iMyanmarHouse.com - Best Property Website for Myanmar
×

ေအာက္ပါအစားအစာတုိ႔မွာ ကယ္လုိရီအလြန္နည္းပါးစြာ ပါ၀င္ၿပီး အမွ်င္ဓာတ္ မ်ားစြာ ပါ၀င္တဲ့အတြက္ သင့္ကုိ အခ်ိန္အၾကာႀကီး ၀မ္းဗုိက္ျပည့္တင္းမႈ ရရွိေစတာေၾကာင့္ သင္ ဘယ္ေလာက္စားစား ၀ိတ္တက္လာမွာ မဟုတ္ပါဘူး။

#ေျပာင္းဖူးေပါက္ေပါက္

သၾကားနဲ႔ ေထာပတ္ေတာ့ ထည့္စားလုိ႔ ရမွာမဟုတ္ပါဘူး။ ေျပာင္းဖူးေပါက္ေပါက္ တစ္ခြက္မွာ ၃၁ ကယ္လုိရီသာ ပါ၀င္ပါတယ္။

#ခရမ္းသီး

မီးဖုတ္ၿပီးသား ခရမ္းသီးတစ္လံုးမွာ ၂၄ ကယ္လုိရီသာ ပါ၀င္ပါတယ္။

#တ႐ုတ္နံနံ

တ႐ုတ္နံနံမွာ ေရဓာတ္ဟာ ၉၅ ရာခုိင္ႏႈန္းခန္႔ ပါ၀င္ပါတယ္။ ဆီးရႊင္ေစႏုိင္တဲ့အတြက္ ခႏၶာကုိယ္အတြင္းက အဆိပ္အေတာက္ေတြကုိ သန္႔စင္ႏုိင္ၿပီး ၀ိတ္က်ေစႏုိင္ပါတယ္။

#ေရညႇိေရေမွာ္

အုိင္အုိဒင္းေတြ ပါ၀င္တဲ့အတြက္ သုိင္း႐ိြဳက္လုပ္ငန္းေဆာင္တာကုိ အားေပးပါတယ္။ ေဟာ္မုန္းညီၫြတ္မွ်တေစတာမုိ႔ ၀ိတ္မတက္ေအာင္ ကာကြယ္ႏုိင္ပါတယ္။

#ဖရဲသီး

ဖရဲသီးစိတ္တစ္စိတ္မွာ ၆၀ ကယ္လုိရီသာ ပါ၀င္တဲ့အတြက္ တစ္ေနကုန္စားသံုးႏုိင္တဲ့ အစားအစာပါ။ ၀မ္းဗုိက္ျပည့္တင္းေစႏုိင္ၿပီး ခႏၶာကုိယ္အတြင္းက ပုိလွ်ံေနတဲ့ အရည္ေတြကုိလည္း ဖယ္ရွားေပးႏုိင္ပါတယ္။

#လိေမၼာ္သီး၊ #ဂရိတ္ဖ႐ုသီး

ဒီအသီးေတြမွာ ဗီတာမင္ စီ၊ အမွ်င္ဓာတ္နဲ႔ ဖေလဗုိႏိြဳက္ေတြ ပါ၀င္တဲ့အတြက္ အစာေျခစနစ္ကုိ ကူညီေပးၿပီး အသည္းက်န္းမာေရးလည္း ေကာင္းေစပါတယ္။

#သခြားသီး

ေရဓာတ္ ၉၆ ရာခုိင္ႏႈန္းပါ၀င္တဲ့အတြက္ ၀ိတ္ခ်သူေတြ ေရြးခ်ယ္သင့္တဲ့ အစားအစာပါ။ ခႏၶာကုိယ္အတြင္းက ေရာင္ရမ္းမႈေတြ ေလ်ာ့က်ေစႏုိင္တဲ့အတြက္ သဘာ၀အတုိင္း ခႏၶာကုိယ္ သြယ္လ်သြားႏုိင္ပါတယ္။

#မုန္လာဥနီ(Beet Root)

တစ္လံုးစာမွာ ၄၀ ကယ္လုိရီသာ ပါ၀င္ၿပီး မဂ္ၢနိစ္လုိမ်ဳိး အာဟာရဓာတ္ေတြ ပါ၀င္တဲ့အတြက္ ေသြးတြင္းသၾကားဓာတ္ တည္ၿငိမ္ေစႏုိင္ၿပီး ႂကြက္သားသန္မာကာ အဆီေလာင္ကၽြမ္းဖုိ႔ ကူညီႏုိင္ပါတယ္။

