောင်တွေအနှောင့်အယှက်ပေးခြင်း

အယ်ဒီဆင်ရဲ့ကျေးဇူးကြောင့်ပဲပြောရမလား။ ကျွန်တော်တို့ဟာ အမြဲတမ်းလိုလို မီးလင်းနေတဲ့ကမ္ဘာကြီးထဲမှာ နေထိုင်နေရတာပါ။ (ကျွန်တော်တို့နိုင်ငံမှာ မီးပြတ်တတ်တာကတော့ ချွင်းချက်ပေါ့။) မြို့ပြရဲ့ နီယွန်မီးရောင်တွေ၊ တီဗီကလာတဲ့ blue light လို့ခေါ်တဲ့ အပြာရောင်အလင်းတွေ၊ စမတ်ဖုန်းကထွက်တဲ့ အပြာရောင်အလင်းတွေ စသဖြင့် များစွာသောအလင်းရောင်ညစ်ညမ်းမှုတွေနဲ့ ထိတွေ့နေရတာပါ။

လျှပ်စစ်ပစ္စည်းတွေကထွက်တဲ့ အပြာရောင်အလင်း (blue light) တွေဟာ ကျွန်တော်တို့ရဲ့အိပ်ချင်စိတ်တွေကို အနှောင့်အယှက်ပေးပြီး အိပ်မောကျဖို့ ပိုမိုခက်ခဲစေပါတယ်။ အလင်းရောင်ညစ်ညမ်းမှုတွေက ကိုယ်အလေးချိန်ကို တိုက်ရိုက်တော့တက်မလာစေပေမယ့် အိပ်ရေးမဝတဲ့အခါ ဝိတ်ချရာမှာ အခက်အခဲတစ်ခုလိုဖြစ်လာစေမှာပါ။ ဒါကြောင့်အိပ်ယာမဝင်ခင်မှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားခြင်းက အိပ်ချိန်ပုံမှန်ပြန်ဖြစ်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အကူအညီဖြစ်စေမှာပါ။
၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဆိုတာ လူသိများပြီးသား ဝိတ်တက်စေတဲ့အကြောင်းရင်းတစ်မျိုးပါပဲ။ စိတ်ဖိစီးမှုဟာ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးပြီး ကိုယ်အလေးချိန်တက်စေသလို ကျွန်တော်တို့ကို emotional eaters (စိတ်ဖိစီးလာတိုင်း အစားပဲဖိစားတတ်သူ) တွေဖြစ်လာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစားတွေဖိစားရာကနေ ကိုယ်အလေးချိန်ကျဆင်းစေဖို့ လေ့ကျင့်ခန်းလုပ်နေတာတွေ၊ diet လုပ်နေတာတွေကို အလကားဖြစ်သွားစေမှာပါ။
၄။ ဆေးဝါးကုသမှုခံယူခြင်းတွေ

တချို့ဆေးဝါးတွေက ဇီဝကမ္မလုပ်ဆောင်မှု (metabolism) တွေကို ရပ်တန့်စေပါတယ်။ နောက်ပြီး သူတို့က အစားစားချင်စိတ်နဲ့ ဆာလောင်မှုကိုလည်း အရှိန်မြင့်စေပါတယ်။ အဲဒီဆေးဝါးကုသမှုတွေအတွက် ဝိတ်တက်လာခြင်းက ဘေးထွက်ဆိုးကျိုးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဆေးဝါးကုသမှုခံယူတော့မယ်ဆိုရင် ဆရာဝန်ကို မိမိသောက်ရမယ့်ဆေးဝါးနဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို မေးမြန်းပါ။ ဝိတ်တက်စေတဲ့ ဘေးထွက်ဆိုးကျိုးမပါဝင်တဲ့ ဆေးဝါးမျိုးနဲ့ လဲလှယ်ပေးဖို့ တောင်းဆိုပါ။
၅။ စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးမှုလိုပဲ စိတ်ဓာတ်ကျခြင်းဟာလည်း လူတိုင်းမှာရှိနေနိုင်ပြီး တစ်ခါတလေဆိုရှိလို့ရှိနေမှန်းတောင် မသိနိုင်ပါဘူး။ ဝိတ်ချဖို့ ကြိုးစားနေသူတွေအတွက် သတင်းဆိုးတစ်ခုကတော့ စိတ်ကျရောဂါဟာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းနဲ့ အစားလွန်ခြင်းကြောင့် ဝိတ်တက်လာစေနိုင်ပါတယ်။ ဒါကြောင့် (၂) ရက်၊ (၃) ရက်ဆက်တိုက် စိတ်ဓာတ်ကျနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး မိမိဘယ်လို ခံစားနေရတယ်ဆိုတာကို တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓာတ်ကျခြင်းမရှိရင် ဘဝကပိုမိုနေပျော်ဖို့ ကောင်းလာပြီး လေ့ကျင့်ခန်းတွေနဲ့ diet လုပ်ရတာတွေကို ပိုမိုလွယ်ကူလာစေပါတယ်။

Source: powerofpositivity

Credit:Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top