iMyanmarHouse.com - Best Property Website for Myanmar
×

စိုးရိမ္စိတ္လြန္ကဲမႈျပသနာခံစားရပါက သင္တစ္ေယာက္တည္း မဟုတ္ဘူးဆိုတာ ပထမဆံုးသတိရပါ။ အေမရိကန္ႏုိင္ငံမွာ စိုးရိမ္စိတ္လြန္ကဲမႈျပသနာက အျဖစ္မ်ားဆုံး စိတ္ေရာဂါျပသနာေတြထဲက တစ္ခုျဖစ္ပါတယ္။ အရြယ္ေရာက္ျပီးသူ သန္း ၄၀ ဟာ စုိးရိမ္စိတ္လြန္ကဲမႈျပသနာ ခံစားၾကျပီး ဒါဟာ လူဦးေရရဲ႕ ၁၈ ရာခုိင္ႏႈန္းရိွပါတယ္။ စိုးရိမ္စိတ္လြန္ကဲျခင္း၊ အေၾကာက္လြန္ျခင္းမွ မိမိကုိယ္ကုိ ကာကြယ္ေစာင့္ေရွာက္ဖုိ႔ နည္းလမ္းေတြ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ အာရုံလႊဲပါ

မတ္တပ္ရပ္ျပီး လမ္းထေလွ်ာက္ပါ။ ေလေကာင္းေလသန္႔ေတြက သင့္စိတ္ကို ရွင္းလင္းေစပါလိမ့္မယ္။ သဘာဝပတ္ဝန္းက်င္ကို ေသခ်ာေလ့လာစူးစမ္းပါ။ အနီးနားမွာ ပန္းပင္ေတြ႔ပါက ရပ္ျပီးၾကည့္ပါ။ ပန္းပြင့္ကုိ အႏုစိတ္စူးစမ္းေလ့လာပါ။ အဲဒါက သင့္စိုးရိမ္စိတ္ကို ဖယ္ရွားေပးပါလိမ့္မယ္။

၂။ ေန႔စဥ္မွတ္တမ္းေရးပါ

စိုးရိမ္ပူပန္မႈစျဖစ္တဲ့အခ်ိန္ ဘာေတြျဖစ္ပ်က္ေနသလဲ မွတ္စုေလးေရးပါ။ မိမိပတ္ဝန္းက်င္ကို သတိျပဳဖုိ႔၊ ဘယ္အခ်ိန္ အနားယူဖုိ႔ လုိအပ္သလဲဆုိတာသိဖုိ႔ အေရးၾကီးပါတယ္။ ေန႔စဥ္မွတ္တမ္းထဲ ေကာင္းတဲ့အခ်က္အားလုံးကို မ်က္ျခည္မျပတ္ သိႏုိင္ပါတယ္။ အဲဒါက ေကာင္းတဲ့အခ်ိန္ကို မွတ္မိသတိရေစပါတယ္။ ဘယ္ခ်ိန္မွာ မိမိစိတ္ခံစားခ်က္ အဆင္မေျပဘူးလဲဆိုတာ ျပန္ၾကည့္ပါ။

၃။ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ေကာ္ဖီေသာက္ဖုိ႔ ဖိတ္ေခၚပါ

မိမိမွာ စိုးရိမ္စိတ္လြန္ကဲမႈရိွေၾကာင္း ကိုယ့္အေၾကာင္းသိျပီး ယံုၾကည့္ရတဲ့ သူငယ္ခ်င္းေတြ သိရိွဖုိ႔ အေရးၾကီးပါတယ္။ ေနာက္တစ္ၾကိမ္ စိုးရိမ္ေၾကာင့္ၾကမႈ ခံစားရတဲ့အခါ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ေကာ္ဖီအတူေသာက္ဖုိ႔ ဖိတ္ေခၚပါ။ စိုးရိမ္ပူပန္ျခင္းအေၾကာင္းေတြ ေဆြးေႏြးေျပာဆိုတာ အင္မတန္အေထာက္အကူျပဳပါတယ္။ တခါတေလ နားေထာင္ေပးမယ့္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ လုိအပ္ပါတယ္။

