iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာသစ္တာနဲ႕ပတ္သက္ျပီး လြဲမွားေနတဲ့ အမွားၾကီး ၁၀ခ်က္

၁။ မွားယြင္းတဲ့ မ်က္ႏွာသစ္ေဆးကို ေရြးခ်ယ္မိျခင္း

မွန္ကန္တဲ့ မ်က္ႏွာသစ္ေဆးဟာ သင့္မ်က္ႏွာမွာရွိတဲ့ အညစ္အေၾကး၊မိတ္ကပ္ေတြနဲ႕ ဂ်ီးေညွာ္ေတြကိုပဲ လုံးဝေျပာင္စင္ ေအာင္ သန္႕စင္ေပးတာျဖစ္ျပီး  သင့္မ်က္ႏွာမွာ သဘာဝအတိုင္းရွိရမယ့္အဆီ ဒါမွမဟုတ္ အေရျပားဆဲလ္ အေကာင္း ေတြကို ေတာ့ မထိခိုက္ေစရပါဘူး။ အဆိုပါအာနိသင္ရွိတဲ့ ကုန္ပစၥည္းမ်ိဳးကိုပဲ ေရြးခ်ယ္သင့္တဲ့အျပင္ မ်က္ႏွာသစ္ေဆးဟာ အရမ္းမေပ်ာ့ သင့္သလို(မ်က္ႏွာကို၂ခါေလာက္ ေဆးပစ္ဖို႕လိုတဲ့ဟာမ်ိဳး ဒါမွမဟုတ္ လုံးဝေျပာင္စင္သြားေအာင္ ခပ္ၾကမ္းၾကမ္း သစ္ပစ္ဖို႕ လိုတဲ့ဟာမ်ိဳး) အရမ္းလည္း မျပင္းသင့္ပါဘူး (အရမ္းျပင္းလြန္းရင္လည္း  အေရျပားကို နီရဲပ်က္ဆီးေစတဲ့အျပင္ ေရေျခာက္သြားရင္လည္း မ်က္ႏွာက တင္းတင္းၾကီးျဖစ္ျပီး က်န္ေနခဲ့ပါလိမ့္မယ္)

၂။မ်က္ႏွာခဏခဏသစ္ျခင္း

ေယဘုယ်အားျဖင့္ တေန႕ကို တၾကိမ္ ဒါမွမဟုတ္ ႏွစ္ၾကိမ္ေလာက္ မ်က္ႏွာသစ္တာဟာ လုံေလာက္ပါတယ္။ ဒီ့ထက္ အၾကိမ္ေရ ပိုမ်ားမ်ားသစ္မယ္ဆိုရင္ေတာ့ အေရျပားကို ထိခိုက္ေစတဲ့အျပင္ မ်က္ႏွာကို ပိုလို႕ေတာင္ အဆီျပန္ေစပါမယ္။ အကယ္၍ သင္ဟာ ဒီေန႕မိတ္ကပ္ ဒါမွမဟုတ္ သနပ္ခါး မလိမ္းျဖစ္ဘူး၊ေနေလာင္ဒါဏ္ခံခရင္မ္ (sunscreen) မလိမ္းျဖစ္ဘူး ဒါမွမဟုတ္ ဒီေန႕ေခြၽးသိပ္မထြက္ဖူးဆိုရင္ ညဘက္ကို မ်က္ႏွာသစ္ေဆးမသုံးေတာ့ဘဲနဲ႕ ေရခပ္ေႏြးေႏြး ေလးနဲ႕ပဲ မ်က္ႏွာသစ္ၾကည့္ပါ။ အမ်ိဳးမ်ိဳးေသာ အလွကုန္ပစၥည္းေတြ ဒါမွမဟုတ္ မ်က္ႏွာသစ္ေဆးေတြကို တခါတေလ မသုံးဘဲ အနားေပးထားျခင္းဟာ သင့္အေရျပားကို ပိုမိုေကာင္းမြန္က်န္းမာလွပေစပါလိမ့္မယ္။

