iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္ေခြ်းနံ႔က ေဖာ္ျပေနတဲ့ သင့္က်န္းမာေရးေန႔စဥ္ဘဝမွာ သြားလာလႈပ္ရွားရင္း ခႏၶာကိုယ္မွာေခြ်းနံ႔ထြက္လို႔ စိတ္ညစ္ရတတ္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈမ်ားတာ၊ တကိုယ္ရည္သန္႔ရွင္းမႈမရွိျခင္း၊ ဒါမွမဟုတ္ စားသံုးေနတဲ့အစားအစာတခ်ိဳ႕ေၾကာင့္ေခြ်းထြက္မ်ားတတ္တဲ့အတြက္လည္း ခႏၶာကိုယ္အနံ႔ဆိုးေတြ ထြက္တတ္ပါတယ္။

အမ်ားစုက ခႏၶာကိုယ္ေခြ်းနံ႔ကို ဖံုးအုပ္နိုင္ဖို႔ ေခြ်းနံ႔ေပ်ာက္ေဆးေတြ၊ ေရေမႊးေတြ သံုးၾကပါတယ္။ ေခြ်းနံ႔ျပင္းသူ အမ်ားစုဟာ တကိုယ္ရည္သန္႔ရွင္းမႈနည္းပါးတာဒါမွမဟုတ္ ၾကက္သြန္ျဖဴနဲ႔ တျခားအနံ႔ျပင္းတဲ့အေမႊးအၾကိဳင္ေတြလို အစားအစာေတြစားသံုးမႈေၾကာင့္လည္း ျဖစ္ပါတယ္။

လူတစ္ေယာက္ဆီကေနထြက္ရွိလာတဲ့ ေခြ်းနံ႔ဟာ ေရာဂါတခ်ိဳ႕အတြက္ အဓိကသဲလြန္စေတြျဖစ္ေနနိုင္တယ္ဆိုတာ သင္သိပါသလား။ လြန္ခဲ့တဲ့ရာစုႏွစ္ေပါင္းမ်ားစြာက ေဆးပညာေလာကမွာ ေရာဂါရွာေဖြေရးအျဖစ္ အနံ႔ခံအာရံုကို အသံုးျပဳခဲ့ဖူးပါတယ္။ ဘီစီ၂၀၀၀ ေလာက္က ေရွးေခတ္ဂရိလူမ်ိဳးနဲ႔ တရုတ္လူမ်ိဳးေတြက တီဘီေရာဂါလိုမ်ိဳး ကူးစက္နုိင္တဲ့ေရာဂါေတြကို စစ္ေဆးသိရွိနိုင္ဖို႔ အနံ႔ခံအာရံုကို အသံုးျပခဲ့ၾကပါတယ္။

လူတစ္ေယာက္ရဲ႕ ကိုယ္နံ႔ဟာ (အေရျပားကထြက္တဲ့ေခြ်းတင္မကဘဲ ခံတြင္းနံ႔၊ေသြး၊ ဆီးနဲ႔တျခားခႏၶာကိုယ္အရည္ေတြဆီက အနံ႔အပါအဝင္) အဲဒီလူရဲ႕က်န္းမာေရးအေျခအေနကိုေဖာ္ျပနို္င္တာေၾကာင့္ ေရာဂါအေၾကာင္းအရာကိုအတိုင္းအတာတစ္ခုအထိ ရွာေဖြေပးနိုင္ပါတယ္။
ေခြ်းနံ႔က ေရာဂါအေျခအေနေတြနဲ႔ ဘယ္လိုဆက္ႏႊယ္ေနသလဲ

