iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္က ဘယ္ေလာက္ႀကီးပဲ မၾကာခဏ သြားတိုက္ပါေစ။ သြားတိုက္နည္း အမွားေတြနဲ႔ဆို ထိေရာက္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ သြားတိုက္တဲ့အခါ ကိုယ္က သတိမထားမိဘဲ ဘယ္လုိ အမွားေလးေတြ လုပ္မိေနလဲဆိုတာကို ရွာေဖြေပးလိုက္ပါတယ္ ေယာင္းတို႔ေရ…

၁။ သြားပြတ္တံ

Hana တို႔သြားပြတ္တံ ဝယ္တဲ့အခါ ေတာ္ေတာ္မ်ားမ်ားက သြားပြတ္တံ အေမႊးမာတာေလးေတြဟာ သန္႔ရွင္းေရးလုပ္တဲ့အခါ ပိုထိေရာက္တယ္ဆိုၿပီး ေရြးဝယ္ေလ့ရိွၾကပါတယ္။ ဒါေပမဲ့ တကယ့္ သြားဆရာဝန္ေတြ ေထာက္ခံထားတာကေတာ့ အေမႊးႏုေလးေတြပါတဲ့ သြားတိုက္တံေတြက ပိုေကာင္းၾကတယ္လို႔ ဆိုပါတယ္။

၂။ အားသံုးတာ

သြားတိုက္တဲ့အခါ အားနဲ႔တိုက္ရင္ ပိုၿပီးေတာ့ သန္႔ရွင္းသြားတယ္။ ပိုေျပာင္တယ္လို႔ ထင္ၾကတာက တကယ္ေတာ့ အရမ္းမွားပါတယ္။ ကိုယ့္ရဲ႕ သြားဖံုးေတြက ႏုႏုေလးေတြပါ။ အဲလို အားနဲ႔အရမ္းဖိတိုက္တဲ့အခါ သြားဖံုးေသြးထြက္တာေတြ ျဖစ္တတ္ပါတယ္။ အရမ္း အားထည့္ၿပီး တိုက္စရာမလိုပါဘူး။

၃။ အျမန္တိုက္တာ

သြားတိုက္ရင္ အနည္းဆံုး ၂မိနစ္ေတာ့ အခ်ိန္ယူၿပီး ေသခ်ာတိုက္သင့္ပါတယ္။ ေနာက္က်ေနလို႔ဆိုၿပီး ခပ္ျမန္ျမန္တိုက္တာက မေကာင္းပါဘူး။ အေပၚသြားကို ၁မိနစ္ ေအာက္သြားကို ၁မိနစ္ေဘးဘက္ကို တစ္မိနစ္စီ အခ်ိန္ယူၿပီး ေသခ်ာတိုက္ေပးရင္ ပိုေကာင္းပါတယ္။

၄။ သြားပြတ္တံမလဲတာ

ကိုယ္နဲ႔သင့္ေတာ္တဲ့ သြားပြတ္တံကို ရွာေတြ႕ပါၿပီတဲ့။ ေကာင္းလြန္းလို႔ သြားပြတ္တံမလဲေတာ့ဘူး။ ဒါနဲ႔ပဲတိုက္မယ္ ဆိုတာေတာ့ မဟုတ္ေသးပါဘူး။ သြားပြတ္တံကို ၃လတစ္ႀကိမ္လဲေပးတာက အေကာင္းဆံုးပါ။

၅။ေဘးတိုက္သြားတိုက္တာ

ေတာ္ေတာ္မ်ားမ်ားက သြားတိုက္တဲ့အခါ ေဘးတိုက္ တိုက္ၾကပါတယ္။ အဲတာကလည္းမွားယြင္းတဲ့ အက်င့္ပါပဲ။ တကယ္က အေပၚေအာက္ စက္ဝိုင္းပံုအတိုင္း တိုက္ရမွာပါ။ ဒါကေတာ့ ငယ္ေလးတည္းက ေက်ာင္းေတြမွာ သြားဆရာဝန္ေတြ လာတိုင္း ေျပာခဲ့ၾကမွာေပမယ့္ ကိုယ္ေတြကလည္း ကိုယ္ေတြပဲမို႔ ေျပာင္းကို မေျပာင္းလဲ ခဲ့ၾကတာမဟုတ္လား။ သတိရရင္ေတာ့ ေျပာင္းၿပီး ေမ့တဲ့အခါလည္း ဒီလိုပဲ အက်င့္ပါေနတဲ့အတိုင္း တိုက္ခ်လိုက္တာမ်ိဳးေတြေလ…

