iMyanmarHouse.com - Best Property Website for Myanmar
×

တင္းတိပ္ဆိုတာ မ်က္နွာမွာ အမဲကြက္ေတြ မညီမညာ ျဖစ္လာတာကို ေခၚပါတယ္။ တင္းတိပ္ကို melasma လို႕ေခၚပါတယ္။ melas ဆိုတာ ဂရိစကားက လာတယ္။ အမဲေရာင္ဆိုတဲ့ အဓိပၸါယ္ သက္ေရာက္တယ္။ တခ်ိဳ႕က chloasma တဲ့။ ကိုယ္ဝန္ေဆာင္ေတြမွာ အျဖစ္မ်ားလို႕ ကိုယ္ဝန္ေဆာင္ မ်က္နွာဖံုးလို႕ေတာင္ တင္စားေခၚၾကတယ္။ ကုိယ္ဝန္ေဆာင္ေတြမွာ ျဖစ္ရင္ ကေလးေမြးျပီးတဲ့အခါ ျပန္ေပ်ာက္နိုင္တယ္။

ေဆးပညာမွာ ပုံမွန္ထက္ အေရာင္ရင့္တဲ့ အကြက္ေတြကို hyperpigmentation လို႕ သံုးပါတယ္။ တင္းတိပ္အေၾကာင္း မေျပာခင္ တင္းတိပ္ အမဲကြက္ျဖစ္ေစတဲ့ melanin အေၾကာင္း အရင္ရွင္းရပါမယ္။ melaninဆိုတာ ေရာင္ျခယ္ပစၥည္းတစ္မ်ိဳး။ melanin ထုတ္တဲ့ဆဲလ္ကို melanocyte လို႕ ေခၚပါတယ္။ melanocyte ဆိုတာ အေရျပားအေပၚလႊာ (epidermis)မွာ ရွိတဲ့ဆဲလ္ေတြ ျဖစ္ပါတယ္။ အဆိုပါဆဲလ္ေတြက မယ္လနင္ပံုမွန္ထက္ ပိုထုတ္တဲ့အခါ တင္းတိပ္ဆိုတာ ျဖစ္လာတယ္။

တင္းတိပ္အမ်ားစုက ဘာ့ေၾကာင့္ျဖစ္မွန္း မသိပါ။ ေနေရာင္ ထိေတြ႕မႈမ်ားလို႕ ျဖစ္တာလို႕ေတာ့ သိထားတယ္။ အပူပိုင္းေဒသ အသားလတ္သူ၊ ညိဳသူ ေနေရာင္နဲ႕ပိုထိေတြ႕ရသူေတြမွာ တင္းတိပ္ပိုျဖစ္တယ္။ အထူးသျဖင့္ ေႏြရာသီလိုကာလေတြမွာ တင္းတိပ္က ပိုသိသာေလ့ရွိတယ္။ တစ္ခါ oestrogen , progesterone စတဲ့ေဟာ္မုန္းေတြက ဒီဆဲလ္ေတြအေပၚ အက်ိဳးသက္ေရာက္ေစတယ္ လို႕ သိထားတယ္။ အဆိုပါ ေဟာ္မုန္းေတြက ေနေရာင္နဲ႔ထိေတြ႕တဲ့အခါ မယ္လနင္ကို ပံုမွန္ထက္ ပိုထြက္ေအာင္ လံႈ႕ေဆာ္ေပးတယ္။

မ်ိဳးရိုးနဲ႕ တိုက္ရိုက္ မဆိုင္ေပမယ့္ မိသားစုဝင္ထဲမွာျဖစ္ရင္ တျခားတစ္ေယာက္ မွာလည္း ျဖစ္တတ္တယ္။ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတယ္။ အခ်ိဳးခ်ၾကည့္ရင္ အမ်ိဳးသမီး ၉ ေယာက္ျဖစ္တိုင္း အမ်ိဳးသားက တစ္ေယာက္သာ ေတြ႕မယ္။ သိုင္းရြိဳက္ေရာဂါ အခံရွိသူေတြမွာလည္း ဒါမ်ိဳးျဖစ္တာ ေတြ႕ရတယ္။ အလွအပပစၥည္း ၊ေဆးဝါး ဓာတုပစၥည္း စတာေတြ ဓာတ္မတဲ့လို႔လည္း ျဖစ္နိုင္တယ္။ စိတ္ဖိစီးမႈက MSH ေဟာ္မုန္းကို ထြက္ေစတာေၾကာင့္ ပိုျဖစ္ေစတယ္။

