iMyanmarHouse.com - Best Property Website for Myanmar
×

RS မရွိပဲ တစ္ေယာက္တည္း ေနရတာ အသားက် ေနျပီျဖစ္တဲ့ မိန္းကေလး တစ္ေယာက္ကို ခ်စ္မိရင္ ဒီအခ်က္ေတြ သတိထား လိုက္နာသင့္တယ္။

တစ္ေယာက္တည္း ေနတာၾကာတဲ့ဲ့ ေကာင္မေလးနဲ႔ တြဲျဖစ္တဲ့အခါ အျခား ေကာင္မေလးေတြနဲ႔ မတူပါဘူး။ အခ်ိဳ႕ အရာေတြကို သည္းခံေပးရမယ္။ အခ်ိဳ႕ အရာေတြကို နားလည္ေပးရပါတယ္။ ကိုယ့္ဘာသာ တစ္ေယာက္တည္း ေနလာတာ ၾကာျပီကိုး။ သူတို႔ေလးေတြနဲ႔ တြဲတဲ့အခါ ဒီအခ်က္ေလးေတြ သတိထားေပးပါ။

၁။သူမက ကိုယ့္ကိုယ္ကို ဂရုစိုက္လာတာ ၾကာျပီမို႔ အက်င့္ျဖစ္ေနပါျပီ။

ကားလမ္းကူးရင္ ကိုယ့္ဘာသာ ဂရုစိုက္ ကူးတာတို႔၊ ေရေသာက္ခ်င္ရင္ ကိုယ္ဘာသာ ရွာ၀ယ္တာတို႔ လုပ္လာမွာပါ။ အဲဒီအခါ ကိုယ္ဂရုစိုက္တာ မခံခ်င္လို႔ ျဖစ္တယ္ မထင္ပါနဲ႔။ ကိုယ့္ကိုကိုယ္ ဂရုစိုက္လာတာ အၾကာၾကီး ေနျပီးမွ ရုတ္တရတ္ ကိုယ့္ကို ဂရုစိုက္ေပးမယ့္လူ ေပၚလာေတာ့ ေနသား မက်ေသးတာပါ။

၂။ သူမ သူငယ္ခ်င္းေတြ စံုေထာက္ စစ္သလို စစ္တာကို ေျဖႏိုင္ဖို႔ ၾကိဳတင္ ျပင္ဆင္ထားပါ။

သူမ သူငယ္ခ်င္းေတြက သူမ တစ္ေယာက္တည္း ေနလာတာကို ေတြ႔ေနၾကဆိုေတာ့ ရုတ္တရတ္ ေကာင္ေလးတစ္ေယာက္ ေပၚလာတဲ့အခါ သူမကို ေပ်ာ္ေအာင္ ထားႏိုင္မယ့္သူ ဟုတ္မဟုတ္ စမ္းစစ္ၾကမွာပါ။ သူမ သူငယ္ခ်င္းေတြ လက္ခံေအာင္ ၾကိဳးစားဖို႔လည္း မေမ့ပါနဲ႔။ သူမက သူငယ္ခ်င္းေတြ ေပးတဲ့ အႀကံဥာဏ္ကို လက္ခံမွာမို႔ပါ။

၃။ တစ္ခါတစ္ေလ သူမက သင့္ကို သူစိမ္းဆန္သလို ျပဳမူ လာပါလိမ့္မယ္။

အထူးသျဖင့္ သူမကိုယ္ သူမ သင့္ကို ဘယ္ေလာက္ ခ်စ္မိေနေၾကာင္း သတိထားမိတဲ့ အခါမ်ိဳးမွာေပါ့။ အဲလို အခ်ိန္က် သူမကို အခ်ိန္နည္းနည္း ေပးလိုက္ပါ။ သူမ ခံစားခ်က္ေတြကို ျပန္သုံးသပ္ဖို႔ အခ်ိန္ လိုပါတယ္။

၄။ အၿမဲလိုလို သင့္ကို သူမ အေပၚထားတဲ့ ခံစားခ်က္ေတြကို တိုက္ရိုက္ျဖစ္ေစ၊ သြယ္၀ိုက္ျပီးျဖစ္ေစ ေမးခြန္း ထုတ္ပါလိမ့္မယ္။

ဘာလို႔လဲ ဆိုေတာ့ သင္သူမကို တကယ္ပဲ ခ်စ္တာလား ၊ သူမဘာသာပဲ စိတ္ထင္ေနတာလား ဆိုတာ မေသခ်ာလို႔ပါ။

