iMyanmarHouse.com - Best Property Website for Myanmar
×

အမွ်င္ဓာတ္ၾကြယ္ဝရင္ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ တခ်ိဳ႕ကင္ဆာေရာဂါေတြကို ျဖစ္မလာေအာင္ ကာကြယ္ေပးႏိုင္သလို အစာမေၾကျခင္းႏွင္႔ အဝလြန္ျခင္း ျဖစ္မလာေအာင္လည္း တားဆီးေပးႏိုင္ပါတယ္။

အမွ်င္ဓာတ္က ခႏၶာကိုယ္အတြက္ အေရးႀကီးတဲ႔ ဓာတ္တစ္မ်ိဳးပါ။ အမွ်င္ဓာတ္ၾကြယ္ဝရင္ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ တခ်ိဳ႕ကင္ဆာေရာဂါေတြကို ျဖစ္မလာေအာင္ ကာကြယ္ေပးႏိုင္သလို အစာမေၾကျခင္းႏွင္႔ အဝလြန္ျခင္း ျဖစ္မလာေအာင္လည္း တားဆီးေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ အမွ်င္ဓာတ္ လံုေလာက္စြာ ရရွိေစႏိုင္ဖို႔ အမွ်င္ဓာတ္ၾကြယ္ဝတဲ႔ သစ္သီးဝလံေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။

၁။ ေထာပတ္သီး

ေထာပတ္သီး (၁၀၀) ဂရမ္မွာ အမွ်င္ဓာတ္ (၇) ဂရမ္ပါဝင္ၿပီး အမွ်င္ဓာတ္ အၾကြယ္ဝဆံုး သီးႏွံတစ္မ်ိဳးအျဖစ္ တင္စားျခင္းခံထား ရပါတယ္။ တကယ္လို႔ တစ္ေန႔ကို ေထာပတ္သီး (၁၀၀) ဂရမ္ စားေပးမယ္ဆိုရင္ ေန႔စဥ္လိုအပ္တဲ႔ အမွ်င္ဓာတ္ သံုးပံုတစ္ပံုကို ရရွိမွာပါ။ ေထာပတ္သီးေတြကို အမွ်င္ဓာတ္၊ ပိုတက္စီယမ္နဲ႔ အဆီဓာတ္ ၾကြယ္ဝေစဖို႔အတြက္ မည္သည္႔အစားအစာမွာမဆို ထည္႔သြင္းေပးႏိုင္ပါတယ္။

၂။ ဆီးသီးေျခာက္

ဆီးသီးေျခာက္ (၁၀၀) ဂရမ္မွာလည္း အမွ်င္ဓာတ္ (၇) ဂရမ္ ပါဝင္ပါတယ္။ ဆီးသီးေျခာက္ေတြဟာ အစာမေၾက၊ ရင္ျပည္႔ရင္ကယ္ျဖစ္ျခင္းကို ထိန္းခ်ဳပ္ေပးႏိုင္ၿပီး ခြန္အားကိုလည္း တိုးေစႏိုင္ပါတယ္။ ဆီးသီးေျခာက္ကို ပံုမွန္စားေပးမယ္ဆိုရင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ အမွ်င္ဓာတ္ကို ရရွိေစႏိုင္မွာပါ။

၃။ ရက္စ္ဘယ္ရီသီး

ရက္စ္ဘယ္ရီသီးကေတာ႔ ဘယ္ရီသီးေတြထဲမွာ အမွ်င္ဓာတ္အၾကြယ္ဝဆံုး အသီးျဖစ္ၿပီး (၁၀၀) ဂရမ္မွာ အမွ်င္ဓာတ္ (၆) ဂရမ္ ပါဝင္ပါတယ္။ ဒါေၾကာင္႔ ရက္စ္ဘယ္ရီသီး တစ္ေန႔ (၁၀၀) ဂရမ္ စားရင္ ေန႔စဥ္လိုအပ္တဲ႔ အမွ်င္ဓာတ္ ေလးပံုတစ္ပံုကို ရရွိေစႏိုင္တယ္လို႔ ဆုိႏိုင္ပါတယ္။ လူေတြက ရက္စ္ဘယ္ရီသီးမွာ ပါဝင္တဲ႔ အမွ်င္ဓာတ္ၾကြယ္ဝမႈအေၾကာင္းကို သိပ္မေျပာၾကဘူးဆိုတာ သူ႔မွာ antioxidant ၾကြယ္ဝစြာပါဝင္လို႔ အမွ်င္ဓာတ္ကို သတိမျပဳမိၾကတာပါ။ ဒီေတာ႔ ရက္စ္ဘယ္ရီသီးကို စားေပးမယ္ဆိုရင္ အမွ်င္ဓာတ္ေကာ၊ antioxidant ေကာ ျပည္႔ဝေစမွာပါ။

