iMyanmarHouse.com - Best Property Website for Myanmar
×

ၿမန္မာျပည္ဖြား ေဘာလိဝုဒ္မင္းသမီးလိုင္လာခန္းက သူမကို အြန္လိုင္းေပၚမွာ ေဝဖန္မူေတြနဲ႔ ပတ္သတ္ၿပီးေတာ့ အခုလိုတုံ႔ျပန္ထားတာကို ေတြ႕ရပါတယ္။ "ေအာင္ျမင္တဲ့လူတိုင္းမွာ ခ်စ္တဲ့သူနဲ႔မႈန္းတဲ့လူရွိတယ္ဆိုတာလက္ခံၿပီးသားပါ။ ခ်စ္တဲ့သူေတြေၾကာင့္ေပ်ာ္ရႊင္ရသလို ကိုယ္အေပၚမုန္းသူေတြ၊မလိုသူေတြေၾကာင့္လည္းမခံခ်င္စိတ္တစ္ခုနဲ႔အားျဖစ္ရျပန္ပါတယ္။ လူဆိုတာ ကိုယ့္အေၾကာင္းကိုယ္အသိဆံုးပါ။ ကၽြန္မ ၂၀၀၆ ခုႏွစ္ မွ၂၀၁၃ အထိ တိုင္းတစ္ပါးမွာ ကိုယ္ႀကိဳးစား ရုန္းကန္၊ရင္ဆိုင္၊ေတြ႕ၾကံဳခဲ့ရတာေတြကၽြန္မသာအသိဆံုးပါ။

Laila Khan
အဲ့ဒီကာလေတြတုန္းက ျမန္မာျပည္မွာဆိုရွယ္မီဒီယာ ေဖ့ဘုတ္တို႔ အသ္စတာဂရမ္ေတြဆိုတာလူတိုင္းသံုးနိင္ၿပီး ေခတ္စားဖို႔ေနေနသာသာ ဖုန္းေတာင္လူတန္းေစ့ကိုင္နိင္ေသးတဲ့အခ်ိန္မဟုတ္ခဲ့ပါဘူး။ ကၽြန္မကိုခ်စ္ၿပီးအားေပးစိတ္ဝင္စားတဲ့လူေတြကေတာ့ sky net ( Asia movie channel ) မွာျပတဲ့ ကၽြန္မေခါင္းေဆာင္မင္းသမီးအျဖစ္႐ိုက္ခဲ့တဲ့ ေဘာလိ၀ုဒ္႐ုပ္ရွင္ေတြမၾကာခဏၾကည့္ရသလို YouTube မွာ Laila n khan လို႔႐ိုက္လိုက္တာနဲ႔တက္လာတဲ့ ကၽြန္မ Indian MTV song ေတြ / news ေတြ / ႐ိုက္ကြင္းမွ making ေတြျမင္ၾကရတယ္။
Laila Khan

Mitv channel မွာလည္း Bollywood စေရာက္ၿပီးႀကိဳးစားခဲ့ရတဲ့ပံုရိပ္မ်ားမွအစ ေအာင္ျမင္တဲ့အထိဘဝခရီးအခက္အခဲမ်ားႏွင့္႐ိုက္ကြင္းပံုရိပ္ေပါင္းမ်ားစြာကို Biography of Myanmar Born Bollywood actress Laila Khan ဆိုတဲ့ေခါင္းစဥ္ႀကီးနဲ႔မျကာခဏတင္ဆက္လို႔ ျကည့္ၿပီးေလးစားခ်စ္ခင္ၾကနဲ႔သူေတြမနည္းပါ။


