iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းအခ်င္းခ်င္းပဲဆိုတာမွန္ေပမယ့္ အလွျပင္ရာမွာအသံုးျပဳတဲ့ ပစၥည္းေတြကေနတစ္ဆင့္ မျမင္ႏိုင္တဲ့ဘတ္တီးရီးယားပိုးမႊားေတြ ကပ္ၿငိႏိုင္တာေၾကာင့္ တစ္ဦးႏွင့္တစ္ဦးေရာဂါပိုးမႊားမ်ား ကူးစက္သြားႏိုင္ၿပီး အသားအေရကိုလည္း ထိခိုက္ပ်က္စီးေစပါတယ္။ သူငယ္ခ်င္းကိုမွမဟုတ္ပါဘူူး။ ဘယ္သူနဲ႔မွ အလွကုန္ပစၥည္းကို အတူအသံုးျပဳတာမ်ိဳး မျပဳလုပ္သင့္ပါဘူး။ မိမိအသံုးျပဳဖို႔အတြက္ကို သီးသန္႔ထားသင့္ပါတယ္။ သူမ်ားအသံုးျပဳေနတဲ့ အလွကုန္ပစၥည္းကိုလည္း ယူမသံုးသင့္ပါဘူးေနာ္။ ဘာ့ေၾကာင့္လဲဆိုတာကိုေတာ့ အေၾကာင္းအရင္းကို ေအာက္မွာေဖာ္ျပေပးထားပါတယ္။

(၁) ေရာဂါကူးစက္ႏိုင္ေခ်မ်ားသြားပါၿပီ။

ႏႈတ္ခမ္းနီဆိုးတဲ့အခါမွာ ေသခ်ာသပ္ရပ္မႈရွိေအာင္ ႏႈတ္ခမ္းအတြင္းသားအထိကိုေတာင္ ေစ့ေစ့စပ္စပ္ဆိုးရပါတယ္။ ႏႈတ္ခမ္းနီေတာင့္ ဒါမွမဟုတ္ ႏႈတ္ခမ္းဆိုးတံေလးက တခါတရံဆို တံေတြးနဲ႔ထိသြားတာမ်ိဳးလည္း ရွိပါတယ္။ ဒီတံေတြးကေနတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြအမ်ားႀကီးရွိပါတယ္။ ဒါ့ေၾကာင့္ ႏႈတ္ခမ္းနီကို မွ်ေဝအသံုးျပဳတာက ေရာဂါကူးစက္မႈအမ်ားဆံုး လုပ္ရပ္တစ္ခုပါပဲ။ ႏႈတ္ခမ္းနီကိုေတာ့ သီးသန္႔အသံုးျပဳဖို႔ အႀကံျပဳပါရေစ။

(၂) အသားအေရပ်က္စီးေစပါတယ္။

မိတ္ကပ္လိမ္းရာမွာ အသံုးျပဳတဲ့ တို႔ဘက္နဲ႔ ဘရက္ရွ္တို႔ကို တစ္ေယာက္ၿပီးတစ္ေယာက္အသံုးျပဳရင္ မေကာင္းပါဘူး။ ဘာ့ေၾကာင့္လဲဆုိေတာ့ ဘရက္ရွ္ၾကားမွာ ကပ္ၿငိေနတတ္တဲ့ ဘတ္တီးရီးယားက သာမာန္မ်က္စိနဲ႔ၾကည့္ရံုနဲ႔ မျမင္ရပါဘူး။ မိတ္ကပ္လိမ္းတဲ့ တို႔ဘက္စကလည္း မ်က္ႏွာေပၚကဖုန္၊ အဆီေတြ ကပ္ၿငိေနတတ္ပါတယ္။ ဒါကို တစ္ေယာက္ၿပီးတစ္ေယာက္အဆင့္ဆင့္ အသံုးျပဳမယ္ဆိုရင္ ပိုးမႊားမ်ာကို ဖလွယ္ေနတာနဲ႔ အတူတူပါပဲ။ ဒ့ါေၾကာင့္ အလွကုန္ပစၥည္းကို မွ်ေဝအသံုးျပဳျခင္းက အသားအေရကိုပ်က္စီးေစတဲ့ အေၾကာင္းမ်ားစြာထဲက တစ္ခ်က္ပါပဲေနာ္။

(၃) စိတ္ရႈပ္စရာျဖစ္ရပါတယ္။

မိတ္ကပ္လိမ္းတဲ့အခါမွာ အသံုးျပဳရမယ့္ ပစၥည္းေတြကိုစည္းကမ္းတက်နဲ႔ အသံုးျပဳတတ္ဖို႔လည္း လိုပါတယ္။ ေပါင္ဒါအတြက္ဘရက္ရွ္တစ္ခု၊ ပါးနီအတြက္ဘရက္ရွ္တစ္ခု စသျဖင့္ သီးသန္႔ထားရွိသင့္ပါတယ္။ တခိ်ဳ႕က်ေတာ့လည္္း ဘရက္ရွ္တစ္ခုကို မိတ္ကပ္အေရာင္တစ္မ်ိဳးအတြက္ ဆိုၿပီး သီးသန္႔ထားတတ္ၾကပါတယ္။ ဘရက္ရွ္တစ္ခုတည္းအသံုးျပဳၿပီး ျပင္ဆင္မယ္ဆိုရင္ အေရာင္ေတြေရာစပ္သြားၿပီး မိတ္ကပ္ကြက္သြားမွာ စိုးတဲ့အတြက္ေၾကာင့္ပါ။