ေရာဂါတစ္ခုျဖစ္ျပီဆိုရင္ ခႏၶာကုိယ္ထဲမွာဓာတုေျပာင္းလဲမႈေတြ၊ ဇီဝျဖစ္စဥ္အတြင္းေျပာင္းလဲမႈေတြျဖစ္ေစတဲ့အျပင္ metabolic compounds အမ်ိဳးမ်ိဳးထြက္ရွိလာေစပါတယ္။ ခႏၶာကိုယ္ရဲ႕ဓာတ္သေဘာေတြ ေျပာင္းလဲလာျခင္းက ေနာက္ဆံုးမွာ ကိုယ္နံံ႔အမ်ိဳးမ်ိဳး ထြက္ေပၚလာေစတာျဖစ္ပါတယ္။ အနံ႔နဲ႔ကိုယ္ခံအားလႈပ္ရွားမႈၾကားဆက္ႏႊယ္မႈဟာ cytokine ပမာဏမ်ားေနတာနဲ႔ အတိုင္းအတာတစ္ခုေလာက္အထိဆက္ႏႊယ္ေနတယ္လို႔ ဆီြဒင္သုေတသနတစ္ခုကေျပာပါတယ္။ ဒါ့ေၾကာင့္ လူတစ္ေယာက္မွာ ကိုယ္ခံအားတံု႔ျပန္မႈကပိုမ်ားေလ ခႏၶာကိုယ္အနံ႔ကျပင္းေလ ျဖစ္္ပါတယ္။
ဘာေရာဂါေတြရွိေနနိုင္သလဲ

ေခြ်းနံ႔က ေရာဂါအခံေတြရဲ႕လကၡဏာရပ္တစ္ခုျဖစ္ေနနိုင္သလို တခ်ိဳ႕ေသာေရာဂါေတြမွာဆို သိသာထင္ရွားတဲ့ ကိုယ္နံ႔တမ်ိဳးစီေတာင္ရွိေနတတ္ပါတယ္။ ဥပမာ – Scrofula ဆိုတဲ့ တီဘီေရာဂါတစ္မ်ိဳးက ေအာက္သိုးသိုး ဘီယာနံ႔လို ေခြ်းနံ႔ရွိတတ္ပါတယ္။ Yellow fever ေရာဂါ ေၾကာင့္ဆိုရင္ အသားဆိုင္မွာလိုမ်ိဳး အသားညွီနံ႔ဆန္ဆန္ ကိုယ္နံ႔ထြက္ေစပါတယ္။

ေခြ်းနံ႔ဆိုးထြက္ရတဲ့ ေနာက္ခံအေၾကာင္းရင္းတခ်ိဳ႕ကေတာ့ –
စိတ္ဖိစီးမႈမ်ားေနျခင္း

စိတ္ဖိစီးမႈက ေခြ်းပိုထြက္ေစျပီး ခႏၶာကိုယ္အနံ႔ပိုထြက္ေစနိုင္တာဘာ့ေၾကာင့္လဲဆိုတာ Mayo Clinic ကရွင္းျပထားပါတယ္။ ေခြ်းဂလင္းက ecrrine နဲ႔ apocrine ဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။ Eccrine ဂလင္းက ခႏၶာကိုယ္ကို ေအးေစဖို႔ ေခြ်းထြက္ေစတဲ့ဂလင္းျဖစ္ျပီး Apocrine ကေတာ့ စိတ္ဖိစီးတဲ့အခါ၊ စိတ္ညစ္ညဴးတဲ့အခါ ေခြ်းထြက္ေစတာျဖစ္ပါတယ္။ ဒီလိုေခြ်းထြက္လာရင္ ဘက္တီးရီးယားေတြကပ္တြယ္ဖို႔ လည္းအရမ္းလြယ္ပါတယ္။ ကိုယ့္မွာ ေခြ်းနံ႔က ပံုမွန္နဲ႔မတူ ထူးဆန္းေနျပီဆိုရင္ သင့္ခႏၶာကိုယ္က စိတ္ဖိစီးမႈဒဏ္ကို တံု႔ျပန္ေနရျပီလို႔ သိထားပါ။
ေက်ာက္ကပ္နဲ႔အသည္းလုပ္ေဆာင္ခ်က္ပ်က္ယြင္းျခင္း