၃။ မ်က္ႏွာသစ္တဲ့ေရအပူခ်ိန္မွားယြင္းေနျခင္း

ေရေႏြးပူပူက ေခြၽးေပါက္ေတြကို ပြင့္ေစျပီး ေရေအးစက္စက္က ေခြၽးေပါက္ေတြကို ပိတ္ေစတယ္ဆိုတာ ယုံတမ္း စကားပါ။ တကယ္တမ္း သိပၸံနည္းက်က်ေျပာရမယ္ဆိုရင္  ေခြၽးေပါက္ေတြကို ပြင့္ေအာင္ ဒါမွမဟုတ္ ပိတ္ေအာင္လုပ္ေပးဖို႕ သူတို႕မွာ ႂကြက္သားေတြ မရွိပါဘူး။ေရေႏြးနဲ႕ မ်က္ႏွာသစ္ရင္ ေႏြးေႏြးေလးနဲ႕ ေနလို႕ေကာင္းတယ္ဆိုေပမယ့္ အေရျပားမွာ ပုံမွန္ ရွိသင့္တဲ့၊ အေရျပားကို အကာအကြယ္ေပးတဲ့ အဆီေတြကို အေႏွာင့္အယွက္ေပးတာေၾကာင့္ အေရျပားအလြန္အမင္း ေျခာက္ေသြ႕တာ ဒါမွမဟုတ္ အဆီေတြပုံမွန္ထက္ ပိုထုတ္တာေတြကို ျဖစ္ေစပါတယ္။မေအးမပူ ေရခပ္ေႏြးေႏြးေလး ကေတာ့ မ်က္ႏွာအေရျပားကို ႏူးညံ့ညင္သာစြာနဲ႕ ထိေရာက္အက်ိဳးရွိစြာ သစ္ဖို႕ အသင့္ေတာ္ဆုံးနဲ႕ အေကာင္းဆံုး ျဖစ္ပါတယ္။

၄။ အလြန္အမင္းမ်က္ႏွာ ဂ်ီးခြၽတ္ျခင္း

မ်က္ႏွာဂ်ီးခြၽတ္တယ္ဆိုတာ မ်က္ႏွာအေရျပားမွာရွိတဲ့ ဆဲလ္အေသေတြကို ဖယ္ရွားခြါခ်ပစ္တာျဖစ္လို႕ က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုေသာ္ျငား ဘယ္အရာမဆိုတန္ေဆးလြန္ေဘးပါ။သၾကား ဒါမွမဟုတ္ သစ္သီးအရည္ေတြကို သုံးျပီး ဂ်ီးခြၽတ္ တာကို တပတ္မွာအမ်ားဆုံး ႏွစ္ခါကေန သုံးခါအထိလုပ္ႏိုင္ပါတယ္။ဒီလို ဂ်ီးခြၽတ္တဲ့ေနရာမွာလည္း တာဝါစသုံးမယ့္အစား သင့္လက္ေခ်ာင္းေလးေတြကိုသာ သုံးျခင္းအားျဖင့္ အေရျပားကို အလြန္အကြၽံဆြဲမိတာ၊ ထိခိုက္မိတာေတြကေန ေရွာင္ရွားႏိုင္မွာ ျဖစ္ပါတယ္။

၅။ မ်က္ႏွာသစ္ရာတြင္ ေရကိုလုံေလာက္ေအာင္မသုံးျခင္း

မ်က္ႏွာကို ေရနဲ႕ေသေသခ်ာခ်ာ အခ်ိန္ေပးျပီး မေဆးျခင္းအားျဖင့္ အေရျပားေပၚမွာ အညစ္အေၾကးေတြစုပုံလာျပီး ေခြၽးေပါက္ေတြကိုပိတ္ဆို႕ေစကာ အသားအရည္ ေျခာက္ေသြ႕ေစပါတယ္။ဒါ့ေၾကာင့္ မနက္ပိုင္း အိမ္ကမထြက္ခင္ အလ်င္လိုေနတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ ညဘက္အိမ္ျပန္ေရာက္လို႕ အရမ္းပင္ပန္းေနတဲ့ အခ်ိန္မွာပဲျဖစ္ျဖစ္ တတ္ႏိုင္သမွ် အခ်ိန္ေပးျပီး မ်က္ႏွာကို ေရနဲ႕ေသေသခ်ာခ်ာ ေဆးသင့္ပါတယ္။ေမးေစ့၊ဆံစပ္ နဲ႕ ႏွာေခါင္းေနရာတို႕ဟာ အမ်ားအားျဖင့္ ေသေသခ်ာခ်ာ မသစ္ျဖစ္တဲ့ ေနရာေတြျဖစ္လို႕ အဲ့ဒီ့ေနရာေတြကိုလည္း ဂ႐ုစိုက္ျပီး မ်က္ႏွာသစ္ေပးသင့္ပါတယ္။