တင္းတိပ္အမ်ားစုက မ်က္နွာမွာ အညိဳကြက္ေတြ အကြက္လိုက္ ေပါက္တာျဖစ္တယ္။ မ်က္နွာတင္မက ေနေရာင္အထိမ်ားတဲ့ လည္ပင္း၊ လက္ စတဲ့ေနရာေတြမွာလည္း ျဖစ္နိုင္တယ္။ အညိဳကြက္ရဲ႕ ေဘးသားႏႈတ္ခမ္းေတြက မညီညာဘူး။ ဘယ္၊ ညာ နွစ္ဖက္လံုး ျဖစ္ၾကတယ္။ အကြက္ေတြက ေန႕ခ်င္းညခ်င္း ျဖစ္လာတာ မဟုတ္ဘဲ ျဖည္းျဖည္းခ်င္း သိသာလာတာ ျဖစ္တယ္။ တခ်ိဳ႕တျဖညး္ျဖည္း ပိုမ်ားလာတယ္။ အၾကည့္ရ ဆိုးလာတယ္။ တင္းတိပ္ကို ေယဘုယ် သံုးမ်ိဳး ခြဲလိုက္တယ္။

၁။ ပထမဆံုး အမ်ိဳးအစား ကေတာ့ အေရျပားအေပၚဆံုးလႊာမွာ ျဖစ္တယ္။ အေရာင္ပိုရင့္ျပီး သိသာလြန္းတယ္။ အကြက္ရဲ႕ အနားသတ္ေတြက ညီညာတယ္။ တကယ္ေတာ့ ဒီအမ်ိဳးအစားက  ေဆးေတြကို တံု႕ျပန္မႈအားေကာင္းလို႕ ကုဖို႕ ပိုလြယ္တယ္။

၂။ Dermal melasma ဆိုတာ အေရျပားရဲ႔ေအာက္လႊာမွာျဖစ္တာ။ အနားသတ္ေတြက မညီမညာျဖစ္ေနတတ္တယ္။ မီးခိုးေရာင္ နည္းနည္းေဖ်ာ့မယ္။ အေရျပားေအာက္မို႕ ေပ်ာက္ကင္းသက္သာဖို႕ ခက္ခဲတယ္။

၃။ Mixed melasma ဆိုတာ အေပၚကအမ်ိဳးအစားနွစ္ခုလံုး တြဲျဖစ္တာမ်ိဳးပါ။

တင္းတိပ္ဟုတ္မဟုတ္ ျမင္ရံုနဲ႕ သိနိုင္ပါတယ္။ ဘယ္အလႊာေရာက္လဲ သိခ်င္ရင္ 340 - 400 nm လိႈင္းအလ်ားရွိတဲ့ Wood's lamp နဲ႕ စမ္းသပ္လို႕ ရပါတယ္။ ေသခ်ာခ်င္ရင္ biopsy အသားစကို ယူျပီး စစ္လို႕ရတယ္။

တင္းတိပ္မွာ hydroquinone(HQ)ပါတဲ့ လိမ္းေဆးေတြက အသံုးမ်ားဆံုးပဲ။ တကယ္က အေရာင္ခၽြတ္ေဆးပါ။ ေဆးက မယ္လနင္ထြက္ေစတဲ့ tyrosinase ဆိုတဲ့ ဓာတ္တမ်ိဳးကို တားဆီးလိုက္တာျဖစ္တယ္။ ျပင္းအားနည္းတာက ဆရာဝန္လက္မွတ္ မလိုပါ။ cream, lotion, gel, or liquid  ျပင္းအား 2%, 4% စသည္ျဖင့္ ပံုစံအမ်ိဳးမ်ိဳးနဲ႕ လာတယ္။ ေရရွည္သံုးရင္ ေဘးထြက္ဆိုးက်ိဳး ပိုမ်ားတယ္။ သတိျပဳရမွာက လိမ္းေဆးသံုးျပီးတဲ့အခါ ေနေရာင္နဲ႕ထိေတြ႕မႈကို တတ္နိုင္သမွ် ေရွာင္သင့္တယ္။