သင့္မွာေက်ာက္ကပ္နဲ႔အသည္း လုပ္ေဆာင္ခ်က္မေကာင္းေတာ့ရင္လည္း ေခြ်းနံ႔ျပင္းေစနုိင္ပါတယ္။ေက်ာက္ကပ္နဲ႔အသည္းဟာ ခႏၶာကိုယ္စနစ္ထဲကေန အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့တာဝန္ကိုယူထားတာျဖစ္ပါတယ္။ သူတို႔ကသာ ဒီတာဝန္ကို မလုပ္ေဆာင္ေတာ့ရင္ အစာေခ်လမ္းေၾကာင္းနဲ႔ ေသြးထဲမွာ အဆိပ္ဓာတ္ေတြမ်ားလာျပီး အနံ႔ဆိုးေတြထြက္ေစနိုင္ပါတယ္။ေခြ်းနံ႔ဆိုးက အသည္း သို႔မဟုတ္ ေက်ာက္ကပ္ေရာဂါကို ေဖာ္ျပေနတာျဖစ္နိုင္ပါတယ္။
သိုင္းရိြဳက္ေရာဂါ

သိုင္းရြိဳက္ဂလင္းလုပ္ေဆာင္ခ်က္လြန္ကဲျခင္းကလည္း ကိုယ္နံ႔ဆိုးျခင္းရဲ႕အေၾကာင္းရင္းတစ္ခုျဖစ္ေနနိုင္ပါတယ္။ သိုင္းရိြဳက္ဂလင္းက ေခြ်းထြက္ေစပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကလြန္ကဲလာရင္ ခႏၶာကိုယ္က ေခြ်းပိုထုတ္ေပးရပါတယ္။ သိုင္းရိြဳက္အေျခအေနကို တစ္ႏွစ္တစ္ၾကိမ္ သို႔မဟုတ္ ႏွစ္ႏွစ္တစ္ၾကိမ္ လုပ္ေဆာင္ခ်က္ပံုမွန္ဟုတ္မဟုတ္ စစ္ေဆးသင့္ပါတယ္။ Hyperthyroidism ကို ကုသလို႔ရပါတယ္။ ကိုယ့္မွာ ပံုမွန္မဟုတ္ဘဲ ေခြ်းထြက္မ်ားေနျပီး ကိုယ္နံ႔ျပင္းလာတာ သတိထားမိရင္ ဆရာဝန္ျပသင့္ပါတယ္။

သိုင္းရိြဳက္ေၾကာင့္ ေခြ်းထြက္ျခင္းက ညဘက္မွာျဖစ္ေလ့ရွိတာေၾကာင့္ ႏွလံုးအဆို႔ ဒါမွမဟုတ္ အရိုးမွာျဖစ္တတ္တဲ့ ျပင္းထန္တဲ့ေရာဂါေတြ ဝင္ေရာက္လာနိုင္ပါတယ္။
ဆီးခ်ိဳေရာဂါ

ဆီးခ်ိဳေရာဂါဟာ ေခြ်းနံ႔ျပင္းျခင္းရဲ႕ အျဖစ္မ်ားတဲ့အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ဆီးခ်ိဳေရာဂါရွိသူတစ္ေယာက္က ေသြးတြင္းသၾကားဓာတ္ကို ဂရုတစိုက္မထိန္းသိမ္းဘူးဆိုရင္ ketoacidosis လို႔ေခၚတဲ့ အေျခအေနျဖစ္လာေစနိုင္ပါတယ္။ ketoacidosis ျဖစ္လာသူဟာ ခ်ဥ္စူးစူးအနံ႔မ်ိဳး ကိုယ္နံ႔ရွိလာနိုင္ပါတယ္။ ketoacidosis ဟာဆိုးရြားတဲ့ဆီးခ်ိဳအဆိပ္တက္ေရာဂါတစ္မ်ိဳးျဖစ္ျပီး ခ်က္ခ်င္းဆရာဝန္နဲ႔ျပသင့္ပါတယ္။
ေခြ်းနံ႔မထြက္ေအာင္ ဘယ္လိုလုပ္ရမလဲ

