iMyanmarHouse.com - Best Property Website for Myanmar
×





ပြုလုပ်နည်း


အုတ်ဂျုံနဲ့ ပျားရည်





ပြုလုပ်နည်း


Credit : MyStyle

မျက်နှာအသားအရေ ကြည်လင် နုပျိုစေဖို့ ပေါင်းတင်နည်းတွေ အများကြီးရှိပါတယ်။ မျက်နှာကို ခွဲစိတ်ပြုပြင်စရာမလိုဘဲ (သို့) ဈေးကြီးပေးရတဲ့ နည်းပညာတွေ သုံးစရာမလိုဘဲ သင့်အသားအရေကို သဘာဝအတိုင်း နုပျိုစေမယ့် ပေါင်းတင်နည်းတွေကို မျှဝေပေးချင်ပါတယ်။

ဒိန်ချဉ်နဲ့ သံပုယိုသီး

ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကိုရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ မျက်လုံးနားကို ရှောင်ပြီးလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ပြီးရင် မျက်နှာကို ခရင်မ်တမျိုးမျိုးလိမ်းပေးထားလိုက်ပါ။

အုတ်ဂျုံနဲ့ ပျားရည်

အုတ်ဂျုံ စားပွဲတင်ဇွန်း ၃ ဇွန်း

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

လိမ္မော်သီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲ သေချာရောပြီးထည့်လိုက်ပါ။ ပြီးရင် မျက်လုံးနားကိုရှောင်ပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပါ။ ပြီး၇င် ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုး လိမ်းပေးထားလိုက်ပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top