iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးလိပ္ေသာက္ျခင္းက က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္ဆိုတာကို သိေသာ္ျငားလည္း လူအမ်ားစုကေတာ့ ေဆးလိပ္ကို စြဲလမ္းေနလ်က္ရွိေနပါတယ္။ ေဆးလိပ္တစ္ဖြာ ရွဴရႈိက္လိုက္ျခင္းက အဆုတ္၊ ဆီးအိမ္၊ ပါးစပ္ အစရွိေသာ ကိုယ္အဂၤါအစိတ္အပိုင္းမ်ားကို အႏၱရာယ္ရွိေစႏိုင္သလို ကင္ဆာေရာဂါမ်ားကိုလည္း ျဖစ္ေပၚလာေစႏိုင္ပါတယ္။

အခ်ိန္အတိုင္းအတာတစ္ခုအထိ ေသာက္သံုးလာခဲ့တဲ့ ေဆးလိပ္ကို ျဖတ္ဖို႕ရန္မွာ အေျပာလြယ္သေလာက္၊ လက္ေတြ႕မွာ မလြယ္ကူႏိုင္ပါဘူး။ ဘယ္ေလာက္ပဲခက္ခဲသည္ဆိုေစကာမူ မိမိက်န္းမာေရးကို ထိခိုက္ေစမည့္ ေဆးလိပ္ကို ေအာင္ျမင္စြာျဖတ္ႏိုင္ရန္ စိတ္ဓာတ္ႀကံ႕ခုိင္မႈႏွင့္ စိတ္အားထက္သန္မႈတို႕ ရွိရမည့္အျပင္ နည္းစနစ္က်သည့္ အစီအစဥ္မ်ားကိုထားရွိရန္လည္း အင္မတန္မွ အေရးႀကီးပါတယ္။

ဒါေႀကာင့္ ေဆးလိပ္ျဖတ္လိုသူမ်ား အလြယ္တကူ လိုက္နာက်င့္သံုးႏိုင္မယ့္ နည္းလမ္းေကာင္းေလး (၁၀) ခုကို မွ်ေ၀ေပးလိုက္ရပါတယ္။

၁။ အိမ္သန္႕ရွင္းေရးလုပ္ပါ။

အိမ္သန္႕ရွင္းေရးလုပ္ျခင္းက စီးကရက္အညစ္အေႀကးမ်ားနဲ႕ စြဲက်န္ေနတဲ့ အနံ႕ဆိုးေတြကို အရွင္းေပ်ာက္ေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

၂။ မီးျခစ္၊ မီးျခစ္ဆံတို႕ကို ေ၀းေ၀းေရွာင္ပါ။

ေဆးလိပ္ျဖတ္ရန္ ႀကိဳးစားေနသည့္အခ်ိန္တြင္ ေဆးလိပ္ေသာက္ခ်င္စိတ္ကို ျပန္လည္ျဖစ္ေပၚလာေစမည့္ လူမ်ား၊ ေနရာမ်ား၊ အရာ၀တၳဳမ်ားႏွင့္ အေျခအေနတို႕ကို တတ္ႏိုင္သမွ် ေရွာင္ပါ။

၃။ လက္ႏွင့္ပါးစပ္ကို အလုပ္မပ်က္ေစပါနွင့္။

အခ်ိဳ႕ေဆးလိပ္ေသာက္သူမ်ားသည္ စီးကရက္ကို လက္ သို႕မဟုတ္ သြားႀကားတြင္ ထားတတ္ေလ့ရွိႀကပါတယ္။ ထုိ႕အတြက္ လက္ႏွင့္ ပါးစပ္ကို အလုပ္ရႈႈပ္ေနဖို႕အတြက္ နည္းလမ္းရွာပါ။ ဥပမာအားျဖင့္ ပီေက၀ါးျခင္း၊ သႀကားလံုးငံုထားျခင္း၊ ေဘာလံုးေဆာ့ကစားျခင္း၊ သိုးေမႊးထိုးျခင္း၊ စကားလံုးဆက္ျခင္း၊ ပေဟဋိေျဖျခင္း၊ အြန္လိုင္းဂိမ္းကစားျခင္း၊ စာအုပ္ဖတ္ျခင္းတို႕ကို လုပ္ေဆာင္ႏိုင္ပါတယ္။

၄။ အသက္ျပင္းျပင္းရႈျခင္းကို ေလ့က်င့္ပါ။

ေဆးလိပ္ေသာက္လိုစိတ္ ျပင္းျပလာသည့္အခ်ိန္မ်ားတြင္ အသက္ကိုျပင္းျပင္းရႈ၍ ျဖည္းျဖည္းခ်င္းရွဴထုတ္လုိက္ပါ။ ထုိသုိ႕ျပဳလုပ္လိုက္ျခင္းက သင့္ကို စိုးရိမ္ေသာကကင္းေ၀းေစ၍ စိတ္တည္ျငိမ္မႈရရွိေစမွာျဖစ္ပါတယ္။