Credit;နန္း(ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
သူငယ်ချင်းအချင်းချင်းပဲဆိုတာမှန်ပေမယ့် အလှပြင်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကနေတစ်ဆင့် မမြင်နိုင်တဲ့ဘတ်တီးရီးယားပိုးမွှားတွေ ကပ်ငြိနိုင်တာကြောင့် တစ်ဦးနှင့်တစ်ဦးရောဂါပိုးမွှားများ ကူးစက်သွားနိုင်ပြီး အသားအရေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ သူငယ်ချင်းကိုမှမဟုတ်ပါဘူူး။ ဘယ်သူနဲ့မှ အလှကုန်ပစ္စည်းကို အတူအသုံးပြုတာမျိုး မပြုလုပ်သင့်ပါဘူး။ မိမိအသုံးပြုဖို့အတွက်ကို သီးသန့်ထားသင့်ပါတယ်။ သူများအသုံးပြုနေတဲ့ အလှကုန်ပစ္စည်းကိုလည်း ယူမသုံးသင့်ပါဘူးနော်။ ဘာ့ကြောင့်လဲဆိုတာကိုတော့ အကြောင်းအရင်းကို အောက်မှာဖော်ပြပေးထားပါတယ်။

(၁) ရောဂါကူးစက်နိုင်ချေများသွားပါပြီ။

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ သေချာသပ်ရပ်မှုရှိအောင် နှုတ်ခမ်းအတွင်းသားအထိကိုတောင် စေ့စေ့စပ်စပ်ဆိုးရပါတယ်။ နှုတ်ခမ်းနီတောင့် ဒါမှမဟုတ် နှုတ်ခမ်းဆိုးတံလေးက တခါတရံဆို တံတွေးနဲ့ထိသွားတာမျိုးလည်း ရှိပါတယ်။ ဒီတံတွေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအများကြီးရှိပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီကို မျှဝေအသုံးပြုတာက ရောဂါကူးစက်မှုအများဆုံး လုပ်ရပ်တစ်ခုပါပဲ။ နှုတ်ခမ်းနီကိုတော့ သီးသန့်အသုံးပြုဖို့ အကြံပြုပါရစေ။

(၂) အသားအရေပျက်စီးစေပါတယ်။

မိတ်ကပ်လိမ်းရာမှာ အသုံးပြုတဲ့ တို့ဘက်နဲ့ ဘရက်ရှ်တို့ကို တစ်ယောက်ပြီးတစ်ယောက်အသုံးပြုရင် မကောင်းပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘရက်ရှ်ကြားမှာ ကပ်ငြိနေတတ်တဲ့ ဘတ်တီးရီးယားက သာမာန်မျက်စိနဲ့ကြည့်ရုံနဲ့ မမြင်ရပါဘူး။ မိတ်ကပ်လိမ်းတဲ့ တို့ဘက်စကလည်း မျက်နှာပေါ်ကဖုန်၊ အဆီတွေ ကပ်ငြိနေတတ်ပါတယ်။ ဒါကို တစ်ယောက်ပြီးတစ်ယောက်အဆင့်ဆင့် အသုံးပြုမယ်ဆိုရင် ပိုးမွှားမျာကို ဖလှယ်နေတာနဲ့ အတူတူပါပဲ။ ဒ့ါကြောင့် အလှကုန်ပစ္စည်းကို မျှဝေအသုံးပြုခြင်းက အသားအရေကိုပျက်စီးစေတဲ့ အကြောင်းများစွာထဲက တစ်ချက်ပါပဲနော်။

(၃) စိတ်ရှုပ်စရာဖြစ်ရပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါမှာ အသုံးပြုရမယ့် ပစ္စည်းတွေကိုစည်းကမ်းတကျနဲ့ အသုံးပြုတတ်ဖို့လည်း လိုပါတယ်။ ပေါင်ဒါအတွက်ဘရက်ရှ်တစ်ခု၊ ပါးနီအတွက်ဘရက်ရှ်တစ်ခု စသဖြင့် သီးသန့်ထားရှိသင့်ပါတယ်။ တချို့ကျတော့လည်း ဘရက်ရှ်တစ်ခုကို မိတ်ကပ်အရောင်တစ်မျိုးအတွက် ဆိုပြီး သီးသန့်ထားတတ်ကြပါတယ်။ ဘရက်ရှ်တစ်ခုတည်းအသုံးပြုပြီး ပြင်ဆင်မယ်ဆိုရင် အရောင်တွေရောစပ်သွားပြီး မိတ်ကပ်ကွက်သွားမှာ စိုးတဲ့အတွက်ကြောင့်ပါ။

Credit;နန်း(ရွှေအင်းလေး)


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top