၆။ အေရျပားကိုထိခိုက္ေစတဲ့ ပစၥည္းေတြပါဝင္ေသာ မ်က္ႏွာသစ္ေဆးမ်ားကို သုံးစြဲမိျခင္း

သင့္မ်က္ႏွာကို သင္ကိုယ္တိုင္ဂ႐ုစိုက္ရမွာပါ။ ဒါေၾကာင့္မို႕ အေရျပားထိခိုက္ေစတဲ့ ပစၥည္းေတြ (ဥပမာ။  ။ အနံ႕၊အေရာင္တို႕အတြက္ သုံးတဲ့ ဓာတုပစၥည္းေတြ၊ ၾကာရွည္ခံေအာင္သုံးတဲ့ ဓာတုပစၥည္းေတြ)ပါတဲ့ မ်က္ႏွာသစ္ေဆးေတြကို သတိထားျပီး ေရွာင္ရွားရပါမယ္။ Sodium lauryl sulfate ဆိုတဲ့ ဓာတုေဗဒပစၥည္းဟာဆိုရင္လည္း ေရွာင္ရမယ့္ ပါဝင္ပစၥည္းတခုျဖစ္ပါတယ္။သူ့ကို အညစ္အေၾကးေတြဖယ္ရွားဖို႕ သုံးေလ့ရွိေပမယ့္ ဓာတ္မတည့္တာ၊အေရျပားထိခိုက္တာေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ မ်က္ႏွာသစ္ေဆးတခု သုံးေတာ့မယ္ဆိုရင္ ပါဝင္ပစၥည္းေတြကို ဖတ္ဖို႕ဘယ္ေတာ့မွ မေမ့ပါေစနဲ႕။

၇။ မ်က္ႏွာသုတ္ပုဝါနဲ႕ ပြတ္ျခင္း

မ်က္ႏွာကို တို႕ပါ။မပြတ္ပါနဲ႕။မ်က္ႏွာသစ္ျပီး သဘက္နဲ႕ အားပါးတရ ပြတ္လိုက္ရတာဟာ အရသာရွိေကာင္းရွိမွာ ျဖစ္ေပမယ့္ အေရျပားကို ခပ္ၾကမ္းၾကမ္းဆြဲေဆာင့္ေနသလို ျဖစ္ေစတာေၾကာင့္ အေရတြန္႕ေစပါတယ္။ ျပီးေတာ့ သတိထားရမွာက ေတြ႕ကရာနဲ႕ မ်က္ႏွာကို ေလွ်ာက္မသုတ္ပါနဲ႕(အသစ္ျဖစ္ျဖစ္ အေဟာင္းျဖစ္ျဖစ္)။ ကိုယ့္ရဲ့ ျပစ္မ်ိဳးမွဲ႕မထင္ မ်က္ႏွာေလးမွာ အျပစ္အနာအဆာေတြ မရွိေစခ်င္ဖူးဆိုရင္၊ အေရျပားပိုးမကူး ေစခ်င္ဖူးဆိုရင္ တျခားသူေတြရဲ့ မ်က္ႏွာသုတ္ပုဝါနဲ႕ အတူတူမွ် မသုံးပါနဲ႕။ သင့္ရဲ့လန္းဆန္းတဲ့မ်က္ႏွာေလးကို သုတ္ဖို႕အတြက္ သန္႕ရွင္းႏူးညံ့တဲ့ မ်က္ႏွာသုတ္ပုဝါ ေကာင္းေကာင္းကို သုံးပါ။

