iMyanmarHouse.com - Best Property Website for Myanmar
×
၁။ချစ်ဖို့ကောင်းတယ်။
၅။ရိုမန်တစ်ဆန်တယ်။
ကဲ..  ဒီလောက်ဆို အရပ်ပုတဲ့ကောင်မလေးတွေ ကိုယ့်ခွက်ရှ်လေး မြင်သာအောင် ရှဲလိုက်တော့နော်။ 😛
ပို့သပေးပါတယ်။
#Unicode Version#
ကောင်မလေးကပုပုလေးနဲ့ စုံတွဲလေးတွေမြင်ရင် ဘာကြောင့်လဲတော့မသိဘူး။ ချစ်ဖို့ကောင်းလိုက်တာ ဆိုပြီးထင်ကြတယ် မဟုတ်လား။ အရပ်ပုတဲ့မိန်းကလေး တော်တော်များများက ချစ်ဖို့ကောင်းကြပါတယ်။ (ကိုယ်ကလည်း ပုတယ်ဆိုတော့ကား..ဘက်လိုက်ပြီး ရေးလိုက်ဦးမယ်။ :P)အရပ်ပုပုနဲ့ကောင်မလေးတွေကို ဘာလို့ချစ်သူအဖြစ်ရွေးချယ်သင့်လဲဆိုတာကတော့ အောက်မှာဖတ်ကြည့်လိုက်ရင် ရှင်းသွားမှာပါနော်..
၁။ချစ်ဖို့ကောင်းတယ်။
ဒါကတော့ တော်တော်များများ သိကြမှာပါ။ အရပ်ပုတဲ့ ကောင်မလေး တော်တော်များများက ချစ်ဖို့ကောင်းပါတယ်။ သူတို့ရဲ့ အပြုအမူလေးကိုက ချစ်ဖို့ကောင်းနေတာပါ။ ကိုယ့်ကောင်မလေးက မမှီမကမ်းနဲ့ ကိုယ်ကိုလှမ်းနမ်းတာတို့ ၊ ကိုယ်ရဲ့အင်္ကျီယူဝတ်ထားတဲ့အချိန်တို့၊ ပုပုလေးနဲ့ လှမ်းမော့ကြည့်နေတဲ့အချိန်တို့ တွေးကြည့်လိုက်ပါ။ ချစ်ဖို့မကောင်းဘူးလား?
၂။ကာကွယ်ပေးရတဲ့ခံစားချက်
ကိုယ့်ကို တစ်ယောက်ယောက်က အားကိုးတဲ့ခံစားချက်ကို ခံစားဖူးလား။ ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးရတဲ့ ခံစားချက်က ဘယ်လိုfeelingလဲဆိုတာ သိချင်ရင်တော့ အရပ်ပုပုလေးတွေသာ ချစ်သူတော်လိုက်ပါ။ သူတို့နားမှာရှိနေရင် အစစရာရာ ကလေးလေးတစ်ယောက်လို လိုက်ဂရုစိုက်ပေးနေရပြီး လူအုပ်ကြားထဲမှာ လူစွမ်းကောင်းကြီးလို လိုက်ကာကွယ်ပေးရတဲ့ Feelingကို ခံစားကြည့်လိုက်ပါ။
၃။ပိုအရပ်ရှည်ပုံပေါက်စေမယ်။
သာမန်အရပ်ပဲရှိတဲ့ ကောင်လေးတောင် အရပ်ပုပုကောင်မလေးနဲ့ တွဲသွားရင် ကိုယ်ကအရပ်ရှည်နေပုံပေါက်ပါတယ်။ စုံတွဲတွေမှာ ကောင်မလေးက အရပ်ပိုပုနေရင် ပိုပြီးလည်းကြည့်လို့ကောင်းပါတယ်။ ထောက်ခံတယ်ဟုတ်?:P
၄။Surpriseလုပ်ပေးဖို့လွယ်ကူတယ်။
ကိုယ့်ချစ်သူကို လက်ဆောင်ပေးတဲ့အခါ အံသြစေချင်လို့ဆိုပြီး တကူးတကနေရာရှာပြီး ဖွက်နေစရာမလိုတော့ပါဘူး။ အမြင့်တစ်နေရာတင်ထားလိုက်တာနဲ့ ရှာမတွေ့တော့ဘူး။ 😀 ဘယ်လောက်လွယ်လဲနော်။
၅။ရိုမန်တစ်ဆန်တယ်။
အရပ်ပုတဲ့ကောင်မလေးကို ချစ်သူတော်ရင် အချိန်တိုင်းလိုလိုက ရိုမန်တစ်ဆန်ပြီးကြည်နူးဖို့ကောင်းနေမှာပါ။ ပုပုသေးသေးလေးကို ဖက်ထားတဲ့အချိန်ပဲဖြစ်ဖြစ်၊  နဖူးလေးကိုနမ်းတဲ့အချိန်ပဲဖြစ်ဖြစ် ဘယ်လောက်တောင် ရိုဆန်နေမလဲဆိုတာ တွေးကြည့်လိုက်ပါဦး..။
ကဲ..  ဒီလောက်ဆို အရပ်ပုတဲ့ကောင်မလေးတွေ ကိုယ့်ခွက်ရှ်လေး မြင်သာအောင် ရှဲလိုက်တော့နေ်ာ။ 😛
Credit:Hana(For Her Myanmar)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top