ဝက္ျခံမွာ သံုးတဲ့ tretinoin, azelaic acidစတဲ့ ေဆးေတြလည္း သံုးလို႕ရတယ္။ tretinoin 0.05% ဆိုတာ ဗီတာမင္ေအပါတဲ့ လိမ္းေဆးျဖစ္ပါတယ္။ တုံ႕ျပန္မႈေနွးတယ္။ ေျခာက္လေလာက္ၾကာမွ နည္းနည္း သိသာလာတာမ်ိဳး လည္းရွိတယ္။ အေရျပားေျခာက္ေသြ႕ေစျပီး အခန္႕မသင့္ရင္ အေရျပားေရာင္တာထိ ျဖစ္နိုင္လို႕ စတီးရြိဳက္ေဆးေတြနဲ႕ ေရာသံုးသင့္တယ္။ azelaic acid 20%ဆိုတာ ေရာင္ျခယ္ထုတ္တဲ့ melanocytes ကို အဓိကထား တိုက္ခိုကိတာေၾကာင့္ ေဘးထြက္ပိုနည္းတယ္။

တင္းတိပ္ေပ်ာက္ေဆးေတြထဲမွာ triple cream ေခၚတဲ့ hydroquinone , tretinoin နဲ႕ corticosteroid သံုးမ်ိဳးေပါင္းထားတဲ့ လိမ္းေဆးေတြက ေကာင္းတယ္။ US FDAက အသိမွတိျပဳထားတာက Tri-Luma ဆိုတဲ့ လိမ္းေဆး။ hydroquinone 4%, tretinoin 0.05%, နဲ႕ fluocinolone acetonide 0.01% ဆိုတဲ့ေဆး သံုးမ်ိဳးေပါင္းထားတယ္။ ၆၀ ရာခိုင္ႏႈန္းေလာက္ ထိေရာက္ ေကာင္းမြန္ေစတယ္။ တင္းတိပ္မွာ ေဆးေပးတဲ့အခါ ေပါင္းစပ္ထားတဲ့ လိမ္းေဆးေတြက ပိုအာနိသင္ရွိတာ ေတြ႕ရတယ္။ ပံုမွန္အားျဖင့္ ၂လ ေလာက္သံုးရင္ သိသာျပီ။ ၂၀၁၀ ကေလ့လာမႈေတြအရ ဒီေဆးကို ၆ လထိ စိတ္ခ်လက္ခ် သံုးစြဲနိုင္သတဲ့။

တျခားနည္းေတြလဲ အမ်ားၾကီးပဲ။  သိပ္မဆိုးရင္ Microdermabrasion ၊အေရျပားလႊာေအာက္ နည္းနည္းေရာက္ရင္ dermabrasion ဆိုတဲ့ နည္းေတြလည္း သံုးပါတယ္။ cosmatic camouflage ဆိုတာ မ်က္နွာအမဲစက္ေတြကို မသိသာေအာင္ ဖံုးေပးတဲ့ လိမ္းေဆးျဖစ္တယ္။ ခရုသင္းမွာလည္း သံုးေသးတယ္။ တကယ္က အသားအေရာင္ ညီညာေအာင္ ေဆးဆိုးတာပဲ။

chemical peel ဆိုတာလည္း အေပၚယံအေရျပားကို ကြာေစတဲ့ နည္းျဖစ္ပါတယ္။ 30%-70% glycolic acid ပါတာေတြ သံုးတယ္။ kojic acid ပါတာေတြက အညိဳကြက္အေရာင္က ေဖ်ာ့သြားေစတယ္။ အလြန္အကၽြံ သံုးတာက အေရျပားကို ပိုမိုေရာင္ရမ္းေစတယ္။ ကၽြမ္းက်င္မႈမရွိဘဲသံုးရင္ ပိုဆိုးလာနိုင္တာ သတိျပဳပါ။