ခႏၶာကိုယ္မွာ ေဟာ္မုန္းေျပာင္းလဲတတ္တဲ့အခ်ိန္ျဖစ္တဲ့ ဆယ္ေက်ာ္သက္ ျမီးေကာင္ေပါက္အရြယ္မွာ ေခြ်းနံ႔က အဆိုးဆံုးျဖစ္တတ္ပါတယ္။ ဒါေပမယ့္ လူၾကီးေတြမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေခြ်းနံ႔ဆိုးလာတဲ့အခါ အနံ႔အုပ္ေအာင္ ေခြ်းနံ႔ေပ်ာက္ေဆး၊ေဘာ္ဒီစပေရးနဲ႔ ေရေမႊးေတြသံုးၾကပါတယ္။
သန္႔ရွင္းေအာင္ေနပါ

ေခြ်းထြက္မ်ားျပီး  ဘက္တီးရီးယားေတြရွိေနနိုင္တဲ့သူေတြမွာ တစ္ေန႔ႏွစ္ၾကိမ္ေရခ်ိဳးသင့္ပါတယ္။ သန္႔ရွင္းတဲ့ ခ်ည္သားအဝတ္အစားနဲ႔ အတြင္းခံေတြကိုဝတ္ရင္ပိုေကာင္းပါတယ္။
မုန္႔ဖုတ္ဆိုဒါ

အလြန္အကြ်ံေခြ်းထြက္မ်ားျခင္းကို ေလ်ာ့ေစဖို႔ မုန္႔ဖုတ္ဆိုဒါကို အသံုးျပဳနို္င္ပါတယ္။ မုန္႔ဖုတ္ဆိုဒါကို သံပရာရည္နဲ႔ေရာျပီး တစ္ေန႔ႏွစ္ၾကိမ္ ခ်ိဳင္းမွာ သုတ္လိမ္းေပးပါ။ အနံ႔ေပ်ာက္ေစတဲ့ အာနိသင္ရွိတဲ့ မုန္႔ဖုတ္ဆိုဒါကို ေခြ်းနံ႔ေပ်ာက္ေဆးလိုအသံုးျပဳနုိင္ပါတယ္။ ဘက္တီးရီးယားကိုေသေစပါတယ္။
ဗီနီဂါ

ဗီနီဂါက အေရျပားရဲ႕ PH အဆင့္ကိုေလ်ာ့ေစျပီး ကိုယ္နံ႔ဆိုးေတြကို ဖယ္ရွားေပးပါတယ္။ ဗီနီဂါအနည္းငယ္ကို ေရေရာျပီး ခ်ိဳင္းမွာ သုတ္လိမ္းပါ။
ေက်ာက္ခ်ဥ္

ေက်ာက္ခ်ဥ္ကိုေသြးျပီး ခ်ိဳင္းမွာလိမ္းေပးပါ။ ေခြ်းနံ႔ေပ်ာက္ေစပါတယ္။
ပန္းသီးရွာလကာရည္

Apple cider vinegar က အေရျပား PH အဆင့္ကိုေလ်ာ့ေစတာေၾကာင့္ ေခြ်းနံ႔ေပ်ာက္ေဆးလိုပဲသံုးလို႔ရတဲ့ ေဆးဖက္ဝင္ပစၥည္းျဖစ္ပါတယ္။
ကေလးေပါင္ဒါ

ေခြ်းထြက္မ်ားတဲ့ေနရာတဝိုက္ကို ကေလးေပါင္ဒါ လိမ္းထားတာလည္း သက္သာေစနုိင္ပါတယ္။
ေရနဲ႔သံပရာရည္

ေရမ်ားမ်ားေသာက္ပါ။ သံပရာက ခႏၶာကိုယ္မွာအဆိပ္အေတာက္ဓာတ္ေတြဖယ္ရွားေပးတာေၾကာင့္ သံပရာရည္ေသာက္ေပးပါ။
အသီးအႏွံနဲ႔ အရြက္

