iMyanmarHouse.com - Best Property Website for Myanmar
×

ခေနာ က စာဖိုးမွဴးအျဖစ္ အသက္ေမြး၀မ္းေၾကာင္းျပဳေနသူေတြမဟုတ္ဘဲ မိသားစုအတြက္ ေန႔စဥ္နဲ႔အမွ် ဟင္းခ်က္ေကၽြးေနတဲ့ မိသားစု စားဖိုမွဴးေတြကို ေဖာ္ထုတ္ ဂုဏ္ျပဳဖို႔ ဟင္းခ်က္ၿပိဳင္ပြဲကို စက္တင္ဘာလ ၁၃ ရက္ေန႔ကေန စတင္က်င္းပေနပါတယ္။

ၿပိဳင္ပြဲက်င္းပေနစဥ္အတြင္းမွာ ဟင္းလ်ာ အသစ္အဆန္းေတြကို ေဖာ္ထုတ္ခ်က္ျပဳတ္ၾကပါတယ္။

စက္တင္ဘာလ ၁၄ ရက္ေန႔ ၿပိဳင္ပြဲမွာေတာ့ ထမင္းနဲ႔ လိုက္ဖက္တဲ့ ဟင္းလ်ာတစ္မ်ိဳး၊ ဟင္းခ်ိဳ တစ္ခြက္နဲ႔ အေအးတစ္ခြက္ ေဖ်ာ္စပ္ရမွာျဖစ္ပါတယ္။

လက္ဖက္ထမင္းေၾကာ္

သာမန္အားျဖင့္ လက္ဖက္သုပ္၊ လက္ဖက္ထမင္းသုပ္ လိုမ်ိဳးဘဲ စားဖူးၾကၿပီး လက္ဖက္ ထမင္းေၾကာ္ကေတာ့ တမူထူးဆန္းေနပါတယ္။

ၾကက္သား၊ ဂ်င္း၊ ခေနာ ၾကက္သားမႈန္႔၊ ပ်ားရည္၊ ပဲပုပ္၊ လက္ဖက္၊ ၾကက္သြန္ျဖဴ၊ ငံျပာရည္၊ ငရုတ္သီးစိမ္း၊ ထမင္းတို႔ကို သံုးၿပီး ခ်က္ျပဳတ္ထားတဲ့ လက္ဖက္ထမင္းေၾကာ္ျဖစ္ပါတယ္။

လက္ဖက္ထမင္းေၾကာ္နဲ႔လိုက္ဖက္ေအာင္ သံပုရာရည္ကို ခေနာ သံပုရာမႈန္႔နဲ႔ ေဖ်ာ္ထားတာျဖစ္ပါတယ္။

အေရွ႕ဒဂံုကေန လာေရာက္ယွဥ္ၿပိဳင္တဲ့ ေဒၚစုမြန္သဲရဲ႕ လက္ရာျဖစ္ၿပီး အဲ့ဒီ လက္ဖက္ထမင္းေၾကာ္နဲ႔ဘဲ ခေနာ ဟင္းခ်က္ၿပိဳင္ပြဲရဲ႕ အမွတ္စဥ္ ၃ မွာ အႏိုင္ရရွိခဲၿပီး ေအာက္တိုဘာလ ၁၅ ရက္ေန႔ရဲ႕ ေနာက္ဆံုးပြဲ Final တက္ေရာက္ခြင့္ရရွိသြားပါတယ္။

ခေနာရဲ႕ဟင္းခ်က္ၿပိဳင္ပြဲကို ေအာက္တိုဘာလ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ City Mall St.John Shopping Center မွာ စတင္က်င္းပၿပီး ဟင္းခ်က္ၿပိဳင္ပြဲ အမွတ္ ၁နဲ႔ ၂ ကုိ က်င္းပၿပီး စုစုေပါင္း ၆ဦး၀င္ေရာက္ ယွဥ္ၿပိဳင္ၾကပါတယ္။ ျမန္မာ့ ရိုးရာ အေၾကာ္အေလွာ္နဲ႔ပတ္သက္တဲ့ ဟင္းလ်ာတစ္မ်ိဳးကို အဓိက ခ်က္ျပဳတ္ရၿပီး ေနာက္ဆံုးပြဲ Final ကို တက္ေရာက္ဖို႔ မိသားစု စားဖိုမွဴး ၂ ဦးကို ေရြးခ်ယ္ခဲ့ပါတယ္။

ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာလည္း ဟင္းခ်က္ၿပိဳင္ပြဲ အမွတ္စဥ္ ၃ နဲ႔ ၄ ကို က်င္းပၿပီး စုစုေပါင္း ၆ ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ၾကပါတယ္။

