iMyanmarHouse.com - Best Property Website for Myanmar
×

မိမိခ်စ္ခင္သူမ်ားႏွင့္ ဆက္ဆံေရးကိုအဆံုးသတ္လုိက္ရျခင္းေႀကာင့္ျဖစ္ေစ၊ သေဘာက်ႏွစ္သက္ေသာ ရုပ္ရွင္ဇာတ္ကားမ်ားထဲမွ ၀မ္းနည္းစရာေကာင္းေသာ ဇာတ္၀င္ခန္းေႀကာင့္ျဖစ္ေစ၊ အလုပ္ေႀကာင့္စိတ္အေႏွာင့္အယွက္ျဖစ္ရျခင္းတို႕ေႀကာင့္ျဖစ္ေစ အမ်ိဳးမ်ိဳးေသာ အေႀကာင္းအရင္းမ်ားေႀကာင့္ မႀကခဏ ငိုေႀကြးရတတ္ပါတယ္။ ထိုအခ်ိန္မ်ားတြင္သာမက ေပ်ာ္ရႊင္ရေသာ အခိုက္အတန္႕မ်ားတြင္ပင္ မ်က္ရည္က်တတ္ေလ့ရွိႀကပါတယ္။

တခါတရံမွာ ငုိေႀကြးျခင္းက ကိုယ့္အတြက္ ဘာေကာင္းက်ိဳးေတြကို ျဖစ္ေစႏိုင္မွာလဲဆိုၿပီး စဥ္းစားမိႏိုင္ပါတယ္။ ထုိ႕အတြက္ေႀကာင့္ ယခင္ကမသိခဲ့ရတဲ့ ငိုေႀကြးျခင္းက ကိုယ့္အတြက္ ဘာေကာင္းက်ိဳးေတြ သက္ေရာက္ႏိုင္ေစလဲဆိုတာကို ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးျခင္း

ငိုေႀကြးျခင္းက သင့္ခႏၶာကိုယ္အတြင္းရွိ အႏၱရာယ္ရွိသည့္ အဆိပ္အေတာက္မ်ားႏွင့္ စိတ္ဖိစီးမႈကိုျဖစ္ေပၚေစသည့္ ေဟာ္မုန္းပမာဏကို တိုးျမင့္ေစမည့္ ဓာတ္ျပဳမႈတို႕ကို ဖယ္ရွားေပးမွာျဖစ္ပါတယ္။

၂။ စိတ္ဖိစီးမႈမ်ားကို သက္သာေစျခင္း

ကိစၥအမ်ိဳးမ်ိဳးေႀကာင့္ ႀကံဳေတြ႕လာရတဲ့ စိတ္ဖိစီးမႈအမ်ိဳးမ်ိဳးကို ေျဖေဖ်ာက္ဖို႕အတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ငိုေႀကြးျခင္းပဲျဖစ္ပါတယ္။ ထိုကဲ့သို႕ ငိုေႀကြးလိုက္သည့္အခါမွာ စိတ္ဖိစီးမႈကိုျဖစ္ေပၚေစသည့္ ေဟာ္မုန္းဓာတ္မ်ားကို ထုတ္လႊတ္ေပးလိုက္သည့္အတြက္ စိတ္ခံစားရေပါ့ပါးသက္သာသြားမွာျဖစ္ပါတယ္။ အကယ္၍ ငိုေႀကြးခ်င္စိတ္ကို ခ်ဳပ္တည္းထားပါက အျခားမလိုလားတဲ့ ႏွလံုးအေမာေဖာက္မႈႏွင့္ ဦးေႏွာက္ပ်က္စီးျခင္း အစရွိတဲ့ ေရာဂါမ်ားကို ျဖစ္ေပၚလာေစကာ အသက္အႏၱရာယ္ရွိလာႏိုင္ပါတယ္။

၃။ စိတ္ခံစားမႈကို တိုးျမွင့္ေပးျခင္း

ငိုေႀကြးျခင္းက “Endorphin” ဟုေခၚသည့့္ ေဟာ္မုန္းဓာတ္တို႕ကို ခႏၶာကိုယ္အတြင္းသို႕ ထုတ္လႊတ္ေပးမွာျဖစ္သည့္အတြက္ စိတ္ခံစားမႈကို သက္သာရာရေစမွာျဖစ္ပါတယ္။ သည့္အျပင္ “Endorphin” မ်ားတြင္ စိတ္ကိုတည္ျငိမ္ေစသည့္ ဓာတ္သတၱိတို႕ရွိသည့္အတြက္ ငိုလိုက္ျပီးသည့္ေနာက္မွာ ပံုမွန္အခ်ိန္မ်ားထက္ ပိုမိုေကာင္းမြန္စြာ အိပ္စက္ႏိုင္မွာျဖစ္ပါတယ္။