၈။ Moisturizer မသုံးခင္ အခ်ိန္ၾကာၾကာေစာင့္ျခင္း

အစိုဓာတ္ကို အမ်ားဆုံးစုပ္ယူႏိုင္ျပီး ၾကာရွည္ထိန္းသိမ္းထားႏိုင္ဖို႕ဆိုရင္ မ်က္ႏွာသစ္ျပီး စိုထိုင္းထိုင္းေလးျဖစ္ေနတုန္းမွာပဲ moisturizer ကို ခ်က္ခ်င္းလိမ္းသင့္ပါတယ္။တျခား မ်က္ႏွာလိမ္းတဲ့ အရည္ေတြကိုလည္း ဒီလိုပဲ ခ်က္ခ်င္း လိမ္း သင့္ပါတယ္။ အဲ့လိုမွ မဟုတ္ဘဲ မ်က္ႏွာမွာေရလုံးဝ ေျခာက္တဲ့အထိ ေစာင့္ျပီးမွ လိမ္းမယ္ဆိုရင္ ပါဝင္ပစၥည္းေတြအေနနဲ႕ အေရျပားထဲကို စိမ့္ဝင္ဖို႕ခက္သြားမွာျဖစ္တဲ့အတြက္ မ်က္ႏွာဟာ ေစးကပ္ကပ္ၾကီးျဖစ္ေနမွာပါ။

၉။ ေငြကိုအလြန္အမင္းသုံးျခင္း

မ်က္ႏွာသစ္ဖို႕အတြက္ ေငြကို အလြန္အကြၽံ မသုံးသင့္ပါဘူး။ ႐ိုးရွင္းျပီး သဘာဝပစၥည္းေတြ ပါဝင္တဲ့ မ်က္ႏွာသစ္ေဆး ကိုသာ ရွာျပီးသုံးပါ။ ေရရွည္အတြက္ အက်ိဳးရွိျပီး အေရျပားကိုလည္း တကယ္အေထာက္အကူျဖစ္ေစတဲ့ အလွကုန္ေတြ (ဥပမာ။   ။ moisturizer)အတြက္ သင့္ေငြကို စုထားပါ။အလကားမျဖစ္ပါေစနဲ႕။

၁၀။ အဆီဓာတ္ကို ေၾကာက္ျခင္း

အဆီဓာတ္ဆိုတာ ေခြၽးေပါက္ေတြကို ပိတ္ဆို႕ေစတဲ့ မေကာင္းေသာအရာလို႕ လူေတြက အခ်ိန္ေတာ္ေတာ္ၾကာ ယူဆခဲ့ၾကပါတယ္။ အခုေတာ့ ဒီအယူအဆဟာ ေျပာင္းလဲလာပါျပီ။ ဘယ္လိုအေရျပား အမ်ိဳးအစားပိုင္ရွင္မ်ိဳးမဆို (အဆီျပန္တတ္သူေတြ၊ ဝက္ျခံ၊မွဲ႕ေျခာက္ေပါတဲ့သူေတြအပါအဝင္ေပါ့) အဆီဓာတ္ပါဝင္တဲ့ အရာေတြနဲ႕မ်က္ႏွာကို ေဆးေၾကာျခင္းအားျဖင့္ အက်ိဳးရွိေစတယ္လို႕  ပညာရွင္ေတြက ဆိုပါတယ္။အဆီကို အဆီမွာပဲ ေပ်ာ္ဝင္ေစတဲ့ သေဘာျဖစ္ပါတယ္။မွန္ကန္ေကာင္းမြန္တဲ့ အဆီကို အသုံးျပဳျခင္းအားျဖင့္ ဘက္တီးရီးယားနဲ႕ အညစ္အေၾကးေတြကို ဖယ္ရွားေပးတဲ့အျပင္ အသားအေရကိုလည္း လွပေကာင္းမြန္ေအာင္  ထိန္းသိမ္းေပးပါတယ္။ သဘာဝအပင္ကေန ထုတ္ယူထားတဲ့ အဆီပါဝင္ေသာ ပစၥည္းေတြကို ရွာေဖြသုံးစြဲပါ။ဒါမွမဟုတ္ နီးစပ္ရာ ေစ်းဆိုင္ကေန လြယ္လြယ္ ဝယ္လို႕ရတဲ့ အရည္အေသြးေကာင္းေကာင္း ဗာဒံေစ့ကထုတ္တဲ့ အဆီ၊စပ်စ္ေစ့ကေန ထုတ္တဲ့အဆီ သို႕မဟုတ္ ေနၾကာဆီတို႕ကို ဝယ္ယူအသုံးျပဳႏိုင္ပါတယ္ (အုန္းဆီနဲ႕ သံလြင္ဆီတို႕ကေတာ့ တခ်ိဳ႕အတြက္ အဆင္ေျပေပမယ့္ မတည့္တဲ့သူေတြလည္းရွိပါတယ္)။အသုံးျပဳပုံက လြယ္ပါတယ္။ အဆီကို မ်က္ႏွာေပၚအသာအယာ လိမ္းျပီးႏွိပ္နယ္ကာ ေရၾကက္သီးေႏြးထဲမွာ စိမ္ထားတဲ့ အဝတ္စႏုႏုေလးနဲ႕ သုတ္ေပးလိုက္ရုံပါပဲ။ တခုသတိထားရမွာက အဆီအႂကြင္းအက်န္ ေတြစုျပီး အေပါက္ေတြမွာလာမပိတ္ဆို႕ေစဖို႕အတြက္ အဆီေတြကို အကုန္ေျပာင္စင္ေအာင္ေတာ့  အေသအခ်ာ သုတ္ပစ္ရမွာ ျဖစ္ပါေၾကာင္း။