၄။ မာလကာသီး

မာလကာသီးကေတာ႔ ပံုမွန္စားျဖစ္မယ္႔ အသီးမ်ိဳးထဲမွာ ပါမယ္မထင္ပါဘူး။ ဒါေပမယ႔္ သူ႔မွာလည္း အမွ်င္ဓာတ္ၾကြယ္ဝစြာ ပါဝင္ပါတယ္။ မာလကာသီး (၁၀၀) ဂရမ္မွာ အမွ်င္ဓာတ္ (၅) ဂရမ္ ပါဝင္ပါတယ္။ ဒါဟာ ေန႔စဥ္အမွ်င္ဓာတ္ လိုအပ္ခ်က္ရဲ႕ ငါးပံုတစ္ပံုခန္႔ ရွိပါတယ္။ ထမင္းစားၿပီးခ်ိန္ မာလကာသီး ေအးေအးေလး တစ္ထုပ္ေလာက္ အခ်ိဳတည္းလိုက္ရံုနဲ႔ ေန႕စဥ္လိုအပ္တဲ႔ အမွ်င္ဓာတ္ကို တစ္ဖက္တစ္လမ္းက ျဖည္႔ဆည္းေပးႏိုင္မွာပါေနာ္။

၅။ ဘလက္ဘယ္ရီသီး

ဘယ္ရီသီးမ်ိဳးႏြယ္ဝင္ ေနာက္တစ္မ်ိဳးျဖစ္တဲ႔ ဘလက္ဘယ္ရီသီးကေတာ႔ (၁၀၀) ဂရမ္မွာ အမွ်င္ဓာတ္ (၅) ဂရမ္ ပါဝင္ပါတယ္။ စေတာ္ဘယ္ရီ၊ ရက္စ္ဘယ္ရီ၊ ဘလူးဘယ္ရီသီးတို႔ေလာက္ လူသိမမ်ားေပမယ္႔ ဘလက္ခ္ဘယ္ရီသီးမွာလည္း က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါ။ အထူးသျဖင္႔ antioxidant နဲ႔ အမွ်င္ဓာတ္ ပမာဏမ်ားစြာ ပါဝင္ပါတယ္။ သူ႔ရဲ႕ တမူထူးကဲတဲ႔ အရသာကိုလည္း ႏွစ္သက္ၾကမွာ အေသအခ်ာပါပဲ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျှင်ဓာတ်ကြွယ်ဝရင် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ တချို့ကင်ဆာရောဂါတွေကို ဖြစ်မလာအောင် ကာကွယ်ပေးနိုင်သလို အစာမကြေခြင်းနှင့် အဝလွန်ခြင်း ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။

အမျှင်ဓာတ်က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးပါ။ အမျှင်ဓာတ်ကြွယ်ဝရင် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ တချို့ကင်ဆာရောဂါတွေကို ဖြစ်မလာအောင် ကာကွယ်ပေးနိုင်သလို အစာမကြေခြင်းနှင့် အဝလွန်ခြင်း ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ် လုံလောက်စွာ ရရှိစေနိုင်ဖို့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ ထောပတ်သီး