၅။ ေရေသာက္ေပးပါ။

ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္မ်ားကို ထုတ္လႊတ္ေပးရန္ ေရလိုအပ္သည့္အတြက္ ေရကိုပံုမွန္ေသာက္သံုးေပးရန္ လိုအပ္ပါတယ္။

၆။ တရုတ္အပ္စိုက္ကုထံုးျခင္းကို စမ္းသပ္ႀကည့္ပါ။

အပ္စိုက္ကုသျခင္းက ေဆးလိပ္ေတာင့္တမႈကို ထိေရာက္စြာ ဟန္႕တားေပးႏိုင္မွာျဖစ္ပါတယ္။ ထုိ႕အျပင္ အပ္စိုက္ကုသေပးၿပီးေနာက္မွာေတာ့ ယခင္ေသာက္သံုးေနက်ျဖစ္သည့္ ေဆးလိပ္အရသာမွာ ဆိုးဆိုးရြားရြားျဖစ္သြားႏိုင္ပါတယ္။

၇။ အေလ့အက်င့္အသစ္တစ္ခုကို ႀကိဳးစားႀကည့္ပါ။

ပန္းခ်ီဆြဲျခင္း၊ အိုးလုပ္ျခင္း၊ စာေရးျခင္း စသည့္ အေလ့အက်င့္မ်ားက ေဆးလိပ္ေသာက္ရန္ ေတြးေတာေနစိတ္ကို ေပ်ာက္သြားေစႏိုင္ပါတယ္။ လူတစ္ေယာက္ဟာ ကိစၥတစ္ခုခုကို စိတ္၀င္စားမႈမ်ားသြားသည့္အခါမွာ အျခားအရာမ်ားကို ေမ့ေပ်ာက္သြားႏိုင္ပါတယ္။

၈။ တရားအားထုတ္ႀကည့္ပါ။

တရားအားထုတ္သည့္အခါ စိတ္ေရာကိုယ္ပါ တည္ျငိမ္မႈရရွိေစသည့္အတြက္ စိတ္ဖိစီးမႈပမာဏကို ေလ်ာ႕က်သြားေစႏိုင္ပါတယ္။

၉။ ေလ့က်င့္ခန္းပံုမွန္လုပ္ပါ။

ေျပးျခင္း သို႕မဟုတ္ စက္ဘီးစီးျခင္း စသည့္ ေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္ေပးျခင္းက သင့္က်န္းမာေရးကို တိုးတက္ေစရံုသာမက ေဆးလိပ္ျဖတ္ျခင္းကိုလည္း ပိုမိုလြယ္ကူေစပါတယ္။

၁၀။ အသီးအႏွံမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ားကို စားသံုးေပးပါ။

ေဆးလိပ္ျဖတ္ရန္ ႀကိဳးစားေနစဥ္အတြင္း ၀ိတ္အေလးခ်ိန္က်ရန္ မႀကိဳးစားပါႏွင့္။ ေဆးလိပ္ျဖတ္သည့္အခါ ခႏၶာကိုယ္မွ အာဟာရဓာတ္အားလံုးကို လိုအပ္သည့္အတြက္ သင့္စားေသာက္မႈပံုစံမွာ ရိုးရိုးရွင္းရွင္းႏွင့္ က်န္းမာမႈရွိရန္ အင္မတန္ အေရးႀကီးပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို သိသော်ငြားလည်း လူအများစုကတော့ ဆေးလိပ်ကို စွဲလမ်းနေလျက်ရှိနေပါတယ်။ ဆေးလိပ်တစ်ဖွာ ရှူရှိုက်လိုက်ခြင်းက အဆုတ်၊ ဆီးအိမ်၊ ပါးစပ် အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အန္တရာယ်ရှိစေနိုင်သလို ကင်ဆာရောဂါများကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အချိန်အတိုင်းအတာတစ်ခုအထိ သောက်သုံးလာခဲ့တဲ့ ဆေးလိပ်ကို ဖြတ်ဖို့ရန်မှာ အပြောလွယ်သလောက်၊ လက်တွေ့မှာ မလွယ်ကူနိုင်ပါဘူး။ ဘယ်လောက်ပဲခက်ခဲသည်ဆိုစေကာမူ မိမိကျန်းမာရေးကို ထိခိုက်စေမည့် ဆေးလိပ်ကို အောင်မြင်စွာဖြတ်နိုင်ရန် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်အားထက်သန်မှုတို့ ရှိရမည့်အပြင် နည်းစနစ်ကျသည့် အစီအစဉ်များကိုထားရှိရန်လည်း အင်မတန်မှ အရေးကြီးပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်လိုသူများ အလွယ်တကူ လိုက်နာကျင့်သုံးနိုင်မယ့် နည်းလမ်းကောင်းလေး (၁၀) ခုကို မျှဝေပေးလိုက်ရပါတယ်။