Credit: Hellosayarwon
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်နှာသစ်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး ၁၀ချက်

၁။ မှားယွင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်မိခြင်း

မှန်ကန်တဲ့ မျက်နှာသစ်ဆေးဟာ သင့်မျက်နှာမှာရှိတဲ့ အညစ်အကြေး၊မိတ်ကပ်တွေနဲ့ ဂျီးညှော်တွေကိုပဲ လုံးဝပြောင်စင် အောင် သန့်စင်ပေးတာဖြစ်ပြီး  သင့်မျက်နှာမှာ သဘာဝအတိုင်းရှိရမယ့်အဆီ ဒါမှမဟုတ် အရေပြားဆဲလ် အကောင်း တွေကို တော့ မထိခိုက်စေရပါဘူး။ အဆိုပါအာနိသင်ရှိတဲ့ ကုန်ပစ္စည်းမျိုးကိုပဲ ရွေးချယ်သင့်တဲ့အပြင် မျက်နှာသစ်ဆေးဟာ အရမ်းမပျော့ သင့်သလို(မျက်နှာကို၂ခါလောက် ဆေးပစ်ဖို့လိုတဲ့ဟာမျိုး ဒါမှမဟုတ် လုံးဝပြောင်စင်သွားအောင် ခပ်ကြမ်းကြမ်း သစ်ပစ်ဖို့ လိုတဲ့ဟာမျိုး) အရမ်းလည်း မပြင်းသင့်ပါဘူး (အရမ်းပြင်းလွန်းရင်လည်း  အရေပြားကို နီရဲပျက်ဆီးစေတဲ့အပြင် ရေခြောက်သွားရင်လည်း မျက်နှာက တင်းတင်းကြီးဖြစ်ပြီး ကျန်နေခဲ့ပါလိမ့်မယ်)

၂။မျက်နှာခဏခဏသစ်ခြင်း

ယေဘုယျအားဖြင့် တနေ့ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် မျက်နှာသစ်တာဟာ လုံလောက်ပါတယ်။ ဒီ့ထက် အကြိမ်ရေ ပိုများများသစ်မယ်ဆိုရင်တော့ အရေပြားကို ထိခိုက်စေတဲ့အပြင် မျက်နှာကို ပိုလို့တောင် အဆီပြန်စေပါမယ်။ အကယ်၍ သင်ဟာ ဒီနေ့မိတ်ကပ် ဒါမှမဟုတ် သနပ်ခါး မလိမ်းဖြစ်ဘူး၊နေလောင်ဒါဏ်ခံခရင်မ် (sunscreen) မလိမ်းဖြစ်ဘူး ဒါမှမဟုတ် ဒီနေ့ချွေးသိပ်မထွက်ဖူးဆိုရင် ညဘက်ကို မျက်နှာသစ်ဆေးမသုံးတော့ဘဲနဲ့ ရေခပ်နွေးနွေး လေးနဲ့ပဲ မျက်နှာသစ်ကြည့်ပါ။ အမျိုးမျိုးသော အလှကုန်ပစ္စည်းတွေ ဒါမှမဟုတ် မျက်နှာသစ်ဆေးတွေကို တခါတလေ မသုံးဘဲ အနားပေးထားခြင်းဟာ သင့်အရေပြားကို ပိုမိုကောင်းမွန်ကျန်းမာလှပစေပါလိမ့်မယ်။

