iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကႀကီးထဲမွာ ကိုယ့္ခ်စ္သူရဲ႕ ခ်စ္ခင္ယုယမွဳကို မခံခ်င္တဲ့လူေတာ့ ရွိမယ္ မထင္ဘူးေနာ္။ အခ်ိဳ႕ကက်ေတာ့လည္း ခ်စ္သူ အေပၚကို စိတ္ထဲကေနသာ အရမ္းခ်စ္တတ္ေပမယ့္ လက္ေတြ႕မွာ ထုတ္ေဖာ္ျပသၿပီး အၾကင္နာေတြေပးဖို႔ မတတ္ၾကဘူး။

အဲ့ဒီအခါ တစ္ဖက္သားအေနနဲ႕လည္း သူ ငါ့ကို တကယ္ခ်စ္တာမွ ဟုတ္ရဲ႕လားဆုိၿပီး သံသယေတြ၀င္ရင္း စိတ္မေကာင္း ျဖစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီလို အခက္အခဲ ျပႆနာေတြလည္း မႀကံဳရေစဖို႔ နည္းလမ္းေကာင္းေလးေတြ လာပါၿပီခင္ဗ်ာ ။

💖 အေသးအဖြဲ႔ ကိစၥေလးပဲ ျဖစ္ေနပါေစ အသိအမွတ္ ျပဳေပးဖုိ႔ မေမ့ပါနဲ႔

ကိုုယ့္ခ်စ္သူ ဆံပင္ပုံစံ အသစ္ေျပာင္းတာ ၊ အ၀တ္အစား အသစ္ ၀တ္လာတာမ်ိဳးဆို အသိအမွတ္ျပဳၿပီး ခ်ီးမြမ္းေပးဖုိ႕ မေမ့ပါနဲ႕။ သူ႔ရဲ႕ လုပ္ငန္းခြင္မွာျဖစ္ေစ ၊ ပညာေရးမွာျဖစ္ေစ ေအာင္ျမင္မႈ ေျခလွမ္း ေသးေသးေလးပဲ ျဖစ္ပါေစဦး ကိုယ္က အဦးဆံုး အသိအမွတ္ျပဳ ခ်ီးက်ဴးဂုဏ္ျပဳ စကားေျပာေပးဖို႕ မေမ့ပါနဲ႕။


💖 အနာဂတ္ေတြ အေၾကာင္း မၾကာခဏ ေျပာဆိုေပးပါ

သူနဲ႕ ကိုယ္ရဲ႕ ေရွ႕ေရးအတြက္ တိုင္ပင္ ေဆြးေႏြးျခင္းေတြ ၊ ရင္ေသြးေလး ဘယ္ႏွစ္ေယာက္ ယူမွာကအစ အိမ္ေရွ႕ၿခံ၀န္းေလးမွာ  ဘယ္လို အပင္ေလးေတြ စိုက္္မလဲ ဆိုတာ အဆံုး သူနဲ႕ကိုယ့္ရဲ႕ အနာဂတ္အိမ္ေလးကို အၿမဲတမ္း စိတ္ကူးယဥ္ၿပီး ပံုေဖာ္ေျပာဆိုေနပါ။ ဒီလို ေျပာဆိုျခင္းအားျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုမို နီးကပ္ေႏြးေထြး လာေစမွာျဖစ္ၿပီး ယံုၾကည္မႈေတြလည္း ခိုင္ၿမဲလာေစမွာ အေသအခ်ာပါ။


💖 တကူူးတက သတိရေၾကာင္း ေျပာၾကားေပးပါ

ခ်စ္သူသက္တမ္း ရွည္ၾကာလာလို႔ ခ်စ္စခင္စ တုန္းကလို သိပ္ခ်စ္တဲ့ အေၾကာင္းေတြ ေျပာဖုိ႔ မလိုေတာ့ဘူးလို႔ မထင္လိုက္ပါနဲ႕။ သူႀကိဳက္တဲ့ အစားအစာေလးေတြ ေတြ႕ရင္ ၀ယ္သြားေပးတာမ်ိဳး ၊ ကိုယ္ေရာက္ေနတဲ့ ေနရာေဒသသစ္ေတြက ရႈခင္းပံုေတြကို သူ႕ကို လွမ္းပို႕ရင္း မင္းသာရွိေနရင္ သိပ္ေကာင္းမွာပဲလို႔ ဆိုတာမ်ိဳး၊
ပံုမွန္ အဆက္အသြယ္ လုပ္ေနက် အခ်ိန္မိ်ဳးမဟုတ္ပဲ ညနက္သန္းေခါင္ သူ႕ကို အရမ္းသတိရေနပါတယ္လို႕ Sms တစ္ေစာင္ေလာက္ ပို႕လိုက္တာမ်ိဳးတို႕ ။ ဒီနည္းလမ္းေလးေတြက သိပ္လည္း အပန္းၾကီးတာ မဟုတ္ေပမယ့္ အေတာ္ေလးေတာ့ ထိေရာက္မႈ ရွိပါတယ္။