၅။ တခါတေလ သူမ ေခါင္းမာတာကို ၾကံဳေတြ႕ရမွာပါ။

အရာရာတိုင္းကို သူမ စိတ္တိုင္းက် ျဖစ္လာဖို႔ အတြက္ အျမဲလိုလို သင္နဲ႔ ရန္ျဖစ္ရပါလိမ့္မယ္။ အဲလို အခါမ်ိဳးဆို သူမ နားလည္ေအာင္ ေသခ်ာ ရွင္းျပေပးပါ။

၆။ အယံုအၾကည္ နည္းပါတယ္။

ကိုယ့္ကိုယံုလား လို႔ သြားေမးလိုက္ရင္ မယံုဘူး ဆိုတာပဲ ၾကားရမွာပါ။ ဒါေပမယ့္ သူမ သင့္ကို စတင္ ယံုလာျပီ ဆိုရင္ေတာ့ သင့္ကို သူမဘ၀ထဲ သြင္းဖို႔ စတင္ စဥ္းစားလာျပီ လို႔ ေျပာလို႔ ရပါတယ္။ သူမရဲ႕ ယံုၾကည္မႈကို အလြဲသံုးစား မလုပ္ပါနဲ႔။

၇။ သူမက အရမ္းကို စိတ္ဓာတ္ ခိုင္မာတဲ့ ေကာင္မေလး ဆိုေပမယ့္ ဒါက သူမရဲ႕ အျပင္ပန္းပါ။

သူမက ပိုျပီး စိတ္ေပ်ာ႔ပါတယ္။ စိတ္ထိခိုက္ လြယ္ပါတယ္။ အဆင္မေျပတဲ့ အခ်ိန္တိုင္း သင့္ကို လိုအပ္ရင္ေတာင္ ထုတ္ေျပာမွာ မဟုတ္ပါဘူး။ သူမ လိုအပ္ခ်ိန္မွာ အလိုက္တသိနဲ႔ သူမေဘးမွာ ရွိေနေပးပါ။

၈။ သူမက ခ်စ္ရမွာ ၊ အခ်စ္ခံရမွာ ေၾကာက္တဲ့သူပါ။

ဘာလို႔လဲဆိုေတာ့ သူမကို ထားသြားတဲ့အခါ နာက်င္ ခံစားရမွာ ေၾကာက္လို႔ပါ။ သင္က အဲလိုလုပ္မယ့္သူ မဟုတ္ဘူး ဆိုတာ သူမယံုေအာင္ သက္ေသျပပါ။ တစ္ေယာက္တည္း ေနလာတာၾကာတဲ့ ေကာင္မေလးနဲ႔ တြဲတဲ့အခါ ဒီအခ်က္ေလးေတြ သည္းခံနိုင္ဖို႔ ၾကိဳတင္ျပင္ဆင္ထားပါ။

Credit: orginal
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
RS မရှိပဲ တစ်ယောက်တည်း နေရတာ အသားကျ နေပြီဖြစ်တဲ့ မိန်းကလေး တစ်ယောက်ကို ချစ်မိရင် ဒီအချက်တွေ သတိထား လိုက်နာသင့်တယ်။

တစ်ယောက်တည်း နေတာကြာတဲ့ဲ့ ကောင်မလေးနဲ့ တွဲဖြစ်တဲ့အခါ အခြား ကောင်မလေးတွေနဲ့ မတူပါဘူး။ အချို့ အရာတွေကို သည်းခံပေးရမယ်။ အချို့ အရာတွေကို နားလည်ပေးရပါတယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်း နေလာတာ ကြာပြီကိုး။ သူတို့လေးတွေနဲ့ တွဲတဲ့အခါ ဒီအချက်လေးတွေ သတိထားပေးပါ။

၁။သူမက ကိုယ့်ကိုယ်ကို ဂရုစိုက်လာတာ ကြာပြီမို့ အကျင့်ဖြစ်နေပါပြီ။

ကားလမ်းကူးရင် ကိုယ့်ဘာသာ ဂရုစိုက် ကူးတာတို့၊ ရေသောက်ချင်ရင် ကိုယ်ဘာသာ ရှာဝယ်တာတို့ လုပ်လာမှာပါ။ အဲဒီအခါ ကိုယ်ဂရုစိုက်တာ မခံချင်လို့ ဖြစ်တယ် မထင်ပါနဲ့။ ကိုယ့်ကိုကိုယ် ဂရုစိုက်လာတာ အကြာကြီး နေပြီးမှ ရုတ်တရတ် ကိုယ့်ကို ဂရုစိုက်ပေးမယ့်လူ ပေါ်လာတော့ နေသား မကျသေးတာပါ။