၃။ မျက်နှာသစ်တဲ့ရေအပူချိန်မှားယွင်းနေခြင်း

ရေနွေးပူပူက ချွေးပေါက်တွေကို ပွင့်စေပြီး ရေအေးစက်စက်က ချွေးပေါက်တွေကို ပိတ်စေတယ်ဆိုတာ ယုံတမ်း စကားပါ။ တကယ်တမ်း သိပ္ပံနည်းကျကျပြောရမယ်ဆိုရင်  ချွေးပေါက်တွေကို ပွင့်အောင် ဒါမှမဟုတ် ပိတ်အောင်လုပ်ပေးဖို့ သူတို့မှာ ကြွက်သားတွေ မရှိပါဘူး။ရေနွေးနဲ့ မျက်နှာသစ်ရင် နွေးနွေးလေးနဲ့ နေလို့ကောင်းတယ်ဆိုပေမယ့် အရေပြားမှာ ပုံမှန် ရှိသင့်တဲ့၊ အရေပြားကို အကာအကွယ်ပေးတဲ့ အဆီတွေကို အနှောင့်အယှက်ပေးတာကြောင့် အရေပြားအလွန်အမင်း ခြောက်သွေ့တာ ဒါမှမဟုတ် အဆီတွေပုံမှန်ထက် ပိုထုတ်တာတွေကို ဖြစ်စေပါတယ်။မအေးမပူ ရေခပ်နွေးနွေးလေး ကတော့ မျက်နှာအရေပြားကို နူးညံ့ညင်သာစွာနဲ့ ထိရောက်အကျိုးရှိစွာ သစ်ဖို့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။

၄။ အလွန်အမင်းမျက်နှာ ဂျီးချွတ်ခြင်း

မျက်နှာဂျီးချွတ်တယ်ဆိုတာ မျက်နှာအရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားခွါချပစ်တာဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုသော်ငြား ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါ။သကြား ဒါမှမဟုတ် သစ်သီးအရည်တွေကို သုံးပြီး ဂျီးချွတ် တာကို တပတ်မှာအများဆုံး နှစ်ခါကနေ သုံးခါအထိလုပ်နိုင်ပါတယ်။ဒီလို ဂျီးချွတ်တဲ့နေရာမှာလည်း တာဝါစသုံးမယ့်အစား သင့်လက်ချောင်းလေးတွေကိုသာ သုံးခြင်းအားဖြင့် အရေပြားကို အလွန်အကျွံဆွဲမိတာ၊ ထိခိုက်မိတာတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

၅။ မျက်နှာသစ်ရာတွင် ရေကိုလုံလောက်အောင်မသုံးခြင်း

မျက်နှာကို ရေနဲ့သေသေချာချာ အချိန်ပေးပြီး မဆေးခြင်းအားဖြင့် အရေပြားပေါ်မှာ အညစ်အကြေးတွေစုပုံလာပြီး ချွေးပေါက်တွေကိုပိတ်ဆို့စေကာ အသားအရည် ခြောက်သွေ့စေပါတယ်။ဒါ့ကြောင့် မနက်ပိုင်း အိမ်ကမထွက်ခင် အလျင်လိုနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ညဘက်အိမ်ပြန်ရောက်လို့ အရမ်းပင်ပန်းနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ အချိန်ပေးပြီး မျက်နှာကို ရေနဲ့သေသေချာချာ ဆေးသင့်ပါတယ်။မေးစေ့၊ဆံစပ် နဲ့ နှာခေါင်းနေရာတို့ဟာ အများအားဖြင့် သေသေချာချာ မသစ်ဖြစ်တဲ့ နေရာတွေဖြစ်လို့ အဲ့ဒီ့နေရာတွေကိုလည်း ဂရုစိုက်ပြီး မျက်နှာသစ်ပေးသင့်ပါတယ်။