ေလဆာနည္းေတြကလည္း သံုးၾကတာပဲ။ တခ်ိဳ႕က မယ္လနင္ထြက္တဲ့ဆဲလ္ကို ဖ်က္ဆီးတာျဖစ္ျပီး တခ်ိဳ႕က အေပၚယံအေရျပားကို ဖယ္ရွားပစ္တယ္။ chemical peel ပဲျဖစ္ျဖစ္၊ laser treatment ေလဆာနည္းပဲျဖစ္ျဖစ္ ေသခ်ာေပါက္ေပ်ာက္မယ္လို႕ အာမမခံနိုင္ပါ။ ေလ့လာၾကည့္ေတာ့ လူနာေတြရဲ႕ သံုးပံုတပံုမွာ အက်ိဳးရွိတယ္။ ေနာက္သံုးပံုတပံုမွာ ထူးျခားမႈမရွိ။ က်န္တဲ့ သံုးပံုတပံုကေတာ့ ပိုဆိုးလာနိုင္ပါသတဲ့။

တင္းတိပ္သေဘာက ေပ်ာက္ခဲတယ္။ မွန္းဆရခက္တယ္။ တိုးတက္မႈရွိဖို႕ လအနည္းငယ္ ေစာင့္ရတတ္တယ္။ ေနေရာင္ ထိပါမ်ားရင္ ျပန္ျဖစ္တတ္တယ္။ ကုိယ္ဝန္ေဆာင္ တင္းတိပ္ထြက္ရင္ ကုဖို႕မလိုပါ။ ကေလးေမြးျပီးတာနဲ႕ တျဖညး္ျဖည္း အလိုလို ျပန္ေပ်ာက္သြားတယ္။ ေဟာ္မုန္းပါတဲ့ တားေဆးေတြေၾကာင့္ျဖစ္ရင္ ေဆးျဖတ္ျပီးတဲ့အခါ ေပ်ာက္သြားတယ္။ အီစတိုဂ်င္ပါတဲ့ေဆးေတြ သံုးေနရင္ ျဖတ္ပစ္ပါ။

အထူးဂရုစိုက္ရမွာက ေနေရာင္နဲ႕တိုက္ရိုက္ မထိေတြ႕ေအာင္ ျဖစ္တယ္။ အျပင္သြားရင္ SPF 30-50 ပါတဲ့ ေနေလာင္ကာ လိမ္းေဆး အျမဲလိမ္းဖို႔ လိုပါတယ္။ အျပင္မထြက္ခင္ ၁၅ မိနစ္ ၾကိဳလိမ္းပါ။ လိုအပ္ရင္ နွစ္နာရီတခါ လိမ္းပါ။ ျပီးရင္ အေဆာင္းအကာ တစ္ခုခု သံုးပါ။ တင္းတိပ္ေတြက ကူးစက္ေရာဂါ မဟုတ္သလို ကင္ဆာကိုလည္း မျဖစ္ေစပါ။ ေပ်ာက္ဖို႕ ခက္ေပမယ့္ ကံေကာင္းသူေတြကေတာ့ သူ႕အလိုလို ျပန္လည္ေပ်ာက္ကင္း ႏိုင္ပါတယ္။

Credit:ေဒါက္တာ ေအးမင္းထူး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာ ဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားက လာတယ်။ အမဲရောင်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့တောင် တင်စားခေါ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်နိုင်တယ်။

ဆေးပညာမှာ ပုံမှန်ထက် အရောင်ရင့်တဲ့ အကွက်တွေကို hyperpigmentation လို့ သုံးပါတယ်။ တင်းတိပ်အကြောင်း မပြောခင် တင်းတိပ် အမဲကွက်ဖြစ်စေတဲ့ melanin အကြောင်း အရင်ရှင်းရပါမယ်။ melaninဆိုတာ ရောင်ခြယ်ပစ္စည်းတစ်မျိုး။ melanin ထုတ်တဲ့ဆဲလ်ကို melanocyte လို့ ခေါ်ပါတယ်။ melanocyte ဆိုတာ အရေပြားအပေါ်လွှာ (epidermis)မှာ ရှိတဲ့ဆဲလ်တွေ ဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေက မယ်လနင်ပုံမှန်ထက် ပိုထုတ်တဲ့အခါ တင်းတိပ်ဆိုတာ ဖြစ်လာတယ်။

