iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ ဆရာမတစ္ေယာက္က ေလာက္ေသရြက္ကို ေရေႏြးၾကမ္းလိုမ်ိဳးက်ိဳေသာက္တာ ေခ်ာင္းဆို တကယ္သက္သာသြားတယ္ဆိုလို႔ စာဖတ္သူတို႕ကို ျပန္ၿပီးမွ်ေဝခ်င္တာနဲ႔ ဆရာမေတြဆီကလည္း နည္းနည္း စပ္စုၾကည့္ရင္းအြန္လိုင္းစာမ်က္ႏွာေပၚကေနလည္းစာေတြျပန္ရွာဖတ္ကာ အသံုးဝင္မယ္လို႔ ထင္တဲ့ ေဆးနည္းတခ်ိဳ႕ကို ျပန္ၿပီး မွ်ေဝလိုက္ပါတယ္။

ေလာက္ေသရြက္ကို စာဖတ္သူတို႔အားလံုးသိၾကမယ္ထင္ပါတယ္ေနာ္။ စိုစြတ္တဲ့ေဒသေတြမွာ သဘာဝအေလ်ာက္ေပါက္ေရာက္တဲ့ အပင္ျဖစ္ပါတယ္။ ေလာက္ေသရြက္က အရြက္ေကာ အျမစ္ပါ ေဆးဖက္ဝင္ပါတယ္။ ငပိလုပ္ငန္းေတြမွာလည္း အသံုးျပဳၾကပါတယ္။

ျမန္မာေဆးက်မ္းမ်ားအဆိုအရ ေလာက္ေသပင္ဟာ ေလ နဲ႔ သလိပ္၊ သည္းေျခကို ႏိုင္တယ္လို႔ ဆိုပါတယ္။ ေရဂါျဖစ္ေစတဲ့ ဘက္တီးရီးယား ပိုးေတြကို ေသေစႏိုင္ၿပီး ဖ်ားနာတာကိုလည္း သက္သာေစတယ္လို႔ ဆိုပါတယ္။

ေဆးဖက္ဝင္အျဖစ္ အသံုးျပဳပံု

ေလာက္ေသရြက္ကို ေရေႏြးၾကမ္းလိုမ်ိဳး က်ိဳၿပီးေသာက္ေပးရင္ ေခ်ာင္းဆိုး သက္သာေပ်ာက္ကင္းေစသလို သလိပ္အတြက္လည္းေကာင္းမြန္ပါတယ္။ ေခ်ာင္းဆိုးတာနဲ႔ သလိပ္သာမက ႏွာေစး တာကိုလည္း သက္သာေစပါတယ္။

လက္ဖက္ေျခာက္လိုမ်ိဳး အေျခာက္ထားၿပီး က်ိဳ ေသာက္သံုးမယ္ဆိုရင္လည္း ရပါတယ္။ ဆီးပူ၊ ဆီးေအာင့္နဲ႔ ဆီးေရာဂါအမ်ိဳးမ်ိဳးကို သက္သာေပ်ာက္ကင္းေစပါတယ္။

ေလာက္ေသရြက္ မႏုမရင့္ကို ျပဳတ္ၿပီး သုပ္စားတာ၊ တို႔စားတာမ်ိဳးလုပ္မယ္ဆို၇င္ ဝမ္းကိုက္တာ၊ ဝမ္းေဖာ ဝမ္းေရာင္တာနဲ႔ ကေလးေတြ သန္ဝမ္းကိုက္တာ ရင္ျပည့္ရင္ကယ္ျဖစ္တာကို သက္သာေစပါတယ္။

အဆုတ္သန္႔စင္ေစဖို႔

ေဆးလိပ္ေသာက္သံုးသူေတြအတြက္လည္း ေဆးတစ္ခြက္အျဖစ္အသံုးျပဳႏိုင္ပါတယ္။ အဆုတ္ကို သန္႔စင္ေပးပါတယ္။

ေလာက္ေသရြက္ကို ၅ က်ပ္သားေလာက္နဲ႔ ေရေမာက္ခြက္ ၃ ခြက္ေလာက္နဲ႔ ျပဳတ္ကာ က်ိဳလိုက္ပါ။ ေရ ၃ ခြက္ကို ၁ ခြက္စာက်န္ေအာင္က်ိဳပါ။ ၿပီး၇င္ အေအးခံၿပီး တစ္ေန႔တည္းကုန္ေအာင္ေသာက္ေပးပါ။

ပံုမွန္ေသာက္ေပးမယ္ဆိုရင္ အဆုတ္ကို သန္႔စင္ေပးႏိုင္ပါတယ္။ အနည္းဆံုး ၁၀ ရက္တိတိ ျပဳတ္ေသာက္သင့္ပါတယ္။