#နာနတ္သီး

သူ႔မွာပါ၀င္တဲ့ ဘ႐ုိမီလိန္းေတြက ပ႐ုိတင္းကုိ ထိေရာက္စြာ ေခ်ဖ်က္ႏုိင္ၿပီး အဆီကုိ ဖယ္ရွားႏုိင္တဲ့အတြက္ ၀ိတ္ခ်လုိသူေတြ စားသံုးသင့္တဲ့ အစားအစာပါ။

#ပန္းသီးႏွင့္ဆီးသီး

ပန္းသီးတစ္လံုးမွာ ၅၀ ကယ္လုိရီပါ၀င္ၿပီး ဆီးသီး ၁၀၀ ဂရမ္မွာ ၄၅ ကယ္လုိရီ သာ ပါ၀င္ပါတယ္။ ပန္းသီးဟာ ၀မ္းဗုိက္ျပည့္တင္းေစႏုိင္ၿပီး အစာေျခစနစ္ကုိ ေကာင္းမြန္ေစႏုိင္ပါတယ္။ ဆီးသီးမွာေတာ့ ပုိတက္စီယမ္နဲ႔ ဗီတာမင္ စီ မ်ားစြာပါ၀င္တဲ့ အတြက္ ႏွလံုးနဲ႔ ေသြးေၾကာက်န္းမာေရး ေကာင္းမြန္ေစႏုိင္ပါတယ္။

#ဘယ္ရီသီးမ်ား

ဘယ္ရီသီးေတြမွာ ဗီတာမင္ စီ မ်ားစြာပါ၀င္တဲ့အျပင္ ဆီးရႊင္ေစတဲ့ ဂုဏ္သတ္ၱိရွိတဲ့အတြက္ ခႏၶာကုိယ္အတြင္းက ပုိလွ်ံေနတဲ့အရည္ေတြကုိ ဖယ္ရွားႏုိင္ပါတယ္။ စေတာ္ဘယ္ရီသီးဟာ အာဟာရျပည့္၀ေစၿပီး အစာေျခစနစ္နဲ႔ ႏွလံုးေသြးေၾကာစနစ္ က်န္းမာေရးေကာင္းမြန္ေစႏုိင္ပါတယ္။

#ေဂၚဖီထုပ္၊ #ေဂၚဖီပြင့္

ကယ္လုိရီပါ၀င္မႈ အလြန္နည္းပါးတဲ့အစားအစာပါ။ ဒီအစားအစာေတြက ခႏၶာကုိယ္အတြင္း အုိင္အုိဒင္းရရွိမႈ နည္းေစတဲ့အတြက္ ေန႔စဥ္ မစားသင့္ပါဘူး။ တစ္ပတ္ ႏွစ္ႀကိမ္ေလာက္ စားပါ။

#ၾကက္ဥ

ေန႔ညမျပတ္ စားႏုိင္တဲ့အစားအစာပါ။ ၾကက္ဥေၾကာ္မဟုတ္ဘဲ ၾကက္ဥျပဳတ္သာ ျဖစ္ဖုိ႔ လုိအပ္ပါတယ္။
Credit:ေဒါက္တာခင္မုိးမုိး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အောက်ပါအစားအစာတို့မှာ ကယ်လိုရီအလွန်နည်းပါးစွာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်တဲ့အတွက် သင့်ကို အချိန်အကြာကြီး ဝမ်းဗိုက်ပြည့်တင်းမှု ရရှိစေတာကြောင့် သင် ဘယ်လောက်စားစား ဝိတ်တက်လာမှာ မဟုတ်ပါဘူး။

#ပြောင်းဖူးပေါက်ပေါက်

သကြားနဲ့ ထောပတ်တော့ ထည့်စားလို့ ရမှာမဟုတ်ပါဘူး။ ပြောင်းဖူးပေါက်ပေါက် တစ်ခွက်မှာ ၃၁ ကယ်လိုရီသာ ပါဝင်ပါတယ်။

#ခရမ်းသီး

မီးဖုတ်ပြီးသား ခရမ်းသီးတစ်လုံးမှာ ၂၄ ကယ်လိုရီသာ ပါဝင်ပါတယ်။

#တရုတ်နံနံ

တရုတ်နံနံမှာ ရေဓာတ်ဟာ ၉၅ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ဆီးရွှင်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို သန့်စင်နိုင်ပြီး ဝိတ်ကျစေနိုင်ပါတယ်။