၆။ လွ်ာကိုေမ့ခဲ့တာ

သြားတိုက္တဲ့အခါ လွ်ာကိုမတိုက္ပဲ ထားခဲ့တာက မွားယြင္းတဲ့အက်င့္ပါ။ ခံတြင္းသန္႔ရွင္းေရး လုပ္နဲ႔အခါ သြား ၊ သြားဖံုး ၊ လွ်ာ အကုန္လံုးကို သန္႔စင္ေပးရမွာပါ။ တစ္ခ်ဳိ႕ သြားပြတ္တံေတြမွာ လွ်ာတိုက္ဖို႔ပါ ပါတယ္။ လွ်ာတိုက္ဖို႔ သြားပြတ္တံ သီးသန္႔ေတြလည္း ရိွပါတယ္။

၇။အႀကိမ္မ်ားစြာ သြားတိုက္တာ

တကယ္ေတာ့ သြားကိုမၾကာခဏတိုက္တာကလည္း မွားတဲ့အက်င့္ပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္ပဲ အမ်ားဆံုး တိုက္သင့္တာပါ။ မၾကာခဏတိုက္ရင္ သြားရဲ႕ေႂကြလႊာေတြ ပ်က္စီးတတ္ပါတယ္။

အခုဆိုရင္ သြားတိုက္တဲ့အခါ မလုပ္သင့္တဲ့ အမွားေလးေတြကို သိၿပီဆိုေတာ့ ေယာင္းတို႔ အဲထဲမွာ ကိုယ္လုပ္ေနတဲ့ အက်င့္ေလးေတြရိွရင္လည္း မလုပ္နဲ႔ေတာ့ေနာ္။

လွပစီရီေနတဲ့ သြားေလးေတြကို ပိုင္ဆုိင္ၿပီး ခံတြင္းက ၾကာညိဳနံ႔ေလး သင္းပ်ံ႕ႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

Credit:Hana ( For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကိုယ်က ဘယ်လောက်ကြီးပဲ မကြာခဏ သွားတိုက်ပါစေ။ သွားတိုက်နည်း အမှားတွေနဲ့ဆို ထိရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သွားတိုက်တဲ့အခါ ကိုယ်က သတိမထားမိဘဲ ဘယ်လို အမှားလေးတွေ လုပ်မိနေလဲဆိုတာကို ရှာဖွေပေးလိုက်ပါတယ် ယောင်းတို့ရေ…

၁။ သွားပွတ်တံ

Hana တို့သွားပွတ်တံ ဝယ်တဲ့အခါ တော်တော်များများက သွားပွတ်တံ အမွှေးမာတာလေးတွေဟာ သန့်ရှင်းရေးလုပ်တဲ့အခါ ပိုထိရောက်တယ်ဆိုပြီး ရွေးဝယ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ့် သွားဆရာဝန်တွေ ထောက်ခံထားတာကတော့ အမွှေးနုလေးတွေပါတဲ့ သွားတိုက်တံတွေက ပိုကောင်းကြတယ်လို့ ဆိုပါတယ်။

၂။ အားသုံးတာ

သွားတိုက်တဲ့အခါ အားနဲ့တိုက်ရင် ပိုပြီးတော့ သန့်ရှင်းသွားတယ်။ ပိုပြောင်တယ်လို့ ထင်ကြတာက တကယ်တော့ အရမ်းမှားပါတယ်။ ကိုယ့်ရဲ့ သွားဖုံးတွေက နုနုလေးတွေပါ။ အဲလို အားနဲ့အရမ်းဖိတိုက်တဲ့အခါ သွားဖုံးသွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။ အရမ်း အားထည့်ပြီး တိုက်စရာမလိုပါဘူး။