၂။ သူမ သူငယ်ချင်းတွေ စုံထောက် စစ်သလို စစ်တာကို ဖြေနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားပါ။

သူမ သူငယ်ချင်းတွေက သူမ တစ်ယောက်တည်း နေလာတာကို တွေ့နေကြဆိုတော့ ရုတ်တရတ် ကောင်လေးတစ်ယောက် ပေါ်လာတဲ့အခါ သူမကို ပျော်အောင် ထားနိုင်မယ့်သူ ဟုတ်မဟုတ် စမ်းစစ်ကြမှာပါ။ သူမ သူငယ်ချင်းတွေ လက်ခံအောင် ကြိုးစားဖို့လည်း မမေ့ပါနဲ့။ သူမက သူငယ်ချင်းတွေ ပေးတဲ့ အကြံဉာဏ်ကို လက်ခံမှာမို့ပါ။

၃။ တစ်ခါတစ်လေ သူမက သင့်ကို သူစိမ်းဆန်သလို ပြုမူ လာပါလိမ့်မယ်။

အထူးသဖြင့် သူမကိုယ် သူမ သင့်ကို ဘယ်လောက် ချစ်မိနေကြောင်း သတိထားမိတဲ့ အခါမျိုးမှာပေါ့။ အဲလို အချိန်ကျ သူမကို အချိန်နည်းနည်း ပေးလိုက်ပါ။ သူမ ခံစားချက်တွေကို ပြန်သုံးသပ်ဖို့ အချိန် လိုပါတယ်။

၄။ အမြဲလိုလို သင့်ကို သူမ အပေါ်ထားတဲ့ ခံစားချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ မေးခွန်း ထုတ်ပါလိမ့်မယ်။

ဘာလို့လဲ ဆိုတော့ သင်သူမကို တကယ်ပဲ ချစ်တာလား ၊ သူမဘာသာပဲ စိတ်ထင်နေတာလား ဆိုတာ မသေချာလို့ပါ။

၅။ တခါတလေ သူမ ခေါင်းမာတာကို ကြုံတွေ့ရမှာပါ။

အရာရာတိုင်းကို သူမ စိတ်တိုင်းကျ ဖြစ်လာဖို့ အတွက် အမြဲလိုလို သင်နဲ့ ရန်ဖြစ်ရပါလိမ့်မယ်။ အဲလို အခါမျိုးဆို သူမ နားလည်အောင် သေချာ ရှင်းပြပေးပါ။

၆။ အယုံအကြည် နည်းပါတယ်။

ကိုယ့်ကိုယုံလား လို့ သွားမေးလိုက်ရင် မယုံဘူး ဆိုတာပဲ ကြားရမှာပါ။ ဒါပေမယ့် သူမ သင့်ကို စတင် ယုံလာပြီ ဆိုရင်တော့ သင့်ကို သူမဘဝထဲ သွင်းဖို့ စတင် စဉ်းစားလာပြီ လို့ ပြောလို့ ရပါတယ်။ သူမရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါနဲ့။

၇။ သူမက အရမ်းကို စိတ်ဓာတ် ခိုင်မာတဲ့ ကောင်မလေး ဆိုပေမယ့် ဒါက သူမရဲ့ အပြင်ပန်းပါ။

သူမက ပိုပြီး စိတ်ပျော့ပါတယ်။ စိတ်ထိခိုက် လွယ်ပါတယ်။ အဆင်မပြေတဲ့ အချိန်တိုင်း သင့်ကို လိုအပ်ရင်တောင် ထုတ်ပြောမှာ မဟုတ်ပါဘူး။ သူမ လိုအပ်ချိန်မှာ အလိုက်တသိနဲ့ သူမဘေးမှာ ရှိနေပေးပါ။

၈။ သူမက ချစ်ရမှာ ၊ အချစ်ခံရမှာ ကြောက်တဲ့သူပါ။

ဘာလို့လဲဆိုတော့ သူမကို ထားသွားတဲ့အခါ နာကျင် ခံစားရမှာ ကြောက်လို့ပါ။ သင်က အဲလိုလုပ်မယ့်သူ မဟုတ်ဘူး ဆိုတာ သူမယုံအောင် သက်သေပြပါ။ တစ်ယောက်တည်း နေလာတာကြာတဲ့ ကောင်မလေးနဲ့ တွဲတဲ့အခါ ဒီအချက်လေးတွေ သည်းခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။

Credit: orginal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top