ပန္းေဂၚဖိီစိမ္း၊ ကိုက္လန္တို႔လို အစိမ္းရင့္ေရာင္ အသီးအရြက္ေတြကိုစားေပးပါ။ သစ္သီးေတြနဲ႔ အသီးအရြက္ေတြကို ေဖ်ာ္ရည္လုပ္ေသာက္တာလည္း ေကာင္းပါတယ္။
ေရွာင္ရွားသင့္တဲ့အရာမ်ား

အသား၊ အဆီ၊နို႔ထြက္ပစၥည္း၊ ေခ်ာကလက္၊သၾကားတို႔အျပင္ အရက္၊ ေကာ္ဖီနဲ႔ လက္ဖက္ရည္ခါးခါး တို႔ကိုေရွာင္သင့္ပါတယ္။

ခ်ိဳင္းၾကားဆိုတာက ေခြ်းထြက္တဲ့ေနရာျဖစ္ေပမယ့္လည္း လူေတြက အဆိပ္ဓာတုေတြပါဝင္ေနတဲ့ ေခြ်းနံ႔ေပ်ာက္ေဆးေတြကို သံုးျပီး အနံ႔ဆိုးကာကြယ္ေနၾကပါတယ္။ ခ်ိဳင္းၾကားဟာ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုဖယ္ထုတ္ေပးတာေၾကာင့္ ေခြ်းပါက္ေတြ ပိတ္ဆို႔မေနသင့္ပါဘူး။ထိုက္သင့္သေလာက္ ေခြ်းထြက္တာကပဲ က်န္းမာေရးအတြက္ေကာင္းပါတယ္။

အနံ႔ဆိုးေပ်ာက္ဖို႔ အေကာင္းဆံုးနည္းလမ္းက က်န္းမာေရးအတြက္မေကာင္းတဲ့ ေခြ်းနံ႔ေပ်ာက္ေဆးေတြနဲ႔ ဖံုးကြယ္ထားဖို႔မဟုတ္ပါဘူး။ အထက္ပါနည္းလမ္းေတြကို စဥ္းစားျပီး ခႏၶာကိုယ္ရဲ႕အတြင္းေရာအျပင္မွာပါ သန္႔စင္ေအာင္လုပ္ပါ။ ဆိုရရင္ သင့္ေခြ်းနံ႔က ဆိုးရြားလွတဲ့ အေျခအေနျဖစ္ေနျပီဆို ကိုယ္စားတဲ့အစားအေသာက္ အေနအထိုင္ကို ျပန္ထိန္းညွိဖို႔လိုေနျပီဆိုတာ ျပေနတဲ့သေဘာျဖစ္ပါတယ္

Credit: Hellosayarwon
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်မှာချွေးနံ့ထွက်လို့ စိတ်ညစ်ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများတာ၊ တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း၊ ဒါမှမဟုတ် စားသုံးနေတဲ့အစားအစာတချို့ကြောင့်ချွေးထွက်များတတ်တဲ့အတွက်လည်း ခန္ဓာကိုယ်အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။

အများစုက ခန္ဓာကိုယ်ချွေးနံ့ကို ဖုံးအုပ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ၊ ရေမွှေးတွေ သုံးကြပါတယ်။ ချွေးနံ့ပြင်းသူ အများစုဟာ တကိုယ်ရည်သန့်ရှင်းမှုနည်းပါးတာဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ တခြားအနံ့ပြင်းတဲ့အမွှေးအကြိုင်တွေလို အစားအစာတွေစားသုံးမှုကြောင့်လည်း ဖြစ်ပါတယ်။