ထမင္းနဲ႔ လိုက္ဖက္တဲ့ ဟင္းလ်ာတစ္မ်ိဳးကို ခ်က္ျပဳတ္ရၿပီး ေနာက္ဆံုး Final ပြဲကို တက္ေရာက္ဖို႔မိသားစု စားဖိုမွဴး ၂ ဦးကို ေရြးခ်ယ္ခဲ့ပါတယ္။

ၿပိဳင္ပြဲစတင္ခ်ိန္မွာ မိသားစု စားဖိုမွဴးေတြကို ေငြက်ပ္ ၁ ေသာင္းစီေပးၿပီး ေငြက်ပ္ ၁ေသာင္းထက္မပိုတဲ့ ကိုယ္ခ်က္ခ်င္တဲ့ ဟင္းလ်ာေတြကို Ocean Supermarket မွာ အခိ်န္ ၇ မိနစ္အတြင္း သြားေရာက္၀ယ္ရပါတယ္။

မိသားစု စားဖိုမွဴးေတြျဖစ္တဲ့အတိုင္း အခိ်န္ ၇ မိနစ္အတြင္းမွာ ေမ့က်န္ခဲ့တဲ့ ပစၥည္းေတြျဖစ္ေပမယ့္ ရွိတဲ့ ပစၥည္းေတြနဲ႔ဘဲ အရသာ ရွိေအာင္ ခ်က္ျပဳတ္ယွဥ္ၿပိဳင္ၾကတာေတာ့ အားရဖို႔ေကာင္းပါတယ္။

အမွတ္စဥ္ ၄

အမွတ္စဥ္ ၄ ၿပိဳင္ပြဲမွာလည္း မိသားစုစားဖိုမွဴး မေဖြးေဖြးက ပုစြန္ဆန္ေလွာ္ဟင္းရည္နဲ႔မိႈထမင္းသုပ္ရဲ႕ အႏိုင္ရရွိသြားၿပီး ေနာက္ဆံုး Final ပြဲကို တက္ေရာက္ခဲ့ၾကပါတယ္။

ေနာက္ဆံုး Final ပြဲကို ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ က်င္းပမွာျဖစ္ၿပီး ၁၃ ရက္နဲ႔ ၁၄ ရက္တုိ႔မွာက်င္းပတဲ့ အမွတ္စဥ္ ၁၊၂၊၃၊၄ မွာအႏိုင္ရရွိလာတဲ့ မိသားစု စားဖိုမွဴးေတြ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ေနာက္ဆံုး Final ပြဲမွာေတာ့ ပထမဆုကို ၅ သိန္းက်ပ္၊ ဒုတိယ ဆုကို ၃ သိန္းက်ပ္နဲ႔ တတိယဆုကို ၂ သိန္းက်စီ ခ်ီးျမွင့္မွာျဖစ္ပါတယ္။

ေနာက္ဆံုး Final ၿပိဳင္ပြဲကို City Mall St.John မွာ လာေရာက္အားမေပးႏိုင္ရင္ MyFood Myanmar နဲ႔ Knorr Myanmar pageေတြမွာ Live ထုတ္လႊင့္ျပသေနပါၿပီေနာ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခနော က စာဖိုးမှူးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူတွေမဟုတ်ဘဲ မိသားစုအတွက် နေ့စဉ်နဲ့အမျှ ဟင်းချက်ကျွေးနေတဲ့ မိသားစု စားဖိုမှူးတွေကို ဖော်ထုတ် ဂုဏ်ပြုဖို့ ဟင်းချက်ပြိုင်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ စတင်ကျင်းပနေပါတယ်။

ပြိုင်ပွဲကျင်းပနေစဉ်အတွင်းမှာ ဟင်းလျာ အသစ်အဆန်းတွေကို ဖော်ထုတ်ချက်ပြုတ်ကြပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ပြိုင်ပွဲမှာတော့ ထမင်းနဲ့ လိုက်ဖက်တဲ့ ဟင်းလျာတစ်မျိုး၊ ဟင်းချို တစ်ခွက်နဲ့ အအေးတစ်ခွက် ဖျော်စပ်ရမှာဖြစ်ပါတယ်။

လက်ဖက်ထမင်းကြော်
သာမန်အားဖြင့် လက်ဖက်သုပ်၊ လက်ဖက်ထမင်းသုပ် လိုမျိုးဘဲ စားဖူးကြပြီး လက်ဖက် ထမင်းကြော်ကတော့ တမူထူးဆန်းနေပါတယ်။

ကြက်သား၊ ဂျင်း၊ ခနော ကြက်သားမှုန့်၊ ပျားရည်၊ ပဲပုပ်၊ လက်ဖက်၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ထမင်းတို့ကို သုံးပြီး ချက်ပြုတ်ထားတဲ့ လက်ဖက်ထမင်းကြော်ဖြစ်ပါတယ်။