တင်းတိပ်အများစုက ဘာ့ကြောင့်ဖြစ်မှန်း မသိပါ။ နေရောင် ထိတွေ့မှုများလို့ ဖြစ်တာလို့တော့ သိထားတယ်။ အပူပိုင်းဒေသ အသားလတ်သူ၊ ညိုသူ နေရောင်နဲ့ပိုထိတွေ့ရသူတွေမှာ တင်းတိပ်ပိုဖြစ်တယ်။ အထူးသဖြင့် နွေရာသီလိုကာလတွေမှာ တင်းတိပ်က ပိုသိသာလေ့ရှိတယ်။ တစ်ခါ oestrogen , progesterone စတဲ့ဟော်မုန်းတွေက ဒီဆဲလ်တွေအပေါ် အကျိုးသက်ရောက်စေတယ် လို့ သိထားတယ်။ အဆိုပါ ဟော်မုန်းတွေက နေရောင်နဲ့ထိတွေ့တဲ့အခါ မယ်လနင်ကို ပုံမှန်ထက် ပိုထွက်အောင် လှုံ့ဆော်ပေးတယ်။

မျိုးရိုးနဲ့ တိုက်ရိုက် မဆိုင်ပေမယ့် မိသားစုဝင်ထဲမှာဖြစ်ရင် တခြားတစ်ယောက် မှာလည်း ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အချိုးချကြည့်ရင် အမျိုးသမီး ၉ ယောက်ဖြစ်တိုင်း အမျိုးသားက တစ်ယောက်သာ တွေ့မယ်။ သိုင်းရွိုက်ရောဂါ အခံရှိသူတွေမှာလည်း ဒါမျိုးဖြစ်တာ တွေ့ရတယ်။ အလှအပပစ္စည်း ၊ဆေးဝါး ဓာတုပစ္စည်း စတာတွေ ဓာတ်မတဲ့လို့လည်း ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုက MSH ဟော်မုန်းကို ထွက်စေတာကြောင့် ပိုဖြစ်စေတယ်။

တင်းတိပ်အများစုက မျက်နှာမှာ အညိုကွက်တွေ အကွက်လိုက် ပေါက်တာဖြစ်တယ်။ မျက်နှာတင်မက နေရောင်အထိများတဲ့ လည်ပင်း၊ လက် စတဲ့နေရာတွေမှာလည်း ဖြစ်နိုင်တယ်။ အညိုကွက်ရဲ့ ဘေးသားနှုတ်ခမ်းတွေက မညီညာဘူး။ ဘယ်၊ ညာ နှစ်ဖက်လုံး ဖြစ်ကြတယ်။ အကွက်တွေက နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း သိသာလာတာ ဖြစ်တယ်။ တချို့တဖြည်းဖြည်း ပိုများလာတယ်။ အကြည့်ရ ဆိုးလာတယ်။ တင်းတိပ်ကို ယေဘုယျ သုံးမျိုး ခွဲလိုက်တယ်။

၁။ ပထမဆုံး အမျိုးအစား ကတော့ အရေပြားအပေါ်ဆုံးလွှာမှာ ဖြစ်တယ်။ အရောင်ပိုရင့်ပြီး သိသာလွန်းတယ်။ အကွက်ရဲ့ အနားသတ်တွေက ညီညာတယ်။ တကယ်တော့ ဒီအမျိုးအစားက  ဆေးတွေကို တုံ့ပြန်မှုအားကောင်းလို့ ကုဖို့ ပိုလွယ်တယ်။

၂။ Dermal melasma ဆိုတာ အရေပြားရဲ့အောက်လွှာမှာဖြစ်တာ။ အနားသတ်တွေက မညီမညာဖြစ်နေတတ်တယ်။ မီးခိုးရောင် နည်းနည်းဖျော့မယ်။ အရေပြားအောက်မို့ ပျောက်ကင်းသက်သာဖို့ ခက်ခဲတယ်။