လူတစ်ယောက်ဆီကနေထွက်ရှိလာတဲ့ ချွေးနံ့ဟာ ရောဂါတချို့အတွက် အဓိကသဲလွန်စတွေဖြစ်နေနိုင်တယ်ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာက ဆေးပညာလောကမှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀ လောက်က ရှေးခေတ်ဂရိလူမျိုးနဲ့ တရုတ်လူမျိုးတွေက တီဘီရောဂါလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးသိရှိနိုင်ဖို့ အနံ့ခံအာရုံကို အသုံးပြခဲ့ကြပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်နံ့ဟာ (အရေပြားကထွက်တဲ့ချွေးတင်မကဘဲ ခံတွင်းနံ့၊သွေး၊ ဆီးနဲ့တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ကျန်းမာရေးအခြေအနေကိုဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကိုအတိုင်းအတာတစ်ခုအထိ ရှာဖွေပေးနိုင်ပါတယ်။
ချွေးနံ့က ရောဂါအခြေအနေတွေနဲ့ ဘယ်လိုဆက်နွှယ်နေသလဲ

ရောဂါတစ်ခုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်းပြောင်းလဲမှုတွေဖြစ်စေတဲ့အပြင် metabolic compounds အမျိုးမျိုးထွက်ရှိလာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ဓာတ်သဘောတွေ ပြောင်းလဲလာခြင်းက နောက်ဆုံးမှာ ကိုယ်နံံ့အမျိုးမျိုး ထွက်ပေါ်လာစေတာဖြစ်ပါတယ်။ အနံ့နဲ့ကိုယ်ခံအားလှုပ်ရှားမှုကြားဆက်နွှယ်မှုဟာ cytokine ပမာဏများနေတာနဲ့ အတိုင်းအတာတစ်ခုလောက်အထိဆက်နွှယ်နေတယ်လို့ ဆွီဒင်သုတေသနတစ်ခုကပြောပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်မှာ ကိုယ်ခံအားတုံ့ပြန်မှုကပိုများလေ ခန္ဓာကိုယ်အနံ့ကပြင်းလေ ဖြစ်ပါတယ်။
ဘာရောဂါတွေရှိနေနိုင်သလဲ

ချွေးနံ့က ရောဂါအခံတွေရဲ့လက္ခဏာရပ်တစ်ခုဖြစ်နေနိုင်သလို တချို့သောရောဂါတွေမှာဆို သိသာထင်ရှားတဲ့ ကိုယ်နံ့တမျိုးစီတောင်ရှိနေတတ်ပါတယ်။ ဥပမာ – Scrofula ဆိုတဲ့ တီဘီရောဂါတစ်မျိုးက အောက်သိုးသိုး ဘီယာနံ့လို ချွေးနံ့ရှိတတ်ပါတယ်။ Yellow fever ရောဂါ ကြောင့်ဆိုရင် အသားဆိုင်မှာလိုမျိုး အသားညှီနံ့ဆန်ဆန် ကိုယ်နံ့ထွက်စေပါတယ်။

ချွေးနံ့ဆိုးထွက်ရတဲ့ နောက်ခံအကြောင်းရင်းတချို့ကတော့ –
စိတ်ဖိစီးမှုများနေခြင်း

စိတ်ဖိစီးမှုက ချွေးပိုထွက်စေပြီး ခန္ဓာကိုယ်အနံ့ပိုထွက်စေနိုင်တာဘာ့ကြောင့်လဲဆိုတာ Mayo Clinic ကရှင်းပြထားပါတယ်။ ချွေးဂလင်းက ecrrine နဲ့ apocrine ဆိုပြီး နှစ်မျိုးရှိပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ်ကို အေးစေဖို့ ချွေးထွက်စေတဲ့ဂလင်းဖြစ်ပြီး Apocrine ကတော့ စိတ်ဖိစီးတဲ့အခါ၊ စိတ်ညစ်ညူးတဲ့အခါ ချွေးထွက်စေတာဖြစ်ပါတယ်။ ဒီလိုချွေးထွက်လာရင် ဘက်တီးရီးယားတွေကပ်တွယ်ဖို့ လည်းအရမ်းလွယ်ပါတယ်။ ကိုယ့်မှာ ချွေးနံ့က ပုံမှန်နဲ့မတူ ထူးဆန်းနေပြီဆိုရင် သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို တုံ့ပြန်နေရပြီလို့ သိထားပါ။
ကျောက်ကပ်နဲ့အသည်းလုပ်ဆောင်ချက်ပျက်ယွင်းခြင်း