၆။ အရေပြားကိုထိခိုက်စေတဲ့ ပစ္စည်းတွေပါဝင်သော မျက်နှာသစ်ဆေးများကို သုံးစွဲမိခြင်း

သင့်မျက်နှာကို သင်ကိုယ်တိုင်ဂရုစိုက်ရမှာပါ။ ဒါကြောင့်မို့ အရေပြားထိခိုက်စေတဲ့ ပစ္စည်းတွေ (ဥပမာ။  ။ အနံ့၊အရောင်တို့အတွက် သုံးတဲ့ ဓာတုပစ္စည်းတွေ၊ ကြာရှည်ခံအောင်သုံးတဲ့ ဓာတုပစ္စည်းတွေ)ပါတဲ့ မျက်နှာသစ်ဆေးတွေကို သတိထားပြီး ရှောင်ရှားရပါမယ်။ Sodium lauryl sulfate ဆိုတဲ့ ဓာတုဗေဒပစ္စည်းဟာဆိုရင်လည်း ရှောင်ရမယ့် ပါဝင်ပစ္စည်းတခုဖြစ်ပါတယ်။သူ့ကို အညစ်အကြေးတွေဖယ်ရှားဖို့ သုံးလေ့ရှိပေမယ့် ဓာတ်မတည့်တာ၊အရေပြားထိခိုက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် မျက်နှာသစ်ဆေးတခု သုံးတော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို ဖတ်ဖို့ဘယ်တော့မှ မမေ့ပါစေနဲ့။

၇။ မျက်နှာသုတ်ပုဝါနဲ့ ပွတ်ခြင်း

မျက်နှာကို တို့ပါ။မပွတ်ပါနဲ့။မျက်နှာသစ်ပြီး သဘက်နဲ့ အားပါးတရ ပွတ်လိုက်ရတာဟာ အရသာရှိကောင်းရှိမှာ ဖြစ်ပေမယ့် အရေပြားကို ခပ်ကြမ်းကြမ်းဆွဲဆောင့်နေသလို ဖြစ်စေတာကြောင့် အရေတွန့်စေပါတယ်။ ပြီးတော့ သတိထားရမှာက တွေ့ကရာနဲ့ မျက်နှာကို လျှောက်မသုတ်ပါနဲ့(အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ်)။ ကိုယ့်ရဲ့ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးမှာ အပြစ်အနာအဆာတွေ မရှိစေချင်ဖူးဆိုရင်၊ အရေပြားပိုးမကူး စေချင်ဖူးဆိုရင် တခြားသူတွေရဲ့ မျက်နှာသုတ်ပုဝါနဲ့ အတူတူမျှ မသုံးပါနဲ့။ သင့်ရဲ့လန်းဆန်းတဲ့မျက်နှာလေးကို သုတ်ဖို့အတွက် သန့်ရှင်းနူးညံ့တဲ့ မျက်နှာသုတ်ပုဝါ ကောင်းကောင်းကို သုံးပါ။

၈။ Moisturizer မသုံးခင် အချိန်ကြာကြာစောင့်ခြင်း

အစိုဓာတ်ကို အများဆုံးစုပ်ယူနိုင်ပြီး ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် မျက်နှာသစ်ပြီး စိုထိုင်းထိုင်းလေးဖြစ်နေတုန်းမှာပဲ moisturizer ကို ချက်ချင်းလိမ်းသင့်ပါတယ်။တခြား မျက်နှာလိမ်းတဲ့ အရည်တွေကိုလည်း ဒီလိုပဲ ချက်ချင်း လိမ်း သင့်ပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ မျက်နှာမှာရေလုံးဝ ခြောက်တဲ့အထိ စောင့်ပြီးမှ လိမ်းမယ်ဆိုရင် ပါဝင်ပစ္စည်းတွေအနေနဲ့ အရေပြားထဲကို စိမ့်ဝင်ဖို့ခက်သွားမှာဖြစ်တဲ့အတွက် မျက်နှာဟာ စေးကပ်ကပ်ကြီးဖြစ်နေမှာပါ။