၄။ ေရခ်ဳိးကန္ထဲ ဝင္စိမ္ပါ

ႏွလုံးခုန္ျမန္ျခင္း၊ မူးေနာက္ျခင္း၊ ေခြ်းထြက္ျခင္းနဲ႔ အေၾကာက္လြန္ျခင္း ဆိုးရြားစြာ ခံစားဖူးပါက ေရေႏြးေႏြးေလးဟာ ခႏၶာကိုယ္မဟုတ္ဘဲ စိတ္ကို ေဝဒနာသက္သာေစတာ သင္သိမွာပါ။ ဖေယာင္းတုိင္ထြန္းျပီး စိတ္ေျပလက္ေပ်ာက္ေနပါ။ ဒီနည္းက စိုးရိမ္စိတ္လြန္ကဲမႈ ေက်ာ္လႊားဖုိ႔ နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။

၅။ စိတ္အစာေကြ်းပါ

မိမိႏွစ္သက္တဲ့ အရာေတြ လုပ္ကုိင္ဖုိ႔ အခ်ိန္ေပးပါ။ တကယ္လုိ႔ ဂီတပြဲေဖ်ာ္ေျဖပြဲေတြ သေဘာက်ရင္ အစီအစဥ္ဆြဲျပီး သူငယ္ခ်င္းတစ္ေယာက္ေယာက္နဲ႔ သြားၾကည့္ပါ။ စာဖတ္တာဝါသနာပါရင္ စာဖတ္ဖုိ႔ အခ်ိန္ေပးျခင္းစသျဖင့္ လုပ္ပါ။

၆။ ေပါ့ေပါ့ပါးပါး စဥ္းစားေတြးေခၚပါ

မိမိအေတြးကို အာရုံစူးစုိက္မႈ ေပးပါ။ မိမိအေတြးစိတ္ေတြ ဘယ္က စတင္ျဖစ္ေပၚသလဲဆိုတာ နားလည္ေအာင္ ၾကိဳးစားပါ။ အတိတ္မွာ မေနဘဲ အနာဂတ္ကိုလည္း ၾကိဳတင္မွန္းဆဖုိ႔ မၾကိဳးစားပါနဲ႔။

Credit:Original Writer
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicdoe Version#

 စိုးရိမ်စိတ်လွန်ကဲမှုပြသနာခံစားရပါက သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ပထမဆုံးသတိရပါ။ အမေရိကန်နိုင်ငံမှာ စိုးရိမ်စိတ်လွန်ကဲမှုပြသနာက အဖြစ်များဆုံး စိတ်ရောဂါပြသနာတွေထဲက တစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ သန်း ၄၀ ဟာ စိုးရိမ်စိတ်လွန်ကဲမှုပြသနာ ခံစားကြပြီး ဒါဟာ လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်းရှိပါတယ်။ စိုးရိမ်စိတ်လွန်ကဲခြင်း၊ အကြောက်လွန်ခြင်းမှ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ အာရုံလွှဲပါ

မတ်တပ်ရပ်ပြီး လမ်းထလျှောက်ပါ။ လေကောင်းလေသန့်တွေက သင့်စိတ်ကို ရှင်းလင်းစေပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ကို သေချာလေ့လာစူးစမ်းပါ။ အနီးနားမှာ ပန်းပင်တွေ့ပါက ရပ်ပြီးကြည့်ပါ။ ပန်းပွင့်ကို အနုစိတ်စူးစမ်းလေ့လာပါ။ အဲဒါက သင့်စိုးရိမ်စိတ်ကို ဖယ်ရှားပေးပါလိမ့်မယ်။

