iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္လို႕မ်ား ကြ်န္မ ဟာ ေယာက်ာ္း တစ္ေယာက္အတြက္နဲ႕
လိမ္းထားတဲ့ မိတ္ကပ္ေတြ ၊ႏႈတ္ခမ္းနီးေတြဖ်တ္ ၊ ေဒါက္ဖိနပ္ေတြ ခြ်တ္ျပီး ဖိုသီဖတ္သီနဲ႕ ဖိနပ္ပါးတစ္ရန္စီးျပီး ေနာက္ေဖးေခ်ာင္ မွာ အိမ္ေဖၚ တစ္ေယာက္လုိ အိမ္အလုပ္ေတြခ်ည္း ဖိလုပ္ေနမိတယ္ဆိုရင္..

တကယ္လုိ႕မ်ား ေပၚသမွ် အ၀တ္စား ဒီဇိုင္းအသစ္ေတြ မ၀တ္ႏိုင္ေတာ့ပဲ ျဖစ္သလို အိမ္ေနရင္းအ၀တ္ေလးေတြ ၀တ္ျပီး ကေလး ေတြအတြက္ ေက်ာင္း ပို႕ေက်ာင္းၾကိဳလုပ္ေနမိတယ္ ဆိုရင္ …
တကယ္လုိ႕မ်ား ရီေမာစရာ ၾကံဳလာရတဲ့အခါ လွလွပပ မရီမိေတာ့ပဲ စိတ္လြတ္ကိုယ္လြတ္ ရီေမာလုိက္မိတာမ်ိဳးရွိသလို ေဒါသ ထြက္လာတဲ့ အခါမွာလည္း ကိုယ့္ရုပ္ကိုဂရုမစိုက္မိေတာ့ပဲ သရဲမလိုရုပ္ျဖစ္တဲ့အထိ ေဒါသေတြထြက္ေနခဲ့မယ္ဆုိရင္….

တကယ္လို႕မ်ား စူထြက္လာတဲ့ ဗိုက္ အတြက္ ေလ့က်င့္ခန္း လုပ္ဖုိ႕ အခ်ိန္မရပဲ ဒီ ဗိုက္ ပူပူနဲ႕ပဲ ထမင္းဟင္းခ်က္ျပီး ေယာက်ာ္း ျပန္လာတာကို ထမင္း၀ိုင္းအဆင္သင့္ျပင္ျပီး ေစာင့္ေနခဲ့မယ္ဆုိရင္…


ဒီလိုလုပ္ေနတာအားလံုးဟာကြ်န္မမွာ ဒီထက္သာတဲ့ ေယာက်ာ္း တစ္ေယာက္ ရႏိုင္တဲ့အရည္ခ်င္းမရွိလို႕ ၊ ဒါမွမဟုတ္ ဆြဲေဆာင္မႈမရွိေတာ့လုိ႕ထက္ ကိုယ့္အတြက္ တန္ဖိုး ရွိျပီး ကိုယ့္ကို တန္ဖိုး ထားတဲ့ ေယာက်ာ္း တစ္ေယာက္အတြက္ ကိုယ္က်ိဳးမၾကည့္ႏုိင္ေတာ့ပဲ လုပ္ေပးေနမိတာပါ။

တကယ္လုိ႕မ်ား တစ္ေန႕က်ရင္ ေတြ႕စတုန္းကလို ပ်ိဳျမစ္မႈေတြ၊ လွပမႈေတြ၊ ဆြဲေဆာင္မႈေတြ၊ ခႏၶာကိုယ္အခ်ိဳးအစား ေျပျပစ္မႈေတြ မရွိေတာ့လို႕ ကြ်န္မကို တန္ဖိုးမထားေတာ့ဘူးဆိုရင္ ကြ်န္မအတြက္လည္း ထို ေယာက်ာ္း က တန္ဖိုးမရွိေတာ့တဲ့အတြက္ အရင္ေတြ႕စလိုပဲ အပူအပင္မရွိ လွလွပပျပန္ေနထိုင္ဖုိ႕ ကြ်န္မ ရဲ႕လမ္းေၾကာင္းေတြ အကုန္ေနာက္ျပန္လွည့္လုိ႕ ရပါတယ္။