💖 ရင့္က်က္မွဳေတြနဲ႔ အျပန္အလွန္ ခ်စ္ၾကပါ

တစ္ခါတစ္ေလက် စံုတြဲေတြ ျပတ္စဲၾကရတဲ့ အေၾကာင္းအရင္းေတြက ဘာရယ္မဟုတ္တဲ့ အေသးစား ဂရုမစိုက္မႈေလးေတြကေန စတာပါ။

ဒီေနရာမွာႏွစ္ဦးႏွစ္ဖက္လံုး နားလည္မႈရွိရွိိနဲ႕ သေဘာေပါက္ထားရမွာက သူက ကိုယ္မဟုတ္တဲ့အတြက္ ေနရာတုိင္းမွာေတာ့ ကိုယ့္စိတ္ႀကိိဳက္အတုိင္း အကုန္လံုး ျဖည့္ဆည္းေပးႏိုင္မွာ မဟုတ္ပါဘူး။ ဒါေတြကို နားလည္ သေဘာေပါက္ၿပီး ရင့္က်က္စြာ ခ်စ္တတ္ဖုိ႕ေတာ့ လိုပါတယ္။

💖 စိတ္ဆိုးစိတ္ေကာက္တဲ့အခါ နစ္နစ္နာနာ စကားေတြ ေျပာဆိုျခင္းကို ေရွာင္က်ဥ္ပါ

သူသူကိုယ္ကုိယ္ ရန္ျဖစ္ စိတ္ေကာက္တဲ့အခါ ေဒါသအေလ်ာက္ စကားၾကမ္းၾကမ္းေတြ ေျပာဆိုမိတတ္တာသဘာ၀ပါ။

အ့ဲဒီအခါ ေျပာလိုက္သူဖက္က ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေပမယ့္ အေျပာခံရသူကေတာ့ ရင္ထဲမွာ နာက်င္စိတ္မေကာင္း ျဖစ္ၾကရပါတယ္။ အဲ့ဒီလိုေတြ အႀကိမ္အေရအတြက္ မ်ားလာတဲ့အခါ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ရၿပီး ျပတ္ၾကစဲၾကတဲ့ အထိေတာင္ ျဖစ္ႏို္င္ပါတယ္။ဒါေၾကာင့္ စိတ္ေကာက္လိုက္ပါ ၊ သူျပန္ေခ်ာ့ရင္ ေျပလိုက္ပါ ။ အျပန္အလွန္ စကားနာေတြ ထိုးၿပီး မုန္းတီးသြားေအာင္ေတာ့ ရန္မျဖစ္ၾကနဲ႕ေနာ္။

💓ဒီအခ်က္ေလးေတြက အသံုး၀င္မယ္ထင္ရင္ သင့္သူငယ္ခ်င္းေတြကို mention ေခၚၿပီး Share ေပးလိုက္ဦးေနာ္ ။
Credit:Original Writer

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
လောကကြီးထဲမှာ ကိုယ့်ချစ်သူရဲ့ ချစ်ခင်ယုယမှုကို မခံချင်တဲ့လူတော့ ရှိမယ် မထင်ဘူးနော်။ အချို့ကကျတော့လည်း ချစ်သူ အပေါ်ကို စိတ်ထဲကနေသာ အရမ်းချစ်တတ်ပေမယ့် လက်တွေ့မှာ ထုတ်ဖော်ပြသပြီး အကြင်နာတွေပေးဖို့ မတတ်ကြဘူး။

အဲ့ဒီအခါ တစ်ဖက်သားအနေနဲ့လည်း သူ ငါ့ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လားဆိုပြီး သံသယတွေဝင်ရင်း စိတ်မကောင်း ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီလို အခက်အခဲ ပြဿနာတွေလည်း မကြုံရစေဖို့ နည်းလမ်းကောင်းလေးတွေ လာပါပြီခင်ဗျာ ။

💖 အသေးအဖွဲ့ ကိစ္စလေးပဲ ဖြစ်နေပါစေ အသိအမှတ် ပြုပေးဖို့ မမေ့ပါနဲ့

ကိုုယ့်ချစ်သူ ဆံပင်ပုံစံ အသစ်ပြောင်းတာ ၊ အဝတ်အစား အသစ် ဝတ်လာတာမျိုးဆို အသိအမှတ်ပြုပြီး ချီးမွမ်းပေးဖို့ မမေ့ပါနဲ့။ သူ့ရဲ့ လုပ်ငန်းခွင်မှာဖြစ်စေ ၊ ပညာရေးမှာဖြစ်စေ အောင်မြင်မှု ခြေလှမ်း သေးသေးလေးပဲ ဖြစ်ပါစေဦး ကိုယ်က အဦးဆုံး အသိအမှတ်ပြု ချီးကျူးဂုဏ်ပြု စကားပြောပေးဖို့ မမေ့ပါနဲ့။