၃။ Mixed melasma ဆိုတာ အပေါ်ကအမျိုးအစားနှစ်ခုလုံး တွဲဖြစ်တာမျိုးပါ။

တင်းတိပ်ဟုတ်မဟုတ် မြင်ရုံနဲ့ သိနိုင်ပါတယ်။ ဘယ်အလွှာရောက်လဲ သိချင်ရင် 340 - 400 nm လှိုင်းအလျားရှိတဲ့ Wood's lamp နဲ့ စမ်းသပ်လို့ ရပါတယ်။ သေချာချင်ရင် biopsy အသားစကို ယူပြီး စစ်လို့ရတယ်။

တင်းတိပ်မှာ hydroquinone(HQ)ပါတဲ့ လိမ်းဆေးတွေက အသုံးများဆုံးပဲ။ တကယ်က အရောင်ချွတ်ဆေးပါ။ ဆေးက မယ်လနင်ထွက်စေတဲ့ tyrosinase ဆိုတဲ့ ဓာတ်တမျိုးကို တားဆီးလိုက်တာဖြစ်တယ်။ ပြင်းအားနည်းတာက ဆရာဝန်လက်မှတ် မလိုပါ။ cream, lotion, gel, or liquid  ပြင်းအား 2%, 4% စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လာတယ်။ ရေရှည်သုံးရင် ဘေးထွက်ဆိုးကျိုး ပိုများတယ်။ သတိပြုရမှာက လိမ်းဆေးသုံးပြီးတဲ့အခါ နေရောင်နဲ့ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်သင့်တယ်။

ဝက်ခြံမှာ သုံးတဲ့ tretinoin, azelaic acidစတဲ့ ဆေးတွေလည်း သုံးလို့ရတယ်။ tretinoin 0.05% ဆိုတာ ဗီတာမင်အေပါတဲ့ လိမ်းဆေးဖြစ်ပါတယ်။ တုံ့ပြန်မှုနှေးတယ်။ ခြောက်လလောက်ကြာမှ နည်းနည်း သိသာလာတာမျိုး လည်းရှိတယ်။ အရေပြားခြောက်သွေ့စေပြီး အခန့်မသင့်ရင် အရေပြားရောင်တာထိ ဖြစ်နိုင်လို့ စတီးရွိုက်ဆေးတွေနဲ့ ရောသုံးသင့်တယ်။ azelaic acid 20%ဆိုတာ ရောင်ခြယ်ထုတ်တဲ့ melanocytes ကို အဓိကထား တိုက်ခိုကိတာကြောင့် ဘေးထွက်ပိုနည်းတယ်။

တင်းတိပ်ပျောက်ဆေးတွေထဲမှာ triple cream ခေါ်တဲ့ hydroquinone , tretinoin နဲ့ corticosteroid သုံးမျိုးပေါင်းထားတဲ့ လိမ်းဆေးတွေက ကောင်းတယ်။ US FDAက အသိမှတိပြုထားတာက Tri-Luma ဆိုတဲ့ လိမ်းဆေး။ hydroquinone 4%, tretinoin 0.05%, နဲ့ fluocinolone acetonide 0.01% ဆိုတဲ့ဆေး သုံးမျိုးပေါင်းထားတယ်။ ၆၀ ရာခိုင်နှုန်းလောက် ထိရောက် ကောင်းမွန်စေတယ်။ တင်းတိပ်မှာ ဆေးပေးတဲ့အခါ ပေါင်းစပ်ထားတဲ့ လိမ်းဆေးတွေက ပိုအာနိသင်ရှိတာ တွေ့ရတယ်။ ပုံမှန်အားဖြင့် ၂လ လောက်သုံးရင် သိသာပြီ။ ၂၀၁၀ ကလေ့လာမှုတွေအရ ဒီဆေးကို ၆ လထိ စိတ်ချလက်ချ သုံးစွဲနိုင်သတဲ့။

