iMyanmarHouse.com - Best Property Website for Myanmar
×

2




5





Credit : Duwun

#Unicode Version#
ချယ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်လေ့ကျင့်ကွင်းမှာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်ရမယ့် ဗုဒ္ဓဟူးနေ့မတိုင်ခင် ကစားသမားတွေကို အနားပေးခဲ့တဲ့အချိန်မှာ ဖာဘရီဂတ်စ်ကတော့ ကမ်းခြေမှာ သူ့ရဲ့ဘဝလက်တွဲဖော်နဲ့ ကဲခဲ့တဲ့ပုံတွေ လူမှုကွန်ရက်ပေါ် တက်လာခဲ့ပါတယ်။


အာရှမှာ ရာသီကြိုခြေစမ်းပွဲ သုံးပွဲကစားခဲ့ရပြီးနောက် နည်းပြကွန်တီက ပရီးမီးယားလိဂ်မစတင်ခင် အနားယူခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။


ချယ်ဆီးအသင်းသားတွေအနေနဲ့ ကွန်မြူနတီဒိုင်းလုပွဲအတွက် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရန် ဗုဒ္ဓဟူးနေ့မှာ လေ့ကျင့်ရေးပြန်လည်စတင်ရမှာဖြစ်ပါတယ်။

အင်္ဂါနေ့အစောပိုင်းက ဖာဘရီဂတ်စ်ကို သူ့ရဲ့ဇနီးဖြစ်သူ ဒန်နီရယ်ဆီးမန်းနဲ့ ကမ်းခြေက ခုံရှည်မှာ လဲလှောင်းပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို တွေ့ခဲ့ရပြီး မိုရာတာကလည်း သူ့ရဲ့ဇနီးနဲ့အတူ နေ့လည်စာ သွားစားခဲ့ပါတယ်။


ချယ်ဆီးအသင်းဟာ သြဂုတ်လ ၆ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ကွန်မြူနတီဒိုင်းလုပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက FA ဖလားကိုသာ ရရှိခဲ့တဲ့အာဆင်နယ်အတွက် ယခုနှစ်ဘောလုံးရာသီမှာ ကွန်မြူနတီဒိုင်းဟာ ပထမဆုံးရရှိမယ့်ဖလားဖြစ်တာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိနေတဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top