လက်ဖက်ထမင်းကြော်နဲ့လိုက်ဖက်အောင် သံပုရာရည်ကို ခနော သံပုရာမှုန့်နဲ့ ဖျော်ထားတာဖြစ်ပါတယ်။

အရှေ့ဒဂုံကနေ လာရောက်ယှဉ်ပြိုင်တဲ့ ဒေါ်စုမွန်သဲရဲ့ လက်ရာဖြစ်ပြီး အဲ့ဒီ လက်ဖက်ထမင်းကြော်နဲ့ဘဲ ခနော ဟင်းချက်ပြိုင်ပွဲရဲ့ အမှတ်စဉ် ၃ မှာ အနိုင်ရရှိခဲပြီး အောက်တိုဘာလ ၁၅ ရက်နေ့ရဲ့ နောက်ဆုံးပွဲ Final တက်ရောက်ခွင့်ရရှိသွားပါတယ်။
ခနောရဲ့ဟင်းချက်ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ City Mall St.John Shopping Center မှာ စတင်ကျင်းပပြီး ဟင်းချက်ပြိုင်ပွဲ အမှတ် ၁နဲ့ ၂ ကို ကျင်းပပြီး စုစုပေါင်း ၆ဦးဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ မြန်မာ့ ရိုးရာ အကြော်အလှော်နဲ့ပတ်သက်တဲ့ ဟင်းလျာတစ်မျိုးကို အဓိက ချက်ပြုတ်ရပြီး နောက်ဆုံးပွဲ Final ကို တက်ရောက်ဖို့ မိသားစု စားဖိုမှူး ၂ ဦးကို ရွေးချယ်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း ဟင်းချက်ပြိုင်ပွဲ အမှတ်စဉ် ၃ နဲ့ ၄ ကို ကျင်းပပြီး စုစုပေါင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

ထမင်းနဲ့ လိုက်ဖက်တဲ့ ဟင်းလျာတစ်မျိုးကို ချက်ပြုတ်ရပြီး နောက်ဆုံး Final ပွဲကို တက်ရောက်ဖို့မိသားစု စားဖိုမှူး ၂ ဦးကို ရွေးချယ်ခဲ့ပါတယ်။
ပြိုင်ပွဲစတင်ချိန်မှာ မိသားစု စားဖိုမှူးတွေကို ငွေကျပ် ၁ သောင်းစီပေးပြီး ငွေကျပ် ၁သောင်းထက်မပိုတဲ့ ကိုယ်ချက်ချင်တဲ့ ဟင်းလျာတွေကို Ocean Supermarket မှာ အချိန် ၇ မိနစ်အတွင်း သွားရောက်ဝယ်ရပါတယ်။

မိသားစု စားဖိုမှူးတွေဖြစ်တဲ့အတိုင်း အချိန် ၇ မိနစ်အတွင်းမှာ မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေဖြစ်ပေမယ့် ရှိတဲ့ ပစ္စည်းတွေနဲ့ဘဲ အရသာ ရှိအောင် ချက်ပြုတ်ယှဉ်ပြိုင်ကြတာတော့ အားရဖို့ကောင်းပါတယ်။

အမှတ်စဉ် ၄
အမှတ်စဉ် ၄ ပြိုင်ပွဲမှာလည်း မိသားစုစားဖိုမှူး မဖွေးဖွေးက ပုစွန်ဆန်လှော်ဟင်းရည်နဲ့မှိုထမင်းသုပ်ရဲ့ အနိုင်ရရှိသွားပြီး နောက်ဆုံး Final ပွဲကို တက်ရောက်ခဲ့ကြပါတယ်။
နောက်ဆုံး Final ပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာကျင်းပတဲ့ အမှတ်စဉ် ၁၊၂၊၃၊၄ မှာအနိုင်ရရှိလာတဲ့ မိသားစု စားဖိုမှူးတွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နောက်ဆုံး Final ပွဲမှာတော့ ပထမဆုကို ၅ သိန်းကျပ်၊ ဒုတိယ ဆုကို ၃ သိန်းကျပ်နဲ့ တတိယဆုကို ၂ သိန်းကျစီ ချီးမြှင့်မှာဖြစ်ပါတယ်။

နောက်ဆုံး Final ပြိုင်ပွဲကို City Mall St.John မှာ လာရောက်အားမပေးနိုင်ရင် MyFood Myanmar နဲ့ Knorr Myanmar pageတွေမှာ Live ထုတ်လွှင့်ပြသနေပါပြီနော်။
Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top