iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္အဆုိေတာ္ ပင့္ခ္က အယ္လ္ဘမ္သစ္ျဖန္႔ခ်ိမည့္အ ေၾကာင္းေျပာၾကားသည္။

အသက္ (၃၇)ႏွစ္အရြယ္ ပင့္ခ္သည္ ၾသဂုတ္ ၉ရက္က လူမႈမီဒီယာမွတစ္ဆင့္ မၾကာမီျဖန္႔ခ်ိမည့္ အယ္လ္ဘမ္အသစ္၏အမည္မွာ Beautiful Trauma ျဖစ္ေၾကာင္း ေရးသားေဖာ္ျပခ့ဲသည္။

‘‘ကၽြန္မရဲ႕ Beautiful Trauma အယ္လ္ဘမ္ကို ေအာက္တိုဘာ ၁၃ ရက္မွာ ျဖန္႔ခ်ိပါမယ္။ အဲဒီအယ္လ္ဘမ္ထဲက What About Us သီခ်င္းကေတာ့ ဒီကေန႔မွာ ထြက္ လာပါၿပီ’’ ဟု ပင့္ခ္က အင္စတာဂရမ္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။

Beautiful Trauma သည္ ပင့္ခ္၏ ခုနစ္ခုေျမာက္အယ္လ္ဘမ္ျဖစ္သည္။

Fuckin'Perfect၊ So What၊ Just Give Me a Reason ႏွင့္ Try စသည့္ သီခ်င္းမ်ားျဖင့္ ေအာင္ျမင္မႈရခဲ့ေသာ ပင့္ခ္သည္ တစ္ကမၻာလံုးတြင္ အယ္္လ္ဘမ္အခ်ပ္ ေရေပါင္း ၄၇ သန္း ေရာင္းခ်ခဲ့ရေသာ ဂရမ္မီဆုရွင္တစ္ဦးျဖစ္သည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Ref:justjared


Credit: 7Day Daily

#Unicode Version#
အမေရိကန်အဆိုတော် ပင့်ခ်က အယ်လ်ဘမ်သစ်ဖြန့်ချိမည့်အ ကြောင်းပြောကြားသည်။

အသက် (၃၇)နှစ်အရွယ် ပင့်ခ်သည် သြဂုတ် ၉ရက်က လူမှုမီဒီယာမှတစ်ဆင့် မကြာမီဖြန့်ချိမည့် အယ်လ်ဘမ်အသစ်၏အမည်မှာ Beautiful Trauma ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

‘‘ကျွန်မရဲ့ Beautiful Trauma အယ်လ်ဘမ်ကို အောက်တိုဘာ ၁၃ ရက်မှာ ဖြန့်ချိပါမယ်။ အဲဒီအယ်လ်ဘမ်ထဲက What About Us သီချင်းကတော့ ဒီကနေ့မှာ ထွက် လာပါပြီ’’ ဟု ပင့်ခ်က အင်စတာဂရမ်စာမျက်နှာတွင် ရေးသားခဲ့သည်။

Beautiful Trauma သည် ပင့်ခ်၏ ခုနစ်ခုမြောက်အယ်လ်ဘမ်ဖြစ်သည်။

Fuckin'Perfect၊ So What၊ Just Give Me a Reason နှင့် Try စသည့် သီချင်းများဖြင့် အောင်မြင်မှုရခဲ့သော ပင့်ခ်သည် တစ်ကမ္ဘာလုံးတွင် အယ်လ်ဘမ်အချပ် ရေပေါင်း ၄၇ သန်း ရောင်းချခဲ့ရသော ဂရမ်မီဆုရှင်တစ်ဦးဖြစ်သည်။

Ref:justjared

Credit: 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top