၄။ အျမင္အာရံု တိုးတက္ေစျခင္း

ငိုေႀကြးျခင္းသည္ မ်က္စိအတြင္းရွိ အညစ္အေႀကးမ်ားကို သန္႕ရွင္းေပးကာ ယားယံျခင္းတို႕မွ ကာကြယ္ေပးသည့္အတြက္ အျမင္အာရံုကို တိုးတက္ေစမွာျဖစ္ပါတယ္။

၅။ ဘတ္တီးရီးယားမ်ားကို ဖ်က္ဆီးေပး၍ ကိုယ္ခံအားကိုတိုးျမွင့္ေပးျခင္း

ငိုေႀကြးသည့္အခ်ိန္တြင္ က်ဆင္းလာသည့္မ်က္ရည္မ်ားသည္ မ်က္စိအတြင္း တေနကုန္ ကိန္းေအာင္းေနသည့္ ဘတ္တီးရီးယားမ်ားႏွင့္ ဗိုင္းရပ္စ္ပိုးမ်ားကို ဖယ္ရွားေပးရာတြင္ အင္မတန္အစြမ္းထက္ပါတယ္။ မ်က္ရည္တြင္ပါ၀င္သည့္ “Lysozyme” ဟုေခၚေသာ ဓာတ္သတၱိတစ္မ်ိဳးသည္ မိနစ္ပိုင္းအနည္းငယ္အတြင္းမွာပဲ ဘတ္တီးရီးယားမ်ာကို ၉၀ မွ ၉၅ ရာခိုင္ႏႈန္းအထိ ဖ်က္ဆီးႏိုင္ပါတယ္။

၆။ လူတဦးႏွင့္တစ္ဦးႀကား ဆက္ဆံေရးကို တိုးျမွင့္ေပးျခင္း

တခါတေလ စကားႏွင့္ေဖာ္ျပ၍ မရႏိုင္သည့္ အေျခအေနမ်ားတြင္ ငိုေႀကြးလိုက္ျခင္းက ထိေရာက္ေသာ နည္းလမ္းတစ္ခုအေနျဖင့္ အသံုး၀င္ႏုိင္ပါတယ္။ လူတစ္ေယာက္ႏွင့္ တေယာက္တို႕၏ ဆက္ဆံေရးမ်ားတြင္ နားလည္မႈအလြဲမ်ားကို ျဖစ္ေပၚေစႏိုင္သည့္ အျငင္းပြားမႈမ်ားႏွင့္ ႏႈတ္ဆိတ္ေနျခင္းတို႕ထက္ ငိုေႀကြးျခင္းက ဆက္ဆံေရးကို ျပန္လည္ေပါင္းစည္းေပးႏိုင္သည့္ နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိမိချစ်ခင်သူများနှင့် ဆက်ဆံရေးကိုအဆုံးသတ်လိုက်ရခြင်းကြောင့်ဖြစ်စေ၊ သဘောကျနှစ်သက်သော ရုပ်ရှင်ဇာတ်ကားများထဲမှ ဝမ်းနည်းစရာကောင်းသော ဇာတ်ဝင်ခန်းကြောင့်ဖြစ်စေ၊ အလုပ်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရခြင်းတို့ကြောင့်ဖြစ်စေ အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် မကြခဏ ငိုကြွေးရတတ်ပါတယ်။ ထိုအချိန်များတွင်သာမက ပျော်ရွှင်ရသော အခိုက်အတန့်များတွင်ပင် မျက်ရည်ကျတတ်လေ့ရှိကြပါတယ်။

တခါတရံမှာ ငိုကြွေးခြင်းက ကိုယ့်အတွက် ဘာကောင်းကျိုးတွေကို ဖြစ်စေနိုင်မှာလဲဆိုပြီး စဉ်းစားမိနိုင်ပါတယ်။ ထို့အတွက်ကြောင့် ယခင်ကမသိခဲ့ရတဲ့ ငိုကြွေးခြင်းက ကိုယ့်အတွက် ဘာကောင်းကျိုးတွေ သက်ရောက်နိုင်စေလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