တျခားေဆးဖက္ဝင္နည္းေတြလည္း အမ်ားႀကီးရွိပါေသးတယ္။ အခ်ိန္ရကာမွ ျပန္ၿပီး မွ်ေဝပါဦးမယ္။ စာဖတ္သူတို႔အားလံုး သက္ရွည္က်န္းမာၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

မွတ္ခ်က္ – အြန္လိုင္းစာမ်က္ႏွာမ်ားမွာ ကိုးကားၿပီး ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါသည္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီနေ့ ဆရာမတစ်ယောက်က လောက်သေရွက်ကို ရေနွေးကြမ်းလိုမျိုးကျိုသောက်တာ ချောင်းဆို တကယ်သက်သာသွားတယ်ဆိုလို့ စာဖတ်သူတို့ကို ပြန်ပြီးမျှဝေချင်တာနဲ့ ဆရာမတွေဆီကလည်း နည်းနည်း စပ်စုကြည့်ရင်းအွန်လိုင်းစာမျက်နှာပေါ်ကနေလည်းစာတွေပြန်ရှာဖတ်ကာ အသုံးဝင်မယ်လို့ ထင်တဲ့ ဆေးနည်းတချို့ကို ပြန်ပြီး မျှဝေလိုက်ပါတယ်။

လောက်သေရွက်ကို စာဖတ်သူတို့အားလုံးသိကြမယ်ထင်ပါတယ်နော်။ စိုစွတ်တဲ့ဒေသတွေမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ လောက်သေရွက်က အရွက်ကော အမြစ်ပါ ဆေးဖက်ဝင်ပါတယ်။ ငပိလုပ်ငန်းတွေမှာလည်း အသုံးပြုကြပါတယ်။

မြန်မာဆေးကျမ်းများအဆိုအရ လောက်သေပင်ဟာ လေ နဲ့ သလိပ်၊ သည်းခြေကို နိုင်တယ်လို့ ဆိုပါတယ်။ ရေဂါဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်ပြီး ဖျားနာတာကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။

ဆေးဖက်ဝင်အဖြစ် အသုံးပြုပုံ

လောက်သေရွက်ကို ရေနွေးကြမ်းလိုမျိုး ကျိုပြီးသောက်ပေးရင် ချောင်းဆိုး သက်သာပျောက်ကင်းစေသလို သလိပ်အတွက်လည်းကောင်းမွန်ပါတယ်။ ချောင်းဆိုးတာနဲ့ သလိပ်သာမက နှာစေး တာကိုလည်း သက်သာစေပါတယ်။

လက်ဖက်ခြောက်လိုမျိုး အခြောက်ထားပြီး ကျို သောက်သုံးမယ်ဆိုရင်လည်း ရပါတယ်။ ဆီးပူ၊ ဆီးအောင့်နဲ့ ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။

လောက်သေရွက် မနုမရင့်ကို ပြုတ်ပြီး သုပ်စားတာ၊ တို့စားတာမျိုးလုပ်မယ်ဆို၇င် ဝမ်းကိုက်တာ၊ ဝမ်းဖော ဝမ်းရောင်တာနဲ့ ကလေးတွေ သန်ဝမ်းကိုက်တာ ရင်ပြည့်ရင်ကယ်ဖြစ်တာကို သက်သာစေပါတယ်။

အဆုတ်သန့်စင်စေဖို့

ဆေးလိပ်သောက်သုံးသူတွေအတွက်လည်း ဆေးတစ်ခွက်အဖြစ်အသုံးပြုနိုင်ပါတယ်။ အဆုတ်ကို သန့်စင်ပေးပါတယ်။

လောက်သေရွက်ကို ၅ ကျပ်သားလောက်နဲ့ ရေမောက်ခွက် ၃ ခွက်လောက်နဲ့ ပြုတ်ကာ ကျိုလိုက်ပါ။ ရေ ၃ ခွက်ကို ၁ ခွက်စာကျန်အောင်ကျိုပါ။ ပြီး၇င် အအေးခံပြီး တစ်နေ့တည်းကုန်အောင်သောက်ပေးပါ။

ပုံမှန်သောက်ပေးမယ်ဆိုရင် အဆုတ်ကို သန့်စင်ပေးနိုင်ပါတယ်။ အနည်းဆုံး ၁၀ ရက်တိတိ ပြုတ်သောက်သင့်ပါတယ်။

တခြားဆေးဖက်ဝင်နည်းတွေလည်း အများကြီးရှိပါသေးတယ်။ အချိန်ရကာမှ ပြန်ပြီး မျှဝေပါဦးမယ်။ စာဖတ်သူတို့အားလုံး သက်ရှည်ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

မှတ်ချက် – အွန်လိုင်းစာမျက်နှာများမှာ ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top