တခြားနည်းတွေလဲ အများကြီးပဲ။  သိပ်မဆိုးရင် Microdermabrasion ၊အရေပြားလွှာအောက် နည်းနည်းရောက်ရင် dermabrasion ဆိုတဲ့ နည်းတွေလည်း သုံးပါတယ်။ cosmatic camouflage ဆိုတာ မျက်နှာအမဲစက်တွေကို မသိသာအောင် ဖုံးပေးတဲ့ လိမ်းဆေးဖြစ်တယ်။ ခရုသင်းမှာလည်း သုံးသေးတယ်။ တကယ်က အသားအရောင် ညီညာအောင် ဆေးဆိုးတာပဲ။

chemical peel ဆိုတာလည်း အပေါ်ယံအရေပြားကို ကွာစေတဲ့ နည်းဖြစ်ပါတယ်။ 30%-70% glycolic acid ပါတာတွေ သုံးတယ်။ kojic acid ပါတာတွေက အညိုကွက်အရောင်က ဖျော့သွားစေတယ်။ အလွန်အကျွံ သုံးတာက အရေပြားကို ပိုမိုရောင်ရမ်းစေတယ်။ ကျွမ်းကျင်မှုမရှိဘဲသုံးရင် ပိုဆိုးလာနိုင်တာ သတိပြုပါ။

လေဆာနည်းတွေကလည်း သုံးကြတာပဲ။ တချို့က မယ်လနင်ထွက်တဲ့ဆဲလ်ကို ဖျက်ဆီးတာဖြစ်ပြီး တချို့က အပေါ်ယံအရေပြားကို ဖယ်ရှားပစ်တယ်။ chemical peel ပဲဖြစ်ဖြစ်၊ laser treatment လေဆာနည်းပဲဖြစ်ဖြစ် သေချာပေါက်ပျောက်မယ်လို့ အာမမခံနိုင်ပါ။ လေ့လာကြည့်တော့ လူနာတွေရဲ့ သုံးပုံတပုံမှာ အကျိုးရှိတယ်။ နောက်သုံးပုံတပုံမှာ ထူးခြားမှုမရှိ။ ကျန်တဲ့ သုံးပုံတပုံကတော့ ပိုဆိုးလာနိုင်ပါသတဲ့။

တင်းတိပ်သဘောက ပျောက်ခဲတယ်။ မှန်းဆရခက်တယ်။ တိုးတက်မှုရှိဖို့ လအနည်းငယ် စောင့်ရတတ်တယ်။ နေရောင် ထိပါများရင် ပြန်ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင် တင်းတိပ်ထွက်ရင် ကုဖို့မလိုပါ။ ကလေးမွေးပြီးတာနဲ့ တဖြည်းဖြည်း အလိုလို ပြန်ပျောက်သွားတယ်။ ဟော်မုန်းပါတဲ့ တားဆေးတွေကြောင့်ဖြစ်ရင် ဆေးဖြတ်ပြီးတဲ့အခါ ပျောက်သွားတယ်။ အီစတိုဂျင်ပါတဲ့ဆေးတွေ သုံးနေရင် ဖြတ်ပစ်ပါ။

အထူးဂရုစိုက်ရမှာက နေရောင်နဲ့တိုက်ရိုက် မထိတွေ့အောင် ဖြစ်တယ်။ အပြင်သွားရင် SPF 30-50 ပါတဲ့ နေလောင်ကာ လိမ်းဆေး အမြဲလိမ်းဖို့ လိုပါတယ်။ အပြင်မထွက်ခင် ၁၅ မိနစ် ကြိုလိမ်းပါ။ လိုအပ်ရင် နှစ်နာရီတခါ လိမ်းပါ။ ပြီးရင် အဆောင်းအကာ တစ်ခုခု သုံးပါ။ တင်းတိပ်တွေက ကူးစက်ရောဂါ မဟုတ်သလို ကင်ဆာကိုလည်း မဖြစ်စေပါ။ ပျောက်ဖို့ ခက်ပေမယ့် ကံကောင်းသူတွေကတော့ သူ့အလိုလို ပြန်လည်ပျောက်ကင်း နိုင်ပါတယ်။

Credit:ဒေါက်တာ အေးမင်းထူး
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top