ဒါေပမဲ့ မေန႔တေန႔ကမွ ဆိုရွယ္မီဒီယာသံုးတက္ၿပီး၊ ဘုမသိ ဘမသိအသိညဏ္လည္းမရွိ ၊ ေဟာလိ၀ုဒ္နဲ႔ ေဘာလိ၀ုဒ္ေတာင္မခဲြတက္၊ ကိုယ့္အမိနိင္ငံ၊ ကိုယ့္မိဘအရိပ္အာဝါသမွာေနၿပီးေတာ့ေတာင္ ၿဖစ္ျဖစ္ထြန္းထြန္း ထင္ထင္ရွားရွားမရွိတဲ့သူေတြက ေဝဖန္ဟာသေတြလုပ္ေနေတာ့ စိတ္လည္းပ်တ္တယ္ အရမ္းလဲရီခ်င္တယ္။ ဒါေတြကလည္းကၽြန္မအတြက္သိပ္ေတာ့မထူးဆန္းျပန္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ Bollywoodမွာေရာကိုယ့္နိင္ငံမွာပါအလုပ္နဲ႔သက္ေသျပခဲ့ၿပီးၿပီဆိုေတာ့မေကာင္းျမင္ေဝဖန္ေျပာဆို
တာေတြကိုစိတ္ထဲမထားခဲ့ပါဘူး။ သို႔ေသာ္ ကၽြန္မကိုခ်စ္တဲ့ပရိတ္သတ္ေတြ၊ ေမာင္ေလး ညီမေလးေတြက ကၽြန္မထက္ပိုၿပီးမခံခ်င္စိတ္ေတြျပင္းျပေန၊ေဒၚသေတြထြက္ၿပီးသူတို႔ေတြ႕လိုက္ရတဲ့ရီစရာ Comment ေတြကိုပိုေပးၿပီးေတာင္းဆိုလာလို႔သူတို႔ေလးေတြေပ်ာ္ေအာင္၊ အားေပးရႀကိဳးနပ္ေအာင္ဒီပိ့ုစ္ ေလးကိုေရးလိုက္တာပါ။


ဒီ Post ေလးနဲ႔အတူကၽြန္မ Bollywood မွာအလုပ္လုပ္စဥ္ကပံုရိပ္ Memories အနည္းငယ္ႏွင့္ video file ေလးအခ်ိဳ႕ကို အခုမွ ေဖ့ဘုတ္ေတြ ဆိုရွယ္မီဒီယာေတြ စသိ စသံုး ေနတဲ့သူေတြအတြက္တင္ေပးလိုက္ပါတယ္။ အခုလိုေျပာဆိုတင္ျပေနတာေတာင္အေကာင္းမျမင္၊ မ႐ူ႔စီတ္ရွိသူေတြကေတာ့ရွာက်န္ေျပာဆိုေနၾကဦးမွာပါပဲ။ ဒါေပမဲ့ကၽြန္မကတာ့ ခြင့္လြတ္ၿပီး ကိုယ္ယံုၾကည္ရာကိုဆက္လက္လုပ္ေဆာင္သြားမွာပါ" လိုေ့ျပာပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : ရန္ပိုင္စိုး(Myanmar Celebrities )
#photo crd

#Unicode Version#
မြန်မာပြည်ဖွား ဘောလိဝုဒ်မင်းသမီးလိုင်လာခန်းက သူမကို အွန်လိုင်းပေါ်မှာ ဝေဖန်မူတွေနဲ့ ပတ်သတ်ပြီးတော့ အခုလိုတုံ့ပြန်ထားတာကို တွေ့ရပါတယ်။ "အောင်မြင်တဲ့လူတိုင်းမှာ ချစ်တဲ့သူနဲ့မှုန်းတဲ့လူရှိတယ်ဆိုတာလက်ခံပြီးသားပါ။ ချစ်တဲ့သူတွေကြောင့်ပျော်ရွှင်ရသလို ကိုယ်အပေါ်မုန်းသူတွေ၊မလိုသူတွေကြောင့်လည်းမခံချင်စိတ်တစ်ခုနဲ့အားဖြစ်ရပြန်ပါတယ်။ လူဆိုတာ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါ။ ကျွန်မ ၂၀၀၆ ခုနှစ် မှ၂၀၁၃ အထိ တိုင်းတစ်ပါးမှာ ကိုယ်ကြိုးစား ရုန်းကန်၊ရင်ဆိုင်၊တွေ့ကြုံခဲ့ရတာတွေကျွန်မသာအသိဆုံးပါ။