၁။ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

ငိုကြွေးခြင်းက သင့်ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိသည့် အဆိပ်အတောက်များနှင့် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေသည့် ဟော်မုန်းပမာဏကို တိုးမြင့်စေမည့် ဓာတ်ပြုမှုတို့ကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

၂။ စိတ်ဖိစီးမှုများကို သက်သာစေခြင်း

ကိစ္စအမျိုးမျိုးကြောင့် ကြုံတွေ့လာရတဲ့ စိတ်ဖိစီးမှုအမျိုးမျိုးကို ဖြေဖျောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ငိုကြွေးခြင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ငိုကြွေးလိုက်သည့်အခါမှာ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေသည့် ဟော်မုန်းဓာတ်များကို ထုတ်လွှတ်ပေးလိုက်သည့်အတွက် စိတ်ခံစားရပေါ့ပါးသက်သာသွားမှာဖြစ်ပါတယ်။ အကယ်၍ ငိုကြွေးချင်စိတ်ကို ချုပ်တည်းထားပါက အခြားမလိုလားတဲ့ နှလုံးအမောဖောက်မှုနှင့် ဦးနှောက်ပျက်စီးခြင်း အစရှိတဲ့ ရောဂါများကို ဖြစ်ပေါ်လာစေကာ အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

၃။ စိတ်ခံစားမှုကို တိုးမြှင့်ပေးခြင်း

ငိုကြွေးခြင်းက “Endorphin” ဟုခေါ်သည့် ဟော်မုန်းဓာတ်တို့ကို ခန္ဓာကိုယ်အတွင်းသို့ ထုတ်လွှတ်ပေးမှာဖြစ်သည့်အတွက် စိတ်ခံစားမှုကို သက်သာရာရစေမှာဖြစ်ပါတယ်။ သည့်အပြင် “Endorphin” များတွင် စိတ်ကိုတည်ငြိမ်စေသည့် ဓာတ်သတ္တိတို့ရှိသည့်အတွက် ငိုလိုက်ပြီးသည့်နောက်မှာ ပုံမှန်အချိန်များထက် ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်မှာဖြစ်ပါတယ်။

၄။ အမြင်အာရုံ တိုးတက်စေခြင်း

ငိုကြွေးခြင်းသည် မျက်စိအတွင်းရှိ အညစ်အကြေးများကို သန့်ရှင်းပေးကာ ယားယံခြင်းတို့မှ ကာကွယ်ပေးသည့်အတွက် အမြင်အာရုံကို တိုးတက်စေမှာဖြစ်ပါတယ်။

၅။ ဘတ်တီးရီးယားများကို ဖျက်ဆီးပေး၍ ကိုယ်ခံအားကိုတိုးမြှင့်ပေးခြင်း

ငိုကြွေးသည့်အချိန်တွင် ကျဆင်းလာသည့်မျက်ရည်များသည် မျက်စိအတွင်း တနေကုန် ကိန်းအောင်းနေသည့် ဘတ်တီးရီးယားများနှင့် ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားပေးရာတွင် အင်မတန်အစွမ်းထက်ပါတယ်။ မျက်ရည်တွင်ပါဝင်သည့် “Lysozyme” ဟုခေါ်သော ဓာတ်သတ္တိတစ်မျိုးသည် မိနစ်ပိုင်းအနည်းငယ်အတွင်းမှာပဲ ဘတ်တီးရီးယားမျာကို ၉၀ မှ ၉၅ ရာခိုင်နှုန်းအထိ ဖျက်ဆီးနိုင်ပါတယ်။

၆။ လူတဦးနှင့်တစ်ဦးကြား ဆက်ဆံရေးကို တိုးမြှင့်ပေးခြင်း

တခါတလေ စကားနှင့်ဖော်ပြ၍ မရနိုင်သည့် အခြေအနေများတွင် ငိုကြွေးလိုက်ခြင်းက ထိရောက်သော နည်းလမ်းတစ်ခုအနေဖြင့် အသုံးဝင်နိုင်ပါတယ်။ လူတစ်ယောက်နှင့် တယောက်တို့၏ ဆက်ဆံရေးများတွင် နားလည်မှုအလွဲများကို ဖြစ်ပေါ်စေနိုင်သည့် အငြင်းပွားမှုများနှင့် နှုတ်ဆိတ်နေခြင်းတို့ထက် ငိုကြွေးခြင်းက ဆက်ဆံရေးကို ပြန်လည်ပေါင်းစည်းပေးနိုင်သည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top