💖 အနာဂတ်တွေ အကြောင်း မကြာခဏ ပြောဆိုပေးပါ

သူနဲ့ ကိုယ်ရဲ့ ရှေ့ရေးအတွက် တိုင်ပင် ဆွေးနွေးခြင်းတွေ ၊ ရင်သွေးလေး ဘယ်နှစ်ယောက် ယူမှာကအစ အိမ်ရှေ့ခြံဝန်းလေးမှာ  ဘယ်လို အပင်လေးတွေ စိုက်မလဲ ဆိုတာ အဆုံး သူနဲ့ကိုယ့်ရဲ့ အနာဂတ်အိမ်လေးကို အမြဲတမ်း စိတ်ကူးယဉ်ပြီး ပုံဖော်ပြောဆိုနေပါ။ ဒီလို ပြောဆိုခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုမို နီးကပ်နွေးထွေး လာစေမှာဖြစ်ပြီး ယုံကြည်မှုတွေလည်း ခိုင်မြဲလာစေမှာ အသေအချာပါ။

💖 တကူူးတက သတိရကြောင်း ပြောကြားပေးပါ

ချစ်သူသက်တမ်း ရှည်ကြာလာလို့ ချစ်စခင်စ တုန်းကလို သိပ်ချစ်တဲ့ အကြောင်းတွေ ပြောဖို့ မလိုတော့ဘူးလို့ မထင်လိုက်ပါနဲ့။ သူကြိုက်တဲ့ အစားအစာလေးတွေ တွေ့ရင် ဝယ်သွားပေးတာမျိုး ၊ ကိုယ်ရောက်နေတဲ့ နေရာဒေသသစ်တွေက ရှုခင်းပုံတွေကို သူ့ကို လှမ်းပို့ရင်း မင်းသာရှိနေရင် သိပ်ကောင်းမှာပဲလို့ ဆိုတာမျိုး၊
ပုံမှန် အဆက်အသွယ် လုပ်နေကျ အချိန်မျိုးမဟုတ်ပဲ ညနက်သန်းခေါင် သူ့ကို အရမ်းသတိရနေပါတယ်လို့ Sms တစ်စောင်လောက် ပို့လိုက်တာမျိုးတို့ ။ ဒီနည်းလမ်းလေးတွေက သိပ်လည်း အပန်းကြီးတာ မဟုတ်ပေမယ့် အတော်လေးတော့ ထိရောက်မှု ရှိပါတယ်။

💖 ရင့်ကျက်မှုတွေနဲ့ အပြန်အလှန် ချစ်ကြပါ

တစ်ခါတစ်လေကျ စုံတွဲတွေ ပြတ်စဲကြရတဲ့ အကြောင်းအရင်းတွေက ဘာရယ်မဟုတ်တဲ့ အသေးစား ဂရုမစိုက်မှုလေးတွေကနေ စတာပါ။


ဒီနေရာမှာနှစ်ဦးနှစ်ဖက်လုံး နားလည်မှုရှိရှိနဲ့ သဘောပေါက်ထားရမှာက သူက ကိုယ်မဟုတ်တဲ့အတွက် နေရာတိုင်းမှာတော့ ကိုယ့်စိတ်ကြိုက်အတိုင်း အကုန်လုံး ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေကို နားလည် သဘောပေါက်ပြီး ရင့်ကျက်စွာ ချစ်တတ်ဖို့တော့ လိုပါတယ်။

💖 စိတ်ဆိုးစိတ်ကောက်တဲ့အခါ နစ်နစ်နာနာ စကားတွေ ပြောဆိုခြင်းကို ရှောင်ကျဉ်ပါ

သူသူကိုယ်ကိုယ် ရန်ဖြစ် စိတ်ကောက်တဲ့အခါ ဒေါသအလျောက် စကားကြမ်းကြမ်းတွေ ပြောဆိုမိတတ်တာသဘာဝပါ။

အဲ့ဒီအခါ ပြောလိုက်သူဖက်က မေ့မေ့ပျောက်ပျောက်ဖြစ်ပေမယ့် အပြောခံရသူကတော့ ရင်ထဲမှာ နာကျင်စိတ်မကောင်း ဖြစ်ကြရပါတယ်။ အဲ့ဒီလိုတွေ အကြိမ်အရေအတွက် များလာတဲ့အခါ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရပြီး ပြတ်ကြစဲကြတဲ့ အထိတောင် ဖြစ်နိုင်ပါတယ်။ဒါကြောင့် စိတ်ကောက်လိုက်ပါ ၊ သူပြန်ချော့ရင် ပြေလိုက်ပါ ။ အပြန်အလှန် စကားနာတွေ ထိုးပြီး မုန်းတီးသွားအောင်တော့ ရန်မဖြစ်ကြနဲ့နော်။

💓ဒီအချက်လေးတွေက အသုံးဝင်မယ်ထင်ရင် သင့်သူငယ်ချင်းတွေကို mention ခေါ်ပြီး Share ပေးလိုက်ဦးနော် ။

Credit:Original Writer

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top