အဲ့ဒီကာလတွေတုန်းက မြန်မာပြည်မှာဆိုရှယ်မီဒီယာ ဖေ့ဘုတ်တို့ အသ်စတာဂရမ်တွေဆိုတာလူတိုင်းသုံးနိင်ပြီး ခေတ်စားဖို့နေနေသာသာ ဖုန်းတောင်လူတန်းစေ့ကိုင်နိင်သေးတဲ့အချိန်မဟုတ်ခဲ့ပါဘူး။ ကျွန်မကိုချစ်ပြီးအားပေးစိတ်ဝင်စားတဲ့လူတွေကတော့ sky net ( Asia movie channel ) မှာပြတဲ့ ကျွန်မခေါင်းဆောင်မင်းသမီးအဖြစ်ရိုက်ခဲ့တဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေမကြာခဏကြည့်ရသလို YouTube မှာ Laila n khan လို့ရိုက်လိုက်တာနဲ့တက်လာတဲ့ ကျွန်မ Indian MTV song တွေ / news တွေ / ရိုက်ကွင်းမှ making တွေမြင်ကြရတယ်။


Mitv channel မှာလည်း Bollywood စရောက်ပြီးကြိုးစားခဲ့ရတဲ့ပုံရိပ်များမှအစ အောင်မြင်တဲ့အထိဘဝခရီးအခက်အခဲများနှင့်ရိုက်ကွင်းပုံရိပ်ပေါင်းများစွာကို Biography of Myanmar Born Bollywood actress Laila Khan ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့မကြာခဏတင်ဆက်လို့ ကြည့်ပြီးလေးစားချစ်ခင်ကြနဲ့သူတွေမနည်းပါ။


ဒါပေမဲ့ မနေ့တနေ့ကမှ ဆိုရှယ်မီဒီယာသုံးတက်ပြီး၊ ဘုမသိ ဘမသိအသိညဏ်လည်းမရှိ ၊ ဟောလိဝုဒ်နဲ့ ဘောလိဝုဒ်တောင်မခွဲတက်၊ ကိုယ့်အမိနိင်ငံ၊ ကိုယ့်မိဘအရိပ်အာဝါသမှာနေပြီးတော့တောင် ဖြစ်ဖြစ်ထွန်းထွန်း ထင်ထင်ရှားရှားမရှိတဲ့သူတွေက ဝေဖန်ဟာသတွေလုပ်နေတော့ စိတ်လည်းပျတ်တယ် အရမ်းလဲရီချင်တယ်။ ဒါတွေကလည်းကျွန်မအတွက်သိပ်တော့မထူးဆန်းပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Bollywoodမှာရောကိုယ့်နိင်ငံမှာပါအလုပ်နဲ့သက်သေပြခဲ့ပြီးပြီဆိုတော့မကောင်းမြင်ဝေဖန်ပြောဆို

တာတွေကိုစိတ်ထဲမထားခဲ့ပါဘူး။ သို့သော် ကျွန်မကိုချစ်တဲ့ပရိတ်သတ်တွေ၊ မောင်လေး ညီမလေးတွေက ကျွန်မထက်ပိုပြီးမခံချင်စိတ်တွေပြင်းပြနေ၊ဒေါ်သတွေထွက်ပြီးသူတို့တွေ့လိုက်ရတဲ့ရီစရာ Comment တွေကိုပိုပေးပြီးတောင်းဆိုလာလို့သူတို့လေးတွေပျော်အောင်၊ အားပေးရကြိုးနပ်အောင်ဒီပိ့ုစ် လေးကိုရေးလိုက်တာပါ။


ဒီ Post လေးနဲ့အတူကျွန်မ Bollywood မှာအလုပ်လုပ်စဉ်ကပုံရိပ် Memories အနည်းငယ်နှင့် video file လေးအချို့ကို အခုမှ ဖေ့ဘုတ်တွေ ဆိုရှယ်မီဒီယာတွေ စသိ စသုံး နေတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်။ အခုလိုပြောဆိုတင်ပြနေတာတောင်အကောင်းမမြင်၊ မရူ့စီတ်ရှိသူတွေကတော့ရှာကျန်ပြောဆိုနေကြဦးမှာပါပဲ။ ဒါပေမဲ့ကျွန်မကတာ့ ခွင့်လွတ်ပြီး ကိုယ်ယုံကြည်ရာကိုဆက်လက်လုပ်ဆောင်သွားမှာပါ" လိုေ့ပြာပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : ရန်ပိုင်စိုး(Myanmar Celebrities )
#photo crd
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top