၉။ ငွေကိုအလွန်အမင်းသုံးခြင်း

မျက်နှာသစ်ဖို့အတွက် ငွေကို အလွန်အကျွံ မသုံးသင့်ပါဘူး။ ရိုးရှင်းပြီး သဘာဝပစ္စည်းတွေ ပါဝင်တဲ့ မျက်နှာသစ်ဆေး ကိုသာ ရှာပြီးသုံးပါ။ ရေရှည်အတွက် အကျိုးရှိပြီး အရေပြားကိုလည်း တကယ်အထောက်အကူဖြစ်စေတဲ့ အလှကုန်တွေ (ဥပမာ။   ။ moisturizer)အတွက် သင့်ငွေကို စုထားပါ။အလကားမဖြစ်ပါစေနဲ့။

၁၀။ အဆီဓာတ်ကို ကြောက်ခြင်း

အဆီဓာတ်ဆိုတာ ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့ မကောင်းသောအရာလို့ လူတွေက အချိန်တော်တော်ကြာ ယူဆခဲ့ကြပါတယ်။ အခုတော့ ဒီအယူအဆဟာ ပြောင်းလဲလာပါပြီ။ ဘယ်လိုအရေပြား အမျိုးအစားပိုင်ရှင်မျိုးမဆို (အဆီပြန်တတ်သူတွေ၊ ဝက်ခြံ၊မှဲ့ခြောက်ပေါတဲ့သူတွေအပါအဝင်ပေါ့) အဆီဓာတ်ပါဝင်တဲ့ အရာတွေနဲ့မျက်နှာကို ဆေးကြောခြင်းအားဖြင့် အကျိုးရှိစေတယ်လို့  ပညာရှင်တွေက ဆိုပါတယ်။အဆီကို အဆီမှာပဲ ပျော်ဝင်စေတဲ့ သဘောဖြစ်ပါတယ်။မှန်ကန်ကောင်းမွန်တဲ့ အဆီကို အသုံးပြုခြင်းအားဖြင့် ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် အသားအရေကိုလည်း လှပကောင်းမွန်အောင်  ထိန်းသိမ်းပေးပါတယ်။ သဘာဝအပင်ကနေ ထုတ်ယူထားတဲ့ အဆီပါဝင်သော ပစ္စည်းတွေကို ရှာဖွေသုံးစွဲပါ။ဒါမှမဟုတ် နီးစပ်ရာ ဈေးဆိုင်ကနေ လွယ်လွယ် ဝယ်လို့ရတဲ့ အရည်အသွေးကောင်းကောင်း ဗာဒံစေ့ကထုတ်တဲ့ အဆီ၊စပျစ်စေ့ကနေ ထုတ်တဲ့အဆီ သို့မဟုတ် နေကြာဆီတို့ကို ဝယ်ယူအသုံးပြုနိုင်ပါတယ် (အုန်းဆီနဲ့ သံလွင်ဆီတို့ကတော့ တချို့အတွက် အဆင်ပြေပေမယ့် မတည့်တဲ့သူတွေလည်းရှိပါတယ်)။အသုံးပြုပုံက လွယ်ပါတယ်။ အဆီကို မျက်နှာပေါ်အသာအယာ လိမ်းပြီးနှိပ်နယ်ကာ ရေကြက်သီးနွေးထဲမှာ စိမ်ထားတဲ့ အဝတ်စနုနုလေးနဲ့ သုတ်ပေးလိုက်ရုံပါပဲ။ တခုသတိထားရမှာက အဆီအကြွင်းအကျန် တွေစုပြီး အပေါက်တွေမှာလာမပိတ်ဆို့စေဖို့အတွက် အဆီတွေကို အကုန်ပြောင်စင်အောင်တော့  အသေအချာ သုတ်ပစ်ရမှာ ဖြစ်ပါကြောင်း။



Credit: Hellosayarwon

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top