ခြ်တ္ခ်ခဲ့တဲ့ ေဒါက္ဖိနပ္ေတြ ၊ မလိမ္းျဖစ္ေတာ့တဲ့ မိတ္ကပ္ ေတြကို အခ်ိန္မေရြးျပန္လည္ ျခယ္သရင္း မိသားစု အတြက္တကုတ္ကုတ္ အလုပ္ရႈပ္စရာမလုိေတာ့တဲ့ ကြ်န္မ ဟာ ကိုယ့္တိုးတက္ရာတိုးတက္ေၾကာင္း အလုပ္ေတြလုပ္ရင္း အေတာက္ပဆံုး ျပန္ေနထုိင္ႏုိင္ပါတယ္။


အိမ္ အျပင္ထြက္ရင္ တန္ဖိုးရွိတဲ့ ေယာက်ာ္း ေတြအမ်ားၾကီးေရြးခ်ယ္စရာ ရွိေနေပမဲ့ ကိုယ့္အတြက္အဖိုးတန္လုိ႕ ယူဆထားလုိ႕ အိမ္ တြင္းေအာင္းျပီး အလုပ္ေတြလုပ္ေနတဲ့ မိန္းမ ဟာ ေယာက်ာ္းတစ္ေယာက္ကို ေတာ္ရံုခ်စ္လုိ႕ဒါမ်ိဳးလုပ္ေပးတယ္လုိ႕ မေအာက္ေမ့လုိက္ပါနဲ႕။

မိန္းမ တစ္ေယာက္ဟာ သူ တန္ဖိုး ထားခ်စ္ခင္တဲ့ အဖိုးတန္ ေယာက်ာ္း တစ္ေယာက္ကို အိမ္ဦးခန္းမွာ ကိုးကြယ္ထားႏုိင္သလို တန္ဖိုး မရွိဘူးလုိ႕ ယူဆလုိက္တဲ့အခါမွာလည္း အခ်ိန္မေရြးစြန္႕ပစ္လုိ႕ရပါတယ္။
အရင္ေလာက္မလွေတာ့လုိ႕ အရင္လုိ တန္ဖုိး မရွိဘူးလုိ႕ ထင္တဲ့အခါ တန္ဖိုးမရွိျဖစ္သြားမွာက ရွင္တုိ႕ေယာက်ာ္းေတြ……………..

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : မႏုႆ ရဲ႕ စာမ်က္ႏွာေလးမ်ား

#Unicode Version#
တကယ်လို့များ ကျွန်မ ဟာ ယောကျာ်း တစ်ယောက်အတွက်နဲ့
လိမ်းထားတဲ့ မိတ်ကပ်တွေ ၊နှုတ်ခမ်းနီးတွေဖျတ် ၊ ဒေါက်ဖိနပ်တွေ ချွတ်ပြီး ဖိုသီဖတ်သီနဲ့ ဖိနပ်ပါးတစ်ရန်စီးပြီး နောက်ဖေးချောင် မှာ အိမ်ဖေါ် တစ်ယောက်လို အိမ်အလုပ်တွေချည်း ဖိလုပ်နေမိတယ်ဆိုရင်..

တကယ်လို့များ ပေါ်သမျှ အဝတ်စား ဒီဇိုင်းအသစ်တွေ မဝတ်နိုင်တော့ပဲ ဖြစ်သလို အိမ်နေရင်းအဝတ်လေးတွေ ဝတ်ပြီး ကလေး တွေအတွက် ကျောင်း ပို့ကျောင်းကြိုလုပ်နေမိတယ် ဆိုရင် …
တကယ်လို့များ ရီမောစရာ ကြုံလာရတဲ့အခါ လှလှပပ မရီမိတော့ပဲ စိတ်လွတ်ကိုယ်လွတ် ရီမောလိုက်မိတာမျိုးရှိသလို ဒေါသ ထွက်လာတဲ့ အခါမှာလည်း ကိုယ့်ရုပ်ကိုဂရုမစိုက်မိတော့ပဲ သရဲမလိုရုပ်ဖြစ်တဲ့အထိ ဒေါသတွေထွက်နေခဲ့မယ်ဆိုရင်….

