iMyanmarHouse.com - Best Property Website for Myanmar
×














ခပ်ကင်းကင်းပဲ နေတယ် ..
















Credit: original

သင် မကြိုက်တာတွေ သူ (လုံးဝ) မလုပ်ဘူး .. သူစိတ် မထိန်းနိုင်ရင်တောင် လျှော့တယ် (ဥပမာ - ဆေးလိပ် သောက်တာ)

သွားမေးစရာ မလိုဘူး မောင်/ ကိုကို အခု ဘာလုပ်နေတယ်… ချစ်ရေ ဆိုတာကို အမြဲ အစီရင်ခံနေတယ် ..

"လွမ်းလိုက်တာ ချစ်ရေ"ဆိုတဲ့ Message မျိုးကို သူပို့ချင်မှ ပို့လိမ့်မယ် .. ဒါပေမယ့် သူ့စိတ်ထဲမှာ သင်အမြဲရှိတယ် ..

အစားတစ်ခုခု စားရင် သင့်ကို သူ ဘာစားနေလို့ ကျွေးချင်ကြောင်း ချက်ချင်း သတိတရ ပြောလိမ့်မယ် ..

သင့်အပေါ် သူအနိုင်မယူဘူး .. သင့်ကို အမြဲ အရှုံးပေးထားပြီးသား ..

သင် ဘာပြောပြော "အင်း" လို့ ခေါင်းညိတ်ပြီးသား .. ကွယ်ရာဆိုလည်း သင့်စကားအတိုင်း လိုက်နာတယ် ..

သင်အားငယ်ရင် သူ့ကို "ဒီကိုလာခဲ့လို့" ခေါ်ကြည့်လိုက် .. ချက်ချင်း ရောက်လာပြီး အားပေးနှစ်သိမ့်ပေးလိမ့်မယ်.. (ဘယ်လောက်ဝေးဝေး မမှုဘူးနော် တကယ်ချစ်တဲ့ ယောက်ျားလေးက)

သင်အနာတရ ဖြစ်ပြီဆိုရင် သူ စိတ်တွေပူနေပြီ ..
ရင်ဘက်တွေ ဗလောင်ဆူပြီး အိပ်လို့ရချင်မှ ရလိမ့်မယ် .. သင့်ဒဏ်ရာကောင်းမှ သူအိပ်ပျော်နိုင်မယ် ဆိုတာကိုတော့ သင် သိထားသင့်တယ်..

သူက သင့်ကို အမြဲတမ်းပျော်ရွှင်အောင် ဖန်တီးပေးနေလိမ့်မယ် .. သူ့ကြောင့် သင်ရယ်မောနေရရင် သူလည်း ပျော်နေလိမ့်မယ်..

သင့်ကြောင့် ကျတဲ့ သူ့မျက်ရည်တွေကို သင် ဘယ်တော့မှ သိမှာ မဟုတ်ဘူး စိတ်ချ .. သင့်ကြောင့် သူအမြဲ ပျော်နေရတယ် လို့ပဲ သင့်ကို ထင်စေမှာ ..

သင့်ရဲ့ စကားတစ်ခွန်းတိုင်းဟာ သူ့ကို Effect ဖြစ်စေတယ် .. သင်က သူ့ကို ချိုးနှိမ် ပြောလိုက်တဲ့နေ့ဟာ
သူမျက်ရည်ထဲ လက်ပစ်ကူးတဲ့နေ့ပဲ ..

သူက သင့်အတွက်သာ အသည်းငယ်မယ် .. သင့်ကို ကာကွယ်ပေးဖို့ အတွက်ဆိုရင် စိတ်ဓာတ်က သံမဏိလူသားပဲ ..

သင့်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရမှာ
သူဝန်မလေးဘူး .. သူ့မိသားစုနဲ့ မိတ်ဆက်ပေးရမှာလည်း သူ ဝန်မလေးဘူး ..

သင့်ကို သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ် မှတ်ယူထားတဲ့အလျောက် ဘယ် မိန်းကလေးနဲ့မှ သူမရှုပ်ဘူး ..
ခပ်ကင်းကင်းပဲ နေတယ် ..