၂။ နေ့စဉ်မှတ်တမ်းရေးပါ

စိုးရိမ်ပူပန်မှုစဖြစ်တဲ့အချိန် ဘာတွေဖြစ်ပျက်နေသလဲ မှတ်စုလေးရေးပါ။ မိမိပတ်ဝန်းကျင်ကို သတိပြုဖို့၊ ဘယ်အချိန် အနားယူဖို့ လိုအပ်သလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ နေ့စဉ်မှတ်တမ်းထဲ ကောင်းတဲ့အချက်အားလုံးကို မျက်ခြည်မပြတ် သိနိုင်ပါတယ်။ အဲဒါက ကောင်းတဲ့အချိန်ကို မှတ်မိသတိရစေပါတယ်။ ဘယ်ချိန်မှာ မိမိစိတ်ခံစားချက် အဆင်မပြေဘူးလဲဆိုတာ ပြန်ကြည့်ပါ။

၃။ သူငယ်ချင်းတစ်ယောက်ယောက်ကို ကော်ဖီသောက်ဖို့ ဖိတ်ခေါ်ပါ

မိမိမှာ စိုးရိမ်စိတ်လွန်ကဲမှုရှိကြောင်း ကိုယ့်အကြောင်းသိပြီး ယုံကြည့်ရတဲ့ သူငယ်ချင်းတွေ သိရှိဖို့ အရေးကြီးပါတယ်။ နောက်တစ်ကြိမ် စိုးရိမ်ကြောင့်ကြမှု ခံစားရတဲ့အခါ သူငယ်ချင်းတစ်ယောက်ယောက်ကို ကော်ဖီအတူသောက်ဖို့ ဖိတ်ခေါ်ပါ။ စိုးရိမ်ပူပန်ခြင်းအကြောင်းတွေ ဆွေးနွေးပြောဆိုတာ အင်မတန်အထောက်အကူပြုပါတယ်။ တခါတလေ နားထောင်ပေးမယ့် သူငယ်ချင်းကောင်းတစ်ယောက် လိုအပ်ပါတယ်။

၄။ ရေချိုးကန်ထဲ ဝင်စိမ်ပါ

နှလုံးခုန်မြန်ခြင်း၊ မူးနောက်ခြင်း၊ ချွေးထွက်ခြင်းနဲ့ အကြောက်လွန်ခြင်း ဆိုးရွားစွာ ခံစားဖူးပါက ရေနွေးနွေးလေးဟာ ခန္ဓာကိုယ်မဟုတ်ဘဲ စိတ်ကို ဝေဒနာသက်သာစေတာ သင်သိမှာပါ။ ဖယောင်းတိုင်ထွန်းပြီး စိတ်ပြေလက်ပျောက်နေပါ။ ဒီနည်းက စိုးရိမ်စိတ်လွန်ကဲမှု ကျော်လွှားဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

၅။ စိတ်အစာကျွေးပါ

မိမိနှစ်သက်တဲ့ အရာတွေ လုပ်ကိုင်ဖို့ အချိန်ပေးပါ။ တကယ်လို့ ဂီတပွဲဖျော်ဖြေပွဲတွေ သဘောကျရင် အစီအစဉ်ဆွဲပြီး သူငယ်ချင်းတစ်ယောက်ယောက်နဲ့ သွားကြည့်ပါ။ စာဖတ်တာဝါသနာပါရင် စာဖတ်ဖို့ အချိန်ပေးခြင်းစသဖြင့် လုပ်ပါ။

၆။ ပေါ့ပေါ့ပါးပါး စဉ်းစားတွေးခေါ်ပါ

မိမိအတွေးကို အာရုံစူးစိုက်မှု ပေးပါ။ မိမိအတွေးစိတ်တွေ ဘယ်က စတင်ဖြစ်ပေါ်သလဲဆိုတာ နားလည်အောင် ကြိုးစားပါ။ အတိတ်မှာ မနေဘဲ အနာဂတ်ကိုလည်း ကြိုတင်မှန်းဆဖို့ မကြိုးစားပါနဲ့။

Credit:Original Writer

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top