သင့်မှာကျောက်ကပ်နဲ့အသည်း လုပ်ဆောင်ချက်မကောင်းတော့ရင်လည်း ချွေးနံ့ပြင်းစေနိုင်ပါတယ်။ကျောက်ကပ်နဲ့အသည်းဟာ ခန္ဓာကိုယ်စနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့တာဝန်ကိုယူထားတာဖြစ်ပါတယ်။ သူတို့ကသာ ဒီတာဝန်ကို မလုပ်ဆောင်တော့ရင် အစာချေလမ်းကြောင်းနဲ့ သွေးထဲမှာ အဆိပ်ဓာတ်တွေများလာပြီး အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်။ချွေးနံ့ဆိုးက အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါကို ဖော်ပြနေတာဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်လွန်ကဲခြင်းကလည်း ကိုယ်နံ့ဆိုးခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ချွေးထွက်စေပါတယ်။ ဒီလုပ်ဆောင်ချက်ကလွန်ကဲလာရင် ခန္ဓာကိုယ်က ချွေးပိုထုတ်ပေးရပါတယ်။ သိုင်းရွိုက်အခြေအနေကို တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ချက်ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ Hyperthyroidism ကို ကုသလို့ရပါတယ်။ ကိုယ့်မှာ ပုံမှန်မဟုတ်ဘဲ ချွေးထွက်များနေပြီး ကိုယ်နံ့ပြင်းလာတာ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။

သိုင်းရွိုက်ကြောင့် ချွေးထွက်ခြင်းက ညဘက်မှာဖြစ်လေ့ရှိတာကြောင့် နှလုံးအဆို့ ဒါမှမဟုတ် အရိုးမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။
ဆီးချိုရောဂါ

ဆီးချိုရောဂါဟာ ချွေးနံ့ပြင်းခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင် ketoacidosis လို့ခေါ်တဲ့ အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ketoacidosis ဖြစ်လာသူဟာ ချဉ်စူးစူးအနံ့မျိုး ကိုယ်နံ့ရှိလာနိုင်ပါတယ်။ ketoacidosis ဟာဆိုးရွားတဲ့ဆီးချိုအဆိပ်တက်ရောဂါတစ်မျိုးဖြစ်ပြီး ချက်ချင်းဆရာဝန်နဲ့ပြသင့်ပါတယ်။
ချွေးနံ့မထွက်အောင် ဘယ်လိုလုပ်ရမလဲ

ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲတတ်တဲ့အချိန်ဖြစ်တဲ့ ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်မှာ ချွေးနံ့က အဆိုးဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးလာတဲ့အခါ အနံ့အုပ်အောင် ချွေးနံ့ပျောက်ဆေး၊ဘော်ဒီစပရေးနဲ့ ရေမွှေးတွေသုံးကြပါတယ်။
သန့်ရှင်းအောင်နေပါ

ချွေးထွက်များပြီး  ဘက်တီးရီးယားတွေရှိနေနိုင်တဲ့သူတွေမှာ တစ်နေ့နှစ်ကြိမ်ရေချိုးသင့်ပါတယ်။ သန့်ရှင်းတဲ့ ချည်သားအဝတ်အစားနဲ့ အတွင်းခံတွေကိုဝတ်ရင်ပိုကောင်းပါတယ်။
မုန့်ဖုတ်ဆိုဒါ