၁။ အိမ်သန့်ရှင်းရေးလုပ်ပါ။

အိမ်သန့်ရှင်းရေးလုပ်ခြင်းက စီးကရက်အညစ်အကြေးများနဲ့ စွဲကျန်နေတဲ့ အနံ့ဆိုးတွေကို အရှင်းပျောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၂။ မီးခြစ်၊ မီးခြစ်ဆံတို့ကို ဝေးဝေးရှောင်ပါ။

ဆေးလိပ်ဖြတ်ရန် ကြိုးစားနေသည့်အချိန်တွင် ဆေးလိပ်သောက်ချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်လာစေမည့် လူများ၊ နေရာများ၊ အရာဝတ္ထုများနှင့် အခြေအနေတို့ကို တတ်နိုင်သမျှ ရှောင်ပါ။

၃။ လက်နှင့်ပါးစပ်ကို အလုပ်မပျက်စေပါနှင့်။

အချို့ဆေးလိပ်သောက်သူများသည် စီးကရက်ကို လက် သို့မဟုတ် သွားကြားတွင် ထားတတ်လေ့ရှိကြပါတယ်။ ထို့အတွက် လက်နှင့် ပါးစပ်ကို အလုပ်ရှုှုပ်နေဖို့အတွက် နည်းလမ်းရှာပါ။ ဥပမာအားဖြင့် ပီကေဝါးခြင်း၊ သကြားလုံးငုံထားခြင်း၊ ဘောလုံးဆော့ကစားခြင်း၊ သိုးမွှေးထိုးခြင်း၊ စကားလုံးဆက်ခြင်း၊ ပဟေဋိဖြေခြင်း၊ အွန်လိုင်းဂိမ်းကစားခြင်း၊ စာအုပ်ဖတ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

၄။ အသက်ပြင်းပြင်းရှုခြင်းကို လေ့ကျင့်ပါ။

ဆေးလိပ်သောက်လိုစိတ် ပြင်းပြလာသည့်အချိန်များတွင် အသက်ကိုပြင်းပြင်းရှု၍ ဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါ။ ထိုသို့ပြုလုပ်လိုက်ခြင်းက သင့်ကို စိုးရိမ်သောကကင်းဝေးစေ၍ စိတ်တည်ငြိမ်မှုရရှိစေမှာဖြစ်ပါတယ်။

၅။ ရေသောက်ပေးပါ။

ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ထုတ်လွှတ်ပေးရန် ရေလိုအပ်သည့်အတွက် ရေကိုပုံမှန်သောက်သုံးပေးရန် လိုအပ်ပါတယ်။

၆။ တရုတ်အပ်စိုက်ကုထုံးခြင်းကို စမ်းသပ်ကြည့်ပါ။

အပ်စိုက်ကုသခြင်းက ဆေးလိပ်တောင့်တမှုကို ထိရောက်စွာ ဟန့်တားပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် အပ်စိုက်ကုသပေးပြီးနောက်မှာတော့ ယခင်သောက်သုံးနေကျဖြစ်သည့် ဆေးလိပ်အရသာမှာ ဆိုးဆိုးရွားရွားဖြစ်သွားနိုင်ပါတယ်။

၇။ အလေ့အကျင့်အသစ်တစ်ခုကို ကြိုးစားကြည့်ပါ။

ပန်းချီဆွဲခြင်း၊ အိုးလုပ်ခြင်း၊ စာရေးခြင်း စသည့် အလေ့အကျင့်များက ဆေးလိပ်သောက်ရန် တွေးတောနေစိတ်ကို ပျောက်သွားစေနိုင်ပါတယ်။ လူတစ်ယောက်ဟာ ကိစ္စတစ်ခုခုကို စိတ်ဝင်စားမှုများသွားသည့်အခါမှာ အခြားအရာများကို မေ့ပျောက်သွားနိုင်ပါတယ်။

၈။ တရားအားထုတ်ကြည့်ပါ။

တရားအားထုတ်သည့်အခါ စိတ်ရောကိုယ်ပါ တည်ငြိမ်မှုရရှိစေသည့်အတွက် စိတ်ဖိစီးမှုပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။

၉။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

ပြေးခြင်း သို့မဟုတ် စက်ဘီးစီးခြင်း စသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးခြင်းက သင့်ကျန်းမာရေးကို တိုးတက်စေရုံသာမက ဆေးလိပ်ဖြတ်ခြင်းကိုလည်း ပိုမိုလွယ်ကူစေပါတယ်။

၁၀။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။

ဆေးလိပ်ဖြတ်ရန် ကြိုးစားနေစဉ်အတွင်း ဝိတ်အလေးချိန်ကျရန် မကြိုးစားပါနှင့်။ ဆေးလိပ်ဖြတ်သည့်အခါ ခန္ဓာကိုယ်မှ အာဟာရဓာတ်အားလုံးကို လိုအပ်သည့်အတွက် သင့်စားသောက်မှုပုံစံမှာ ရိုးရိုးရှင်းရှင်းနှင့် ကျန်းမာမှုရှိရန် အင်မတန် အရေးကြီးပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top