အလုပ်မအားရင် အလုပ်ကို မြန်မြန်ပြီးအောင် လုပ်ပြီး သင့်ဆီ အမြန်ဆုံး ဆက်သွယ်လိမ့်မယ်.. အလုပ်ကြောင့် သင့်အပေါ်ထားရှိတဲ့ သူ့အချစ်ကို အတိမ်းအစောင်းမခံဘူး ..

သင်သူ့အပေါ် အရမ်းဆိုးရင်လည်း သင့်ကို သူမငြိုငြင်ဘူး .. သင့်ကို ကလေးလေး တစ်ယောက်လိုပဲ မြင်လိမ့်မယ် ..

သူ့မျက်လုံးထဲမှာ အလှဆုံးမိန်းကလေးဟာ သင်ပဲ ..
ဘယ်လောက်ချောတဲ့ မိန်းကလေးတွေ့တွေ့ သူက သင်သာလှတယ် ထင်တယ် ..

သဝန်တိုတာတွေ စိတ်ကောက်တာတွေကို သူ နားလည်ပေးတယ် .. အဲ့အတွက်လောက်နဲ့ သင့်ကို ရန်မရှာဘူး ..

တခြား မိန်းကလေး တစ်ယောက်ကြောင့် သင့်ကို ရန်လိုပြတာမျိုး သူလုံးဝ မလုပ်ဘူး.. ဘာပဲဖြစ်ဖြစ် သင့်ဘက်မှာ သူရှိတယ် ..

သူစိတ်ညစ်နေရင် သင့်ကို ရောပြီး စိတ်မညစ်စေချင်လို့ ဘာကိစ္စဆိုတာ သူပြောမှာမဟုတ်ဘူး .. သင် အတင်းမေးရင်တောင် ပြောချင်မှ ပြောလိမ့်မယ် ..

သင် ယောက်ျားလေးတွေနဲ့ ရောရောနှောနှော နေရင် သူသင့်ကို စိတ်မချလို့ တားပါလိမ့်မယ် .. ဒါပေမယ့် သင်က နေတယ်ကွာ ဘာဖြစ်လဲဆိုရင်တောင် သူက အောင့်သက်သက်နဲ့ နားလည်ပေးထားမှာပါ ..

သူ မကြိုက်တာတွေကို သင်လုပ်ရင် အနည်းနဲ့အများတော့ သင့်ကို ဆူလိမ့်မယ် .. ဒါပေမယ့် သင့်မျက်နှာလေး ညှိုးသွားတာနဲ့ ချက်ချင်း ပြန်ချော့ပြီးသားပဲ ..

သင် မျက်ရည်ကျမှာကို သူ အသေကြောက်တယ် ..

သူကြောက်သလောက် သင့်ကို စိတ်မညစ်အောင်/ ဝမ်းမနည်းအောင်ထားတယ် ..

သင့်ဘဝကို သူဘယ်တော့မှ ဖျက်ဆီးပစ်မှာ မဟုတ်ဘူး .. သင့်ဘဝကို သူ့ဆီ ပုံအပ်ရမယ့်နေ့ဟာ သူနဲ့သင် လက်ထပ်တဲ့နေ့ပါ ..

သူက သင့်အတိတ်ကို စိတ်မဝင်စားဘူး .. သင်တို့ နှစ်ယောက်သားရဲ့ အနာဂတ်ကိုပဲ ခေါင်းထဲထည့်တယ်..

သူ့အပေါ် သံသယဝင်စရာ မလိုပါဘူး .. သူ သင်တို့ နှစ်ယောက်လုံးရဲ့ အနာဂတ် ခရီးအတွက် ကြိုးစားနေတယ် ဆိုတာကို ..

သူ့ဘက်က သင့်ကို ဘယ်တော့မှ လမ်းခွဲစကား စပြောမှာ မဟုတ်ဘူး .. အကြောင်း အမျိုးမျိုးကြောင့် သင်ခွဲသွားမှသာ သူကျန်ခဲ့မှာ…

ကဲ ဒီလိုချစ်သူမျိုး ပိုင်ဆိုင်ထားရပီဆိုရင် ချစ်သူကို Com မှာ mention ခေါ်လိုက်ကြစို့လား…

Credit: original

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top