#ရေညှိရေမှော်

အိုင်အိုဒင်းတွေ ပါဝင်တဲ့အတွက် သိုင်းရွိုက်လုပ်ငန်းဆောင်တာကို အားပေးပါတယ်။ ဟော်မုန်းညီညွတ်မျှတစေတာမို့ ဝိတ်မတက်အောင် ကာကွယ်နိုင်ပါတယ်။

#ဖရဲသီး

ဖရဲသီးစိတ်တစ်စိတ်မှာ ၆၀ ကယ်လိုရီသာ ပါဝင်တဲ့အတွက် တစ်နေကုန်စားသုံးနိုင်တဲ့ အစားအစာပါ။ ဝမ်းဗိုက်ပြည့်တင်းစေနိုင်ပြီး ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့ အရည်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

#လိမ္မော်သီး၊ #ဂရိတ်ဖရုသီး

ဒီအသီးတွေမှာ ဗီတာမင် စီ၊ အမျှင်ဓာတ်နဲ့ ဖလေဗိုနွိုက်တွေ ပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကူညီပေးပြီး အသည်းကျန်းမာရေးလည်း ကောင်းစေပါတယ်။

#သခွားသီး

ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဝိတ်ချသူတွေ ရွေးချယ်သင့်တဲ့ အစားအစာပါ။ ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းမှုတွေ လျော့ကျစေနိုင်တဲ့အတွက် သဘာဝအတိုင်း ခန္ဓာကိုယ် သွယ်လျသွားနိုင်ပါတယ်။

#မုန်လာဥနီ(Beet Root)

တစ်လုံးစာမှာ ၄၀ ကယ်လိုရီသာ ပါဝင်ပြီး မဂ်္ဂနိစ်လိုမျိုး အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ် တည်ငြိမ်စေနိုင်ပြီး ကြွက်သားသန်မာကာ အဆီလောင်ကျွမ်းဖို့ ကူညီနိုင်ပါတယ်။

#နာနတ်သီး

သူ့မှာပါဝင်တဲ့ ဘရိုမီလိန်းတွေက ပရိုတင်းကို ထိရောက်စွာ ချေဖျက်နိုင်ပြီး အဆီကို ဖယ်ရှားနိုင်တဲ့အတွက် ဝိတ်ချလိုသူတွေ စားသုံးသင့်တဲ့ အစားအစာပါ။

#ပန်းသီးနှင့်ဆီးသီး

ပန်းသီးတစ်လုံးမှာ ၅၀ ကယ်လိုရီပါဝင်ပြီး ဆီးသီး ၁၀၀ ဂရမ်မှာ ၄၅ ကယ်လိုရီ သာ ပါဝင်ပါတယ်။ ပန်းသီးဟာ ဝမ်းဗိုက်ပြည့်တင်းစေနိုင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဆီးသီးမှာတော့ ပိုတက်စီယမ်နဲ့ ဗီတာမင် စီ များစွာပါဝင်တဲ့ အတွက် နှလုံးနဲ့ သွေးကြောကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်။

#ဘယ်ရီသီးများ

ဘယ်ရီသီးတွေမှာ ဗီတာမင် စီ များစွာပါဝင်တဲ့အပြင် ဆီးရွှင်စေတဲ့ ဂုဏ်သတ်္တိရှိတဲ့အတွက် ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့အရည်တွေကို ဖယ်ရှားနိုင်ပါတယ်။ စတော်ဘယ်ရီသီးဟာ အာဟာရပြည့်ဝစေပြီး အစာခြေစနစ်နဲ့ နှလုံးသွေးကြောစနစ် ကျန်းမာရေးကောင်းမွန်စေနိုင်ပါတယ်။

#ဂေါ်ဖီထုပ်၊ #ဂေါ်ဖီပွင့်

ကယ်လိုရီပါဝင်မှု အလွန်နည်းပါးတဲ့အစားအစာပါ။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွင်း အိုင်အိုဒင်းရရှိမှု နည်းစေတဲ့အတွက် နေ့စဉ် မစားသင့်ပါဘူး။ တစ်ပတ် နှစ်ကြိမ်လောက် စားပါ။

#ကြက်ဥ

နေ့ညမပြတ် စားနိုင်တဲ့အစားအစာပါ။ ကြက်ဥကြော်မဟုတ်ဘဲ ကြက်ဥပြုတ်သာ ဖြစ်ဖို့ လိုအပ်ပါတယ်။

Credit:ဒေါက်တာခင်မိုးမိုး
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top