၃။ အမြန်တိုက်တာ

သွားတိုက်ရင် အနည်းဆုံး ၂မိနစ်တော့ အချိန်ယူပြီး သေချာတိုက်သင့်ပါတယ်။ နောက်ကျနေလို့ဆိုပြီး ခပ်မြန်မြန်တိုက်တာက မကောင်းပါဘူး။ အပေါ်သွားကို ၁မိနစ် အောက်သွားကို ၁မိနစ်ဘေးဘက်ကို တစ်မိနစ်စီ အချိန်ယူပြီး သေချာတိုက်ပေးရင် ပိုကောင်းပါတယ်။

၄။ သွားပွတ်တံမလဲတာ

ကိုယ်နဲ့သင့်တော်တဲ့ သွားပွတ်တံကို ရှာတွေ့ပါပြီတဲ့။ ကောင်းလွန်းလို့ သွားပွတ်တံမလဲတော့ဘူး။ ဒါနဲ့ပဲတိုက်မယ် ဆိုတာတော့ မဟုတ်သေးပါဘူး။ သွားပွတ်တံကို ၃လတစ်ကြိမ်လဲပေးတာက အကောင်းဆုံးပါ။

၅။ဘေးတိုက်သွားတိုက်တာ

တော်တော်များများက သွားတိုက်တဲ့အခါ ဘေးတိုက် တိုက်ကြပါတယ်။ အဲတာကလည်းမှားယွင်းတဲ့ အကျင့်ပါပဲ။ တကယ်က အပေါ်အောက် စက်ဝိုင်းပုံအတိုင်း တိုက်ရမှာပါ။ ဒါကတော့ ငယ်လေးတည်းက ကျောင်းတွေမှာ သွားဆရာဝန်တွေ လာတိုင်း ပြောခဲ့ကြမှာပေမယ့် ကိုယ်တွေကလည်း ကိုယ်တွေပဲမို့ ပြောင်းကို မပြောင်းလဲ ခဲ့ကြတာမဟုတ်လား။ သတိရရင်တော့ ပြောင်းပြီး မေ့တဲ့အခါလည်း ဒီလိုပဲ အကျင့်ပါနေတဲ့အတိုင်း တိုက်ချလိုက်တာမျိုးတွေလေ…

၆။ လျှာကိုမေ့ခဲ့တာ

သွားတိုက်တဲ့အခါ လျှာကိုမတိုက်ပဲ ထားခဲ့တာက မှားယွင်းတဲ့အကျင့်ပါ။ ခံတွင်းသန့်ရှင်းရေး လုပ်နဲ့အခါ သွား ၊ သွားဖုံး ၊ လျှာ အကုန်လုံးကို သန့်စင်ပေးရမှာပါ။ တစ်ချို့ သွားပွတ်တံတွေမှာ လျှာတိုက်ဖို့ပါ ပါတယ်။ လျှာတိုက်ဖို့ သွားပွတ်တံ သီးသန့်တွေလည်း ရှိပါတယ်။

၇။အကြိမ်များစွာ သွားတိုက်တာ

တကယ်တော့ သွားကိုမကြာခဏတိုက်တာကလည်း မှားတဲ့အကျင့်ပါ။ တစ်နေ့ကို နှစ်ကြိမ်ပဲ အများဆုံး တိုက်သင့်တာပါ။ မကြာခဏတိုက်ရင် သွားရဲ့ကြွေလွှာတွေ ပျက်စီးတတ်ပါတယ်။

အခုဆိုရင် သွားတိုက်တဲ့အခါ မလုပ်သင့်တဲ့ အမှားလေးတွေကို သိပြီဆိုတော့ ယောင်းတို့ အဲထဲမှာ ကိုယ်လုပ်နေတဲ့ အကျင့်လေးတွေရှိရင်လည်း မလုပ်နဲ့တော့နော်။

လှပစီရီနေတဲ့ သွားလေးတွေကို ပိုင်ဆိုင်ပြီး ခံတွင်းက ကြာညိုနံ့လေး သင်းပျံ့နိုင်ကြပါစေ ယောင်းတို့ရေ…

Credit:Hana ( For Her Myanmar)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top