အလွန်အကျွံချွေးထွက်များခြင်းကို လျော့စေဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သံပရာရည်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ် ချိုင်းမှာ သုတ်လိမ်းပေးပါ။ အနံ့ပျောက်စေတဲ့ အာနိသင်ရှိတဲ့ မုန့်ဖုတ်ဆိုဒါကို ချွေးနံ့ပျောက်ဆေးလိုအသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားကိုသေစေပါတယ်။
ဗီနီဂါ

ဗီနီဂါက အရေပြားရဲ့ PH အဆင့်ကိုလျော့စေပြီး ကိုယ်နံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ဗီနီဂါအနည်းငယ်ကို ရေရောပြီး ချိုင်းမှာ သုတ်လိမ်းပါ။
ကျောက်ချဉ်

ကျောက်ချဉ်ကိုသွေးပြီး ချိုင်းမှာလိမ်းပေးပါ။ ချွေးနံ့ပျောက်စေပါတယ်။
ပန်းသီးရှာလကာရည်

Apple cider vinegar က အရေပြား PH အဆင့်ကိုလျော့စေတာကြောင့် ချွေးနံ့ပျောက်ဆေးလိုပဲသုံးလို့ရတဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်ပါတယ်။
ကလေးပေါင်ဒါ

ချွေးထွက်များတဲ့နေရာတဝိုက်ကို ကလေးပေါင်ဒါ လိမ်းထားတာလည်း သက်သာစေနိုင်ပါတယ်။
ရေနဲ့သံပရာရည်

ရေများများသောက်ပါ။ သံပရာက ခန္ဓာကိုယ်မှာအဆိပ်အတောက်ဓာတ်တွေဖယ်ရှားပေးတာကြောင့် သံပရာရည်သောက်ပေးပါ။
အသီးအနှံနဲ့ အရွက်

ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အသီးအရွက်တွေကိုစားပေးပါ။ သစ်သီးတွေနဲ့ အသီးအရွက်တွေကို ဖျော်ရည်လုပ်သောက်တာလည်း ကောင်းပါတယ်။
ရှောင်ရှားသင့်တဲ့အရာများ

အသား၊ အဆီ၊နို့ထွက်ပစ္စည်း၊ ချောကလက်၊သကြားတို့အပြင် အရက်၊ ကော်ဖီနဲ့ လက်ဖက်ရည်ခါးခါး တို့ကိုရှောင်သင့်ပါတယ်။

ချိုင်းကြားဆိုတာက ချွေးထွက်တဲ့နေရာဖြစ်ပေမယ့်လည်း လူတွေက အဆိပ်ဓာတုတွေပါဝင်နေတဲ့ ချွေးနံ့ပျောက်ဆေးတွေကို သုံးပြီး အနံ့ဆိုးကာကွယ်နေကြပါတယ်။ ချိုင်းကြားဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ထုတ်ပေးတာကြောင့် ချွေးပါက်တွေ ပိတ်ဆို့မနေသင့်ပါဘူး။ထိုက်သင့်သလောက် ချွေးထွက်တာကပဲ ကျန်းမာရေးအတွက်ကောင်းပါတယ်။

အနံ့ဆိုးပျောက်ဖို့ အကောင်းဆုံးနည်းလမ်းက ကျန်းမာရေးအတွက်မကောင်းတဲ့ ချွေးနံ့ပျောက်ဆေးတွေနဲ့ ဖုံးကွယ်ထားဖို့မဟုတ်ပါဘူး။ အထက်ပါနည်းလမ်းတွေကို စဉ်းစားပြီး ခန္ဓာကိုယ်ရဲ့အတွင်းရောအပြင်မှာပါ သန့်စင်အောင်လုပ်ပါ။ ဆိုရရင် သင့်ချွေးနံ့က ဆိုးရွားလှတဲ့ အခြေအနေဖြစ်နေပြီဆို ကိုယ်စားတဲ့အစားအသောက် အနေအထိုင်ကို ပြန်ထိန်းညှိဖို့လိုနေပြီဆိုတာ ပြနေတဲ့သဘောဖြစ်ပါတယ်

Credit: Hellosayarwon

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top