ထောပတ်သီး (၁၀၀) ဂရမ်မှာ အမျှင်ဓာတ် (၇) ဂရမ်ပါဝင်ပြီး အမျှင်ဓာတ် အကြွယ်ဝဆုံး သီးနှံတစ်မျိုးအဖြစ် တင်စားခြင်းခံထား ရပါတယ်။ တကယ်လို့ တစ်နေ့ကို ထောပတ်သီး (၁၀၀) ဂရမ် စားပေးမယ်ဆိုရင် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ် သုံးပုံတစ်ပုံကို ရရှိမှာပါ။ ထောပတ်သီးတွေကို အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ အဆီဓာတ် ကြွယ်ဝစေဖို့အတွက် မည်သည့်အစားအစာမှာမဆို ထည့်သွင်းပေးနိုင်ပါတယ်။

၂။ ဆီးသီးခြောက်

ဆီးသီးခြောက် (၁၀၀) ဂရမ်မှာလည်း အမျှင်ဓာတ် (၇) ဂရမ် ပါဝင်ပါတယ်။ ဆီးသီးခြောက်တွေဟာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး ခွန်အားကိုလည်း တိုးစေနိုင်ပါတယ်။ ဆီးသီးခြောက်ကို ပုံမှန်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်ကို ရရှိစေနိုင်မှာပါ။

၃။ ရက်စ်ဘယ်ရီသီး

ရက်စ်ဘယ်ရီသီးကတော့ ဘယ်ရီသီးတွေထဲမှာ အမျှင်ဓာတ်အကြွယ်ဝဆုံး အသီးဖြစ်ပြီး (၁၀၀) ဂရမ်မှာ အမျှင်ဓာတ် (၆) ဂရမ် ပါဝင်ပါတယ်။ ဒါကြောင့် ရက်စ်ဘယ်ရီသီး တစ်နေ့ (၁၀၀) ဂရမ် စားရင် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ် လေးပုံတစ်ပုံကို ရရှိစေနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ လူတွေက ရက်စ်ဘယ်ရီသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကြွယ်ဝမှုအကြောင်းကို သိပ်မပြောကြဘူးဆိုတာ သူ့မှာ antioxidant ကြွယ်ဝစွာပါဝင်လို့ အမျှင်ဓာတ်ကို သတိမပြုမိကြတာပါ။ ဒီတော့ ရက်စ်ဘယ်ရီသီးကို စားပေးမယ်ဆိုရင် အမျှင်ဓာတ်ကော၊ antioxidant ကော ပြည့်ဝစေမှာပါ။

၄။ မာလကာသီး

မာလကာသီးကတော့ ပုံမှန်စားဖြစ်မယ့် အသီးမျိုးထဲမှာ ပါမယ်မထင်ပါဘူး။ ဒါပေမယ့် သူ့မှာလည်း အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ မာလကာသီး (၁၀၀) ဂရမ်မှာ အမျှင်ဓာတ် (၅) ဂရမ် ပါဝင်ပါတယ်။ ဒါဟာ နေ့စဉ်အမျှင်ဓာတ် လိုအပ်ချက်ရဲ့ ငါးပုံတစ်ပုံခန့် ရှိပါတယ်။ ထမင်းစားပြီးချိန် မာလကာသီး အေးအေးလေး တစ်ထုပ်လောက် အချိုတည်းလိုက်ရုံနဲ့ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်မှာပါနော်။

၅။ ဘလက်ဘယ်ရီသီး

ဘယ်ရီသီးမျိုးနွယ်ဝင် နောက်တစ်မျိုးဖြစ်တဲ့ ဘလက်ဘယ်ရီသီးကတော့ (၁၀၀) ဂရမ်မှာ အမျှင်ဓာတ် (၅) ဂရမ် ပါဝင်ပါတယ်။ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတို့လောက် လူသိမများပေမယ့် ဘလက်ခ်ဘယ်ရီသီးမှာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပါ။ အထူးသဖြင့် antioxidant နဲ့ အမျှင်ဓာတ် ပမာဏများစွာ ပါဝင်ပါတယ်။ သူ့ရဲ့ တမူထူးကဲတဲ့ အရသာကိုလည်း နှစ်သက်ကြမှာ အသေအချာပါပဲ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top