iMyanmarHouse.com - Best Property Website for Myanmar
×








ငါလိုချင်တဲ့ဘဝမျိုးကို ဖန်တီးပေးနိုင်မယ်ဆိုတာ
ပါပြီ ❞

ငါးနှစ်ကြာသော်

ကောင်မလေးနဲ့ ကလေးတွေနဲ့ အပန်းဖြေ ခရီးကို ထွက်လည်နိုင်လာတယ်








ငါ့ကို လာတင်တောင်းပါ❞

ငါးနှစ်ကြာသော်


တင်တောင်းတာလဲ? ❞

လူတွေက ကူညီ ပေးခဲ့တာ
အစကတည်းက
နင် ပဲပေါ့❞


အတူတူနေ တာထက်

Credit: WYO

ကောင်လေး ❝ငါ့မှာ ပိုက်ဆံ မရှိဘူး ❞

ကောင်မလေး ❝ငါတို့နှစ်ယောက် တူတူရှာကြမယ်လေ ❞

ကောင်လေး ❝ ငါ့မှာ အိမ်မရှိဘူး❞

ကောင်မလေး ❝ငါတို့နှစ်ယောက် အတူတူဆောက်ကြမယ်လေ ❞

ကောင်လေး ❝ငါ့မှာ ကားမရှိဘူး ❞

ကောင်မလေး ❝ငါတို့နှစ်ယောက် လမ်းလျှောက်ကြတာပေါ့ ❞

ကောင်လေး ❝ငါ့နဲ့ ဘာလို့ အတူတူနေချင်ရတာလဲ ? ❞

ကောင်မလေး ❝ငါ ယုံကြည်ပါတယ် နင့်လက်တစုံနဲ့
ငါလိုချင်တဲ့ဘဝမျိုးကို ဖန်တီးပေးနိူင်မယ်ဆိုတာ
နင့်အနား ရှိနေခွင့်ရရင် ငါ့အတွက်တော့ ပြီးပြည့်စုံ
ပါပြီ ❞

ဒီလိုနှင့် သူတို့နှစ်ဦး အတူတူနေဖြစ်သွားကြသည်
ငါးနှစ်ကြာသော်

ကောင်လေးမှာ ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် ကား ပိုင်ဆိုင်လာပြီး
ကောင်မလေးနဲ့ ကလေးတွေနဲ့ အပန်းဖြေ ခရီးကို ထွက်လည်နိူင်လာတယ်
ကောင်မလေး မျက်နှာမှာတော့ အပြုံး လေးတွေ ပီတိလေးတွေနဲ့ ဝေဆာနေတာပေါ့

ကောင်လေး ❝ငါ့မှာ ပိုက်ဆံ မရှိဘူး❞

ကောင်မလေး ❝နင် ကြိုးစား ရှာလေ❞

ကောင်လေး ❝ငါ့မှာ အိမ်မရှိဘူး❞

ကောင်မလေး ❝နင် ကြိုးစား ဆောက်လေ❞

ကောင်လေး ❝ငါ့မှာ ကားမရှိဘူး❞

ကောင်မလေး ❝ငါတို့ သွားလည်ရင် ဘာနဲ့သွားမှာလဲ ? ❞

ကောင်လေး ❝ဒါပေမယ့် ငါ နင့်ကို တကယ်ချစ်တယ်❞

ကောင်မလေး ❝နင့်မှာ ပိုက်ဆံ၊ အိမ် ၊ ကား တွေ ရှိပြီဆိုမှ
ငါ့ကို လာတင်တောင်းပါ❞

ငါးနှစ်ကြာသော်

ကောင်လေး မှာ ပိုက်ဆံ ၊ အိမ် ၊ ကား တွေ ပိုင်ဆိုင်နေပြီး
သူ့ကို ချစ်တဲ့ မယားကောင်း တစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့ သား ကလေးတစ်ယောက်ပါ ပိုင်ဆိုင်နေလေသည်
ကောင်မလေး ခမျာတော့ ခုထိ တစ်ယောက်တည်းပေါ့
ဒါနဲ့ တနေ့တော့ ကောင်လေး ဆီရောက်သွားတယ်

ကောင်မလေး ❝ နင် ငါ့ကိုချစ်တယ်ဆို ဘာလို့ ငါ့ကို မလာ
တင်တောင်းတာလဲ? ❞

ကောင်လေး ❝ငါ ဘာမှမရှိတဲ့ အချိန်တုန်းကရော နင် ဘာလို့
ငါနဲ့ လက်မတွဲရဲတာလဲ ? ငါခုလို ဘဝမျိုးကို
ရောက်အောင် ဖြတ်သန်းခဲ့တဲ့ ဘဝနဲ့ ကြုံတွေ့ ခဲ့တဲ့
လူတွေက ကူညီ ပေးခဲ့တာ
ငါ နင့်ကို သစ္စာ မရှိတာ မဟုတ်ပါဘူး
အစကတည်းက
နင် ကသာ ငါ့ကို မယုံကြည်ခဲ့တာပါ
နင်သာ ငါ့ကို ယုံကြည်ခဲ့မယ်ဆိုရင် ငါ့ မိန်းမ ဟာ
နင် ပဲပေါ့❞

ကောင်မလေး .......... ဘာပြောလို့ ပြောရမှန်းမသိ
နှုတ်ဆိတ်စွာနဲ့ လှည့်ထွက်ခဲ့လေသည်

တစ်ယောက်တည်း အဆင်ပြေအောင် ကြိုးစားပြီးမှ
အတူတူနေ တာထက်
အတူတူနေပြီး မှ အဆင်ပြေအောင်
ကြိုးစားတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။



Credit: WYO

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top