တကယ်လို့များ စူထွက်လာတဲ့ ဗိုက် အတွက် လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရပဲ ဒီ ဗိုက် ပူပူနဲ့ပဲ ထမင်းဟင်းချက်ပြီး ယောကျာ်း ပြန်လာတာကို ထမင်းဝိုင်းအဆင်သင့်ပြင်ပြီး စောင့်နေခဲ့မယ်ဆိုရင်…



ဒီလိုလုပ်နေတာအားလုံးဟာကျွန်မမှာ ဒီထက်သာတဲ့ ယောကျာ်း တစ်ယောက် ရနိုင်တဲ့အရည်ချင်းမရှိလို့ ၊ ဒါမှမဟုတ် ဆွဲဆောင်မှုမရှိတော့လို့ထက် ကိုယ့်အတွက် တန်ဖိုး ရှိပြီး ကိုယ့်ကို တန်ဖိုး ထားတဲ့ ယောကျာ်း တစ်ယောက်အတွက် ကိုယ်ကျိုးမကြည့်နိုင်တော့ပဲ လုပ်ပေးနေမိတာပါ။

တကယ်လို့များ တစ်နေ့ကျရင် တွေ့စတုန်းကလို ပျိုမြစ်မှုတွေ၊ လှပမှုတွေ၊ ဆွဲဆောင်မှုတွေ၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှုတွေ မရှိတော့လို့ ကျွန်မကို တန်ဖိုးမထားတော့ဘူးဆိုရင် ကျွန်မအတွက်လည်း ထို ယောကျာ်း က တန်ဖိုးမရှိတော့တဲ့အတွက် အရင်တွေ့စလိုပဲ အပူအပင်မရှိ လှလှပပပြန်နေထိုင်ဖို့ ကျွန်မ ရဲ့လမ်းကြောင်းတွေ အကုန်နောက်ပြန်လှည့်လို့ ရပါတယ်။

ချွတ်ချခဲ့တဲ့ ဒေါက်ဖိနပ်တွေ ၊ မလိမ်းဖြစ်တော့တဲ့ မိတ်ကပ် တွေကို အချိန်မရွေးပြန်လည် ခြယ်သရင်း မိသားစု အတွက်တကုတ်ကုတ် အလုပ်ရှုပ်စရာမလိုတော့တဲ့ ကျွန်မ ဟာ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း အလုပ်တွေလုပ်ရင်း အတောက်ပဆုံး ပြန်နေထိုင်နိုင်ပါတယ်။


အိမ် အပြင်ထွက်ရင် တန်ဖိုးရှိတဲ့ ယောကျာ်း တွေအများကြီးရွေးချယ်စရာ ရှိနေပေမဲ့ ကိုယ့်အတွက်အဖိုးတန်လို့ ယူဆထားလို့ အိမ် တွင်းအောင်းပြီး အလုပ်တွေလုပ်နေတဲ့ မိန်းမ ဟာ ယောကျာ်းတစ်ယောက်ကို တော်ရုံချစ်လို့ဒါမျိုးလုပ်ပေးတယ်လို့ မအောက်မေ့လိုက်ပါနဲ့။

မိန်းမ တစ်ယောက်ဟာ သူ တန်ဖိုး ထားချစ်ခင်တဲ့ အဖိုးတန် ယောကျာ်း တစ်ယောက်ကို အိမ်ဦးခန်းမှာ ကိုးကွယ်ထားနိုင်သလို တန်ဖိုး မရှိဘူးလို့ ယူဆလိုက်တဲ့အခါမှာလည်း အချိန်မရွေးစွန့်ပစ်လို့ရပါတယ်။
အရင်လောက်မလှတော့လို့ အရင်လို တန်ဖိုး မရှိဘူးလို့ ထင်တဲ့အခါ တန်ဖိုးမရှိဖြစ်သွားမှာက ရှင်တို့ယောကျာ်းတွေ……………..

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : မနုဿ ရဲ့ စာမျက်နှာလေးများ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top